အရေးကြီးသော သတင်းအချက်အလက်များ နေစိုးမြဆီ မှ တစ်ဆင့် စစ်အစိုးရ ရရှိသွားခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာဖြစ်

Saturday, April 25, 2009 ·

စောဖိုးစီ ကလောင်အမည်ဖြင့် သတင်းစာတွင် ရေးသားနေမှုများ(ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။)
Freedom News Group | မကြာသေးခင်က ထော့ကော်ကိုးရှိ ကရင် ငြိမ်းချမ်းရေးကောင်စီနှင့် သွားရောက် ပူးပေါင်းခဲ့သော ဗိုလ်ချူပ်မြ၏ သားဖြစ်သူ စောနေစိုးမြ ဆီမှရရှိသော သတင်းအချက် အလက်များကို အခြေခံပြီး သတင်းစာ များတွင် စောဖိုးစီ ဆိုသော ကလောင် အမည်ခံ ထားသည့် ပုဂ္ဂိုလ် တစ်ဦးက နယ်စပ်အခြေအနေ များကို ရေးသားနေ ခြင်းသည် ဒီမိုကရေစီ အင်အားစုများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည် ဟု ထိုင်း- မြန်မာ နယ်စပ်တွင် အခြေစိုက်သော တိုင်းရင်းသား အဖွဲ့ အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦး Freedom News Group သို့ ပြောသည်။

နေစိုးမြတို့ အုပ်စုဘက်ပြောင်း သွားပြီးကတည်းက စစ်အစိုးရ တပ်များမှ KNU တပ်မဟာ ၆ နယ်မြေတွင်းသို့ တရပ်စပ် ထိုးစစ်ဆင်လာ နိုင်ခြင်း ဖြစ်သည် ဟု မဲဆောက် အခြေစိုက် အတိုက်အခံ အများစုက ယုံကြည် နေကြသည်။

နေစိုးမြသည် KNU/KNLA ၏ အရေးကြီးနေ ရာ ဌာန များအပြင် ထိုင်း- မြန်မာ နယ်စပ် အခြေစိုက် အတိုက် အခံ အဖွဲ့အစည်းများ၏ နေရာဌာန များစွာကို သိသော သူတစ်ယောက် ဖြစ်သောကြောင့် နေစိုးမြဆီမှ သတင်း အချက်အလက်များ စစ်အစိုးရ ရရှိသွားလျှင် ဒီိမိုကရေစီ အင်အားစုများ အတွက် စိုးရိမ် ဖွယ်ရာဖြစ်သည်ဟု နယ်စပ် အခြေစိုက် အဖွဲ့အစည်း များတွင် ပြောဆိုနေကြသည်။

စစ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများမှ တစ်ဆင့် စောနေစိုးမြ ဘက်ပြောင်းသွားမှု သတင်းကို နေ့စဉ်ဝါဒဖြန့် ထုတ်လွှင့် လျှက်ရှိသည်။

source by : http://longwalktofreedom.wordpress.com/

3 ရဲ့ အမြင်:

နည်းပညာများ said...
April 26, 2009 at 12:54 AM  

စစ်တပ်ကိုတရားချမနေပါနဲ့လတ်နတ်နဲ့သာမြန်မြန်ချပါတော့ဗျို့ ( ထိန်လင်း )

နည်းပညာများ said...
April 26, 2009 at 1:00 AM  

အချိန်တွေဆွဲနေရင်ပြည်သူတွေပိုပြီးငတ်လိမ့်မယ်။ဗိုလ်ချူပ်ပြောသလိုရ.ရင်ရမရ၇င်ချရမှာဘဲ။

LITTLE BURMA GROCERY said...
April 27, 2009 at 7:46 AM  

နယ်စပ်မှာ သတင်းရောင်းစားပြီး ခွက်စောင်းခုတ်နေကြတဲ့လူတွေ အတွက်
တော့ မပူပါဘူးဗျာ။ ဂျော်နီတို့ အသက်ခံခဲ့ရတာ မြင့်သိန်းတို့ မောင်မောင်တို့ လက်ချက်ပေါ့။

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */