International Internet Backbone Fiber Optic Cable ပြင်ဆင်ရန်အတွက် အင်တာနက် ချိတ်ဆက်မှုများ နှေးကွေးသွားစေမည် ဟူဆိုသည့် မြန်မာတယ်လီပို့ ၏ သတိပေးချက်တစ်ရပ်မှာ ယနေ့ ရန်ကုန်မြို့ ရှိ အင်တာနက်သုံး စွဲသူများကြားတွင် အထိတ်တလန့် ဖြစ်ခဲ့ရသည်။
ငါးရက်ကြာမည့် ထိုနှေး ကွေးမှုကို မြန်မာတယ်လီပို့ က SEA-ME-WE3 ပြုပြင်ရန် အတွက်ဟုအကြောင်းပြသော် လည်း ပြည်တွင်း နိုင်ငံရေး မငြိမ်မသက်မှုများနှင့် မတ်လ ၂၇ ရက်တော်လှန်ရေးအခမ်းအနား နီးကပ်လာသောကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
“တခါတလေပြည်တွင်း မှာ နိုင်ငံရေးလှုပ်လှုပ်ရှားရှား ဖြစ်လာရင် အဲလိုလိုင်းတွေနှေးသွားရော အဲဒါအမြဲပဲ အခုလဲ ဒီနှစ်ပတ်အတွင်းမှာ မော်လမြိုင်နဲ့ ရန်ကုန် မှာ ဆန္ဒပြ တာတွေဖြစ်လာတော့ သူတို့ ပြန်ကျပ်ထားတဲ့ သဘောပေါ့ ရွှေဝါရောင် လို အဖြစ်မခံနိုင်တော့ဘူလေ”ဟု ရန်ကုန်ရှိ ဆိုင်ဘာကဖေးဖွင့်ထားသူ တစ်ဦးကပြောသည်။
ယခင်က လည်းထိုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေးမည် ဟု ရက်အတိအကျဖြင့် ထုတ်ပြန် ခဲ့သော်လည်း သတ်မှတ်ရက်ထက် ပိုကာ ခုနှစ်ရက်ရှစ်ရက် ထိကြာခဲ့ခြင်းများရှိသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက်ဆင်ဆာဖြတ်တောက်မှုအဆိုးဝါးဆုံးနိုင်ငံများစာရင်း တွင်ပါဝင်ပြီး ၂၀၀ရ နှစ်ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားစဉ်က တတိုင်းပြည်လုံးရှိ အင်တာနက် လိုင်းများအားလုံးဖြတ်တောက်ခဲ့ သည်။
source by : http://longwalktofreedom.wordpress.com/
အင်တာနက်ချိတ်ဆက်မှုများ မတ် ၂၅ ထိ နှေးကွေးမည်ဟုသတင်းထုတ်ပြန်
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်
FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
0 ရဲ့ အမြင်:
Post a Comment