မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးမှ ပုံမှန်ကုန်သွယ်ရေးသို့ ကူးပြောင်းနိုင်ရေးအတွက် ဘဏ်အချင်းချင်း ချိတ်

Thursday, March 12, 2009 ·

အောင်စည်ဟိန်းအိရွှေစင်ဝင်း | ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က မြန်မာနိုင်ငံနှင့် ဆောင်ရွက်လျက် ရှိသည့် နယ်စပ် ကုန်သွယ်ရေးအား ပုံမှန်ကုန်သွယ် ရေးအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ အထွေ ထွေအတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု များအား ပုံမှန်ကုန်သွယ်ရေးအဖြစ် တိုးမြှင့်သွားနိုင်ရန်အတွက် နယ်စပ် ကုန်သွယ်ရေးစခန်းများ တိုးချဲ့နိုင် ရေးကို အဓိကထား၍ နှစ်နိုင်ငံကုန် သည်ကြီးများနှင့် အစိုးရအရာရှိကြီးများ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ် သည်ဟုလည်း ၄င်းကပြောကြားခဲ့ ပြီး၊ အသစ်ထပ်မံ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်း နေဆဲဖြစ်သည့် နယ်စပ်ကုန်သွယ်ရေးစခန်း သုံးခုကို မြန်မာ နိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မော်တုံမြို့နှင့် ထိုင်းနိုင်ငံရှိ ဆင်ခုံမြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မိုင်းဆတ်နှင့် ထိုင်းနိုင်ငံရှိ ကယူပါ ၀တ်မြို့၊ ကယားပြည်နယ် လွိုင်ကော် မြို့နှင့် ထိုင်းနိုင်ငံရှိ ဟွေ့တုံမြို့တို့တွင် ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု သိရသည်။

အဆိုပါ နယ်စပ်ကုန် သွယ်ရေးစခန်း သုံးခု ဖွင့်လှစ်ပြီးပါ က ထိုင်းနိုင်ငံအနေဖြင့်မန်မာနိုင်ငံ နှင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်နိုင် သည့် နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်းခုနစ်ခု ရှိလာမည်ဖြစ်သည် ဟု သိရသည်။ ထိုင်းနိုင်ငံ အနေဖြင့် ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်မှုတိုး မြှင့်နိုင်ရန် စီစဉ်မှုသည် မြန်မာနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှုကို ပုံမှန်ကုန် သွယ်မှုအဖြစ် တိုးမြှင့်လိုသည်အနေ အထားရှိနေသည့်အပြင် မြန်မာနိုင်ငံအား ကြားခံနိုင်ငံအဖြစ် အသုံးပြု၍ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ကြိုးပမ်းမှုလည်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။ယင်းအပြင် ဘင်္ဂလားဒေ့ ရှ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအား နယ်စပ်ကုန်သွယ်မှုများ တိုးမြှင့်သွားရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေ ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် နှစ်နိုင်ငံ ကုန်သည်ကြီးများ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘဏ်လုပ်ငန်း ရှင်ကြီးများ ပါဝင်ခဲ့ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန် သွယ်မှုတွင် အဓိကကျသည့် ဘဏ် စနစ်များကိုပါ အကျယ်တ၀င့်ဆွေး နွေးခဲ့ကြောင်း သိရပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်နှင့် ပုံမှန် ကုန်သွယ်ရေး ကူးပြောင်း ရာတွင် နှစ်နိုင်ငံ ကုန်သွယ်မှုများအကြား အဓိကကျ သည့် ဘဏ်လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ဆွေးနွေးရာ တွင် မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်၊ မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်မှ တာဝန်ရှိသူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Sonali Bankနှင့် National Credit and Commerce Bank တို့မှ အကြီးတန်းအရာရှိကြီး များက အဆိုပါဘဏ်များ အကြား Corresponding Banking စနစ်ကို ဆွေးနွေးခဲ့သည်ဟုသိရသည်။ ယင်း အပြင် နှစ်နိုင်ငံ ကုန်သည်ကြီးများ အနေဖြင့် ရေလုပ်ငန်းဖြင့် ကုန်သွယ်မှု မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း လည်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် လည်း ထိုင်းနိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံအား ကြားခံနိုင်ငံ အဖြစ်ထား၍ အာဆီယံ နိုင်ငံများနှင့် နယ်စပ် ဖြတ်ကျော်ကုန်သွယ်မှု ပြုလုပ်သွားရန် ရည်ရွယ်ထားဖွယ်ရှိကြောင်း သိရ ပြီး၊ အဆိုပါ ဆွေးနွေး ပွဲတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးတိုးမြှင့်ရေး ကောင်စီဥက္ကဋ္ဌက မြန်မာစီးပွားရေး လုပ်ငန်းရှင် များအား ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်ဟု သိရပါသည်။

ယင်းကဲ့သို့ ထိုင်းနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က မြန်မာ နိုင်ငံမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် မဲဆောက်-မြ၀တီနှင့် မယ်ဆိုင်-တာချီလိတ် နယ်စပ် စခန်းများမှ မြန်မာ နိုင်ငံအတွင်း ၀င်ရောက် လာမည် ဖြစ်ပြီး၊ အာရှအဝေးပြေးလမ်းကြီး၏ လမ်းပိုင်းအမှတ် AH 1 ကို အသုံးပြု ဖြတ်သန်းကာ မူဆယ် ၁၀၅ မိုင် စခန်းမှ တရုတ်နိုင်ငံနှင့် လည်းကောင်း၊ အာရှ အဝေးပြေး လမ်းကြီး၏ လမ်းပိုင်း အမှတ် AH 1 ကို အသုံးပြု ဖြတ် သန်းကာ မိုင်းလားစခန်းမှ တရုတ် နိုင်ငံသို့လည်းကောင်း၊ အဆိုပါ လမ်းမကြီးကိုပင်အသုံးပြုကာ ထိုင်း နိုင်ငံအနေဖြင့် တမူးစခန်းမှ အိန္ဒိယ နိုင်ငံနှင့်လည်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများ ပြုလုပ်နိုင်ကြောင်း လည်းသိရသည်။ ထိုင်းနိုင်ငံအနေ ဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် မြန်မာနိုင်ငံမှတစ်ဆင့် အာဆီယံ အဝေးပြေးလမ်းမကြီး၏မြန်မာလမ်းပိုင်း ဖြစ်သည့် AH 111, AH 112 တို့ကို အသုံးပြု၍လည်း ကုန်သွယ်မှု ပြုလုပ် နိုင်ရန်အောင်ရှိကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် လည်း မြန်မာနိုင်ငံအား ကုန်သွယ်မှု ကြားခံအဖြစ်ထား၍ နယ်စပ် ဖြတ်ကျော် ကုန်သွယ်မှု ပြုလုပ်ရာတွင် ဘင်းမ်စတက် အဝေးပြေးလမ်းမ ကြီး၏မြန်မာလမ်းပိုင်းကို အသုံးပြု ၍ မြန်မာနိုင်ငံ အတွင်းမှ ဖြတ်သန်း ဖောက်လုပ်ထားသည့် အိန္ဒိယ -မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေး လမ်းမကြီးနှင့် ချိတ်ဆက်ကာ အာဆီယံနိုင်ငံများနှင့်လည်းကုန်သွယ်မှု ပြုလုပ်နိုင်မည်ဖြစ်ရာ ယင်းလမ်းပိုင်း တစ်လျောက် မြို့များသည် ခရီးသွား လုပ်ငန်းကိုအခြေပြု၍ စီးပွားရေး ဖွံ့ဖြိုးမှုများရှိလာနိုင်သည်ဟု ကျွမ်း ကျင်သူများက သုံးသပ်သည်။

source by : http://weeklyeleven.com/c001/c001.php?id=1

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */