နာဂစ်ကို ကူညီလို့  ထောင် ၁၀ နှစ်ချခံရတဲ့ ကိုခင်မောင်ဝင်း။
သူ့ ကို ချစ်လွန်းလို့  အင်းစိန်ထောင်ရှေ့ က ထူးခြားလဘက်ရည်ဆိုင်မှာ
စီရင်ချက်ချတဲ့နေ့  လက်ထပ်ခဲ့တဲ့ မပန်းဖြူဖြူ။
လေးစားတယ်ဗျာ ခင်များတို့ အချစ်
ကြားကြားခြင်း ရင်နင့်ခဲ့ရပါတယ်၊
ဘက်ချလာနိုက် (Bachelor Night) ပဲခူးထောင်မှာပဲ
တယောက်တည်းလုပ်တော့ ကိုယ့်လူ
ရင်ခုံစရာကောင်းတဲ့ မင်္ဂလာဦးညကို
တကိုယ်တည်းပဲ စိတ်ကူးယဉ်တော့ ပန်းဖြူဖြူ။
ဖြေသိမ့်စရာလေးတော့ မင်္ဂလာလက်ဖွဲ့ ပေးလိုက်ချင်ပါတယ်၊
ခင်များတို့ လို ရင်နှင့်စွာနဲ့ ခွဲခဲ့ရတဲ့ ချစ်သူတွေ
ဒီခေတ်မှာ အများကြီးရှိနေပါတယ်၊
ယောကျာင်္းရှိရက်နဲ့  လင်ကို အသေလို သဘောထား
မုဆိုးမလုပ်နေရတဲ့ မိန်းမသားတွေ
ကျုပ်တို့  မြန်မာပြည်မှာ အများကြီးပဲဗျ၊
မိန်းမကထောင်ကျလို့  ကလေးတွေနဲ့  နေနေရတဲ့ လင်သားတွေ
အဖေရောအမေရော ထောင်ကျလို့ 
နီးရာဆွေမျိုးနဲ့  ကပ်နေရတဲ့ ရင်ခွင်မဲ့သားတွေ
ဒုနဲ့ ဒေးပါဗျာ။
အမေရှိရက်နဲ့  အမေလို့ ခေါ်မရတဲ့ အခြေအနေ
မြေရှိလျက်နဲ့  ပြေးနေရတဲ့ ကျုပ်တို့ ဘ၀တွေ
အဖေရှိလည်း ခေါ်မရပါဘူးဗျာ။
ဒီတော့ ရင်နှင့်ပေမဲ့ အစဉ်သင့် မဖြစ်သေးတဲ့
ကျုပ်တို့  တော်လှန်ရေး မပြီးခင်
ဒါလေးတွေကို ယှဉ်တွေးပြီး ဖြေပေးပါလို့ 
မင်္ဂလာ လက်ဖွဲ့ ပါးလိုက်ပါရစေ။
တနေ့ တော့  ။ ။
(၂၀၀၉ ဇန်န၀ါရီ ၅ ရက်က အလုပ်ကြမ်းနဲ့  ထောင်ဒါဏ် ၁၀ နှစ်ကျခံရပြီး အဲဒီနေ့ မှာပဲ အင်းစိန်ထောင်ဝက ထူးခြားလဘက်ရည်ဆိုင်မှာ မင်္ဂလာဆောင်ခဲ့တဲ့ သတို့ သား ကိုခင်မောင်ဝင်းနဲ့  အပြင်မှာ ၁၀နှစ် စောင့်နေရမယ့် သတို့  သမီး မပန်းဖြူဖြူအတွက် လေးစားစွာဖြင့်)။
(ရေးသားသီဖွဲ့ သူ - July ကောင်း)။
ကိုနစ်နေမန်း ဘလော့ဂ်မှ ရယူပါသည်။
ဆူးကြားက ဗူးခါးလေးတွေ ထူးခြားမှာ မင်္ဂလာဆောင်။
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment