ဒေါ်စုက ကုလသမဂ္ဂကို အားမရကြောင်း ထုတ်ပြောပြီ

Tuesday, February 3, 2009 ·

ယနေ့နံနက်က မစ္စတာ ဂမ်ဘာရီ နှင့် ဒေါ်စု တွေ့ဆုံစဉ် (photo:Reuters)

စစ်အစိုးရကို ဖြောင်းဖျခြင်းမပြုနိုင်သည့် ကုလသမဂ္ဂအား ဒေါ်အောင်ဆန်းစုကြည်က စိတ်ပျက် ဒေါသ ထွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု ဒေါ်စု၏ ပါတီက ဆိုသည်။

အကျယ်ချုပ် ချခံထားရသော ဒေါ်စုသည် ယနေ့နံနက်ပိုင်းက ကုလသမဂ္ဂက စေလွတ်သည့် အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ၁ နာရီကျော် တွေ့ခွင့်ရခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “(နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက်) ဒေါ်စုက ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ချင်ပါတယ်” ဟု မစ္စတာဂန်ဘာရီအား ပြောလိုက်သည်ဟု ဆိုသည်။ သို့သော်လည်း “မည်သည့် အောင်မြင်မှု ရလဒ်မျှ မရှိသည့် တွေ့ဆုံမှုမျိုးကိုမူ လက်ခံနိုင်ခြင်းမရှိ”ဟု ဒေါ်စုက ဖြည့်စွက်ပြောခဲ့ကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

မစ္စတာ ဂမ်ဘာရီ၏ ၂ နှစ်တာ ခရီးစဉ် ၆ ခုအတွင်း လက်ဆုပ်လက်ကိုင် ပြနိုင်သည့် တိုးတက်မှုများ မရှိခဲ့ဟု ဒေါ်စု၏ အဖွဲ့ချုပ်က သတ်မှတ်ထားသည်။ အကျဉ်းသားများ လွတ်မြောက်မှု၊ နိုင်ငံရေးဆွေးနွေးပွဲများ စသည်တို့ ဖြစ်ပေါ်လာခြင်းမရှိဟု ဆိုသည်။

ယခု မစ္စတာ ဂမ်ဘာရီ၏ ခရီးစဉ်သည် ၇ ကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ဒေါ်စုက မစ္စတာ ဂမ်ဘာရီကို “အနိမ့်ဆုံးအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်တာမျိုး ဖြစ်သင့်တယ်”ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မစ္စတာ ဂမ်ဘာရီ နှင့် အဖွဲ့ချုပ်ခေါင်းဆောင်များ ယနေ့ တွေ့ဆုံစဉ်။ (photo:AP)

source by : http://moemaka.com/index.php?option=com_content&task=view&id=3208&Itemid=1

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */