စစ်အစိုးရလက်အောက်မှ အနှိပ်စက်ခံမြန်မာလူမျိုးဘဝ။
ဒီရက်ပိုင်းတွေမှာ ရိုဟင်ဂျာလှေစီး ပြဿနာဖြစ်တဲ့အချိန် ကမ္ဘာ့သတင်းမီဒီယာများမှာ ထိပ်တန်းသတင်းအဖြစ် လူတွေစိတ်ဝင်စားလာတဲ့ အချိန်၊
အစ္စလာမ်ဘာသာ၊ ကျမ်းဂန် နှင့် ၎င်းတို့၏ တမန်တော်များအား စော်ကားထားသော အီးမေးလ်များ internet online တွင် ကျယ်ကျယ် ပြန့်ပြန့် လှုပ်ရှားလာတဲ့အချိန်၊
ရိုဟင်ဂျာပြဿနာကို အခြေခံပြီး အစိုးရဘလော့များဟု ယူဆရသော ဘလော့များတွင် ရိုဟင်ဂျာ ဆန့်ကျင်ရေးမှ စပြီး အစ္စလာမ် ဆန့်ကျင်ရေး အထိ ရေးသားလာခြင်း၊
အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား အထင်အမြင်လွှဲမှားစေသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြလာခြင်း၊
ဤသည်တို့ သည် အားလုံးတိုက်ဆိုင်စွာ ဖြစ်ပေါ်လာတာလား။
ရည်ရွယ်ချက်ရှိရှိ ချိန်ကိုက်ပြီး လုပ်ဆောင်နေတာလား။
ဒီပြဿနာမဖြစ်ခင် မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ် တို့ ရေပိုင်နက်ပြဿနာဖြစ်ပွားခဲ့တာ အခုထိ မပြေလည်သေးပါ။
ရွှေဝါရောင်တော်လှန်ရေးတွင် တိုင်းရင်းသားမြန်မာမွတ်စလင်များလည်း အခြားသော ဘာသာဝင်များနှင့် လက်တွဲပြီး ဆရာတော်ကြီးများ နှင့် လက်တွဲပါဝင်ခဲ့မှုအား စိုးရိမ်လျက်ရှိသော နအဖအစိုးရအနေဖြင့် တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များနှင့် သွေးခွဲမှုများပြုလုပ်ရန် plan များနှင့် အစဉ်ကြိုးပမ်းနေချိန်တို့တွင် -
နောက်ဆုံးသတင်းရရှိချက်အရ နအဖအနေဖြင့် ပြည်တွင်း၌ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတစ်ခု ဖန်တီးရန်ရှိကြောင်း ကြားသိရပါသည်။
အစ္စလာမ်ဘာသာ၊ ကျမ်းဂန်နှင့် ၎င်းတို့၏တမန်တော်များကို စော်ကားထားသော အီးမေးလ်များ၊ ထိုစော်ကားသူ၏ နောက်ထပ် အီးမေးတစောင် တို့အပြင် အစ္စလာမ်ဆန့် ကျင်ရေးဖော်ပြလာသော စစ်အစိုးရ လိုလားသည့် ဘလော့ဆောင်းပါးများကို အောက်ပါ link များတွင် တွေ့ ရှိရပါသည်။
http://padaukmyay.blogspot.com/2009/01/blog-post_9476.html
http://kyeesaytaman.blogspot.com
http://ywetwar.blogspot.com/ (သူက ဘာသာရေးဆွေးနွေးတဲ့ forum တွေမှာ အစ္စလာမ်အကြောင်း ဝေဖန်ရေးသားပြီး၊ အစ္စလာမ် blog ခပ်များများမှာ သူ့  blog address ပေးထားခဲ့ပါတယ်။ သူသည် ရုရှနိုင်ငံတွင်ပညာသင်ယူနေသော မြန်မာ့တတ်မတော်မှ ကျောင်းသားတစ်ယောက် ဖြစ်ပါသည်)။
(မြန်မာပြည်တွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်တို့ဆိုသည်မှာ အနည်းနဲ့အများ ပတ်သက်ပြီး အမျိုးတော်နေကြတာတွေ ရှိပါတယ်။ မွတ်စလင်တွေဟာ ရှေးမြန်မာဘုရင်တွေလက်ထက် ကတည်းက မြန်မာပြည်မှာ နေထိုင်လာခဲ့သည်၊ ဘုရင်တွေဆီမှာ အမှုတော် ထမ်းခဲ့တာတွေ သမိုင်းမှာ ရှိပါတယ်၊ ဦးကုလား မဟာရာဇ၀င်တို့၊ မှန်နန်းရာဇ၀င်တို့မှာ ပါတယ်၊ နယ်ချဲ့အင်္ဂလိပ်ဝင်တုံးကလည်း ဘုရင့်တပ်က မွတ်စလင်တွေ ခုခံကာကွယ်ခဲ့ကြတယ်လို့  ဖတ်ဖူးပါတယ်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာလည်း မွတ်စလင်တွေ ပါကြတယ်။ မြန်မာလူမျိုး အချင်းအချင်း ငြိမ်းငြိမ်း ချမ်းချမ်းနေဖို့ စည်းရုံးရမဲ့အစား သတ်ဖြတ်ဖို့ မီးမွေးတာ မကောင်းပါကြောင်း.....)။
နအဖဟာ ၎င်းအာဏာတည်တန့်ရေး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် နအဖ မျက်နှာပျက်ခဲ့သည်များကို ပြည်သူများ မေ့ပြောက်သွားစေရန် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ဖြစ်စေရန် တစ်မြေထည်းနေ မြန်မာပြည်သူအချင်းချင်းကို သွေးခွဲရန် ရည်ရွယ်ထားပါသည်။ မြန်မာတိုင်းရင်းသားတိုင်း၊ ဘာသာတိုင်း သတိနှင့်နေကြပါရန်...။
မြန်မာညီအကိုမောင်နှမများ ကိုယ့်သွေး၊ ကိုယ့်အသက်၊ ကိုယ့်မိသားစုနှင့် အိုးအိမ်များ မဆုံးရှုံးကြအောင် နအဖ၏ ပရိယယ်မှ မငြိတွယ်စေရနှ် ဝေးဝေးရှောင်ကြပါ။
(ရေးသားသူ - ပြည်သူတစ်ဦး)။
ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်။
စစ်အစိုးရလက်အောက်မှ အနှိပ်စက်ခံမြန်မာလူမျိုးဘဝ။
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment