၁၉၈၈ ခုနှစ်တုန်းက မြန်မာနိုင်ငံ တစ်ဝှမ်းလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာ ပြည်သူပြည်သားများ အားလုံး ညီညာ တက်ကြွစွာနဲ့  တစ်ပါတီအာဏာရှင်စနစ်ကို အတူတစ်ကွ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်ကြခဲ့တဲ့အထဲမှာ သမိုင်း အစဉ်အလာ ကြီးမားတဲ့ မန္တလေးမြို့ မှ မန္တလာသူ မန္တလာသားများရဲ့  လှုပ်ရှားဆောင်ရွက်မှုများဟာလည်း အင်မတန်ချီးကျူးဂုဏ်ပြုထိုက်သော ဆောင်ရွက်မှုများ ဖြစ်ပါတယ်။
ကျောင်းသားသမိုင်းလှုပ်ရှားမှု၊ နယ်ချဲ့ ဆန့် ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၊ တစ်ပါတီ အာဏာရှင် စနစ်ပြုတ်ကျရေး လှုပ်ရှားမှုတို့ မှာ ရှေ့ တန်းကနေ ရဲရဲဝန့် ဝန့် ဦးဆောင်ပါဝင်ခဲ့ကြတဲ့ လူထုဒေါ်အမာတို့ လို အမျိုးသမီးတွေအပါအ၀င် မြန်မာ့သမိုင်းမှာ မှတ်တမ်းတင်လောက်ရတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အမျိုးသားကောင်း အမျိုးသမီးကောင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာလည်း မန္တလေးမှ ကျောင်းသူကျောင်းသားအပေါင်းဟာ မန္တလေးမှ မြို့ သူမြို့ သားများနဲ့ အတူ တက်တက်ကြွကြွနဲ့  လူတန်းစားပေါင်းစုံ ပါဝင်တဲ့ အထွေထွေ သပိတ်တွေ ဆင်နွဲပြီး၊ တစ်ပါတီ အာဏာရှင်နေ၀င်း ဦးဆောင်တဲ့ မဆလပါတီ ဖြုတ်ချမှုကို ရန်ကုန် အစရှိတဲ့ မြို့ ကြီးနယ်ကြီးများနဲ့ အတူ ဟန်ချက်ညီစွာနဲ့  သမိုင်း တာဝန်ကျေပွန်စွာ လှုပ်ရှား ဆောင်ရွက် ခဲ့ကြတာဟာ သမိုင်းမှတ်တမ်းမှာ မော်ကွန်းတင်ခဲ့ကြပါတယ်။
ယခု ဖေါ်ပြထားတဲ့ - ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ မန္တလေး စာပေနှင့် အနုပညာအဖွဲ့ က ထုတ်ဝေခဲ့သော “ရှစ်လေးလုံးသတင်းစာ” များမှာ ကြည့်လျှင် မန္တလေးမြို့ သူမြို့ သားတွေရဲ့  ရှစ်လေးလုံး လှုပ်ရှားမှု ပုံရိပ်များ ထင်ရှားပေါ်လွင်သလို၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့  ညီညာစွာ ပူးပေါင်းလက်တွဲ တော်လှန်မှုကြောင့် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာ တစ်ပါတီ အာဏာရှင် ပြုတ်ကျခဲ့စေတဲ့ ပြည်သူ့ အောင်ပွဲ ရရှိခဲ့တာကို တွေ့ ရှိရမှာ ဖြစ်ပါတယ်။
မြန်မာပြည် တစ်ဝှမ်းလုံး မြို့အသီးသီး နယ်အသီးသီးတိုင်းမှာ ကိုယ်မြို့ကိုယ့်ရွာရဲ့  သမိုင်းပေးတာဝန်ကို ကျေကျေ ပွန်ပွန်ဖြစ်အောင် သမိုင်းဂုဏ်ရောင် မညိုးရလေအောင် ပြည်သူ့ အကျိုးကို စွမ်းစွမ်တမာန် ဆောင်ရွက် ခဲ့ကြတာကြောင့် တစ်ပြည်လုံး အုံကြွမှုကို အင်အား အရှိန်အဟုန်ပြင်းစွာနဲ့  ဆင်နွဲနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
“ပြည်တင်းလျှင် မင်း မခံနိုင်” ဆိုတဲ့ စကားနဲ့ အညီ - မြန်မာပြည်သူပြည်သားတွေ နေရာဒေသတိုင်းမှာ မိမိတို့ တာဝန်ကို မိမိတို့  ကျေပွန်စေဖို့ ၊ တစ်ပြည်လုံး အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ ၊ တစ်မျိုးသားလုံး ကိုယ့်ကျွန်ဘ၀ လက်အောက်မှ ရုန်းထွက်နိုင်ဖို့ ၊ မတရား အုပ်ချူပ်ဖိနှိပ်တဲ့ အာဏာရှင်အစိုးရ ကွယ်ပျောက်စေဖို့  အစရှိတဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြတဲ့ ပြည်သူ ပြည်သားများထဲက မန္တလေးမြို့ သူမြို့ သား အပေါင်းအား ချီးကျူးလေးစား ဂုဏ်ယူမိပါတယ်။
ယခုထိတိုင် မတရားဖိနှိပ်ချူပ်ချယ်မှုတွေနဲ့  ပြည်သူကို နေ့ စဉ်နဲ့ အမျှ ဒုက္ခပေးနေဆဲဖြစ်တဲ့ သန်းရွှေဦးဆောင်တဲ့ အာဏာရှင် ဂုတ်သွေးစုတ်တွေကိုလည်း မန္တလေးမြို့ သူမြို့ သားတွေအနေနဲ့  ဆက်လက်ပြီးတော့ တော်လှန်ဆန့် ကျင်ဦးမယ်၊ သမိုင်း အစဉ်အလာ ကြီးမားတဲ့ မန္တလေးမြို့ ရဲ့  ဂုဏ်ရောင်ကိုလည်း ဆက်လက် ထွန်းတောက်စေဦးမယ်၊ တပြည်လုံး အတိုင်းအတာ အနေနဲ့  မန္တလေးမြို့  အပါအ၀င် အခြားသော မြို့ အသီးသီး နယ်အသီးသီးမှလည်း လူထုအုံကြွမှုကြီး ပေါ်ပေါက်စေဦးမယ်ဆိုတာ မလွဲမသွေ ယုံကြည်ပါတယ်။
မန္တလာသူ မန္တလာသားအပေါင်းတို့ ရဲ့  အာဏာရှင်ဆန့် ကျင်ရေး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများအား အထူး လေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းက မန္တလေး စာပေနှင့် အနုပညာအဖွဲ့ က ထုတ်ဝေခဲ့သော “ရှစ်လေးလုံးသတင်းစာ” များ။
PDF ဖိုင်ဖြင့် ဖတ်ရန် အမှတ် ၁
PDF * 896 KB
PDF ဖိုင်ဖြင့် ဖတ်ရန် အမှတ် ၂
PDF * 1.20 MB
PDF ဖိုင်ဖြင့် ဖတ်ရန် အမှတ် ၃
PDF * 1.17 MB
PDF ဖိုင်ဖြင့် ဖတ်ရန် အမှတ် ၎
PDF * 1.11 MB
ကိုနစ်နေမန်း ဆီမှ ရယူ မျှဝေပါသည်။ ကိုနစ်နေမန်း အား ကျေးဇူးတင်ပါသည်။
http://niknayman-niknayman.blogspot.com/2009/01/blog-post_12.html
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း မန္တလေး စာပေနှင့်အနုပညာအဖွဲ့ က ထုတ်ဝေခဲ့သော “ရှစ်လေးလုံးသတင်းစာ” အမှတ်စဉ် ၁ မှ ၄ အထိ။
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment