မြန်မာပြည်တွင်းက နည်းပညာ သတိ

Wednesday, February 11, 2009 ·

မြန်မာပြည်တွင်းက အချို့သော ဆိုင်ဘာကဖီး (သို့) အင်တာနက်ဆိုင်များရှိ ကွန်ပျူတာတွေထဲမှာ Keylogger ခေါ်တဲ့ ဆော့ဖ်ဝဲများထည့်သွင်းထားပြီး လာရောက်သုံးစွဲသူတွေထဲကနေ နိုင်ငံရေးနဲ့ ပတ် သက်ပြီး ပြည်တွင်း ပြည်ပဆက်သွယ်သူများကို ခြေရာခံကာ ပြန်ပေးဆွဲ ဖမ်းဆီး နှိပ်စက် ထောင်ချ သတ်ဖြတ်မှုများ ရှိနေကြောင်း သိရလို့ အင်တာနက် သုံးစွဲသူများ အန္တရာယ်ကင်းစေရန် တေဇာတေ-ရဲ့ “သူတပါးကွန်ပျူတာ (သို့) ဆိုင်ဘာမှာ သုံးရင် သိထားသင့်တဲ့ အချက်တစ်ချို့” ဆိုတဲ့ ဆောင်းပါးကို အနဲငယ် ပြင်ဆင်ဖော်ပြခြင်း ဖြစ်ပါတယ်။

အနဲငယ် ရှင်းပြပါမယ်။ Keylogger ဆိုသည်မှာ Windows စတက်ကထဲက အလုပ်လုပ်တဲ့ Software တမျိုးပါ။ ကွန်ပျူတာပိတ်ထားပေမဲ့လဲ အဲဒီ Software က အလုပ်လုပ်နေဆဲပါ။ အဲဒီ Software ရဲ့ထူးခြားချက်က Tray icon မပေါ်ပါ။ ဒါ့ကြောင့် ၄င်းအလုပ်လုပ်နေမှန်း မသိနိုင်ပါ။ သို့သော် ၄င်း Keylogger ကနေ မိမိ Keyboard နဲ့ရိုက်သမျှ၊ Mouse နဲ့နှိပ်လိုက်သမျှအားလုံးကို အချိန်နဲ့ တကွ မှတ်ထား ပေးပါတယ်။ ထိုအခါ မိမိရဲ့ ကိုယ်ရေး ကိုယ်တာနဲ့ ပတ်သက်သမျှ အားလုံးကို ၄င်း Keylogger က မှတ်တမ်း တင်ထားပြီး ဖြစ်လို့ လုံခြုံမှု လုံးဝ မရှိတော့ပါ။ All in 1 key-logger ဆိုရင် ဓါတ်ပုံများ၊ အသံနဲ့ ဗီဒီယိုစသည်များကိုပါ အတိအကျ မှတ်သား ထားပေး နိုင်တဲ့ အဆင့်မြင့် ဆော့ဖ်ဝဲဖြစ်လို့ ပိုမို အန္တရာယ်ကြီးပါတယ်။

ကွန်ပျူတာမှာ အဲဒီ Software သွင်းထားပြီး သုံးစွဲသူရဲ့ လုပ်ဆောင်ချက်များကို အတိအကျ မှတ်တမ်း တင်နိုင်တဲ့အတွက် မိမိတို့အနေဖြင့် ဆိုင်ဘာကဖီး (သို့မဟုတ်) သူများရဲ့ ကွန်ပျူတာကို သုံးစွဲမယ် ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာမှာ ၄င်းဆော့ဖ်ဝဲ ရှိမရှိ အရင်ဆုံး စစ်ဆေးကြည့်တဲ့ အလေ့အကျင့် လုပ်ထားပါက အကောင်းဆုံးဖြစ်သလို ပိုမို လုံခြုံမှုရှိပါလိမ့်မယ်။

မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ကွန်ပျူတာက မှတ်မထားနိုင်အောင်လုပ်ရမဲ့ နည်းလမ်း ကတော့

၁) Ctrl+Shift+Esc (or) Ctrl+Alt+Del နှိပ်ပါ။

၂) Task manager ပေါ်လာပါမယ်။

၃) Task manager မှ Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို ရှာပါ။

၎) msdts.exe တွေ့လျှင် အဲဒီကွန်ပျူတာမှာ keylogger ထည့်ထားပါတယ်။

၅) အဲဒီလိုတွေ့ရင် ၄င်း msdts.exe ကိုရွေးကာ End process လုပ်ပါ။ ထိုသို့ End process လုပ် ခြင်းဖြင့် ၄င်းလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေအားလုံးရပ်သွားပြီး မိမိလုပ်ဆောင်ချက်များကို မှတ်မထား နိုင်တော့ပါ။ (ကွန်ပျူတာကို စိတ်ချစွာ အသုံးချနိုင်ပါပြီ။)

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခု (Ctrl+Alt+Delete) နှိပ်ပြီးခေါ်တာအပြင် နောက် တနည်း ကတော့ window logo+R နှိပ်ပြီးတက်လာတဲ့ Run box မှာ taskmgr လို့ စာရိုက်ပြီး task manager ကို ဖော်ပါ။ ဒါမှမဟုတ် Start ကနေသွားပြီး Run ကိုသွားပါ။ ဆက်လုပ်ရမှာကတော့ အထက်ပါ အတိုင်းပါပဲ။

အကောင်းဆုံး နည်းလမ်းမှာ task manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ ပရိုဂရမ်တွေ ထဲက မိမိသုံးမဲ့ ပရိုဂရမ်လောက်ပဲ Ok ထားပြီး ကျန်တာတွေကို disable သို့မဟုတ် End process ပေးလိုက်ခြင်းပါပဲ။ အကြောင်းမှာ သာမန်ကွန်ပျူတာအသုံးပြုသူအနေဖြင့် ဘယ်လိုဖိုင်အမျိုးအစားက အချက်အလက်တွေကို မှတ်ထားတယ်ဆိုတာကို မသိနိုင်တဲ့အတွက် အန္တရာယ်ကြီးပါတယ်။ မိမိသုံးမဲ့ ပရိုဂရမ်ကိုသာ သီးသန့်ထားပြီး ၄င်း process tab ထဲမှာရှိသမျှ ဖိုင်အားလုံးကို End process လုပ်ပြီး သုံးတာက အလုံခြုံဆုံးဖြစ်တဲ့ အတွက် ကြောင့်ပါပဲ။

အထူးသတိပြုရမှာကတော့ တကယ်လို့ task manager ကိုခေါ်မရပဲ admin နဲ့ဆက်ရမယ် ဆိုရင် တော့ အဲဒီလို အင်တာနက်ကဖီးမျိုးကို ရှောင်သင့်သလို လက်လှမ်းမီရာ သူငယ်ချင်းများကိုပါ အသိ ပေးထားသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် မိမိအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် keylogger တွေထဲမှာပင် Online webpage မှာတင်လို့ရတဲ့ keylogger နဲ့ hardware keylogger ဆိုပြီး အဆင့်မြင့် နည်းပညာများလဲ ရှိပါ သေးတယ်။ ၄င်း နည်းပညာများထည့်သွင်း တပ်ဆင်ထားတဲ့ ကွန်ပျုတာဆိုရင် Taskmanager ခေါ်ပြီး End process လုပ်ကာ သုံးစွဲပေမဲ့ မလုံခြုံနိုင်ပါ။ ဒါ့ကြောင့် သတိကြီးကြီးထားနိုင်မှ တော်ကာကျပါမယ်။
ဒီစာလေးကို ရေးပြီး အသိပေးရတဲ့အကြောင်းရင်းကတော့ တာမွေ-ကျောက်မြောင်းရှိ အင်တာနက်ဆိုင် တစ်ဆိုင်မှာ နိုင်ငံရေးလှုပ်ရှားသူတစ်ယောက် ပြည်ပနဲ့အဆက်အသွယ်လုပ်တယ်-ဆိုကာ ကွန်ပျူတာ အချက်အလက်အထောက်အထားနှင့်တကွ အဖမ်းခံရကြောင်းကြားသိရလို့ အခြားသော ပြည်တွင်းမှ အင်တာနက်သုံးသူတွေ အနေနဲ့ နည်းပညာပိုင်း အရ ရှောင်လွှဲလို့ရနိုင်တဲ့ နည်းလမ်းကောင်းလေး တခုကို တဖက်တလမ်း ကနေ ဆင့်ပွားမျှဝေပေးခြင်း ဖြစ်ပါတယ်။

ဒါလေးကိုဖတ်ပြီး ပြည်တွင်းက အင်တာနက်သုံးသူ မိတ်ဆွေများဆီကို လက်လှမ်းမီသမျှ မျှဝေပေး ခြင်းဖြင့် “နှမ်းတစေ့ဖြင့် ဆီမဖြစ်နိုင်..” ဆိုသော်လဲ “အုဌ်တချပ် သဲတပွင့်..” အနေဖြင့် မြန်မာ့အရေးကို တဖက်တလမ်းမှ ကူညီပေးနိုင်မယ်-လို့ ယုံကြည်ပါကြောင်း…

မောင်ရွေးသွေး

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */