တော်လှန်ရေးနေ့ အတွက် လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ မှ လှုပ်ရှားမှု။

Friday, March 27, 2009 ·


မတ်လ (၂၇) ရက်နေ့ (တော်လှန်ရေးနေ့) အတွက် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ တက်ကြွသော လူငယ်များသည် မတ်လ (၂၆) ရက်နေ့ ၌ မြောက်ဥက္ကလာမြို့နယ်ရှိ သမိုင်းဝင် မယ်လမု ဘုရားဝန်း အတွင်းတွင် တော်လှန်ရေးနေ့  ပို့စကဒ်များ၊ ထုတ်ပြန်ကြေငြာချက်များအား ပြည်သူ လူထုတရပ်လုံး သိရှိရန် ဖြန့် ဝေခြင်း၊ ကပ်ထားခြင်းတို့  ပြုလုပ်ခဲ့ကြပါသည်။

မျိုးချစ်တပ်မတော်သားများ ၊ ပြည်သူ့ရဲများ၊ ၀န်ထမ်းများ ၊ တောင်သူလယ်သမားများအား စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရန်အတွက် နောက်ဆုံးတိုက်ပွဲတိုင်းတွင် တက်ကြွသော အဖွဲ့အစည်းများ၊ လူငယ်များနှင့်အတူ ပူးပေါင်း ပါဝင်ရန် အတွက် စည်းရုံးခြင်း၊ ဆော်သြခြင်းများ ရေးသားထားသည့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်နှင့် ပြည်ထောင်စု လူ့အခွင့်အရေး ကောင်စီမှ ထုတ်ပြန်ကြေငြာသည့် “တပ်မတော်သားများသို့ အိပ်ဖွင့်ပေးစာ” အားလည်းကောင်း၊ Burma Democratic Colcerl (အင်္ဂလန်)မှ ထုတ်ပြန်ကြေငြာသည့် ဖေဖေါ်ဝါရီ (၂) ရက်နေ့ ၊ ၂၀၀၉ ခုနှစ်တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသော အချက်(၄) ချက်အား ပြည်သူလူထုတရပ်လုံးမှ ပူးပေါင်းပါဝင် တောင်းဆိုရန် နှိုးးဆော်ထားသော ထုတ်ပြန် ကြေငြာချက်အား လည်းကောင်း၊ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့မှ (၆၄) ကြိမ် မြောက် တော်လှန်ရေးနေ့တွင် မည်သည့်လှုပ်ရှားမှု၊ မည်သည့် အဖွဲ့အစည်းများနှင့် မဆို စစ်အာဏာရှင် ဆန့်ကျင်ရေးတိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် နှိုးဆော်ထားသော ထုတ်ပြန် ကြေငြာချက်များကို လည်းကောင်း ဖြန့်ဖြူးခဲ့ကြပါသည်။

ထို့အပြင် တော်လှန်ရေးနေ့ ပို့စကဒ်များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ ကိုမျိုးရန်နောင်သိမ်း၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံး မြေသြဇာအဖွဲ့ (ခ)ဒေါင်းမာန်ကို စတင်ဖွဲ့ စည်းတည်ထောင်ခဲ့သူ ကိုအောင်သန်းတို့နှင့် မြန်မာနိုင်ငံမြေပုံ ပါဝင်သော နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ ချက်ခြင်းလွှတ်ရန် တောင်းဆိုသည့် ပို့စကဒ်များကိုလည်း ဖြန့်ဖြူးခဲ့ကြပါသည်။

လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာအဖွဲ့ ။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */