သစ်တောရေးရာဝန်ကြီးဌာနက တေဇပိုင် ထူးကုမ္ပဏီသို့ ပေးသော အခွင့်ထူးများ

Saturday, February 7, 2009 ·

ခေတ်ပြိုင် | တေဇ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းချင်းတူပေမယ့် အမည်ကွဲတွေနဲ့လည်း လုပ်ကိုင်လျက်ရှိပါတယ်။ ဥပမာ သစ်လုပ်ငန်း လုပ်ကိုင်ရာမှာ Htoo trading Co ltd အပြင် Glory Co ltd နာမည်နဲ့ပါ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ Glory Co ltd နာမည်နဲ့ သုံးထားတဲ့ စာချုပ်ပါ လုပ်ငန်းတွေဟာ ပိုပြီးအခွင့်အရေးရပါတယ်။

၂၀၀၆-၀၇ ခုနှစ်က မြစ်ကြီးနားခရိုင် ဆင်ဘို/တာလောကြီး ဒေသမှာ အထူးကျွန်းထုတ်လုပ်ခွင့်ကို Glory Co ltd က ရရှိပါတယ်။ လုံခြုံရေးမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်လုပ်ကုန်ကျစရိတ်ကို ကုန်ကျတာ ထက် အများကြီးခွင့်ပြုပါတယ်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို ဆက်ကြေးအများကြီးပေးရတယ်လို့လည်း အကြောင်းပြပါတယ်။ မည်သည့် ကုမ္ပဏီကိုမှ ခွင့်ပြုလေ့မရှိတဲ့ သစ်ထုတ်ခစရိတ်ကို တတန်လျှင် သစ်ရောင်း လို့ရတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာထဲက ဒေါ်လာ (၃၀၀) ကို Glory Co ltd ကို တိုက်ရိုက်ပေးချေရပါတယ်။

အထူး ကျွန်းထုတ်လုပ်ခွင့်ဆိုတာလည်း သစ်တောစည်းကမ်းအတိုင်းမဟုတ်ဘဲ သူတို့ခုတ်ချင်သလို ခုတ်လာတာ ဖြစ်ပါတယ်။ သူတို့ အထူးကျွန်းထုတ်ပြီးတဲ့နေရာဆို ကျွန်းပင် မကျန်တော့ဘဲ မျိုးတုံးသွားတော့ တာပါပဲ။

အဲဒီလို ဆင်ဘို/တာလောကြီး ဒေသမှာ ခွင့်ပြုခဲ့ပေမယ့် တကယ်သစ်ထုတ်တာကျတော့ ထုတ်လုပ်ရလွယ်ကူ တဲ့ ဗန်းမော်ခရိုင်ထဲမှာသာ ထုတ်တာပါ။ အဲဒီကိစ္စကို ဘယ်သူကမှ စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။

၂၀၀၇-၂၀၀၈ ခုနှစ်ကျတော့ စာချုပ်ပါ သစ်ထုတ်ခွင့်ဒေသကို တရားဝင် ဗန်းမော်ဒေသ ဖြစ်လာပြီး Glory Co ltd ဟာလည်း ရမြဲတိုင်း အခွင့်အရေး ဆက်လက်ရရှိနေပြီးတော့ ပိုပြီးတော့တောင်အရှိန်ရပြီး သစ်တန်များစွာ ပိုထုတ်လာပါတော့တယ်။ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာဆို ကျွန်းပင်မရှိသလောက် ဖြစ်သွားပါပြီ။ လမ်းဘေးမှာပဲ ကျန်ပါတော့တယ်။

၂၀၀၈-၂၀၀၉ ခုနစ်ကျတော့ မိုးမိတ်ခရိုင် မဘိမ်းဒေသကနေပြီးတော့ အထူးကျွန်းထုတ်ခွင့်တန် (၁) သိန်း Glory Co ltd က ထပ်မံ ရရှိပါတယ်။ ယခုနှစ် ထုတ်ဆဲဖြစ်ပါတယ်။ အခွင့်အရေးကတော့ ယခင်နှစ်တွေအတိုင်း ဖြစ်ပါတယ်။

အခွင့်အရေးကို ကြောက်လို့သာ ပေးလိုက်ရပြီးတော့ ရှင်းရခက်တဲ့ ပြဿနာလည်း ကြုံရပါသေးတယ်။ အဲဒါကတော့ သစ်ရောင်းလို့ရတဲ့ USD ထဲက Glory Co ltd ကို ဒေါ်လာ (၃၀၀) ပေးရမယ်ဆိုတဲ့ သဘောတူချက်အပေါ် ဖြစ်ရတာပါ။

သူတိုထုတ်လာတဲ့ သစ်တတန်အပေါ် ဒေါ်လာ (၃၀၀) ပေးရမယ်ဆိုတော့ နယ်မှာသစ်ထုတ်တဲ့သူက Quality မမှီတဲ့ သစ်လုံး သေးသေးလေးတွေ ထုတ်လာတော့ ရောင်းလို့ရတဲ့ဈေးက တတန် ဒေါ်လာ (၁၆၀) ပဲရတော့ မြန်မာ့သစ်လုပ်ငန်းကတောင် ဒေါ်လာ (၁၄၀) စိုက်လျော်ရမလိုဖြစ်ခဲ့တာပါ။ ဘယ်လိုပြေလည်သွားလဲမသိပါ။

မောင်သစ်တော

source by : http://www.khitpyaing.org/online/February_09/6-2-09.php

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */