ရွှေတိဂုံ အရှေ့မုဒ်၊ ဗဟန်းဈေး မြောက်ဖက် ခြံငါးခြံ ရပ်ကွက်အား နအဖတွေက အတင်းအဓမ္မ ဖျက်ခိုင်းနေပါတယ်။ အခုဆိုရင် လူနေအိမ်တွေ ဖျက်နေကြရပါတယ်။ တရုတ် ဘုံကျောင်း တစ်ခုနဲ့  ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းသာ အမိန့် မကျသေးလို့ မဖျက်ရသေးပါ။
အခုဆိုရင် အိမ်အဖျက်ခံရတဲ့ လူတွေက မကျေနပ် ဖြစ်နေကြပါတယ်။ သံဃာတော် များကလည်း ဘုန်းကြီးကျောင်းသာ ဖျက်ပေးရမယ် ဆိုရင် မခံမရပ်နိုင် ဖြစ်ကြဖို့ အခြေအနေ ရှိနေပါတယ်။ အခြားဒေသမှ သံဃာအချို့ လည်း နေ့ စဉ်သွားပြီး အဆိုပါ ဘုန်းကြီးကျောင်း မဖျက်ခံရရေးအတွက် သွားရောက်အားပေးနေကြပါတယ်။
ဒီရပ်ကွက်ကို နအဖကနေ အတင်းအဓမ္မ ဖျက်ရတဲ့ အကြောင်းရင်းကတော့ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတုန်းက ရွှေဝါရောင် တော်လှန်ရေး အတွင်း သံဃာတော်တွေကို အားပေးအားမြောက် လုပ်လို့ ဆိုပြီး အမဲရောင်နယ်မြေလို သတ်မှတ်ထားပြီး အငြိုးထားကာ ဖျက်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီရပ်ကွက်ကို ဖျက်ပြီးရင် အဲဒီ့နေရာမှာ ပန်းခြံအဖြစ် ပြောင်းလဲ လုပ်မယ်လို့ သတင်းကြားသိရပါတယ်။
အလားတူပုံစံမျိုးကို အာဏာရှင်တွေက ၁၉၈၉ အာဇာနည်နေ့ ချီတတ်ဆန္ဒဖော်ထုတ်ကြတုန်းကလည်း န၀တအာဏာရှင်တွေ လိုက်လံ ဖမ်းဆီးစဉ် ပုန်းခိုခွင့် ပေးခဲ့တဲ့ ဗဟန်းမြို့နယ် ရေတာရှည် ရပ်ကွက်သူရပ်ကွက်သားတွေကို အငြိုးထားပြီး၊ ဒီမိုကရေစီ အင်အားစုတွေကို ထောက်ခံ အားပေးခဲ့တာကြောင့် လှိုင်သာယာ လယ်ကွင်းတွေထဲ အဓမ္မ ပြောင်းရွှေ့ ခိုင်းခဲ့ပါတယ်။
ဒါကြောင့် အာဏာရှင် ဖိနှိပ်သူတွေရဲ့ လုပ်ချင်တိုင်း လုပ်တာကို အင်အား မရှိလို့ဆိုပြီး ရေငုံနူတ်ပိတ် လက်ပိုက် ကြည့်နေကြရင် ပိုဆိုးကြ ပါလိမ့်မယ်၊ ကျွန်တော်တို့  ပြည်သူတွေ အားလုံးက ကိုယ့်ရပ်ကွက် မဟုတ်လို့  ဆိုပြီး လစ်လျူရှု မနေသင့်ပါ။
ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် နအဖအာဏာရှင်တွေရဲ့ မတရားမှုကို ခံရရင် ကိုယ့်အရေးလို သဘောထားကာ ၀ိုင်းဝန်းကူညီကြဖို့ လိုပါတယ်။
၁၉၈၉ ခုနှစ်၊ ရွှေတိဂုံဘုရား ဇောင်းတန်းရှိ ဆိုင်ခန်းနှင့် လူနေအိမ်များကို န၀တအာဏာရှင်မှ အတင်းအဓမ္မ ပြောင်းရွှေ့ ခိုင်းခဲ့စဉ် တုန်းကဆိုရင် ကျောင်းသားအင်အားစုများက ၀ိုင်းဝန်းပူးပေါင်းကာ န၀တ အာဏာရှင်ထံ စာရေးခဲ့တာကြောင့် ထိုဖျက်ဆီးမှု စီမံချက်ရပ်ဆိုင်းခဲ့ပြီး နေရာပြန်လည်ချမှတ်ခြင်းများ ပြုလုပ်ပေးခဲ့ရပါတယ်။
ယနေ့အချိန်မှာလည်း မတရားမှု ဖိနှိပ်မှုများ ဖြစ်ပေါ်နေတဲ့ နေရာဒေသများကို အခြားနေရာမှာနေနေကြတဲ့ ပြည်သူတွေ အနေနဲ့  မိမိတို့ အရေးလို သဘောထားပြီး သွားရောက်ကူညီ စောင့်ရှောက်ပေးကြမယ်ဆိုရင် လက်ရှိ အခက်အခဲ ကြုံတွေ့ နေရသူများ အတွက် အင်အားများ ရကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြမည် ဖြစ်ပါတယ်။
ပြည်သူအချင်းချင်း လက်တွဲကြ။ ရိုင်းပင်းကူညီကာ မတရားမှုတွေကို တော်လှန်ကြ။
ကိုနစ်နေမန်း ဘလော့ဂ်မှ ရယူတင်ပြပါသည်။
ပြည်သူအချင်းချင်း လက်တွဲကြ။ ရိုင်းပင်း ကူညီကာ မတရားမှုတွေကို တော်လှန်ကြ။
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment