ကာယကံရှင်များနှင့် မြန်မာအသိုင်းအ၀ိုင်းက စင်္ကာပူအစိုးရသည် မြန်မာစစ်အစိုးရကို ဝေဖန်သည့် နိုင်ငံရေးအယူအဆရှိသူများကို ၎င်းတို့မြေပေါ်တွင် လက်ခံမထားလိုသည့် သဘောထား ဖြစ်သည်ဟု ဆုံးဖြတ်ထားကြသည်။ ထိုကဲ့သို့ စာရင်းနှင့် တရားဝင်ထုတ်ဖော်ပြောဆိုသူမှာ ထို ၆ ဦးဆိုသော်လည်း မြန်မာနိုင်ငံသား ၅၀ ကျော်ကို စင်္ကာပူအစိုးရက ပြည်တွင်းမှ တပြိုင်နက်တည်း နှင်ထုတ်ခဲ့နိုင်ကြောင်း၊ ထိုသူတို့မှာ သတင်းဖြတ်တောက်ခံရမှု၊ ခြိန်းခြောက်ခံရမှု၊ အချိန်ကန့်သတ်မှုတို့ကြောင့် သတင်းထုတ်ပြန်ရန် အချိန်မမီဖြစ်ခဲ့ရသည်ဟု နီးစပ်သူအသိုင်းအ၀ိုင်းက မှတ်ချက်ပေးသည်။
ဧည့်နိုင်ငံတခုတွင် မိမိ နိုင်ငံရေး သို့မဟုတ် ဘာသာရေး ယုံကြည်ချက်များကြောင့် အနှင်ထုတ်ခံရသူတဦးသည် မိခင်နိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက်လည်း အသက်အန္တရာယ် သို့မဟုတ် မတရား ဖမ်းဆီးနှိပ်စက် အကျဉ်းချခံရခြင်းတို့ကို စိုးရိမ်နေရပါက တတိယနိုင်ငံတခုတွင် ဖွင့်လှစ်ထားသော ကုလ ဒုက္ခသည် ရုံးခွဲများသို့ ၀င်ရောက် အကူအညီတောင်းနိုင်ကြောင်း၊ ထိုသို့သော နိုင်ငံရေး စစ်ရေး ဒုက္ခသည်များ ကို လူသားချင်း စာနာထောက်ထားပြီး ကူညီစောင့်ရှောက်ရန် ယူအင်အိတ်ခ်ျစီအာရ်ဟု ခေါ်သည့် လုပ်ငန်းဌာနများကို ကုလသမဂ္ဂကြီးက ဖွင့်ထားကြောင်း အမေရိကန်အခြေစိုက် မြန်မာသတင်းစာ သမားတဦး က အကြံပေးသည်။
စင်္ကာပူနိုင်ငံတွင် ကုလဒုက္ခသည်များ ခိုလှုံရန်ရုံးဌာန မရှိဟု သိရသည်။ နိုင်ငံရေး စစ်ရေး ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ရန် သဘောတူစာချုပ်ကိုလည်း စင်္ကာပူ အစိုးရက လက်မှတ်ထိုးထားခြင်း မရှိဟု ဆိုသည်။ အနီးဆုံးမှာ မလေးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားတို့တွင် ကုလဒုက္ခသည် ရုံးခွဲများ ရှိသည်။









0 ရဲ့ အမြင်:
Post a Comment