မြို့တော်ရန်ကုန်တွင် တက္ကဆီ အုံနာစရိတ်တက် တက္ကဆီမောင်းသမားများ တွက်ခြေမကိုက်

Wednesday, August 27, 2008 ·

သတင်း NEJ ခေတ်ပြိုင် | အုံနာကြေးများ ပိုမိုမြင့်မားလာပြီး အထွေထွေစရိတ်တက်လာသည့်အတွက် တက္ကဆီ ငှားစီးနိုင်သူ နည်းလာ သဖြင့် မြို့တော်ရန်ကုန်မှ တက္ကဆီမောင်းသူများ တွက်ချေမကိုက် ဖြစ်နေ ကြသည်။

“အရင်က အုံနာကြေးက အလွန်ဆုံးကျပ် (၁) သောင်းပဲရှိတယ်။ အခု တနေ့ကို ကျပ် (၁၃,၀၀၀) ပေးရတယ်။ မောင်းကြေးကလည်း အရင်လိုမရဘူး။ အခုက (၂) သောင်းဝန်းကျင်ပဲ ရတော့တာ။ အိမ်စားရိတ်က တနေ့ကို (၅,၀၀၀) လောက်ရှိတယ်။ မိသားစုစားဝတ်နေရေးက တက္ကဆီမောင်းရုံ နဲ့ မလောက်တော့ဘူး” ဟု စီတီးတက္ကဆီ မောင်းသူတဦးက ပြောသည်။

အစိုးရက တက္ကဆီမောင်ကြေး တနှစ်စာအတွက် ငွေကျပ် (၄) သိန်းကို အခွန်ကောက်ခံသည့်အပြင် ယခုနှစ်တွင် ငွေကျပ် (၂) သိန်းဖြင့် မတတ်မနေရ မီတာကိုပါတတ်ခိုင်းသဖြင့် ၀င်ငွေပိုမိုထိခိုက်စေ သည်ဟု တက္ကဆီမောင်းသူများက ပြောသည်။

ယခုအခါ ရန်ကုန်တွင် တက္ကဆီကားအရေအတွက်များလာပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ကလည်း တက္ကဆီကားပြောင်းလဲခွင့်များ အကန့်အသတ်မရှိ ချပေးနေကြောင်း လွန်ခဲ့သော (၁၀) နှစ်ခန့် ကတည်းက တက္ကဆီမောင်းနှင်လာသူတဦးက ပြောသည်။

၎င်းက “ကညန ကလည်း လာသမျှကားနံပတ်အနက်တွေကို အနီပြောင်းပေးတယ်။ အနီပြောင်း ပေးရင် သူတို့ပိုက်ဆံရတယ်။ ဒီတော့ကားက စီးရေများလာတယ်။ လူတွေကတော့ စီးပွားရေး မကောင်း ဖြစ်လာတယ်။ တက္ကဆီ စီးနိုင်သူ ရှားလာတယ်။ မဖြစ်မနေ စီးရမယ့်အနေအထားမှ စီးလာကြတော့ တက္ကဆီသမားတွေ မကိုက်တော့ဘူးပေါ့” ဟု ပြောသည်။

လွန်ခဲ့သည့် (၁၀) နှစ်ခန့်က ကားတာယာတလုံးလျှင် ကျပ် (၂) သောင်းကျော်၊ ယခု ကျပ် (၈) သောင်းကျော် ဖြစ်နေကြောင်း၊ ကားအောက်ပိုင်းတခါပြင်လျှင် ယခင် ကျပ် (၃) သောင်းခန့်မှ ယခု ကျပ် (၁) သိန်းဝန်းကျင် ကုန်ကျကြောင်း ၎င်းကဆက်ပြောသည်။

“ဒါတောင် အခုတာယာနဲ့ ကားအောက်ပိုင်း ခိုင်ခန့်မှုတွေဟာ အရင်က (၁) နှစ်ခံတယ်၊ အခု(၆) လ၀န်းကျင်ပဲ၊ ဘာလို့လည်းဆိုတော့ လမ်းတွေက အပေါက်တွေ ချိုင့်တွေနဲ့ ကွေ့ရပတ်ရ ရှောင် မောင်းရတာ၊ ကားကအရမ်းနာတယ်။ ကြာလာတော့ တက္ကဆီသမားတွေ အထိနာလာကြတာပေါ့” ဟု၎င်းက ပြောသည်။

ရန်ကုန်တွင် စီးတီးတက္ကဆီများမှာ အရေအတွက် (၂) သောင်းကျော်ရှိပြီး စီအန်ဂျီဓာတ်ငွေ့သုံး ပြောင်းပြီးသား (၈၀၀၀) ကျော်ရှိကြောင်းသိရသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */