၁၅ မတ် ၂၀၀၉
နာဂိုယာရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ(LDB-NAGOYA)မှ ဂျပန်အစိုးရအနေဖြင့် နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး အတွက်၎င်း ၂၀၀၈ တွင် အဓမ္မဓါးမိုး သေနတ်မိုး၍ အတင်းအကြပ် အတည်ပြုလိုက်သည့် အခြေခံ ဥပဒေသည် စစ်အာဏာရှင် သက်ဆိုးရှည်ရေး၊ စစ်အာဏာရှင် လူတစ်စု ကောင်းစားရေး ဥပဒေ ဖြစ်နေသည့် အတွက် ထိုအခြေခံ ဥပဒေနှင့် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ပြဿနာကို မပြေလည်နိုင်ပါ။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးအင်အားစု များဖြင့် ညှိနှိုင်းကာ အခြေခံ ဥပဒေကို ပြင်ဆင် ဖြည့်စွက် ရေးဆွဲနိုင်ရေး အတွက်၎င်း။ မြန်မာ့ ရေးရာကျွမ်းကျင်သူ မြန်မာနိုင်ငံရေး ဆိုင်ရာ ဂျပန်သံတမန် တစ်ဦးအမြန်ခန့်  အပ်ကာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ အတွက် ပိုမိုဖိအားပေး လုပ်ဆောင်ရန်..
ပို့ စကဒ် campaing နှင့် ဆန္ဒပြ တောင်းဆိုပွဲ
ကို ပြုလုပ်ခဲ့ ပါသည်။
ပေးပို့ သူ ကိုကျော်စိုး
LDB- nagoya
0 ရဲ့ အမြင်:
Post a Comment