ပလက်နက် | ယခုလအတွင်း ပြင်းထန်သော အရှိန်အဟုန်နှင့် တိုက်ခတ်သည့် လေပြင်းတစ်ခု ကျရောက်လာနိုင်ကြောင်း The Voiceဂျာနယ်တွင် ရေးသားဖော်ပြထားသည်။ မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန ပညာရှင်များက ဖေဖော်ဝါရီလအတွင်း တစ်နာရီ မိုင်(၁၀၀)ကျော်ထိ အရှိန်အဟုန်ရှိသော စိုက်ဆင်းလေပြင်းတစ်ခု တိုက်ခတ်လာနိုင်သည့် အလားအလာများ ရှိနေသောကြောင့် ရေလမ်းနှင့် လေလမ်းမှ သွားလာနေသည့် ခရီးသွား ပြည်သူများ အထူးသတိထားနေသင့်ကြောင်း ကြေညာခဲ့သည်။ ထိုစိုက်ဆင်း လေပြင်းများသည် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းတွင် အများဆုံး ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုလေပြင်းသည် ရန်ကုန်ပတ်ဝန်းကျင်ကို ကျရောက်လာဖွယ်ရှိသည်။ The Voiceတွင် ဖော်ပြထားမှုအရ လေပြင်းများ ကျရောက်နေစဉ် ရေယာဉ်များ အရေးပေါ် ပြောင်းရွှေ့ရမည့် နေရာ(၃)ခုမှာ ပုဇွန်တောင် - ဒေါပုံမြို့နယ်များ ဆက်သွယ်ထားသည့် မဟာဗန္ဓုလတံတားနှင့် မင်္ဂလာတောင်ညွန့် - သာကေတ မြို့နယ်များ ဆက်သွယ်ထားသော သာကေတ တံတားဟောင်းနေရာ၊ လှိုင်မြစ်အထက်ပိုင်း ပန်းလှိုင်စက်မှုဇုန်နှင့် ပန်းလှိုင် တံတားအကြား နေရာနှင့် ကရင်ချောင်းနေရာတို့ဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းရေကြောင်း ဦးစီးဌာနက အထက်ပါနေရာမှ ရေယာဉ်များအားလုံး လေတိုက်နှုန်းအဆင့်(၃) သတ်မှတ်သည့် တစ်နာရီ (၁၁၁)မိုင်အထက် တိုက်ခတ်လာသည်နှင့် ချက်ချင်း ပြောင်းရွှေ့ရမည် ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ရောက်နေလျင် ရေယာဉ်များသည် သဘာဝဘေးအန္တရာယ် ကြေငြာချက်ကို ရရှိသည်နှင့် အန္တရာယ်ကင်းမည့်နေရာကို ရွေးချယ် ကမ်းကပ်ရမည်ဖြစ်ကြောင်း၊ ရေပြင်ကျယ်အတွင်း ရောက်ရှိနေပါက ရေယာဉ်ကို ကျောက်ချ ထားပြီး လေတိုက်ရာဘက်သို့ ဦးတည်ကာ စက်ဖွင့်မောင်းနှင် ထားရမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ စိုက်ဆင်း လေပြင်းများ၏ သဘောသဘာဝအရ မြေပြင်အထက် ပေ(၁၀၀၀)ခန့်တွင် တစ်နာရီ မိုင်(၁၅၀)မှ မိုင်(၂၀၀)အထိ အရှိန်ပြင်းထန်စွာ တိုက်ခတ်လေ့ရှိပြီး ယခင်ကလည်း မြန်မာနိုင်ငံတွင် စိုက်ဆင်းလေပြင်းကြောင့် လေယာဉ်လမ်းချော်မှု၊ ရေယာဉ်နစ်မြုပ်မှုစသည့် အန္တရာယ်များ ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သောကြောင့် ပိုမိုသတိပြုသင့်ကြောင်း The Voiceက ရေးသားဖော်ပြထားသည်။
ဖေဖေါ်ဝါရီလအတွင်း စိုက်ဆင်းလေပြင်း ကျရောက်နိုင်ဟုဆို
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment