မြန်မာစစ်သင်္ဘောတွေ ဘာကြောင့်ဆုတ်ရသလဲ

Thursday, November 6, 2008 ·

သတင်းထောက် ဟန်တင်အောင် ခေတ်ပြိုင် | ဘင်္ဂလားဒက် မြန်မာအငြင်းပွားနေသည့်ရေပိုင်နက်မှ မြန်မာ စစ်သင်္ဘောများ ရုတ်တရက် ဆုတ်ခွာ သွားသော်လည်း မည်သည့်အကြောင်းကြောင့် ဆုတ်ခွာရသည်ကို မြန်မာစစ်အစိုးရဘက်မှ ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။ သို့သော် စစ်သွေးကြွနေသည့် မြန်မာစစ်အစိုးရ ဦးကျိုးရသည့် အကြောင်းရင်းကို စိစစ်ကြည့်ရန်လိုသည်။

အငြင်းပွားသည့်နေရာသည် ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်း အနောက်တောင်ဘက် ရေမိုင် ၅၀ ခန့်တွင်ဖြစ်သည်။ ထိုနေရာတွင် ရေနံရှာဖွေရေး ပဏာမလုပ်ငန်းဖြစ်သည့် ဟိုက်ဒရို ကာဘွန် ရှာဖွေရေး လုပ်ငန်းများကို ဒေးဝူးကုမ္ပဏီ သင်္ဘောများက လုပ်ကိုင်နေပြီး မြန်မာ ရေတပ် သင်္ဘော နှစ်စင်းက ကာကွယ် ပေးထားသည်။

မြန်မာဘက်က ရေနံရှာဖွေနေသည့်နေရာသည် ဘင်္ဂလားဒက်နိုင်ငံ ရေပိုင်နက်မှာဖြစ်သည့်အတွက် မြန်မာဘက် က ကျူးကျော်သည်ဟု စွပ်စွဲသည်။ မကြာခင် ဘင်္ဂလားဒက်နိုင်ငံမှ ရေတပ်သင်္ဘော လေစီး လွှတ်လိုက်သည်။ မြန်မာဘက်ကလည်း ဆက်ရှာဖွေမည်ဆိုပြီး အခြေအနေ တင်းမာနေစဉ် မြန်မာ ရေနံ ရှာဖွေရေး သင်္ဘောများ မြန်မာစစ်သင်္ဘောများ ရုတ်တရက် အချင်းဖြစ်သည့်နေရာမှ ဆုတ်ခွာသွား ခြင်းဖြစ်သည်။

အကယ်၍ မြန်မာနှင့် ဘင်္ဂလားဒက်နိုင်ငံ ၂ နိုင်ငံ ဘင်္ဂလားပင်လယ်အော်ထဲရှိ ရေပိုင်နက် အငြင်းပွားသည့် နေရာတွင် ပစ်ခတ်မှု ဖြစ်မည်ဆိုလျင် ၂ နိုင်ငံလုံး၏ ရေတပ်အင်အားကို ထဲ့တွက်ရန်လိုသည်။

မြန်မာရေတပ်တွင် စစ်သည်အင်အား ၁၆၀၀၀ ရှိပြီး ဘင်္ဂလားဒက်ရေတပ်တွင် စစ်သည်အင်အား ၂၈၀၀၀ ရှိသည်။ ရာခိုင်နှုန်းနှင့်ပြောရလျင် မြန်မာရေတပ် စစ်သည်အင်အားက ဘင်္ဂလားဒက် ရေတပ်စစ်သည် အင်အားထက် ၄၃ ရာနှုန်း နည်းနေသည်။

မြန်မာရေတပ်တွင် တိုက်ရေယာဉ်အသေးစား ၄စီး၊ ကမ်းလွန်ကင်းလှည့်စစ်ရေယာဉ် ၃ စီး၊ ကမ်းရိုးတန်း ကင်းလှည့် စစ်ရေယာဉ် ၁၂ စီး၊ ကမ်းတိမ် စစ်ရေယာဉ် ၆ စီး၊ မြစ်ကြောင်းကင်းလှည့်စစ်ရေယာဉ် ၃၆ စီး၊ စက်သေနတ်တင်ရေယာဉ် ၂၁စီး သာရှိသည်။

ဘင်္ဂလားဒက်ရေတပ်ကိုကြည့်လျင် မြန်မာရေတပ်ထက် ပိုခေတ်မှီ၏။ စစ်သင်္ဘောအင်အား လက်နက် အင်အားသာလွန်၏။ အထူးသဖြင့် ဒုံးကျည်တပ် လျှပ်တပြက် တိုက်ရေယာဉ်များတွင် ယခင် ဆိုဗီယက် နိုင်ငံထုတ် လက်နက်ကို တရုတ်ပုံစံပြောင်းထားသည့် ၀၂၁ Huangfeng ဒုံးကျည်များပါသည်။ ၀၂၄ Hegu class, Hoku class, Hogu class, Hougu class and Houku class စသည့် ဒုံးကျည်တပ် ရေယာဉ်များလည်း ပါသည်။ တရုတ်နိုင်ငံလုပ် တော်ပီဒို ဒုံးကျည်တပ် လျှပ်တပြက်တိုက်ရေယာဉ်များရှိသည်။

ထို့ကြောင့် ဘင်္ဂလားပင်လယ်အော်တွင်း ရေတပ်အင်အားချင်း ယှဉ်ပြိုင်လျင် မြန်မာရေတပ် အရေးနိမ့်ဖို့ များသည်။ ရေတပ်အင်အားချင်း မယှဉ်နိုင်သည့်အတွက် မြန်မာစစ်သင်္ဘောများ ဆုတ်ပေးသလားဟု စဉ်းစားရန်ရှိသည်။

သို့သော် မြန်မာစစ်သင်္ဘောများ ဆုတ်ပေးချိန်သည် မြန်မာဘက်က ရေပိုင်နက်ကျူးကျော်သည့်ကိစ္စ တရုတ်ကို ဘင်္ဂလားဒက်အစိုးရက ပြောပြီးချိန်နှင့်တိုက်ဆိုင်နေပြန်သည်။ ထို့ကြောင့် တရုတ် ဘင်္ဂလားဒက် ကာကွယ်ရေးဆက်ဆံမှုအပိုင်းကိုပါ ဆန်းစစ်ကြည့်ဖို့လိုလာသည်။

၂၀၀၂ ခုမှစတင်ပြီး တရုတ် ဘင်္ဂလားဒက် ကာကွယ်ရေး ဆက်ဆံမှု စတင်ခဲ့သည်။ ၂၀၀၆ ခုတွင် ဘင်္ဂလားဒက် ရဲများသုံးဖို့ ပစ္စည်းများကို တရုတ်ကလှူဒါန်းသည်။ မကြာခင် ဘင်္ဂလားဒက်သည် တရုတ်ထံမှ အက်-၇ တိုက် လေယာဉ် ၁၆ စီး ၀ယ်ခဲ့သည်။ ဘင်္ဂလားဒက်ရေတပ်မှ စစ်ဘောင်္များ လက်နက်များ အများစုမှာ တရုတ်နိုင်ငံမှ ၀ယ်ယူထားခြင်းဖြစ်သည်။

ကုန်သွယ်ရေးအပိုင်းကကြည့်လျင်လည်း ၂၀၀၂ ခုတွင် တရုတ်မှဝယ်သည့် သွင်းကုန်တန်ဘိုးက အမေရိကန်ဒေါ်လာ ၆၄သန်းကျော်ရှိပြီး ဘင်္ဂလားဒက်မှ တရုတ်ကို တင်ပို့နိုင်သည့်တန်ဖိုးက ဒေါ်လာ ၁၉ သန်းသာရှိသည့်အတွက် ဘင်္ဂလားဒက်က ကုန်သွယ်ရေးလိုငွေပြခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဘင်္ဂလားဒက် တရုတ် ကုန်သွယ်မှုပမာဏက ဒေါ်လာ သန်းနှစ်ထောင်နီးပါး တက်လာသည်။ ၂၀၀၅ ခုနှစ်တွင် တရုတ်သည် ဘင်္ဂလားဒက်နိုင်သို့ အများဆုံး ကုန်စည်တင်ပို့သည့်နိုင်ငံဖြစ်လာသည်။

သဘာဝဓါတ်ငွေ့ရှာဖွေရေးအပိုင်းမှာလည်း ဘင်္ဂလားဒက်နိုင်ငံတွင်း တရုတ်လုပ်ကိုင်ဖို့ ဘင်္ဂလားဒက်က ခွင့်ပြုထားခဲ့သည်။ ထို့ပြင် စစ်တကောင်းဆိပ်ကမ်းကိုပါ တရုတ်ရေတပ်သင်္ဘောများ ဆိုက်ကပ်ခွင့် ဘင်္ဂလားဒက်အစိုးရက ပေးခဲ့သည်။ ထိုအခွင့်အရေးကို အိန္ဒိယက လိုချင်သော်လည်း မရခဲ့ပေ။ မြန်မာနိုင်ငံမှ ၀ယ်မည့် ဓါတ်ငွေ့ကို သယ်ယူရာတွင် စစ်တကောင်းဆိပ်ကမ်းသည် အိန္ဒိယအတွက် အလွန်ရေးပါသည်။ သို့သော် အိန္ဒိယကို ဘင်္ဂလားဒက်က မျက်နှာသာမပေးခဲ့။ ထို့ကြောင့် ဘင်္ဂလားဒက်သည် တရုတ်နိုင်ငံအတွက် မြန်မာကဲ့သို့ အရေးပါသည့်နိုင်ငံဖြစ်နေသည်။

စီးပွားရေးရှုထောင့် ကာကွယ်ရေးရှုထောင့်တို့မှကြည့်လျင် ဘင်္ဂလားဒက် မြန်မာ ၂ နိုင်ငံလုံးသည် တရုတ်၏ ဖောက်သည် ၂ နိုင်ငံဖြစ်နေသည်။ မည်သည့်နိုင်ငံမျှ တရုတ်သြဇာနှင့် မကင်း။ မြန်မာ့နိုင်ငံရေး ပြေလည်ဖို့ အတွက် ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံကပင် တရုတ်ကို မေတ္တာရပ်ခံနေရသလို ဘင်္ဂလားဒက် ကိုကြည့်လျင်လည်း တချိန်က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုင်ဝမ်ရုံး ဖွင့်ခွင့်ပေး သည်ကို တရုတ်နိုင်ငံ မျက်ထောင့်နီသွားသဖြင့် ထိုင်ဝမ်ရုံးအမြန်ပိတ်ပြီး ၀န်ကြီးသစ်လဲပေးခဲ့ရသည်။

စင်စင် ဘင်္ဂလားဒက်နှင့် မြန်မာဖြစ်သည့် ပြဿနာသည် နှုတ်ခမ်းပဲ့ခြင်း မီးမှုတ်သည့်ကိန်းထက်မပို။ တရုတ်က မျက်နှာရိပ်ပြလိုက်သည်နှင့် မြန်မာစစ်အစိုးရ တင်ပါ့ဘုရားဖြစ်သွားရသည်။ တရုတ်က ငါးခြောက်ဆိုသည့် မြန်မာစစ်အစိုးရက ဖုတ်ပြီးသားပါဟု ပြောရသည့် အခြေအနေမျိုးထက် မပိုပေ။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */