မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းတကျောင်းအား ထိုင်း နယ်ခြားစောင့် စစ်တပ်မှ မီးရှို့

Saturday, March 28, 2009 ·


ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရမြို့နယ် ၄၄ ကီလိုမီတာကျေးရွာရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ တည်ထောင် ထားတဲ့ “ဒို့မိတ်ဆွေ” မူလတန်း ကျောင်းအား ဒီကနေ့ မနက် ၁၀ နာရီခန့်က ဒေသခံ ထိုင်းနယ် ခြားစောင့် စစ်တပ်မှ မီးရှို့ဖျက်ဆီး သွားကြောင်း သတင်း ရရှိပါတယ်။ အဆိုပါ ဖျက်ဆီးမှုမှာ ကျောင်း အသုံးအ ဆောင်ပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံကားချပ်နဲ့ ကျောင်းဆောင်သစ်တိုးချဲ့ဖို့ သိမ်းထားတဲ့ သက်ကယ် များကိုလည်း မီးရှို့သွားကြောင်းသိရပါတယ်။

ဒီလိုဖျက်ဆီးရာမှာ ကျောင်းပိတ်ရက်ဖြစ်တာမို့ ကျောင်းသားနဲ့ ကျောင်းသားမိဘတစုံတယောက်မှ ထိခိုက် မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းက စာသင်ခုံတွေ၊ ဓါတ်ပုံနဲ့ နံရံကပ်ပိုစတာတွေကိုတော့ ရိုက်ချိုးဖျက်ဆီး သွားပါတယ်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ယခု မီးရှို့ခံရသော ကျောင်းအနီးက ၀ါးတော ရပ်ကွက်မှ မြန်မာ အလုပ်သမား ၂၀၀ ကျော် နေထိုင်တဲ့ တဲအိမ် ၈၀ ခန့် ကိုယ့်တဲအိမ် ကိုယ်ဖျက်ပြီး ထွက်ပြေးခဲ့ရပါတယ်။

ယခုလ ၂၂ ရက်နေ့က ၀ါးတောနှင့် ငှက်ပျောတော ရပ်ကွက်က တဲအိမ် ၂ လုံးကိုလည်း ထိုင်းနယ်ခြားစောင့် စစ်တပ်တွေကပဲ မီးဝင်ရှို့ခဲ့ပါသေးတယ်။

အဆိုပါ အခင်းဖြစ်ပွားနေတဲ့ မဲဆောက်မြို့နဲ့ ၄၄ကီလိုမီတာဝေးတဲ့ ဖုတ်ဖရမြို့နယ် ပတ်ဝန်းကျင်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ နေထိုင်ပြီး ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ဒီနေ ရာတွေကို ထိုင်း နယ်ခြားစောင့် တပ်တွေက မြန်မာ အလုပ်သမားတွေကို ဆက်လက် နေထိုင်ခွင့် မပေးတော့ပဲ မောင်း ထုတ်ထားတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်းအလုပ်သမားတွေ မလုပ်ချင်တဲ့ခက်ခဲကြမ်းတမ်းတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊ အန္တရာယ်ရှိတဲ့ အလုပ်တွေထဲက စိုက်ပျိုးရေးနဲ့ မွေးမြူရေး အလုပ်တွေကို ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ ဒေသအလိုက် တနေ့ လုပ်အားခ ၁၅၁ ဘတ်မရရှိဘဲနဲ့ (၅၀- ၆၀- ၇၀- ၈၀-) စသည်ဖြင့် မြန်မာအလုပ်သမားတွေ လုပ်ကိုင် နေရတဲ့ ဒေသဖြစ်ပါတယ်။ ၄၄ ကီလိုမီတာကျေးရွာ တရွာထဲမှာပင် မြန်မာ အလုပ်သမား ၁၀၀၀၀ လောက်ရှိပြီး ဖုတ်ဖရား မြို့နယ်တခုလုံးမှာတော့ မြန်မာအလုပ်သမား ၇၀၀၀၀ လောက်ရှိကြောင်း၊ ၈၃ ကီလို မီတာ ကျေးရွာနဲ့ ပခါးမိုင် ကျေးရွာ နှစ်ရွာထဲမှာပဲ တနေ့ လုပ်အားခ ၁၀၀ ဘတ်ရရှိကြောင်း မြန်မာပြည်သားများ အရေးပူးတွဲ လှုပ်ရှားမှု ကော်မတီက သုံးသပ်ဖော်ပြထားပါတယ်။

(မြန်မာပြည်သား)

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */