ပဉ္စမ အကြိမ်မြောက် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု့နှင့်ရေမီး ရရှိရေး တောင်းဆိုလှုပ်ရှားမှု့

Sunday, March 29, 2009 ·

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ပဉ္စမ အကြိမ် မြောက် လှုပ်ရှားခြင်း နှင့် အတူ မြန်မာပြည် တ၀န်းလုံးတွင် ယနေ့ ရင်ဆိုင်နေရသော ရေ/မီး အပြည့်အ၀ ရရှိရေးအတွက် ပို့စကဒ်များ ကပ်ခြင်း၊ ထုတ်ပြန်ကြေငြာချက်များ ထုတ်ပြန် ကြေငြာခြင်းနှင့် အတူ နောင်တော် အဖွဲ့အစည်းများဖြစ်သည့် ၊ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်၊ ပြည်ထောင်စု လူ့ အခွင့်အရေး ကောင်စီ နှင့် အင်္ဂလန်နိုင်ငံ အခြေစိုက် BDC အဖွဲ့များ နှင့် အဖွဲ့အစည်း အသီးသီးမှာ ထုတ်ပြန် ကြေငြာသည့် နအဖ စစ်အစိုးရအား ဖယ်ရှားရေး ထုတ်ပြန် ကြေငြာချက်များ၊ ၂၀၁၀ ရွေးကောက်ပွဲအား လက်သင့် မခံသည့် ထုတ်ပြန် ကြေငြာချက်များ၊ လူထု စည်းရုံးစာများနှင့် အတူ လူထုအားကိုး ယုံကြည်ရသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မှ နအဖ စစ်အာဏာရှင်တစုထံမှ တောင်းဆိုချက်များအား လိုက်လံ ကြဲချခြင်း၊ ဝေခြင်း၊ ကပ်ခြင်း များကို ရန်ကုန်မြို့ နေရာ တော်တော်များများတွင် ပြုလုပ်ခဲ့ကြပါသည်။

အထက်ပါ ပြုလုပ်ချက်များနှင့်စပ်လျှင်းပြီး နအဖ စစ်အာဏာရှင်တစုမှ အထက်ပါ အဖွဲ့အစည်းများအား ပုတ်ခတ် ဝေဖန်ခြင်းများနှင့်အတူ ကျွန်ုပ်တို့အဖွဲ့ဝင်များအားလည်း ပြည်ပနှင့်ဆက်သွယ်သည်ဆိုကာ ပုတ်ခတ် ဝေဖန် စွတ်စွဲလာမည်မှာ အသေချာပင်ဖြစ်ပါသည်။ ထို့ကြောင့် ၄င်းရက်မှာပင် ကျွန်ုပ်တို့ အဖွဲ့မှ အီးမေးလ် အင်တာနက် များမှ တဆင့် ရရှိသော ထုတ်ပြန် ကြေငြာချက် များကို ဖတ်ပြီး မှန်သည်။ လုပ်သင့် လုပ်ထိုက်သည် ထင်ပြီး လုပ်ဆောင်ခြင်း သာဖြစ်ပြီး မည်သူတဦးတယောက်ရဲ့ မြှောက်ပေးမှု့၊ အားပေး ကူညီမှု့များ အလျင်း မရှိကြောင်း နှင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ကိုလည်း ရေးသားပြီး ဖြန့်ဝေခဲ့ပါသည်။

မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */