ပြေးဖို့ ကြံနေတဲ့ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း

Monday, August 25, 2008 ·

ချစ်စွာသော Bloggers တို့  ကျော်ဆန်းဟာ နိင်ငံရေးခိုလှုံဖို့ ရောဘတ်တောလာနဲ့ တိုင်ပင်ခဲ့တယ်လို့  သတင်းကြားတယ်။ ရောဘတ်တေလာဆိုတာက နေ၀င်းလက်ထက်ကတည်းက စစ်တပ်ကို မျက်နာချို သွေးနေတဲ့ ဗြိတိသျလူမျိုး ပါမောက္ခာ ငကြောင်တဦးပါ။ သူကခပ်ခြောက်ခြောက်ဆိုတော့ စစ်ဗိုလ်တွေနဲ့  တရုံးရုံးနေရာတာ ကိုက Enjoy ဖြစ်နေတာ မဆန်းပါဘူး။

စစ်တပ်ကပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးနေတယ်ဘယ်နဲ့ ညာနဲ့ ဆိုတာ အာသက်သက်ခြောင် နေတာသာ ဖြစ်ပါတယ်။ သူဟာ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဘာတခုမှာ စိတ်ဝင်စားလှတဲ့ သူတယောက် မဟုတ်ပါဘူး။အခုသူရေးနေတဲ့စာအုပ်ကိုပဲကြည့်ပါ - နေ၀င်းနဲ့ မောင်မောင်တို့ ရဲ့ အထုပတိကိုရေးပါတယ်။ နောက်ချီးပုံကိုရွေချနေတဲ့ ပညာရှင်ကြီးမျှသာဖြစ်ပါတယ်။ ကျနော်က နောက်ချီးပုံ လို့ ပြောတာ လွန်တယ်လို့ မထင်ပါနဲ့  နေ၀င်းတပည့် တွေဖြစ်တဲ့ သန်းရွေတို့ မောင်အေးတို့ ကတောင်နေ၀င်းကို သမိုင်းကို မြေမြုပ် သဂြိုလ် နေပါပြီ ဆိုတာတောင်မှ သူကမရိပ်မိနိင်ဖြစ်နေပါတယ်။ ဒါလား မြန်မာ ရေးရာကျွမ်းကျင်သူ ပညာရှင်ကြီး လားလို့ မေးလိုက်ခြင်ပါတော့တယ်။ ဒါပေမဲ့  နေ၀င်းကလည်းသေ၊ခင်ညွန့် ကလည်း ထောင်နန်းစံ ရတော့ တပည့် ငတ်နေတဲ့ ရောဘတ်ကြီးဟာ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းနဲ့  ဓတုံး နဲ့ ခရမ်းသီးပိန် တွေ့ ကြတော့တာပါပဲ။ ကျော်ဆန်းကလည်း တဖက်မှာ ဒေါ်စုကိုဆဲပြ၊ ဒီမိုကရေစီအင်အားစုတွေကို အပုတ်ချပြ ပြီး သန်းရွေ ကို ဖေါ်လံဖား လုပ်နေရပေမဲ အခြေအနေ မကောင်းဘူး ဆိုတာကို တစတစသိလာပုံ ရတယ်။ ပြန်ကြားရေး ၀န်ကြီး ဆိုတော့ တခြား ဗိုလ်ချုပ်တွေထက်စာရင် သတင်းပုလင်းစုံတယ်မဟုတ်လား စစ်အစိုးရ ဆိုပေမဲ့ ဥရောပနိင်ငံ တွေကိုလည်းသွားလို့ မရ၊ အမေရိကန်ဆိုတာခြေဦးတောင်မလှည့် ရဲ ဒီကြားထဲ ဆူဒန်က သမ္မတ အိုမာလဲ ဘာရှား- Omar al-Bashir ကနိင်ငံတကာတရားရုံးမှာ တရားစွဲခံထားရပြီ ။ Global Justice Center ကလည်း ဗိုလ်ချုပ်သန်းရွေနဲ့ နအဖ စစ်ခေါင်းဆောင်တွေကို တရားစွဲဖို့ ပြင်ဆင်နေတယ်။ အဆိုးဆုံးက သန်းရွေက တစတစ မန်ကျီးရွက် တွေလေတိုက်လေရင့်လေ ဆိုသလို နေစဉ်နဲ့ အမျှ ဇရာထောင်း လာတဲ့ ပြသာနာ ဖြစ်တယ်။ ရှေ့ ကလူတွေ ဖြစ်တဲ့ နေ၀င်း၊ စောမောင်၊ ခင်ညွန့် တို့  သမိုင်းကြောင်းမလှ ဇတ်သိမ်း မလှတာတွေ ကလည်း သူအဖို့ သွေးလေခြောက်ခြားစရာဖြစ်နေတယ်။ သန်းရွေသေရင်-။

မတွေးဝံစရာကောင်းတဲ့ ဘ၀ က တွေးလေ သွေးပျက်စရာကောင်းလေပဲမဟုတ်လား။ သူအကြောက်ဆုံးက ဘယ်သူတွေလဲ လို့ မေးရင်တော့ တခြား မဟုတ်ရပါလား။ သူလိုယူနီဖေါင်းဝတ်ထားတဲ့ ဗိုလ်ချုပ်တွေ ထဲက အဏာရလာမဲ့သူပဲဖြစ်တယ်။ ကျူပင်ခုတ်ကျူငုတ်မကျန်ထားတဲ့ စစ်ဗိုလ်တွေရဲ့ ရာဇ၀င်မှာသူအတွက် အနာဂတ်မလှတော့ပါဘူး။ ဒါကြောင့်တဖက်က ဒေါ်စု၊ ကျောင်းသားခေါင်းဆောင်တွေ ကို ကာယကံဝဇီက မနောကံတွေနဲ့ ဒလဇတ်ပြစ်မှား၊ တဖက် မှာလည်းသန်းရွေကို အရှက်မရှိဖေါ်လံဖါးထားတဲ ဘကုန်း ခြောက်လုံး တောင်မသိတဲ့ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းဟာ ခွေးငတ်ချီးပုံတွေ့ တော့တာပါပဲ။ချီပုံကတော့ ရောဘတ်တေလာပါ။ သူက ရောဘတ်တေလာကို ယူကေမှာ ( အင်္ဂလန်မှာ ) နိုင်ငံရေး ခိုလုံရင် ဘယ်လို လုပ်ရသလဲလို မေးမြန်း နေပါကြောင်း ဖေါ်ပြလိုက် ရပါတယ်။ အင်္ဂလန် မှာ နိုင်ငံရေးခိုလှုံရင်တော့ ဘယ်လိုလုပ်ရတယ်ဆိုတာကို ကျနော်တို့ မသိပေမဲ့  အမေရိကန် မှာ နိင်ငံရေးခိုလှုံခြင်ရင် တော့ http://www.immihelp.com/gc/asylum.html ကို သွားနိင်ပါတယ်လို့  ဗိုလ်ချုပ်ကျော်ဆန်းကို မေတ္တာရှေ့ ထား သတင်းကောင်းပါးပါရစေ-
http://komoethee.blogspot.com/2008/08/blog-post_7371.html မှ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */