စစ်တွေ မြို့ မှ နအဖ(စစ်အစိုးရ) အား ဆန့်ကျင်မှုများပြုလုပ်

Wednesday, November 19, 2008 ·

ဓါတ်ပုံအား ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တွင် (နအဖ) စစ်အုပ်စုအား မကြောက်မရွံ့ ဘဲ ဆက်လက်ဆန့် ကျင်သွားပါမည်ဟု သစ္စာဆို ကတိပြုသည့် လှုပ်ရှားမှုတခုအား (နအဖ) ဆန့် ကျင်ရေး လှုပ်ရှားသည့်အရေးအခင်းများအတွင်း ကျဆုံးသွားသည့် သူရဲကောင်းများ. အုတ်ဂူများရှေ့ မှောက်တွင် (၁၇-၁၁-၀၈) နေ့  ညနေပိုင်းတွင် ပြုလုပ်ခဲ့ ကြကြောင်း လှုပ်ရှားမှုအ တွင်းပါဝင်သည့် သံဃာတော်တပါး.မိန့် ကြားချက်အရ သိရှိရသည်၊။

ဦးဇင်းက ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကို “ ဦးဇင်းတို့  ဒီလိုပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခု (နအဖ) စစ်အုပ်စုဟာ သံဃာခေါင်းဆောင်တွေ၊ ၈၈-ကျောင်းသားခေါင်းဆောင်တွေနဲ့  ဒီမိုကရေစီလှုပ်ရှားသူတွေကို မတရား ဥပဒေ ပုဒ်မအမျိုးမျိုးတွေ တပ်ပြီးတော့ နှစ်ရှည်ထောင်ဒါဏ်တွေ ချမှတ်နေတယ်။ ဒီမိုကရေစီ လှုပ်ရှားသူတွေကို ခြိမ်းခြောက် လိုက်တဲ့သဘောဘဲ။ ဒါပေမဲ့ ဦးဇင်းတို့ ကတော့ မကြောက်မရွံ့ ဘူး။ (နအဖ)ဆန့် ကျင်ရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့  (နအဖ) ဆန့်ကျင်ရေး လှုပ်ရှားမှု တွေမှာ အသက်ပေးသွားတဲ့ သူရဲကောင်းတွေရဲ့ အုတ်ဂူတွေ ရှေ့ မှောက်မှာ သစ္စာဆိုကတိပြုပွဲအခမ်းအနား ပြုလုပ်တာဖြစ်တယ်။”လို့  မိန့် ကြားပါတယ်။

သစ္စာဆိုကတိပြုပွဲမှာပါဝင်သော အမည်မဖေါ်လိုသူတဦးကတော့ “လှုပ်ရှားဦးရေကတော့ သံဃာတော်တွေနဲ့ ဆိုယင် ၁၈-ဦးဖြစ်တယ်။ ပထဆုံးကတော့ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့  အုတ်ဂူတွေရှေ့ မှောက်မှာ စီတန်းပြီးတော့ အ လေးပြုကြတယ်။ နောက်ပြိး ဒီ(နအဖ)စစ်အုပ်စု မကျဆုံးသရွေ့  ဒူးမထောက်လက်မမြှောက်။ မကြောက်မရွံ့  ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ကဂိသစ္စာပြုကြပြီးတော့ အုတ်ဂူတွေကို ရဲ့ ရင့်တဲ့ အရောင်ဖြစ်တဲ့ ဆေးနီပက်ဖြန်းကြ တယ်။ ဆေးနီပက်ဖြန်းပြီးတော့ ၈၈-အရေးအခင်းအတွင်း အသတ်ခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး တွေရဲ့  အုတ်ဂူတွေမှာ စစ်အုပ်စု ကျဆင်းပါစေ စာတန်းရေးထိုးကြတယ်။ စစ်ထောက်လှမ်းရေး တွေရဲ့ အုတ်ဂူတွေကိုလဲ (နအဖ)စစ်အစိုးကျ ဆင်းရမည်ဆိုပြီးတော့ အုတ်ခဲတွေနဲ့  ပစ်ပေါက်ကြတယ်။

နောက် သင်္ချို င်္င်းအုတ်နံရံတွေ။ အုတ်တိုင်တွေမှာ စစ်အုပ်စု ကျဆင်းပါစေ စာတန်း ဆက်လက် ရေးထိုး ကြတယ်။”လို့  သူတို. လှုပ်ရှားမှုများကို ပြောပြပါတယ်။

ဒီ လှုပ်ရှားမှုကို စစ်တွေမြို့ မ သင်္ချို င်္င်းမှာရှိတဲ့ အုတ်ဂူများရှေ့ မှောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လှုပ်ရှားသူ သံဃာတော်များ. မိန့် ကြားချက်အရ သိရှိရသည်။

ကိုနစ်နေမန်း မှ ရယူမျှဝေပါသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */