အင်းလျား လမ်း သင်္ကြန်မဏ္ဍပ် များစပေါ်ငွေ ဆယ်ငါးသိန်းထိတင်ရမည်

Tuesday, March 31, 2009 ·


သင်္ကြန်ကာလ အတွင်းအင်းလျှားလမ်းတွင် ရေပက်ခံသူ များဖြင့်စည်ကားလျှက်ရှိစဉ်
ဓာတ်ပုံ-ရဲလွင်ဦး
သင်္ကြန်ကာလ အတွင်း ရန်ကုန်မြို့ ကမာရွတ်ရှိ အင်းလျှားကန် ဘောင်တွင် ရေပက်ကစားခွင့် မဏ္ဍပ် ဆောက်လုပ်နိုင်ရန် အတွက် မြို့တော်စည်ပင် နှင့် ကမာရွတ် မယက ရုံးထံ စပေါ်ငွေ အနည်းဆုံး ဆယ်ငါးသိန်း တင်ရမည်ဟု သတင်းရရှိသည်။

ယခင်နှစ် က စပေါ်ငွေ ငါးသိန်းသာ တင်ရပြီး လွန်ခဲ့ သည့်နှစ် များဆီက တစ်သိန်းသာ တင်ရသည်။စပေါ်ငွေ ဆယ်ငါးသိန်း ထိ မြင့်တက်သွားခြင်းကြောင့် အင်းလျှားလမ်းတွင် မဏ္ဍပ် ထိုး၍ ရေကစားမည့်  သူတို့ စိတ်မသက် သာဖြစ်ရသည် ဟုဆို သည်။အင်းလျှားလမ်းတွင် မဏ္ဍပ်ထိုး၍ ရေကစားခွင့် ပါမစ်အတွက် စစ်ဗိုလ်ချုပ် သားသမီးများ ကိုသာ ဦးစားပေးချထား ပေးပြီး သာမန် လူများကမူ သက်ဆိုင်ရာ ကို လာဘ်ထိုး မှသော်လည်းကောင်း ပါမစ် ရရှိထားသော စစ်ဗိုလ်ချုပ် သားသမီး များကသော် လည်းကောင်း ပါမစ် များကို ဈေးတင် ၍ ပြန်ရောင်း မှ အများက ၀ယ်ယူ နိုင်ကြသည်။

စပေါ်ငွေ ဆယ်ငါးသိန်းထိ ပေးဆောင် မှ အင်းလျှားလမ်းတွင် ရေကစားခွင့် ရမည့် ကိစ္စနှင့် ပတ်သက် ၍ နှစ်စဉ် နှစ်တိုင်း အင်းလျှားလမ်းတွင် မဏ္ဍပ် ထိုး၍ ရေကစားသည့် ကိုဖိုးသား က “မဏ္ဍပ် လျှောက် လို့ရပြီ ဆိုလို့ ကမာရွတ် မယက ရုံးမှာ သွားလျှောက် တာလေ ဟိုရောက်တော့ ပါမစ် ကျရင် စပေါ်ဆယ့်ငါးသိန်း ပေးရမယ် ဆိုတော့ နဲနဲတော့ လန့် သွားတယ် ။ဒါပေမယ့် ပါမစ် ရဖို့က အဓိက ပဲ စပေါ်က မဆောက်ဖြစ်တာပဲ ဖြစ်ဖြစ် တစ်ခုခုဖြစ်သွားရင်ပဲ ဖြစ်ဖြစ် စပေါ်ငွေ ပြန်မရတော့ ဘူးပေါ့ ”ဟု သူက Freedom News Group သို့ ပြောသည်။

မြန်မာ နိုင်ငံ၏ သင်္ကြန်စီးပွားရေးတွင် အင်းလျှားလမ်းသည် အခရာ အကျဆုံးဖြစ်ပြီး ထိုလမ်းရှိ မဏ္ဍပ်များတွင် ရေပက် ကစားလို သူတို့ သည် မဏ္ဍပ် အလိုက် တစ်ရက်လျှင် အနည်းဆုံးကျပ်တစ်သောင်းနှုန်းပေးရသည် ဟုဆိုသည်။

အင်းလျှားလမ်းရှိရေပက် မဏ္ဍပ် များ ကိုချထားပေးသော ကမာရွတ် မယကရုံးရှိ ၀န်ထမ်းတစ် ယောက် ကမူ “တစ်ခါတလေ မဏ္ဍပ် တွေ ဆောက်တဲ့  နေရာ ထိခိုက်ပျက်စီးသွားတာ က ၁၅ သိန်းမက တာတွေ ရှိတယ်။ သူတို့ ကလဲ ဒါကို စီးပွားရေး တစ်ရပ် အနေ နဲ့ လုပ်တာ လက်မှတ် တွေကိုဈေး တင်ပြီးပြန်ရောင်းတယ် ။ လုပ်တတ်တဲ့ သူ အတွက် ကတော့ တွက်ခြေကိုက် ပါတယ် ”ဟုပြောသည်။

ဆယ်ငါးသိန်း ဆို သည် မှာ စပေါ်ငွေသာဖြစ်ပြီး မဏ္ဍပ် ပါမစ် အတွင် ကျပ် ငွေ ငါးသိန်း ထပ်မံပေးဆောင် ရသည် ဟုဆိုသည်။ အင်းလျှားလမ်းတွင်မဏ္ဍပ် ဆောင်လုပ်လို သူများ များပြားလာ သည့် အတွက် မဏ္ဍပ် တစ်ခုလျှင် မျက် နှာစာပေ ငါးဆယ် အကျယ် သာပေးတော့သည့် အတွက် မဏ္ဍပ် တစ်ခုနှင့် တစ်ခုမှာ ပြွတ်သိပ် ကျပ်ညပ် လျှက်ရှိကာ မလိုလားအပ်သည်များ ဖြစ်ပေါ် မှုရှိသည်ဟု သိရသည်။

အင်းလျှားလမ်း သင်္ကြန်မဏ္ဍပ် တစ်ခုဆောက်လုပ်ရန် အတွက် ကုန်ကျ စရိတ်မှာ အနည်းဆုံးကျပ် သိန်းနှစ်ရာ ၀န်းကျင်ခန့် ရှိပြီး မဏ္ဍပ် ဆောက်လုပ်သူများသည် လွန်ခဲ့သည် ဆယ်စု နှစ် နှစ် စုကျော်ဆီ က အပျော် သက်သက်သာ လုပ်ကြသော် လည်းယခု နောက်ပိုင်းတွင် ရေကစားသူများ ကို လက်မှတ်ရောင်းချခြင်း၊ ကုမ္ပဏီ စပွန်ဆာ များရှာခြင်း နှင့် အခြားဝန် ဆောင်မှု များမှ ငွေရှာကြသည်။

၂၀၀၆ ခုနှစ် က အင်းလျှားလမ်း သင်္ကြန် မဏ္ဍပ် တစ်ခု ပြိုကျခဲ့ သေဆုံးထိခိုက် ဒဏ်ရာရ မှုရှိခဲ့သည်။

source by : http://longwalktofreedom.wordpress.com/

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */