နအဖမှ စမ်းချောင်းမြို့ နယ် ပဒုံမာကွင်းနှင့် လှည်းတန်းဗုံးဖေါက်ကွဲမှုအပေါ် နောက်ဆက်တွဲ သတင်းလုပ်ကြံဖန်တီးပြီး ပြည်သူများအမြင်လွဲရန် စီစဉ်နေခြင်း။

Friday, March 13, 2009 ·

မတ်လ (၃) ရက်နေ့ က စမ်းချောင်းမြို့ နယ် ပဒုံမာကွင်းနှင့် လှည်းတန်းဗုံးဖေါက်ကွဲမှုအပေါ် နောက်ဆက်တွဲ သတင်းလုပ်ကြံဖန်တီးပြီး ပြည်သူများအမြင်လွဲရန် စီစဉ်နေကြောင်း သိရှိရပါတယ်။

အဆိုပါ ဗုံးဖောက်ကွဲမှုနှင့် ပတ်သက်ပြီး မသင်္ကာမှုနှင့် စုစုပေါင်း (၄) ဦးခန့် အား ဖမ်းဆီးထားကာ ယခင်ပြုလုပ်နေကြအတိုင်း ဇတ်လမ်းလိမ်ဆင်များ ဖန်တီးကာ သတင်းကြေညာချက် မကြာခင် ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

ထိုသို့  သတင်းဇတ်လမ်းလိမ်ဆင် ပြုလုပ်ရာတွင် ဖြစ်ရပ်မှန်ထက် ပိုမိုသော နအဖအလိုရှိရာ အနေအထားသို့  ရောက်ရန်အတွက် စာသင်ကျောင်းများအား ဗုံးဖောက်ခွဲဖို့  မသမာသူများမှ စီစဉ်နေကြကြောင်း၊ (၁၀) တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသူကျောင်းသားများအား နှောင့်ယှက်ရန် ဆောင်ရွက်နေကြကြောင်း လုပ်ကြံဖန်တီးကာ ပြည်သူလူထုအား နအဖဆန့် ကျင်ရေးလှုပ်ရှားနေကြသော အင်အားစုများအပေါ် အထင်အမြင်လွဲစေရန် နအဖမှ သတင်းဖန်တီးရန် ပြုလုပ်နေကြောင်း သိရှိရပါတယ်။

လုံခြုံရေးကို အကြောင်းပြကာ ကျောင်းများတွင် အရပ်ဝတ်လုံခြုံရေးများ ပိုမိုချထားပြီး ကျောင်းသူကျောင်းသားများ၏ လှုပ်ရှားမှုများအား စောင့်ကြည့်လျက် ရှိပါတယ်။ ထို့ အပြင် ညဘက်အချိန်ကာလတွင်လည်း လုံထိန်းများနှင့် ရဲများပါဝင်သော နအဖလက်ပါးစေအုပ်စုများမှ ဧည့်စာရင်းစစ်ခြင်းများ၊ မသင်္ကာသူများအား စစ်ဆေးခြင်းများ ပြုလုပ်နေကြကြောင်း သိရှိရပါတယ်။

ထိုကဲ့သို့  နအဖ၏ သတင်းလုပ်ကြံဖန်တီးမှုနှင့်အတူ ပြည်သူလူထုအပေါ် ထိခိုက်နစ်နာစေနိုင်သော ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက နအဖ၏ ယုတ်မာသော ဖန်တီးမှုသာဖြစ်ပြီး ၀ါဒဖြန့် သတင်းလိမ်ဆင်ကြီးများအား နအဖသတင်းစာများတွင် ရေးသားတွေ့ မြင်ကြရမှာ ဖြစ်ပါတယ်။

ပြည်သူလူထုအား ထိခိုက်ဒဏ်ရာရစေကာ သေကြေပျက်စီးစေသော လုပ်ရပ်မှန်သမျှသည် နအဖ၏ ကောက်ကျစ်ယုတ်မာသော ဘယ်သူသေသေ ငတေမာရင်ပြီးရော ဖန်တီးဆောင်ရွက်သည့် လုပ်ရပ်ဖြစ်သောကြောင့် နအဖသည်သာ တရားခံ ဖြစ်ကြောင်း ဖေါ်ပြအပ်ပါတယ်။

ကိုနစ်နေမန်း ဆီမှ ရယူမျှဝေပါသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */