ကျနော်ပြောချင်တာကတော့ သွားတိုက်ကြပါစို့ 

Thursday, April 23, 2009 ·

လူတွေဟာ နေ့ စဉ် မနက်အိပ်ယာထတာနဲ့ မျက်နှာသစ်ကြ၊သွားတိုက်ကြတဲ့
အလုပ်ကိုပုံမှန်လုပ်ကြရတယ်ဆိုတာ လူတိုင်းနေ့ စဉ်လုပ်ရတဲ့ အလုပ်ပါ။ဆင်းရဲသားလည်း
သွားတိုက်ဆေးမရှိရင်တောင် ပလုပ်ကျင်းရတယ်။ပိုက်ဆံချမ်းသာတဲ့လူတွေလည်းငွေကုန်
ခံပြီးကိုယ်ရဲ့ သွားလေးတွေဖြူအောင်သွားတိုက်ကြတယ်။
ကျနော်ပြောချင်တာကတော့သွားတိုက်ကြပါလို့ ပြောချင်တာပါ။

တနေ့ တော့မြန်မာသွားစိုက်ဆရာဝန်တစ်ယောက်ဟာလူနာတွေကိုကုသနေတုန်း
မှာမြန်မာ့ဒီမိုကရေစီအရေးအတွက်အနစ်နာခံပြီးပြည်ပမှာတိုက်ပွဲဝင်နေတဲ့ခေါင်းဆောင်တစ်ဦး
ဟာအဲ့ဒီမြန်မာသွားစိုက်ဆရာဝန်ဆီကိုရောက်သွားတော့လူနာတွေနဲ့ အလုပ်ရှုပ်နေတဲ့ဆရာဝန်
က အရမ်းအားနာသွားပြီး ခဏလေးနော်၊ကျနော်ဒီလုနာလေးကတစ်ယောက်ထဲပါ၊ခဏစောင့်
ပါပေါ့။

တကယ်တော့မြန်မာသွားဆရာဝန်လည်းအရမ်းအားနာသွားပြီးလူနာကိုအမြန်ကုသ
ပေးနေတာပေါ့။အချိန်ဘယ်လောက်ကြာသွားသလည်းတော့မသိလိုက်ဘူးပေါ့။သူကုသနေတဲ့
လူနာပြီးသွားလို့ လှမ်းကြည့်လိုက်တော့ပြည်ပရောက်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဆိုသူမှာ
ထိုင်ခုံလေးမှာအိပ်နေတာတွေ့ လိုက်ရတယ်။ဆရာဝန်လည်းအရမ်းအာနာသွားပြီး၊စိတ်ထဲမှာ
တော်တော်မကောင်းဖြစ်သွားတယ်။

အော်သူ့ ခမျာအစားပျက်၊အအိပ်ပျက်နဲ့ တော်တော်ပင်ပန်းနေရှာတာပါလား၊ငါ့ဆီ
လာတာတခုခု လာပြောတာနေလိမ့်မယ်၊သူတို့ ဟာ အမိမြန်မာပြည်အာဏာရှင်လက်အောက်
ကလွတ်မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြတဲ့လူတွေပဲလေ၊ဘာပဲဖြစ်ဖြစ် ငါ
လည်းသူတို့ လိုမလုပ်နိုင်ရင်တောင် သူတို့ လိုလူမျိုးတွေကိုတော့ငါတတ်တဲ့ ပညာနဲ့ ကူညီမယ်
ဆိုပြီး၊တယောက်ထဲ စဉ်းစားဆုံးဖြတ်ပြီး၊သူရဲ့ သွားတွေကို ငါစစ်ပေးပြီး၊ကုပေးလိုက်မယ်ပေါ့။

ကိုအာလူးလားဗျာ၊ခင်ဗျားလည်းအတော်ပင်ပန်းနေတယ်ထင်တယ်။ခင်ဗျားလာတဲ့
ကိစ္စနောက်မှပြောဗျာ။ကြုံတုန်းခင်ဗျားသွားတွေ ကျနော်စစ်ပေးမယ်ဆိုပြီး၊မြန်မာဆရာဝန်လည်း
ကိုအာလူး ပါးစပ်ဟပါ ကျနော်စစ်ပေးမယ်ပေါ့။
သွားဆရာဝန်က ကိုအာလူး၊ ခင်ဗျားဒီအတိုင်းနေလို့ မဖြစ်တော့ဘူး၊အမြန်ဆုံး....
“သွားတိုက်မှ”ဖြစ်မယ်လို့ ဆရာဝန်ကပြောလိုက်တော့ ကိုအာလူးက “ဟာ” ဆရာကလည်း
သွားမတိုက်ချင်လို့ ကျနော်အမေရိကားမှာနေတာပေါ့။ထိုအခါဆရာဝန်က မဟုတ်ဘူးကိုအာလူး
ရဲ့ အခြေအနေကအရမ်းဆိုးနေပြီး ခင်ဗျား သွားမတိုက်လို့ တော့မဖြစ်တော့ဘူး၊“ဟာ”ဆရာက
လည်းကျနော်သွားမတိုက်ချင်လို့ အမေရိကမှာနေပါတယ်လို့ ပြောနေတာ၊ကျနော်ကြောက်တယ်
ဆရာရယ် စစ်အာဏာရှင်တွေကမလွယ်ဘူးဆရာရယ်၊မိရင်ထောင်နှစ်ရှည်ချမယ်၊သတ်မှာဗျ။
အခုလိုအဝေးက ကျနော်အော်နေရတာကို ကျနော်သဘောကျလို့ ဆရာရယ်လို့ ပြော
တော့ မဟုတ်ဘူး ကိုအာလူး ကျနော်ပြောတာ မြန်မာပြည်ကိုသွားတိုက်ပါလို့ ပြောတာမဟုတ်ဘူး
ခင်ဗျားရဲ့ သွားတွေကို မှန်မှန်နေ့ စဉ်တိုက်ပေးပါလို့ ပြောနေတာပါ။

အဝေးရောက်ရဲဘော်တစ်ဦး
ဒေါင်းမာန်စာစောင်မှယူသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */