ပဒုမ္မာ၊ လှည်းတန်း၊ လူထု နှင့် ၂၀၁၀ ရွေးကောက်ပွဲ

Thursday, March 5, 2009 ·

ဟိန်းမင်း | အင်္ဂါနေ့ညပိုင်းက စမ်းချောင်းပဒုမ္မာကွင်းနှင့် လှည်းတန်းကားမှတ်တိုင်တွင် တစ်နာရီခန့်ခြား၍ ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း သမိုင်းလမ်းဆုံတွင် ဗုံးလန့်မှုနှင့် လှည်းတန်းတွင် ဗုံးထပ်မံတွေ့ရှိသည်ဟူသော သတင်းများ ပေါ်ထွက် လာခဲ့သည်။

လှည်းတန်းမှတ်တိုင်တွင် ယနေ့နံနက်ရုံးတက်ချိန်အထိ ဗုံးရှာဖွေမှုများပြုလုပ်နေဆဲ ဖြစ်ကြောင်း မျက်မြင် သက်သေများက ပြောသည်။ ရန်ကုန်မြို့နေပြည်သူများသည် ကားဂိတ်များ၊ လ္ဘက်ရည်ဆိုင်များ စသော လူစည်ကားရာနေရာများတွင် အဆိုပါ ပေါက်ကွဲမှုနှစ်ခု အကြောင်းကို ယနေ့တစ်နေ့လုံး ဝေဖန်ပြောဆို နေကြသည်ကို တွေ့ရသည်။

” သူတို့မလုပ်လို့ ဘယ်သူလုပ်မှာလည်း ။ တစ်ခုခုငြိမ်နေပြီဆိုရင် အစိုးရက Alert ဖြစ်အောင် ထထလုပ်တာ ရိုးနေပြီ ။ နောက် တစ်ခုခုကို ဆွဲထုတ်ပြလိုက်မယ်..။ ဒီလိုလုပ်ခဲ့တာနှစ်ပေါင်းနှစ်ဆယ်ရှိနေပြီ..။ ” ဟု ယင်းပေါက်ကွဲမှု အပေါ် အစိုးရမှစီစဉ်ခြင်းဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ ထင်ကြေးပေး ပြောဆိုသည်ကို တွေ့ရသည်။

ယခင်က ထူးခြားဖြစ်စဉ်များဖြစ်ပွားပါက ယခုကဲ့သို့ လူအများ ပြောင်ပြောင်တင်းတင်းဝေဖန်မှုများ ပြုလုပ်ရဲ ကြခြင်း မရှိသော်လည်း ယခုဖြစ်စဉ်တွင်၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး စပ်ဆက် သုံးသပ်ပြောဆို လာကြခြင်းများကိုလည်း တွေ့ရသည်။

” အစိုးရမလုပ်လို့ ဘယ်သူလုပ်မှာလဲ ။ ဒီလောက်နေ့ရော ညရောလုံခြုံရေးတွေတင်းကြပ်နေတာ…။ Security Level အနိမ့်ဆုံးနေရာကို Anti အဖွဲ့အစည်း တွေက အတိအကျသိဖို့ မလွယ်ဘူး..။း ဖြစ်စဉ်နှစ်ခုလုံးမှာ သုံးတဲ့ဗုံးကအသံကျယ်တယ်.. ပျက်စီးမှုနည်းတယ်..။ နောက်ပြီး ပထမဖြစ်တဲ့နေရာက လူမရှိတဲ့ ပန်းခြံ..။ လူသိရုံလုပ်ပြီး လူမထိနိုင်တဲ့အချိန်လေ..။ လှည်းတန်းမှာဖြစ်တာ ၁၁ နာရီ..။ အဲ့ဒီနေရာမှာ ၉ ခွဲ၊ ၁၀ နာရီ အထိ..လူရှိတယ်..။ အခုဟာက ၁၁ နာရီထိုးခါနီးမှ ဖြစ်တာ..။ မတော်တဆတည့်တည့်ရပ်မိတဲ့ လိုင်းကားတောင် ဘာမှမဖြစ်ဘူး..။ ဒီတော့ Alert လုပ်ရုံပဲဆိုတာ သေချာပါတယ်..။ အခုတော့ တနေကုန် လုံခြုံရေး တင်းကြပ် ဖို့လည်း Reason ကောင်းသွားတယ် ။ ” ဟု အငြိမ်းစား အထက်တန်းပြဆရာ တစ်ဦးကဝေဖန်ပြောကြားသည်။ နိုင်ငံရေးနှင့် ဆက်နွယ်သော အသိုင်းအ၀ိုင်းများကမူ ” သူတို့လုပ်တာလို့ပဲ ယူဆတယ်..။ ဒါပေမဲ့ အဲ့တာ လည်ပင်းကြိုးကွင်း စွပ်တာဖြစ်နိုင်တယ်..။

လောလောဆယ်လူတွေက ၂၀၁၀ ဘက်ကို အာရုံမရောက်သေးဘူးဖြစ်နေတယ်..။ စီးပွားရေး ကျပ်တည်း မှုကြောင့် အားလုံးအဲ့ဒီဘက်ကို မလှည့်နိုင်ကြဘူးဖြစ်နေတယ်။ လောလောဆယ် ရွေးကောက်ပွဲ ဥပဒေကို ဗိုလ်ချုပ်မှုးကြီးက အတည်မပြုရဲသေးဘူးဖြစ်နေတယ်..။ လုံခြုံရေးအကြောင်းပြချင်တဲ့ လှည့်ကွက် ဆိုရင်တော့ သူတို့အကွက် မှားသွားနိုင်တယ် ။ အခုမှ လူတွေ ဒီဘက်လှည့်လာကြလိမ့်မယ်..။ ” ဟု ပြောကြားသည်။

ယမန်နေ့ည အခင်းဖြစ်ပွားချိန်မှ စတင်၍ ယနေ့ညအထိ နှစ်ဆယ့်လေးနာရီအတွင်း ရန်ကုန်တစ်မြို့လုံး လုံခြုံရေးများ ပိုမိုတင်းကြပ်စွာ ချထားသည်ကိုတွေ့ရသည်.။ အထူးသဖြင့် ရန်ကုန် မြို့တော်ခန်းမ ၀န်းကျင်တွင် လုံခြုံရေးများ ပိုမိုတိုးမြှင့် ထားသည်ကိုတွေ့ရသည်။ ဒိုင်းများကိုင်ဆောင်ထားသော… ရဲကားများနှင့် စစ်ကားများ ဥဒဟိုသွားလာနေသည်ကိုလည်း မြင်တွေ့ရသည်။

source by : http://longwalktofreedom.wordpress.com/2009/03/04/%E1%80%95%E1%80%92%E1%80%AF%E1%80%99%E1%81%BC%E1%80%AC%E1%81%8A-%E1%80%9C%E1%80%BD%E1%80%8A%E1%80%B9%E1%80%B8%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%81%8A-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF/#more-1779

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */