နှစ်သစ်ကူးစ ရန်ကုန်က အပြေးအလွှား သတင်းများ

Thursday, January 8, 2009 ·

သတင်း ဖိုးဂျံ မိုးမခ | သတင်းတွေ ပို့လိုက်တယ်။ အယ်ဒီတာတွေက သတင်းကို အတိုအစရေးတာ မကြိုက်ဘူး။ ဒီဖက်ကလည်း အပြေးအလွှားပို့ရတာ။ မီးပျက် ရေပျက် ကြားထဲ။ ဖုံးနဲ့ကလည်း “ကြားလား … ကြားလား …” ပြောနေတာနဲ့ ကျားလိုက်လာလို့ ပြေးရတာ များတော့ ဖွဲ့နွဲ့ပြောဖို့ အချိန် ဆင်းရဲတယ်။ လူဆင်းရဲတာကတော့ မပြောတော့ဘူး … ပြောလည်း မထူးမှ မထူးတာကိုး

ပါတီလူထွက်၊ လူဟောင်းများ ၂၀၁၀ ရွေးကောက်ပွဲအတွက် စုဆောင်း

၉၀ ရွေးကောက်ပွဲက လက်ကျန်ပါတီတွေ၊ ဖျက်သိမ်းပါတီတွေက လူထွက်တွေ လူဟောင်းတွေကို ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့အရေး စည်းရုံးမှုတွေကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အမည်မဖော်လိုတဲ့ အင်န်အယ်ဒီပါတီဝင်တဦးကို မြို့နယ်က အာဏာပိုင်များက ခေါ်ယူတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားများကို ရပ်ကွက်အာဏာပိုင်များက အကြပ်အတည်းများနဲ့ ဖန်တီးထား

တက္ကသိုလ်တချို့မှာ အဆောင်မရတဲ့ ကျောင်းသားတွေ အဆောင်ငှားနေကြတဲ့နေရာမှာ “ရ၀တ” ရပ်ကွက် အာဏာပိုင်တွေက ပွဲစားတွေအဖြစ် ကြားက အတင်းအကြပ်ဆောင်ရွက်ပြီး ဈေးနှုန်းများကို မြှင့်တက်အောင်လုပ်နေတယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေနဲ့ ဒေသခံရပ်ကွက်က မိသားစုတွေကြားထဲမှာ တင်းမာတဲ့ ဆက်ဆံရေးကို ဖန်တီးထားတာဟာ စစ်အာဏာပိုင်တွေရဲ့ လုပ်နေကြ သွေးခွဲမှုပဲလို့ သတင်းပို့သူက ပြောပါတယ်။

ကြို့ပင်ကောက်ကို တေဇမြို့အဖြစ် ထူထောင်ပြီ

၂၀၁၀ ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် ကြို့ပင်ကောက်မြို့စားကြီးကတော့ ဗိုလ်သန်းရွှေလက်စွဲ တေဇရဲ့ အပေါင်းအပါတွေ ဖြစ်မယ်လို့ ထင်မြင်ကြပါတယ်။ အခု တေဇကုမ္မဏီက ကြို့ပင်ကောက်ကို အထူးပြုပြင်တည်ဆောက်နေတာကို တွေ့ရပါတယ်။ စီအင်န်ဂျီကား ၁၀၀ ကျော်ကို ချပေးထားပြီး ရန်ကုန် ကြို့ပင်ကောက် ပြည် ကားလိုင်း ၂ လိုင်း ပြေးဆွဲနေပါတယ်။ ပုံမှန်ဈေး ၂၅၀၀ မှာ သူတို့က ၁၅၀၀ ကျပ်ပဲ တောင်းပါတယ်။ မကြာခင် ၂၄ နာရီ မီးပေးတော့မယ်လို့လည်း အသံဟစ်နေပါတယ်။

ရန်ကုန် သန်းကောင်စာရင်းမှာ စစ်တပ်အလိုတော်ရိ အလုပ်အကိုင်များကို ထည့်သွင်းထား

ရပ်ကွက် အိမ်ထောင်စုစာရင်းတွေမှာ အံသြကုန်နိုင်ဖွယ် အလုပ်အကိုင်စာရင်းများကို ကြိုတင်ထည့်သွင်းထားပါတယ်။ တအိမ်ထောင်မှာ ကြံဖွတ်၊ စွမ်းအားရှင်၊ အမျိုးသမီးစွမ်းဆောင်ရှင်၊ မီးသတ်၊ ကြက်ခြေနီနဲ့ မိခင်ကလေးအဖွဲ့တွေမှာ ဘယ်နှယောက် ပါဝင်ဆောင်ရွက်နေသလဲ ဆိုတဲ့ ဇယားကွက်ကြီး ထည့်သွင်းထားပါတယ်။

ဒါ့အပြင် ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူ ဘယ်နှဦး ရှိသလဲဆိုတာကိုလည်း မေးထားပါတယ်။ ဒါ့အပြင် ကား၊ ဆိုက်ကား၊ စလောင်း၊ အင်တာနက်၊ အီးမေးနဲ့ ဖုံးစာရင်းကိုလည်း တောင်းဆိုထားပါတယ်။ တအိမ်ထောင်မှာ စစ်တပ်သတ်လို့ သေတဲ့ လူစာရင်းနဲ့ ထောင်ချခံထားရတဲ့ စာရင်းကိုတော့ တောင်းခံထားတာ မရှိဘူးလို့ သတင်းပို့တဲ့သူက ရယ်သွမ်းသွေးထားပါတယ်။

အဲဒီ ဖောင်ကို တင်ဆက်လိုက်ပါတယ်။ မျက်ဝါးထင်ထင် ကြည့်ကြပေတော့။

ထင်ရှားမှု မရှိပါက ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */