ကိုဇော်ဝင်းထွဋ်ဖျော်ဖြေမဲ့ဂျပန်ကနာဂစ်ရံပုံငွေပွဲ နှင့် ဆန္ဒပြလိုသူရဲဘော်များ

Thursday, November 13, 2008 ·

ပထမဆုံး ဒီပွဲ အကြောင်းနဲနဲပြောချင်ပါတယ်။ ဆိုမှာက ကိုဇော်ဝင်းထွဋ်၊ အယ်လ်ဆိုင်းဇီ (ကချင် တိုင်းရင်းသူလေး)၊ နဲ့ ဆုန်သင်း ပါရ် (ချင်းတိုင်းရင်းသူလေး)၊ စီစဉ်သူတွေကဂျပန်က စတာရာတီးဝိုင်းအဖွဲ့ သားတွေ မြန်မာဂျပန် မိသားစုများ အသိုင်းအဝိုင်း ဆိုတဲ့ အစုအဖွဲ့ လေးနဲ့ ဂျပန်ကမြန်မာနိုင်ငံသားတချို့ ဖြစ်တယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်က မုန်တိုင်းသင့် ဖျာပုံမြို့  မင်္ဂလာသောင်တန်းရွာက ကလေးများ အတွက်တဲ့၊

ကျွန်တော်ကရိုးရိုးလေးစဉ်းစားလိုက်တယ်။ ဂျပန်ရောက်မြန်မာမိသားစုတွေက မြန်မာပြည်ကနာဂစ်ဘေးသင့် ကလေးတွေ ကို အကူ အညီပေးဖို့ ရန်ပုံငွေရှာတယ်၊ အဆိုတော်တွေကလာပြီးကူညီသီဆိုတယ်။ရိုးရိုးလေးပါ။

ရိုးရိုးလေးထဲမှာရှုတ်လာတာကတော့ အသံတွေ ကြားနေရတယ် ဘာသံတွေလဲ (ကိုကျော်ဟိန်း သီချင်း စာသားလေးနော်)
(၁)ကိုဇော်ဝင်းထွဋ်ဟာတေဇ(ကိုတေဇ) နဲ့ သူငယ်ချင်းဖြစ်ကြောင်း၊
(၂)ကိုဇော်ဝင်းထွဋ်ဟာ ကိုတေဇနဲ့ ပေါင်းပြီးစီးပွားရေး လုပ်နေကြောင်း
(၃)ကိုတေဇ ဂျပန်ကိုရောက်နေကြောင်း

ဒီ ကြောင်းသုံးကြောင်းကြောင့်ဆန္ဒပြကြမယ်ဆိုပြီး တချို့ နိုင်ငံရေး လုပ်နေသူတွေက ဆော်သြ နေတာတွေ ကြားနေရပါတယ်။ ဒီအသံကို စကြားရတာက ကျွန်တော့်မိတ်ဆွေ တိုကျိုစတား စားသောက်ဆိုင်ပိုင်ရှင် ကိုအောင်မြင့်က လာပြီးအားပေးပါဦးလို့  ဖုန်းဆက် လို့ ဒီပွဲအကြောင်းသိရတာပါ။ကျွန်တော်တို့ သမဂ္ဂ အစည်းအဝေး နဲ့ ရက်ရော အချိန်ရောတိုက်နေလို့ အားပေးချင်ပေမဲ့ မလာနိုင်တဲ့ အကြောင်း ပြန်ပြော လိုက်ပါတယ်။ဂျပန်ကနိုင်ငံရေးလုပ်နေသူတွေအားလုံးထမင်းစားဖို့  နိုင်ငံရေးလုပ်ဖို့ ငွေရအောင် သီးသန့် အလုပ်တွေလုပ်ကြရတာဆိုတော့ ကိုအောင်မြင့်ဖုန်းဆက်ချိန်မှာ ကျွန်တော်ကအလုပ်ထဲမှာလေ ဒီပွဲအကြောင်း အလုပ်ထဲ ကသူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေပြောကြတော့ စောစောက ကြောင်းသုံးကြောင်း ကိုကြားရ တော့တာပါဘဲ။အလုပ် ထဲမှာလဲ နိုင်ငံရေးအကြောင်း အမြဲပြောနေကြတာဆိုတော့ကျွန်တော် တို့ရဲ့ အမြင်တွေ ဖလှယ်ကြပြီးကျွန်တော်တို့ ကတော့ ဆန္ဒမပြ သင့်ဘူးလို့ အားလုံး သဘောတူညီ ခဲ့ကြတယ်လေ။

ကိုဇော်ဝင်းထွဋ်ဟာ တီတီစီကျောင်းထွက်ကျွန်တော့်အကိုနဲ့ ကျောင်းနေဖက်ဆိုတော့ ကိုတေဇ ဟာလည်း တီတီစီ ထွက်များဖြစ်နေမ လားဘဲ ကျွန်တော့်အကိုအသက်က ၄၆ ဆိုတော့ ကိုဇော်ဝင်းထွဋ် လဲဒီလောက်ပဲ ရှိဦးမယ် ထင်ပါတယ်။ ကျွန်တော်လဲ တီတီစီ ထွက်ပါဘဲ။တီတီစီ ကျောင်းက ကျောင်းသားတွေကို အကြမ်း အားဖြင့် သုံးမျိုးခွဲလို့ ရပါတယ်။အာဏာပိုင် အဖွဲ့ အစည်း တွေက အကောင်ကြီးတွေရဲ့ သားသမီးတွေ၊ ပညာရေးဌာနနဲ့ အရပ်ဖက်ဌာနတွေကလူကြီးသားသမီးတွေ၊ နဲ့  ငွေကြေး ချမ်းသာတဲ့  လုပ်ငန်းရှင်ကြီးတွေရဲ့ သားသမီးတွေ ဒီလိုကလေးတွေဘဲများပါတယ်။ ကျွန်တော်ကတော့ ရှေ့နေသားပါ။

ဒီကျောင်းထွက် ဖြစ်တဲ့ ကိုဇော်ဝင်းထွဋ် မှာ ကိုတေဇ ဆိုတဲ့ ငယ်သူငယ်ချင်း တယောက်ရှိမယ် ဆိုရင်ထူးဆန်း
တယ်လို့ မဆိုနိုင်ပါဘူး။ကျွန်တော့်မှာလည်းအဲ့ဒီတုံးကသူငယ်ချင်းတွေထဲမှာဒီအက်အေကို ရိုးနံပါတ် ၁၊ ၂၊ ၃၊ နဲ့ ဝင်သွားတဲ့ သူငယ်ချင်း ၃ယောက်ရှိခဲ့ပါတယ်။
၁ က ပညာရေးဝန်ကြီးဌာနကညွန်ကြားမှူးရဲ့သား၊
၂ က မဆလ စွမ်းအင်ဝန်ကြီး ဦစိန်ထွန်းရဲ့သား။
၃ က တနသာင်္ရီတိုင်းရေတပ်တိုင်းမှုးရဲ့သားပါ။ နောက်ထပ်ထပ်ရေးရင်အများကြီးပေါ့။

ဒီသူငယ်ချင်းတွေနဲ့ နောင်တချိန်ပြန်တွေ့ ကြရင် ဘယ်လိုပုံစံမျိုးနဲ့ တွေ့ ဖြစ်ကြမလဲမသိဘူး။ ကျွန်တော့် အခု အချုပ်အနေနဲ့  ပြောချင်တာ ငယ်ငယ်တုံးက သူငယ်ချင်းတွေ ဖြစ်ခဲ့တာ အပြစ်မဟုတ်ပါဘူး ကြီးလာတော့ ကိုယ်သန်တဲ့ လိုင်း ကိုယ်လိုက်ကြတာဘဲ။ စောစောက ကိုတေဇဆိုပြီး ကိုတပ်ခေါ်တာက ကိုယ့်ထက် အသက်ကြီးတဲ့ လူဆိုပြီးယဉ်ကျေးမှု အရသုံးတာပါ သူ့ ကို ကျွန်တော် မသိပါဘူး။ စစ်တပ် အာဘော် ဗမာသတင်းစာ တွေမှာ ဗိုလ်ချုပ်မြကို ဗိုလ်မြခေါ်လိုက် ငမြခေါ်လိုက် ဗိုလ်ချုပ်မြခေါ်လိုက် ဖထီး ခေါ်လိုက် လိုရင် တမျိုး မလိုရင်တမျိုးခေါ်လေ့ရှိတာကို လူတိုင်းသိမယ်ထင်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီသမားတွေ က အမှန်ဘက်က ရပ်တည်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လှုပ်ရှားနေကြတာပါ။ သူတို့ လို လိုတမျိုး မလိုတမျိုး ကျွန်တော်တို့ လုပ်ရင် ကျွန်တော်တို့ လဲ ကျွန်တော်တို့ တိုက်နေတဲ့ စစ်အာဏာရှင်တွေနဲ့ တတန်းတစား ထဲဖြစ်သွားမှာပါ ဒါကို အမြဲသတိရှိဖို့ လိုပါတယ်။

ကိုဇော်ဝင်းထွဋ်ကကိုတေဇနဲ့ စီးပွားရေးပေါင်းပြီးလုပ်နေတယ်ဆိုတော့ မြန်မာပြည်တွင်း က စီးပွားရေး လုပ်ငန်းလုပ်နေ သူတွေ ဟာ နအဖ နဲ့ ကင်းလို့ မရဘူးဆိုတာလူတိုင်းသိကြပါတယ်။ ဒါဆိုရင် ကိုဇော်ဝင်းထွဋ် ဟာ နအဖနဲ့ ပေါင်းပြီးကိုယ်ကျိုးရှာနေသလား ဆိုတဲ့မေးခွန်းနဲ့  သူစီးပွားရှာလို့ ရတဲ့ အကျိုးအမြတ် တွေကို ဘာလုပ်နေသလဲ ဆိုတဲ့မေးခွန်း မေးပြီး သူ့ ဘယ်သူလဲ ဘာလဲဆိုတာကို ဆုံးဖြတ် ကြရမှာပေါ့။ ဂျပန်က သတင်းစုံသိတဲ့မိတ်ဆွေတွေဆီတယ်လီဖုန်းနဲ့ ရော လူတွေ့ ပြီးတော့ရောမေးကြည့်တယ် ခုနကမေးခွန်း
နှစ်ခုကိုလေ ဘယ်သူမှ ဘာမှမသိကြဘူး။ တခုတော့အစထွက်လာတယ် နယ်စပ်ကလှမ်းပြောတာတဲ့ မင်းတို့ ဇော်ဝင်းထွဋ်ကို ဆန္ဒမပြဘူးလားဆိုပြီး၊နယ်စပ်ကလူတွေကတော့အကုန်သိတယ်လို့ ပြောပါတယ်။ ကိုဇော်ဝင်းထွဋ် ကိစ္စက အခု နယ်စပ်မှာ လမ်းဆုံးနေတယ်။နယ်စပ် ကကိစ္စကို အောက်မှ နောက်ထပ် နဲနဲ ထပ်ရေးပါဦးမယ် အခုကိစ္စနဲ့ တိုက်ရိုက်မဆိုင်လို့ ပါ။ ပြည်တွင်းစီးပွားရေးသမားတွေထဲမှာတဖက်မှာ နအဖနဲ့ ပေါင်းပြီးစီးပွားရေးလုပ်နေပြီး တဖက်မှာ တိတ်တိတ်ပုံး အတိုက်အခံ ပါတီတွေ အထူးသဖြင့် ပြည်တွင်း အန်အယ်ဒီ ပါတီကို ဘက်ပေါင်းစုံကထောက်ပံ့နေတဲ့သူတွေတပုံတပင်ကြီးရှိပါတယ်။ ဒါတွေကို ပြည်တွင်းမှာ ထဲထဲဝင်ဝင်လုပ်ပြီးမှ ပြည်ပ ရောက်လာတဲ့ လူတိုင်းသိပါတယ်။ ဒီထောက်ပံ့ရေးလမ်းကြောင်းမရှိခဲ့ရင်
ပြည်တွင်း အန်အယ်ဒီရော ဘယ်အတိုက်အခံ မှ မရပ်တည်နိုင်ပါဘူး။

ဒီနေရာမှာကိုဇော်ဝင်းထွဋ်ကို အတိုက်အခံတွေကိုတိတ်တိတ်ပုံးထောက်ခံနေသူလို့ ပြောနေတာမဟုတ်ပါဘူး ပြည်တွင်းအကြောင်း တစေ့တစောင်းပြောတာပါ အခုလို မရှင်းရင် ကိုဇော်ဝင်းထွဋ် အပြန်မှာ လေဆိပ် ရောက်တာနဲ့ ဆွဲစိခံနေရဦးမယ်။ ဂျပန်လို စစ်အာဏာရှင်စနစ် ကိုတက်တက် ကြွကြွဆန့် ကျင်နေတဲ့ နိုင်ငံကိုလာပြီး သီချင်းဆိုပေးနေတဲ့ အဆိုတော်တွေကို ကျွန်တော်တို့ က ကျေးဇူး တောင်တင်ရဦး မှာပါ။ကျွန်တော်ပြောချင်တာက ကိုဇော်ဝင်းထွဋ် ဟာ ကိုတေဇနဲ့ ပေါင်းပြီးစီးပွားရေးလုပ်နေတယ်ဆိုတာတောင် နယ်စပ် ကပြောတာပါလို့ ပြောနေတာလေ၊ ဒါဆိုရင်ဂျပန်ကလူတွေ ကိုဇော်ဝင်းထွဋ်နဲ့  ကိုတေဇနဲ့ ဘယ်လို ပတ်သက် သလဲဆိုတာကို ကိုယ်တိုင်ဘာမှမသိဘူးလို့ ကောက်ချက် ဆွဲရတော့မှာပါ။ သိတဲ့သူတွေရှိရင် ပြောကြပါ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပေါ့နော်။ ဒီနေရာမှာ ဖြတ်ပြောချင်တာတခုရှိပါတယ် ကျွန်တော်ဒီ peaceful burma blog လုပ်ဖြစ်သွားတဲ့အကြောင်းလေးပါ။ ကျွန်တော်က fwubc မြန်မာနိုင်ငံသား အလုပ်သမား သမဂ္ဂအဖွဲ့ ချုပ် ဂျပန်နိုင်ငံရဲ့ အလုပ်အမှုဆောင် တစ်ဦးပါ။ဂျပန်မှာ နအဖ ဖွဲ့ စည်းပုံကို
ကန့် ကွက်ဖို့ campaign တွေလုပ်ကြတော့ ကျွန်တော်တို့ သမဂ္ဂကိုဘက်ပေါင်းစုံကပန့် ပိုးနေတဲ့ JAM လို့ အတိုကောက်ခေါ်တဲ့ ဂျပန်စက်ရုံနဲ့ သံမဏိလုပ်ငန်း အလုပ်သမားများ သမဂ္ဂ က ဂျပန် အရာရှိတွေနဲ့ ဆွေးနွေးတဲ့အခါမှာ နအဖ ဖွဲ့ စည်းပုံကို ကျွန်တော်တို့ နဲ့ အတူဝိုင်းဝန်းကန့် ကွက်ကြဖို့  ဆော်အောတဲ့အခါမှာ အဲ့ဒီ အရာရှိတွေထဲက တယောက်က ဘာပြောလဲဆိုတော့ ဒီဖွဲ့ စည်းပုံ မကောင်းကြောင်းအချက်အလက်နဲ့ ပြောပြ ပါ ဒေတာပေးပါ ဒီဖွဲ့ စည်းပုံကဘာတွေမကောင်းတာလဲဆိုတာကိုသိမှ တို့ တတွေက အတူ ပူးပေါင်းပြီး ကန့်ကွက် နိုင်မှာပေါ့ ဘာမှမသိဘဲနဲ့ ဘယ်လိုလုပ်ပြီးကန့် ကွက်မှာလဲ လို ပြောခဲ့လို့ ရှင်းပြခဲ့
ရပါတယ်။ အဲ့ဒီအချိန်က စပြီး ဒီဘလောက်ကို စလုပ်ဖြစ်သွားတာပါ။ဂျပန်က ဂျပန်လူမျိုး တွေကြားထဲမှာ မြန်မာပြည်အကြောင်း အဖြစ်မှန်တွေသိရအောင် အင်ဖော်မေးရှင်း ပေးရအောင်လုပ်ခဲ့တာပါ။

ဘလောက်အကြောင်းပြောရတာက ကိုယ်ပြောချင်တာကို ကိုယ်ကိုယ်တိုင် သေသေချာချာ သိပြီး တခြား သူတွေကိုလဲ အထောက်အထားနဲ့ တင်ပြဖို့ လို တယ်ဆိုတာကိုဆိုလိုချင်တာပါ။ သူများပြောသံကြားနဲ့ ကိုယ်ကိုယ်တိုင်သေသေချာချာမသိဘဲနဲ့ ရမ်းမစွပ်စွဲသင့်ဘူးလို့ ပြောချင်တာပါ။ သိတယ်ရှိတယ်ဆို ရင် သေသေချာချာတင်ပြစေချင်ပါတယ်။ ကိုဇော်ဝင်းထွဋ်အကြောင်းသေသေချာချာမသိဘဲနဲ့  ကိုတေဇနဲ့ စီးပွားရေး အတူလုပ်နေတယ် ဆိုပြီးနယ်စပ်ကလှမ်းပြောတာတခုထဲနဲ့ ကိုဇော်ဝင်းထွဋ်ကို နအဖလူလို့ ကျွန်တော်တို့ သတ်မှတ်လို့ မရပါဘူး။အခုလို တကူးတက ရေးနေရတာ က ကိုဇော်ဝင်းထွဋ် ဘက်ကရှေ့ နေလိုက်ဖို့ အတွက်မဟုတ်ပါဘူး ၊ နောက်ထပ်ဇော်ဝင်းထွဋ်ပေါင်းမြောက်မြားစွာကို အလားတူ စွဲချက်တွေ ထုတ်ပြီး နအဖ ဘက် တကယ်ရောက်သွားအောင် တွန်းပို့ မိတာမျိုး ဖြစ်လာနိုင်စရာအလားအလာတွေ ရှိ နေတယ်ဆို တာကိုစဉ်းစားမိ လို့ ပါ။

အပေါ်ကအချက်နှစ်ချက်နဲ့ ဘဲ ကိုတေဇဂျပန်ကိုတကယ်ရောက်နေတယ်ဆိုရင်တောင်မှ ဒါဟာ သိပ် အရေးမပါတော့ဘူးလို့  ထင်ပါတယ်။ဒါပေမဲ့ ကိုတေဇအကြောင်းမဟုတ်ပဲနဲ့ ကိုတေဇလို သနားစရာ မြန်မာပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက် အကြောင်းကိုကျွန်တော့်သူငယ်ချင်းက ပြောပြတာကို ပြန်ပြီးနဲနဲလောက်ဖောက်သယ်ချချင်ပါတယ်။သူငယ်ချင်းပြောပြတာက သူသိတဲ့လုပ်ငန်းရှင်ကြီးတဦးဟာပထမ သူ့ ဘာသာကိုယ်ပိုင်လုပ်ငန်းတခုလုပ်ပြီးအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦးဖြစ်လာပါတယ်တဲ့ သူ့ ရဲ့ ကြိုးစားမှုကို သတိထားမိတဲ့ နအဖနဲ့ ချိတ်ဆက်ထားတဲ့ငွေရှင်ကြီးတွေကသူကို တော်ကောက်ပြီးသူ့ နာမယ်ခံခိုင်းပြီး
စီးပွားရေးအမျိုးမျိုးလုပ်ခိုင်းပြီးကောင်းကောင်းလဲပန့် ပိုးပေးတယ် ဆိုပါတယ်။ အခုဆိုရင် ကျိကျိတက်အောင် ချမ်းသာပေမဲ့ 
နအဖ စက်ဝိုင်းထဲက ထွက်လို့ မရတော့ပါဘူးတဲ့ သူတို့ အကြောင်းတွေ ဖော်မှာစိုး လို့  ငွေထုတ်ပိုက်ပြီး တိုင်းပြည် အပြင်ဖက်ထွက် ပြေးမှာစိုးလို့ မိသားစုတစုလုံးနိုင်ငံခြားကိုထွက်ခွင့်မပေးပါဘူးတဲ့ ယုတ်စွ အစဆုံး တရုတ်ပြည်ထဲ ကုန်းလမ်းက သွားတာတောင် ယောက်ျားသွားရင် မိန်းမနဲ့ ကလေးတွေကို ရန်ကုန်မှာ ချန်ထား ခဲ့ရတယ်လို့ ဆိုပါတယ် ။ ငွေပုံပေါ်ထိုင်နေပြီးအမြဲတန်းသူတို့ ရဲ့ မျက်နှာ တွေဟာ တခုခုကို စိုးရိမ်တဲ့ မျက်နှာတွေ အမြဲပဲထွက်နေတယ်လို့ ဆိုပါတယ်။ ကိုတေဇရောအခု ဒီလို မျိုးဖြစ်နေပြီလား ဘယ်တော့ ဖြစ်လာ မှာလဲဆို တာကို အပူရုပ်ဟန်လုပ်နေနေရတာလား ခင်ဗျားတို့ စဉ်းစား ကြည့်ကြပေါ့ဗျာ။လူနာမယ်တွေကို
ထည့်မရေးတာကိုနားလည်ကြမယ်လို့ ထင်ပါတယ်။

နယ်စပ်ကသတင်းတပုဒ် အပေါ်မှာနယ်စပ်အကြောင်းရေးမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော့်တို့ ဂျပန်ကနေ ထူးထူးချွန်ချွန် မဲဆောက်မှာသွားပြီးနယ်စပ်ကကလေးတွေကို ကွန်ပျူတာ၊ အင်္ဂလိပ်စာနဲ့ တခြားဘာသာရပ်တွေကိုကျောင်းဖွင့်ပြီးသွားသင်ပေး နေတဲ့အဖွဲ့ တခုရှိပါတယ် အဖွဲ့ နာမယ်က Human Resource Developement Programme(HRDP) လို့ ခေါ်ပါတယ်။ အဲ့ဒီ အဖွဲ့ ရဲ့ မဲဆောက် ကျောင်းတာဝန်ခံ ဒါရိုက်တာ ရဲ့နာမယ်က ကိုစည်သူလို့ ခေါ်ပါတယ်။ ကိုစည်သူကို ကျွန်တော်စသိခဲ့တာက
အခုမိုးသောက်ကြယ်စာကြည့်တိုက်အမှုဆောင် နဲ့ ဖန်မီးအိမ် ဖောင်ဒေးရှင်း ဂျပန်ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကိုမောင်မောင်အေး အိမ်မှာပါ။ ၂၀၀၂-၂၀၀၃ ခုနှစ်လောက်ကပါ။စည်သူဆိုရင် ဂျပန်က ဝါရင့် ဗမာနိုင်ငံရေး သမား တိုင်းသိပါတယ်။ အဲ့ဒီ ကိုမောင်မောင်အေး အိမ်မှာဘဲ ကျွန်တော့်တို့ ရဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် ကိုမျိုးသနု့် နဲ့ တွေခဲ့တာပါ ။ အဲ့ဒီအိမ်မှာဘဲ 8888 Documentation net work ဆိုတဲ့ ဝက်ဆိုက်ကို စခဲ့ကြတာပါ ကိုမျိုးသန့် ကခေါင်းဆောင်ကျွန်တော်နဲ့  ကိုစည်သူက ဝိုင်းကူပေး အကြံဥာဏ် ပေးခဲ့ကြတာပါ။ မှတ်မှတ်ရရ ပြောရရင် အဲ့ဒီဝက်ဆိုက်ပေါ်က ဒေါမာန်ဟုန် ပီဒီအက်ဖ် ဖိုင်ဟာကိုစည်သူကိုယ်တိုင် စတင် ဖတ်ပြီး တင်ခဲ့တာပါ ကိုစည်သူ ဟာကျွန်တော်တို့ ဂျပန်က အန်အယ်ဒီအယ်လေ ဂျပန်ရဲ့ အဖွဲ့ ဝင်ဟောင်း တယောက်ပါ ဂျပန်ကတခြားအင်အားကြီးနိုင်ငံရေးအဖွဲ့ အစည်းတခုဖြစ်တဲ့ ဘီဒီအေ အဖွဲ့ ကိုစပြီးဖွဲ့ တဲ့အချိန်မှာ
ကိုမောင်မောင်အေးရော ကိုစည်သူရော ကိုမျိုးသန့်  ပါ founding member တွေပါ ။ founding member ၁၂ ယောက်ပါ။ ၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးမှာဒီအဖွဲ့ ကိုစဖွဲ့ ခဲ့တယ်လို့ ထင်ပါတယ်။အဲ့ဒီတုံးက ကျွန်တော်က ဖွဲ့ ဖွဲ့ ခြင်း စဝင်တဲ့ အဖွဲဝင်ဖြစ်ခဲ့ပါတယ် founding member တွေအတွက် နံပါတ်စဉ်ကို အရင်ပေးတဲ့အတွက် ကျွန်တော့်ရဲ့အဖွဲဝင်နံပါတ်က ၁၃ ဖြစ်သွားပါတယ်။ နောက်ပိုင်း fwubc အဖွဲ့  ဥက္ကဌ ဦးတင်ဝင်းက ကျွန်တော့် ကို ကိုမောင်မောင်အေးကနေတဆင့် fwubc အဖွဲ့ ကိုလာရောက်လေ့လာစေလိုကြောင်း စိတ်ဝင်စားပါက ဝိုင်းဝန်းအကူအညီပေးပါလို့ ပြောလို့ ဦးတင်ဝင်းကိုလဲ နဂိုကထဲကလေးစားပြီးသားဖြစ်လို့ သွား
လေ့လာပြီး ကိုယ်ကိုယ်တိုင်လဲဂျပန်စကားအထိုက်အလျောက်တတ်ပြီးအလုပ်သမား သမဂ္ဂမှာ အမှုတိုင်တဲ့လူနဲ့ ဂျပန်ဘာသာပြန်တဲ့လူ အင်အားမမျှ ဖြစ်နေတာရယ် အဖွဲ့ အနေနဲ့ လဲ ဂျပန်ရောက်မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားရေးရာပြဿနာတွေကို JAM အဖွဲ့  အကူအညီနဲ့ တကယ်ကို ထဲထဲ ဝင်ဝင် ကိုင်တွယ် ဖြေရှင်းပေးနေတာကို တွေ့ လိုက်ရလို့  fwubc အဖွဲ့ ထဲကိုခြေစုံပစ်ပြီးဝင်ခဲ့တာအခုအထိ ပါဘဲ။ နောက်ပိုင်း ဘီဒီအေ အဖွဲ့ ဟာအဖွဲ့ ဝင်အင်အားတောင့်တင်းလာပြီးနောက် ကိုမျိုးသန့်  ကိုစည်သူ ကိုမောင်မောင်အေးတို့ လဲ နောက်ပိုင်းမှာကိုယ်ပိုင် သီးခြားအစီအစဉ်နဲ့ လူခွဲလုပ်ကြဖို့ အသီးသီးထွက်လာခဲ့ကြတာခုဆိုရင် မိုးသောက်ကြယ်၊ HRDP ၊ 8888 BURMA DOCUMENTATION NET WORK ၊ ဆိုပြီး ဒီမိုကရေစီ အရေး လုပ်နေတဲ့ တောင့်တင်းခိုင်မာ တဲ့အဖွဲ့ တွေ ပေါ်ထွက်လာတာပါဘဲံ။ဒါက ကိုစည်သူဘယ်သူလဲ ကိုစည်သူနဲ့ ကျွန်တော် ဘယ်လို ပတ်သက်သလဲ ဆိုတာသိအောင် ရေးရတာပါ ။ ကိုစည်သူတို့ အဖွဲ့ နယ်စပ်မှာ ကျောင်းသွားဖွင့်ပြီး ပြီးခဲ့တဲ့ လေးငါးခြောက်လလောက်မှာနယ်စပ်ကနေစည်သူဆိုတာနအဖလူ
ဆိုပြီး စွတ်စွဲသံတွေ ဆူဆူညံညံ နဲ့ နက်ပေါ်မှာ တက်လာပါတယ်။ ဒေါက်တာလွန်းဆွေ ဘလောက် ကစီဘောက်မှာ အဆိုးဆုံးလို့  ကြားမိပါတယ်။ကျွန်တော်ကကိုစည်သူအကြောင်းကောင်းကောင်းသိနေတော့ သိပ်ပြီး ဂရုမစိုက်ပါဘူး ကိုယ့်လူက နအဖ လူမဟုတ်ဘူးဆိုတာကို သိနေတာကိုး ၊ ဒါပေမဲ့ စီဘောက်ကို အဆင့်ကျော်လာပြီး အာဟာရစာပေအင်အားစု အာဟာရစာစောင်ရဲ့ဦးဆောင်အယ်ဒီတာလဲဖြစ်
ကျွန်တော်တို့  fwubc ရဲ့ ဒုတိယဥက္ကလည်းဖြစ်တဲ့ကိုသက်လင်းကိုဖုန်းဆက်ပြီးတိုင်တောတာတွေ လုပ်လာပါတယ် ကိုစည်သူ ဘယ်သူလဲဆိုတာကို မေးတာမဟုတ်ပါဘူး။ နယ်စပ်က လူတွေ အနေနဲ့ လဲ ဒီအဖွဲ့ ဟာ ဂျပန်ကအဖွဲ့ ဆိုတာကိုသိရင် မသင်ကာဘူးဆိုရင် ဂျပန်ကလူတွေကိုမေးပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ထင်ပါတယ်။ အခုတော့ ကိုသက်လင်းကိုလှမ်းပြီးမေးတာမဟုတ်ဘဲ တိုင်တာဖြစ်နေတာကို ဝမ်းနဲစွာနဲ့ ဘဲ ကြားခဲ့ရပါတယ်။ ကိုစည်သူနဲ့ ပတ်သက်ပြီးကျွန်တော်ဝင်ဖြေရှင်းပေးခဲ့တာ ၃ကြိမ် ရှိပါတယ်။ပထမ တကြိမ်တုံးက အေဘီ က ကိုသံခဲလာတုံးက စည်သူ ဆိုတာဘယ်သူလဲဆို ပြီးကိုသက်လင်းကိုမေးလို့  ကိုသက်လင်းက လူကိုခင်ပေမဲ့ ဘာတွေလုပ်နေသလဲဆိုတာမသိလို့  ကျွန်တော့်ကို မေးလာလို့ ရှင်းပြခဲ့ရပါတယ်။ နောက်ထပ်ကိုသံခဲဆီက ဘာမှ ထပ်ပြော လာတာမကြားရပါဘူး။ အခုတခါ ကိုသက်လင်း ဆီကို တိုင်တန်းလာသူဟာနယ်စပ်မှာရဲရဲတောက်ပုဂ္ဂိုလ်တစ်ဦးလို့ လူတိုင်းက လေးစား နေတဲ့သူ တစ်ဦးဖြစ်လို့  ကျွန်တော် ဒီအတိုင်းမနေနိုင်တော့ပါဘူး နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့ အစည်းတွေ များလို့  တကယ်လို့ ပါးစပ်နဲ့ မဖြေရှင်းကြဘဲနဲ့ လက်နက်နဲ့ ဖြေရှင်းမယ်ဆို ရင် ကိုစည်သူလို လူတယောက်ရေတိမ်နစ်နိုင်ပါတယ်။
ဒါနဲ့  ကိုစည်သူတို့ အဖွဲကအဓိကခေါင်းဆောင်တယောက်ဟာကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်လဲဖြစ်လို့ သူ့ ကိုမေးရပါတယ် ဒေါက်တာလွန်းဆွေ စီဘောက်ထဲမှာ ရေးနေတာတွေကို ကျွန်တော် ဂရုမစိုက်ပေမဲ့ အခုကိုသက်လင်းဆီကို ဖုန်းဆက်လာတဲ့သူဟာ နယ်စပ်မှာလူတွေ လေးစားတဲ့ လူဖြစ်နေလို့  ဘာတွေ ဖြစ်နေတာလဲ တခုခုတော့ လွဲနေပြီလို့  ပြောဆိုမေးမြန်းခဲ့တဲ့အခါ မလိုအပ်ပဲ နယ်စပ်က နိုင်ငံရေး အင်အားစုတွေက အထင် လွဲမယ် ဆိုရင်လွဲလောက်တယ် ဆိုတဲ့အချက်တွေကိုတွေ့ ခဲ့ရပါတယ်။
ကျွန်တော်တို့ နိုင်ငံရေး သမားတွေရှေ့ လောကြီးတဲ့ ကိစ္စကလေးတွေပါ ပညာရှိသတိဖြစ်ခဲဆိုသလို ဒါမျိုးအလားတူ ထပ်မဖြစ်ရအောင် သင်ခန်းစာယူသင့်တယ်လို့ ထင်ပါတယ်။

-ကိုစည်သူတို့ အဖွဲ့ နယ်စပ်ကိုသွားပြီးကျောင်းသွားဖွင့်တဲ့အခါ မဲဆောက်က အခြေတကျရှိနေတဲ့ အဖွဲ့ အစည်းတွေကို ဖိတ်ပြီးဒီကျောင်းရဲ့ ရည်ရွယ်ချက် နဲ့ ဘယ်သူတွေကဘယ်လို ပန့် ပိုးနေသလဲဆိုတာကို မရှင်းပြခဲ့ပါဘူး။

-ဒီကျောင်းဖွင့်ပြီးတဲ့နောက်မှာမဲဆောက်ကတချို့ NGO အကူအညီနဲ့ ဖွင့်ထားတဲ့ကျောင်းတချို့ ကို NGO ကအကူအညီပေးတာတွေ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ကိုစည်သူတို့ အဖွဲ့ ဟာ ဘယ် NGO ဆီကမှ အကူအညီ မယူဘဲလုပ်ခဲ့တာဆိုတော့နယ်စပ်က အဖွဲ့ အစည်းတွေအနေနဲ့  စဉ်းစားစရာဖြစ်လာတာက ဒီကောင်တွေဘယ်ကငွေနဲ့  ဒီလောက်ကြီးတဲ့ကျောင်းကိုလာဖွင့်တာလဲ ဘာဖြစ်လို့ ဗီဇာရတာလဲ ဆိုတဲ့လဲပေါင်းများစွာနဲ့ သံသရဝင်စရာဖြစ်ခဲ့တော့တာပါပဲ ဒီကြားထဲမှာငွေရေးကြေးရေးအကြပ်အတည်း
အမျိုးမျိုး ကြားထဲကနေ ရုံးကန်နေရတာဆိုတော့ ဝင်ငွေနဲနဲရလဲမနဲဘူးဆိုပြီးတော့ refugee အနေနဲ့  အမေရိကားကိုသွားမဲ့ မဲဆောက်က မြန်မာနိုင်ငံရေး လှုပ်ရှားသူ တစ်ဦးထောင်ထားတဲ့ မိတ္တူကူး လုပ်ငန်းကို ဝယ်ယူလိုက်တဲ့ အခါမှာ သံသရတွေ ပိုပြီးကြီးကုန်ကြတော့တာပါပဲ။ (သူတို့ ရဲ့ကျောင်းကို မဲဆောက်မှာ ရုံးခွဲဖွင့်ထားပြီး အမေရိကားမှာအခြေဆိုက်တဲ့ မြန်မာ ဒီမိုကရေစီအရေး ဦးဆောင် အဖွဲ့ အစည်းကြီး တစ်ခုကလည်း သူတို့ နာမယ်နဲ့ ဖွင့်ပါ ငွေကြေးလိုအပ်တာထောက်ပံ့ပါမယ်လို့ ကမ်းလှမ်း လာကြောင်းလဲ သိခဲ့ရပါတယ်။ ဒါပေမဲ့ကိုစည်သူတို့ အဖွဲ့ ဝင်တွေ အစည်းအဝေး ဂျပန်မှာ ထိုင်ပြီးနယ်စပ်မှာ ကျောင်းတွေ အများကြီး လိုအပ်နေတာကြောင့် ကိုယ့်ဘာသာကိုယ် ကျောင်းဖွင့်ပါ မိမိတို့ ကဝိုင်းဝန်းကူညီပါမယ်လို့ စကားပြန်ကြားခဲ့ကြောင်းသိခဲ့ရပါတယ်။) အဲ့ဒါတွေကိုမေးမြန်းပြီးကိုသက်လင်းကို ပြန်ရှင်းပြခဲ့ရပါတယ်။ဒါပေမဲ့ အသံတွေတိတ်မသွားခဲ့တဲ့အပြင် ဂျပန်က ကိုစည်သူနဲ့ အရင်က လုပ်ဖော်ကိုင်ဖက်တွေ ကတောင် စည်သူ နာတော့မယ် ဆိုတဲ့အသံတွေ သံသရ စိတ်တွေပွားကုန်ကြလို့  လိုက်ပြီးရှင်းပြတော့ ဂျပန်မှာတော့ အသံတိတ်သွားပေမဲ့နယ်စပ်မှာတော့ ဆူညံနေဆဲပါပဲ။

-ဂျပန်ကကိုစည်သူတို့ ရဲ့အဖွဲ့ မှာလည်းဘာဖြစ်လာသလဲဆိုတော့ ကျွန်တော်တို့ က ရိုးရိုးသားသား နဲ့  နယ်စပ်ကကလေးတွေ အတွက်တတ်နိုင်သလောက်သွားလုပ်နေတာ ကျွန်တော်တို့ ကို မယုံဘူးဆို ရင် ဒီကျောင်းကိုပိတ်လိုက်ရုံပဲရှိတယ်လို့ ဒေါသနဲ့ တုံ့ ပြန်လာကြလို့ ၊ ကျွန်တော်က ကျွန်တော့် လုပ်ဖော်ကိုင်ဖက် တစ်ဦးလည်းဖြစ် နိုင်ငံရေးဆွေးနွေးဖော်တစ်ဦးလဲဖြစ်တဲ့ ကိုစည်သူ တို့ အဖွဲ့ ကလူကို နားချခဲ့ရပါတယ်။ ဘယ်လိုနားချခဲ့ရသလဲဆိုတော့ ခင်ဗျားတို့ ဒီကျောင်းကို ပိတ်လိုက်ရင် ခင်ဗျားတို့ ရှုံးပြီ ကိုယ့်နိုင်ငံ အတွက် ရိုးရိုးသားသားနဲ့ ကိုယ်လုပ်နိုင်တာကို လုပ်နေတာ ကိုယ့်ရည်မှန်းချက်တွေမဖျက်ပါနဲ့ ၊ပိတ်လိုက်ရင် ကလေးတွေဘဲ နစ်နာမယ် သည်းညီးခံပြီးဆက်လုပ်ပါလို့ တိုက်တွန်းခဲ့ပြီးအကြံပေးခဲ့ရပါတယ်။ပြီးတော့နယ်စပ်မှာရဟန်းခံပွဲလုပ်တဲ့အခါ
ဧရာဝတီဝက်ဆိုက်နဲ့ ပူးတွဲတာဝန်ယူခဲ့တာရယ်၊ ပြီးတော့ ကေအင်ယူ က ကလေးတချို့ ကျောင်းအိပ်ကျောင်းစားလာနေသွားတာ
တွေကို ကြည့်ရင် ခင်ဗျားတို့ ကို ဧရာဝတီနဲ့  ကေအင်ယူက ယုံကြည်မှုရှိတယ်ဆိုတာကိုပြတာ ဒါကြောင့်ဆက်လုပ်ပါ ကိုစည်သူ
ကိုတော့ သွားတာလာတာဆင်ချင်ပါစေလို့ ဝေဖန်သတိပေးခဲ့ရပါတယ်။
ဒါပေမဲ့ကယ်တင်ရှင်ပေါ်လာပါတယ်။သူကတော့ ဒေါက်တာနိုင်အောင်ရဲ့ ဇနီး ဒေါ်ခင်ဥမ္မာပါ(လေးစားမှုအနေနဲ့ ဒေါ်တပ်
လိုက်တာပါ၊တကယ်တော့အသက်ခြင်းကမတိမ်းမရိမ်းပါ) ပြီးခဲ့တဲ့ ၂ လလောက်ကလို့ ထင်ပါတယ် ဒေါ်ခင်ဥမ္မာဂျပန်ကိုရောက်လာပြီးဂျပန်ကနိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ ဆွေးနွေးပွဲ တွေ လုပ်ပါတယ်။
တိုက်ဆိုင်သွားတာကဂျပန်မှာ မြန်မာ့အရေးဆောင်ရွက်နေတဲ့
ဂျပန်လူမျိုးအများစုခေါင်းဆောင်ပါဝင်ပြီးမြန်မာခေါင်းဆောင်တွေလဲပါတဲ့ PFB -PEOPLE FORUM OF BURMA အဖွဲ့ ဆိုတာရှိပါတယ်
အဲ့ဒီ PFB အဖွဲ့ မှာ ကျွန်တော်ကလဲအဖွဲ့ ဝင်တစ်ဦးပါ။ကျွန်တော်တို့ fwubc အဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက ဦးဆောင်ကော်မတီဝင်တစ်
ဦးပါ။ဂျပန်မှာ နိုင်ငံရေးအဖွဲ့ အစည်းတွေရဲ့ အစည်းအဝေးတွေကို တနင်္ဂနွေနေ့ မှာလုပ်ကြပါတယ်။ ဒေါ်ခင်ဥမ္မာနဲ့ ဂျပန်ကမြန်မာ့
နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ JAC နဲ့  တွေ့ ဆုံပွဲလုပ်တဲ့နေ့ မှာ PFB ရဲ့ နှစ်ပတ်လည်ညီလာခံကိုကျင်းပခဲ့ပြီးအဲ့ဒီ
ညီလာခံကို ဒေါ်ခင်ဥမ္မာကိုဖိတ်ကြားခဲ့ပါတယ် ။အဲ့ဒီပွဲ မှာ ဦးဆောင်ကော်မတီဝင်အဖြစ် ဘီဒီအေအဖွဲ့ ဥက္ကဌ ဦးသန်းဆွေ ကို
တိုးချဲ့ ရွေးချယ်ခဲ့ပါတယ်။ဦးသန်းဆွေက ဒေါ်ခင်ဥမ္မာရဲ့ရဲရဲတောက်ဆွေးနွေးချက်တွေကို နားထောင်ပြီးအမျိုးသမီးတွေထဲမှာ
အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီးထက်ထက်မြက်မြက်လုပ်နေတာ တွေ့ ရတာအလွန်ဝမ်းသာစရာ ဂုဏ်ယူစရာဘဲလို့ မှတ်ချက်
ချခဲ့ပါတယ်။ကျွန်တော်ကသူ့ မှတ်ချက်ကို စကားတခွန်းဖြည့်ပေးခဲ့ပါတယ် အကိုရေဒေါ်ခင်ဥမ္မာ(အဲ့ဒီတုံးကမခင်ဥမ္မာလို့ ပြောခဲ့တာပါ)
ပြောနေတာတွေက ဟောဒီပါးစပ်ကြီးနဲ့ ပြောနေတာမဟုတ်ဘူး နှလုံးသားထဲက လာတဲ့အသံတွေဒ်ါကြောင့်သူလိုငါလို ပါးစပ်ကြီးနဲ့ 
ပြောနေတဲ့လူတွေနဲ့ ဘယ်တူပါ့ မလဲလို့ ဖြည့်ပေးခဲ့ပါတယ်။
အစည်းအဝေးတုံးက ဒေါ်ခင်ဥမ္မာကစင်ပေါ်က ကျွန်တော်တို့ ကစင်အောက်က ပွဲပြီးတော့လဲ သူ့ နားမှာ လူတွေဝိုင်းဝိုင်းလည်နေလို့ 
အနားတောင်ကပ်လို့ မရပါဘူး။ ပွဲလဲပြီးရောနောက်တပွဲဆက်ဖို့ လာခေါ်သူတွေနောက်ကိုလိုက်သွားရပါတယ်။ မသွားခင်လေးမှာ
PFB ရဲ့နှစ်ပတ်လည်အကျဉ်းချုံးပါတီကလေးတခုလုပ်မှာဖြစ်လို့  တက်နိုင်ရင်တက်ပေးပါလို့  PFB ကဒေါ်ခင်ဥမ္မာကိုဖိတ်ခဲ့ပါတယ်။
သူနဲ့ စကားပြောခွင့်ကြုံချင်တော့ကျွန်တော့်ကို fwubc အဖွဲ့ ဥက္ကဌ ဦးတင်ဝင်းကရော ဘီဒီအေ အဖွဲ့ ဥက္ကဌ ဦးသန်းဆွေကပါဒီပါတီကိုလိုက်ဖို့ ခေါ်လို့ ကျွန်တော်လိုက်သွားခဲ့ပါတယ်။
အဲ့ဒီမှာကျွန်တော်နဲ့  ဘီဒီအေဥက္ကဌဦးသန်းဆွေ တို့ အုပ်စုကဓါတ်လှေကားစောင့်နေရလို့ နောက်ကျသွားလို့ လွတ်တဲ့နေရာ
ဝင်ထိုင်တဲ့အခါကျွန်တော်ရယ် ဦးသန်းဆွေရယ်ဟာ PFB ဥက္ကဌ နာဂအိဆင်းဆေးနဲ့  ဆရာဦးရွှေဘ -တာနာဘေးစံ တို့ ကြားထဲ
ရောက်သွားပါတယ်။ပါတီပွဲပြီးခါနီးမှာ ဒေါ်ခင်ဥမ္မာရောက်လာပါတယ်။နေရာလွတ်ကကျွန်တော်တို့ ရှေ့ (ဝါတာနာဘေးဆင်းဆေး
ရှင်ကန်းဆင်မမီမှာစိုးလို့ စောစောထပြန်သွားလို့ နေရာလွတ်သွားတာပါ)တဲ့တဲ့ဖြစ်နေတော့ ကျွန်တော်လဲဒေါ်ခင်ဥမ္မာကို
ကျွန်တော့်နာမယ်ပြော အဖွဲ့ ကို မိတ်ဆက်ပြီးကိုစည်သူတို့ ကိစ္စကို ရှင်းပြလိုက်ပါတယ်။
(၁) ကိုစည်သူတို့ အဖွဲ ရဲ့ ကျောင်းဖွင့်တဲ့ကုန်ကျစရိတ်ကို ဂျပန်မှာရှိတဲ့အဖွဲ့ ဝင်တွေရဲ့လစာငွေထဲက စုပေါင်းထည့်ဝင်ခြင်းဖြစ်
ကြောင်း ဘယ်အဖွဲ့ အစည်းဆီကမှ ထောက်ပံ့ကြေးယုနေတာမဟုတ်ကြောင်း။
(၂)ကိုစည်သူဟာ ကျွန်တော်တို့ ရဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်ကြောင်း သူ ဟာ နအဖလူလို့ သံသရဖြစ်နေကြတာမဟုတ်ကြောင်း
ကျွန်တော့်အနေဖြင့်တာဝန်ယူကြောင်းပြောကြားခဲ့ပါတယ်။
ဒေါ်ခင်ဥမ္မာကကိုသက်လင်းကို လှမ်းဖုန်းဆက်ပြီးတိုင်တဲ့ပုဂ္ဂိုလ်ရဲ့နာမယ်ကို ကျွန်တော်ကပြောလိုက်တဲ့အခါ သူဟာကျွန်မတို့ ရဲ့
အမာခံလုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်လို့ မဲဆောက်ကိုပြန်ရင် သေသေချာချာရှင်းပြပေးပါမယ်လို့ ကတိပေးပြီး ကျွန်တော့်ရဲ့
မဲရှိ -Name Card တောင်းလို့ ပေးလိုက်ပါတယ်။ဒေါ်ခင်ဥမ္မာပြန်သွားပြီးဘယ်လိုဖြေရှင်းပေးလိုက်လဲတော့မသိပါဘူး အခုတော့
အသံတွေတိတ်သွားပါပြီ၊ ဒေါ်ခင်ဥမ္မာကို အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။
အဲ့ဒီတုံးကကျွန်တော့်မျက်စောင်းထိုးမှာထိုင်နေတဲ့ ဆရာဦးရွှေဘက ကျွန်တော်ကကိုစည်သူ့ အကြောင်းရှင်းပြအပြီးမှာ
လက်ညိုးနဲ့  လက်မဝိုင်းပြပြီး(ဂျပန်လူမျိုးတို့ ရဲ့ good ဆိုတဲ့ အမှတ်အသားပါ) ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးခဲ့တာကိုလဲမှတ်တမ်း
တင်လိုက်ပါရစေ။
သူကလဲကိုစည်သူ့ အကြောင်းကောင်းကောင်းသိတဲ့လူတယောက်လေ။

နိဂုံးအနေနဲ့ အခုရေးပြီးသမျှကို ခြုံပြီးပြောရရင် ကိုဇော်ဝင်းထွဋ် ပွဲကို သွားပြီးဆန္ဒပြ ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များ ဒီဆောင်းပါးကို ဖတ်ပြီး ပြသင့် မပြသင့် စဉ်းစားဆင်ချင်တုံတရားရှေ့ထားပြီး ဆုံးဖြတ်ကြပါလို့ ပြောကြားရင်းနိဂုံးချုပ်ပါတယ်။

လေးစားစွာဖြင့်-

ဘုန်းလှိုင်-FWUBC

Rest of your post

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */