နေစိုးမြတို့ အုပ်စုဘက်ပြောင်း သွားပြီးကတည်းက စစ်အစိုးရ တပ်များမှ KNU တပ်မဟာ ၆ နယ်မြေတွင်းသို့ တရပ်စပ် ထိုးစစ်ဆင်လာ နိုင်ခြင်း ဖြစ်သည် ဟု မဲဆောက် အခြေစိုက် အတိုက်အခံ အများစုက ယုံကြည် နေကြသည်။
နေစိုးမြသည် KNU/KNLA ၏ အရေးကြီးနေ ရာ ဌာန များအပြင် ထိုင်း- မြန်မာ နယ်စပ် အခြေစိုက် အတိုက် အခံ အဖွဲ့အစည်းများ၏ နေရာဌာန များစွာကို သိသော သူတစ်ယောက် ဖြစ်သောကြောင့် နေစိုးမြဆီမှ သတင်း အချက်အလက်များ စစ်အစိုးရ ရရှိသွားလျှင် ဒီိမိုကရေစီ အင်အားစုများ အတွက် စိုးရိမ် ဖွယ်ရာဖြစ်သည်ဟု နယ်စပ် အခြေစိုက် အဖွဲ့အစည်း များတွင် ပြောဆိုနေကြသည်။
စစ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများမှ တစ်ဆင့် စောနေစိုးမြ ဘက်ပြောင်းသွားမှု သတင်းကို နေ့စဉ်ဝါဒဖြန့် ထုတ်လွှင့် လျှက်ရှိသည်။
source by : http://longwalktofreedom.wordpress.com/
3 ရဲ့ အမြင်:
စစ်တပ်ကိုတရားချမနေပါနဲ့လတ်နတ်နဲ့သာမြန်မြန်ချပါတော့ဗျို့ ( ထိန်လင်း )
အချိန်တွေဆွဲနေရင်ပြည်သူတွေပိုပြီးငတ်လိမ့်မယ်။ဗိုလ်ချူပ်ပြောသလိုရ.ရင်ရမရ၇င်ချရမှာဘဲ။
နယ်စပ်မှာ သတင်းရောင်းစားပြီး ခွက်စောင်းခုတ်နေကြတဲ့လူတွေ အတွက်
တော့ မပူပါဘူးဗျာ။ ဂျော်နီတို့ အသက်ခံခဲ့ရတာ မြင့်သိန်းတို့ မောင်မောင်တို့ လက်ချက်ပေါ့။
Post a Comment