ဗိုလ်ချုပ်များက မြန်မာ့ယဉ်ကျေးမှုဟုပြောနေသော်လည်း အမျိုးသမီးငယ်များ၏ ရင်သားဖေါ် ပေါင်လည် ပိုင်းထိရောက် ဖက်ရှင်များရန်ကုန် တွင်ခေတ်စားလာ

Thursday, March 5, 2009 ·


ရန်ကုန် မိန်းကလေးငယ် တစ်ဦး၏ ဖက်ရှင် ကို ဝေဇယန္တာ ရှော့ပင်းမော ရှေ့တွေ့ ရစဉ်
ရာသီဥတု ပူလွန်းသည့် အပြင် လုပ်ကိုင်ရအဆင်ပြေရန်အတွက်ရန်ကုန်မြို့နေ အမျိုးသမီး အများဆုမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှစ၍ ခန္ဓာကို အပေါ်ပိုင်းတွင် ရင်သားဖေါ် ၀တ်ဆင်မှုများ အ၀တ်များလာခဲ့ပြီးအောက်ပိုင်းတွင် ပေါင်လည်မရှိတရှိ ဘောင်းဘီတို သို့မဟုတ် စကတ်များ ၀တ်ဆင်မှုပိုမိုများပြားလာခဲ့ကြောင်းသိရသည်။


ခေတ်စားလာသည့်ဖက်ရှင်စတိုင်များ
လုပ်ငန်းခွင်တွင် အလုပ်လုပ် ကိုင်နေသည့် အမျိုးသမီးအများစုမှာ လုပ်ငန်းမှ တူညီ ၀တ်စုံများ ၀တ်လေ့ ရှိကြသော်လည်း အချို့ လွတ်လပ်စွာ ၀တ်ခွင့် ရသည့် ကုမ္ပဏီများတွင် မူ အမျိုးသမီးငယ်များက ထိုသို့ သော ၀တ်စား ဆင်ယဉ်မှုများကို နေ့ တဓူဝ ၀တ်ဆင် မှုများ ရှိလာသည်ဟု သိရသည်။

၂၀၀၈ ခုနှစ် ဆန်းပိုင်းမှ စ၍ မြန်မာ အမျိုးသမီး ငယ်များ၏ ဖက်ရှင်မှာ ၎င်းတို့ကြားတွင် ရေပန်းစားနေသော ဆက်စီ (Sexy) ခေါ် စွဲမက်ဖွယ်ရာ ခန္ဓာ ကိုယ်အလှကို ဖေါ်၍ ၀တ်စား ဆင်ယာဉ်မှုများရှိလာခဲ့သည်။

လွန်ခဲ့ သည့်နှစ်နှစ်က ရန်ကုန်မြို့ လမ်းမများပေါ်တွင် အလွန်းဆုံးဒူးလောက်ရှိသည့် စကတ်များကိုသာ ၀တ်စား ဆင်ယဉ်သည့် အမျိုးသမီးငယ်များကို တွေ့ ရသော်လည်း ၂၀၀၈ခုနှစ်မှစ၍ ပေါင်လည်လောက်ရောက်သော ဘောင်းဘီတို စကတ်တိုများ ၀တ်ဆင်ထားသောအမျိုး သမီးငယ်များကိုတွေ့ လာရသည်။

ထို သို့ မြင်သာသော ဖက်ရှင် အပြောင်းအလဲ နှင့်ပတ်သက်၍ နာမည်ကျော် ဟာသစာရေး ဆရာတစ်ဦးက “အရင်က ဒီလိုဖက်ရှင်တွေကို ညကလပ်တွေမှာပဲတွေ့ ရတာလေ အခုတော့ စမ်းချောင်း တို့ ကျောက်မြောင်းတို့ဘက်မှာမမြင်ချင်မှအဆုံးပဲ ”ဟု သူက Freedom News Groupသို့ ပြောသည်။

၂၀၀၆ ခုနှစ်လောက်က အမျိုးသမီးအ၀တ်အထည်များရောင်းချသောဖက်ရှင်ဆိုင်များတွင် ဘောင်းဘီရှည် နှင့် ဒူးဖုံးစကတ် အများစုသာ ရောင်းချရသော်လည်း ၂၀၀၈ ခုနှစ်မှစ၍ မိန်းကလေးအများစုမှာ ရှစ်လက်မခန် လောက်သာရှိသည့် ဘောင်းဘီတို များနှင့် ရင်သားပေါ် ဖက်ရှင်အများစုကို ပိုမို ၀ယ်ယူလာခဲ့သည်ဟု ရန်ကုန်မြို့ ယောက်လမ်းတွင် ဖွင့်လှစ်ထားသည့် အမျိုးသမီးဝတ်ဖက်ရှင်ဆိုင်တစ်ခုမှ ပြောသည်။

ထို သို့  အမျိုးသမီးငယ်များ၏၀တ်စားဆင်ယင်မှုပုံစံပြောင်းခြင်းသည် နိုင်ငံတကာဖက်ရှင်စတိုင်များကို လိုက်လံ အတုယူခြင်းလည်း ဖြစ်သလို နိင်ငံခြား တိုင်းပြည်များတွင် သွားရောက် အလုပ်လုပ်ကိုင် နေသောမိန်ကလေးများ ရန်ကုန်သို့ ပြန်အလာတွင် ၎င်းတို့ ဝတ်ဆင်သော ဖက်ရှင်စတိုင်များကို လိုက်လံအတုခိုးရာမှ လည်းထိုသို့  ဖက်ရှင် ရေစီးကြောင်းက ပြောင်းလဲသွားခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

ခန္ဓာကိုယ်အလှကိုဖော်ကျူးသော ဖက်ရှင်စတိုင်များကို ၀တ်လာခြင်းကြောင့် အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်မနေဘူးလားဟု ထိုဖက်ရှင်စတိုင်ကို နှစ်ကြိုက်သောအမျိုးသမီးငယ်လေး တဦးအားမေးကြည့်ရာ “မဖြစ်ပါဘူး။လုံလုံခြုံခြုံဝတ်လဲ တဏှာထတဲ့လူက ထတာပါဘဲ။ကားပေါ်တွေမှာကြည့် ပါလား။မမြင်ရလေ သူတို့ကပိုကြည့်ချင်လေဘဲ။ခပ်ရိုင်းရိုင်း ပြောရရင် ထမီကမှ အလွယ်တကူ ဆွဲချွတ်ရင် ကျွတ်သေးတယ်။ ဘောင်းဘီတိုတွေကပေါင်လုံးကလွဲလို့ ဘာမှပိုမမြင်ပါဘူး။အ လွယ်တကူလဲချွတ်လို့ မရဘူးလေ။ အရှက် လုံရင်ပြီးတာဘဲ။တချို့ မိန်းကလေးတွေ ကြုံဖူးတယ်။ကားပေါ်အတက်မှာ ထမီစတက်နင်းမိလို့ ကွင်းလုံး ကျွတ်ကျတာ၊ အဲဒါကမှပိုဆိုးတယ်”ဟု သူမကပြောသည်။

နာမည်ကျော်လူငယ်စာရေးဆရာမတဦးကလည်း အမျိုးသမီးငယ်တို့၏ ဖက်ရှင်ရေစီးကြောင်း ပြောင်းလဲမှုနှင့် ပက်သက်၍ သူ့အမြင်ကို“ ကျမတို့ ခေတ်တုန်းကလည်း ထမီအရှည်ခောတ်ကနေ အတိုခေတ်၊ ထမီခေတ်ကနေ စကတ်ခေတ်၊ စကတ်ကနေ ဘောင်းဘီခေတ်၊ စကတ်ထမီ ခေတ်အပြောင်းမှာလဲ ဒီလိုဘဲတချို့ကပြောကြတယ်။ ရိုင်းတယ်ပေါ့ အ၀တ်အစားဝတ်တာ၊ မြှူဆွယ်နေတာနဲ့ တူတယ်။ လျှပ်ပေါ် လော်လီတယ်လို့ အစုံကိုပြောကြတာ။ ဒါပေမယ့်နောက်ပိုင်း ကျတော့ဒါတွေကလဲအခုဆိုသမိုင်းထဲမှာကျန်ခဲ့တာပဲ”ဟုပြောသည်။

ရန်ကုန်မြို့ရှိဒဂုန်စင်တာ၊ဘလေဇွန် စသည့် အမျိုးသမီးငယ်များလာရောက်ကြသောရှော့ပင်း စင်တာများတွင် ရင်သားပေါ်နှင့် ပေါင်တို ဖက်ရှင်များကို မမြင်ချင်မှအဆုံးတွေ့ ရလေ့ရှိသည်။

မိန်းကလေးငယ်များ၏ထိုသို့ဝတ်စားဆင်ယင်မှုများမှာ ထိုင်းနိုင်ငံမှတင်သွင်းသောအမျိုးသမီး အ၀တ်အစားများ ကိုလူကြိုက်များ လာခြင်းကြောင့်လည်း ဖြစ်သည်။ရန်ကုန်မြို့နေလူတန်းစား များမှာထိုသို့ ၀တ်စားဆင်ယင်မှုကို အထူးအဆန်း အနေဖြင့် မရှုမြင် ကြသော်လည်း နယ်မှရောက်လာသူအချို့ ကမူ အထူးအဆန်းသဖွယ် ဖြစ်နေကြသည်။

မြန်မာစစ်ဗိုလ်ချုပ်များက မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုနှင့် ပက်သက်၍ တဆာဆာ ကြွေးကြော်နေကြ သော်လည်း ထိုဖက်ရှင်များမှာ ပိုက်ဆံချမ်းသာသော ကြေးရတက် ဗိုလ်ချုပ်သားသမီးများ ကသာဦးဆောင်၍ စတင်ဝတ်ဆင်ကြခြင်း ဖြစ်သည်။

ယနေ့ ဖက်ရှင်ရေစီးကြောင်းနှင့် ပက်သက်၍ ရန်ကုန် အခြေစိုက် အလှအပရေးရာ မဂ္ဂဇင်းတခုမှ အမျိုးသမီး အယ်ဒီတာတဦးက“ နိုင်ငံရေး ရေစီးကြောင်းသာ မပြောင်းတာလေ။ ဖက်ရှင်ရေစီး ကြောင်းကတော့ ပြောင်းသွားပြီ”ဟုသုံးသပ်ပြောဆိုခဲ့သည်။

source by : http://longwalktofreedom.wordpress.com/2009/03/04/%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80-%E1%81%BF%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7/#more-1753

1 ရဲ့ အမြင်:

ဒီရေ said...
March 5, 2009 at 6:35 PM  

အင်း... မြန်မာ မိန်းကလေးတွေ ဘ၀ ...

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */