ဝန်ကြီးချုပ် က ထိုင်းနိုင်ငံ တွင် အရေးပေါ် အခြေအနေ ကြေညာ အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေးများကို ဖျက်သိမ်း

Sunday, April 12, 2009 ·


တားဆီးပိတ် ဆို့ မှုများကို ကျော်ဖြတ်ခဲ့ ပြီးနောက် ဟိုတယ်မှန်တံခါးကို ကိုယ်နှင့်တိုက်ခွဲ ကာဆွေးနွေးပွဲ ခန်းမထဲ သို့ ရောက်ရှိလာသည့်  ထိုင်းဆန္ဒပြသမားများ ဓာတ်ပုံ-Sukree Sukplang ရိုက်တာ


အစိုးရဆန့် ကျင်ရေး ဆန္ဒပြသူများက အာဆီယံ အစည်းအဝေး ကျင်းပရာ ခန်းမထဲသို့ ညာသံပေး၍ ၀င်ရောက်လာစဉ် (AP Photo/David Longstreath)
ဆန္ဒပြသူ များဝင်ရောက် လာချိန် တွင် ထိတ်လန့် နေသော မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကို ဦးစားပေး ကယ်တင်ရ

အဆောက်အဦ ခေါင်းမိုးပေါ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံခေါင်းဆောင် ၁၆ ယောက် နိုင်ငံခြားရေး ၀န်ကြီး ၁၆ ယောက်တို့ ကို ဦးစားပေးကယ် တင်ချိန် တွင် မြန်မာဝန်ကြီးချုပ် ကို ဦးစားပေး၍ ထိုင်း က ပထ မ ရဟတ်ယာဉ် ဖြင့် ပင် ထည့်ပေးလိုက်ရမိန်းမသား ဖိထစ်ပိုင် ခေါင်းဆောင် အာရိုယိုပင် နောက် အစီးဖြင့် လိုက်ရ

နောက်ဆုံးရသတင်း ………. မြန်မာဝန်ကြီးချုပ် သွေးတက်

ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် အနီဝတ် များက ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပရာ ထိုင်းနိုင်ငံ ကမ်းခြေမြို့ ဖြစ်သည့် ပတ္တယားတွင် ကျင်းပနေသော ဆွေးနွေးပွဲ ခန်းမသို့ အတားအဆီး များကို ကျော်ဖြတ်ပြီး မှန်များကို ရိုက်ခွဲ ၀င်ရောက် လာသောကြောင့် ၀န်ကြီးချုပ် က အစည်းအဝေးကို ဖျက်သိမ်းလိုက်ရ ပြီး ပတ္တယားတွင် လည်း အရေးပေါ် အခြေအနေ ကြေငြာ လိုက်ရသည် ဟု သတင်းရရှိသည်။

အစည်းအဝေးကျင်းပရာ ခန်းမထဲသို့ ဆန္ဒပြသူများ ၀င်ရောက်လာစဉ် ဓာတ်ပုံ-ရိုက်တာ

ထိုသို့ အစည်းအဝေး ဖျက်သိမ်းမှုကြောင့် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် လည်း ခရီးရောက် မဆိုက်ပင် ပြည်တော် ပြန်ခဲ့ရသည်။ လွန်ခဲ့သည့် နှစ်ရက် ကထိုင်းဝန်ကြီးချုပ် အဘိဆစ်က ဧည့်သည်တော် များ၏ လုံခြုံရေး အတွက် တာဝန် ယူသည် ဟုဆိုသော် လည်း ယခုဖြစ်ရပ်မှာ အစိုးရ အတွက် အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည် ဟု ထိုင်း မီဒီယာများတွင် ဖေါ်ပြထားသည်။

ဆန္ဒပြသူ များက အဘိဆစ် နှုတ်ထွက်ပေးရန် အော်ဟစ်ပြီး ဆွေးနွေးပွဲ ခန်းမထဲ ထိ ၀င်ရောက်လာခဲ့ ကြသည်။ အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ပေါင်းစု (UDD)၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဂျကယာပေါဘ် ဖန်ခရိုင်ယ က “ဒီအစည်းအဝေး ကို ရပ်တန့် နိုင်ခဲ့ လို့ ငါတို့ နိုင်ပြီ ဆက်ပြီးတော့ အဘိဆစ် မနှုတ်ထွက် မချင်း ဘန် ကောက်မှာ ဆက်ပြီးဆန္ဒပြမယ်” ဟု အေပီ သို့ ပြောသည်။

ဆန္ဒပြသူ များက ဆွန်ခန် ရေသဘင်ပွဲတော် ကျင်းပမည့် နိုင်ငံတော် အားလပ်ရက်များ အတွင်း၌ပါ အင်အားထပ် တိုးမြှင့် ၍ ဆန္ဒပြကြ မည်ဟုသိရသည်။

ပတ္တယားတွင် မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် အစိုးရဆန့် ကျင်ရေးဆန္ဒပြ သူ များက အစည်းအဝေး ခန်းမ အတွင်း ၀င်ရောက် လာသောကြောင့် နောက်ဖေးပေါက်မှ ခေါင်းမိုးပေါ်သို့ တက်ပြေးပြီး ကြုံ ရာ ရဟတ်ယာဉ်ဖြင့် အူတာပေါင်း လေတပ်စခန်းသို့ ကယ် ထုတ်သွားရပုံ

ထိုင်းအဆင့်မြင့် လုံခြုံရေးအရာရှိ များက ထိုးဖောက်ဝင်ရောက်လာသူများသည် မြန်မာဝန်ကြီးချုပ်ဆီ ဦးတည် သွားကြသည် ဆိုသောကြောင့် ထိပ်တန်းလုံခြုံရေးအရာရှိများခြံရံပြီး သူ့ ကိုအရင် ရဟတ် ယာဉ် ပေါ်တင်ပေး လိုက်ရသည် ဟု ထိုင်းသတင်းဌာန တစ်ခု ကလွှင့် ထုတ်သွားခဲ့သည်။

လက်ရှိ စစ်ခေါင်းဆောင် များထဲ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မှာ အကြောက် တတ်ဆုံးဟု နာမည်ကြီးသည်။

ဓါတ်ပုံ များပေါ်ကလစ် နှိပ်၍ အကျယ်ကြည့်နိုင်ပါသည်။

source by : http://longwalktofreedom.wordpress.com/

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */