ရန်ကုန် သြဂုတ်- ၃၁ | ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုနအဖ က မတရားကန် သတ် ချုပ်ချယ်မှုတွေ လုပ်လာပါတယ်။ ဒါကြောင့်ဒေါ်စုက စတင်လှုပ်ရှားလာတဖြစ်ပါတယ်။ ဘာတွေကန့် သတ်လာလဲ ။ ဒေါ်ခင်ဝင်း ကို အပြင်ထွက်ခွင့် ဆွေမျိုးသားခြင်းတွေနဲ့ တွေ့ ဆုံခွင့်ကို နအဖ က ပိတ်ပင်လာတယ်။ ဒေါ်ခင်ဝင်း ဆိုတာ ကတော့ ဒေါ်စုနဲ့ အတူရှိနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒေါ်စုအိမ်မှာဒေါ်စုနဲ့ အတူ အမျိုးသမီးအဖေါ် ၂ ဦး၊ စုစုပေါင်းသုံးဦးဖြစ်ပါတယ်။ သူတို့ သုံယောက်ကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးမှုတွေကို နအဖက လုပ်နေပါတယ်။ ကိုမြင့်စိုးက သူတို့ သုံးယောက်ကို နေစဉ်ထမင်းစားစရာတွေကို ပို့ ပေးပါတယ်။
ဒေါ်ခင်ဝင်းက ထွက်ယူရသူဖြစ်ပါတယ်။အခုအခါမှာ နအဖ က ဒေါ်ခင်ဝင်းနဲ့ ကိုမြင့်စိုးထံမှ ထမင်းချိုင့် ကိုတိုက်ရိုက် ယူဆောင်ခွင့် မပြုတော့ပဲ ဒေါ်စုအိမ်မှာချထားတဲ့ လုံခြုံရေးအစောင့်တွေကမှတဆင့် ယူဆောင် လာရတဲ့ အနေထား ဖြစ်လာပါတယ်။ ဒေါ်စုထံမှအမှာစကားများကိုလည်း အစောင့်တွေမှတဆင့် ဖြတ်သန်းရ သလိုဖြစ်လာပါတယ်။ ဒေါ်စုထမင်းချို င့်က ဒေါ်ခင်ဝင်းထံကို တိုက်ရိုက်မရောက်တော့တဲ့အတွက် နအဖမှ ဒေါ်စုအသက်ကို လုပ်ကြံနိင်တဲ့ အနေထားလဲ ဖြစ်လာနိင်ပါတယ်။
ဒါကြောင့်ဒေါ်စုက နဖအ ကိုတောင်းဆိုချက်တချို့ ကိုပြုလုပ်လာပါတယ်။ ဒါတွေကတော့
၁- ရှေ့ နေဦးကြည်ဝင်းနှင့် တွေ့ ခွင့်ပြုရန် - သူမကို မတရား ဖမ်းဆီးထားမှုကို တရားဥပဒေနဲ့ မညီတဲ့အတွက် ကန့် ကွက်ဆန္ဒပြလာပါတယ်။
၂- ဒေါ်ခင်ဝင်းကို ဆေးဝါးကုသခွင့် နဲ့ ဆွေမျိုးများနဲ့ တွေ့ ဆုံခွင့်ကိုပေးရန်
၃- အင်တာနက်သုံးစွဲခွင့်ပြုရန် ( ဒေါ်စုမှာလေဒီယိုအဟောင်းလေးတလုံးသာရှိပါတယ်။
သတင်းစာမရ၊ တယ်လီဗေးရှင်းမရှိပါ။ တယ်လီဖုန်းမရှိပါ။ )
( မန်ဒဲလား ရောဘင်ထောင်တွင်ကျနေစဉ်မှာ တယ်လီဖုန်း- Fax စာအုပ်ဖတ်ခွင့်များရနေပါတယ်။ မန်ဒဲလားမွေးနေ့ ပွဲကိုပင် ထောင်နပ်စ်မများက ပြုလုပ်ပေးကြပါတယ်။ )
ဒေါ်အောင်ဆန်းစုကြည်ကသူတောင်းဆိုချက်တွေ ကိုမလိုက်လျောဘူးဆိုရင် ထမင်းပို့ နေတာတွေကို လက်မခံတော့ပဲ စတင်တိုက်ပွဲဝင်လိုက်ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး၊ နောက်ဆုံး ဘာဖြစ်နေလဲဆိုတဲ့အခြေအနေတွေကို ကျနော်တို့ ဘာသတင်းမှာ အတိအကျရပဲဖြစ်နေပါတယ်။ သူမ နဲ့  သူမရဲဘော်အမျိုးသမီး ၂ဦးအတွက်ကျနော်တို့ အထူးစိုးရိမ်နေမိပါတယ်။
ညီအကိုမောင်နှမအပေါင်းတို့  ဒီနေ့ အထိ ဒေါ်စု တိုက်ပွဲ ဟာ အာဏာဖီဆန်ရေး အတွက် တပ်လှန့် လိုက်တဲ့ အမြောက်သံဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့  0ne Voice- One Goal – တသံထည်း - ရည်မှန်းချက် တခုတည်း စတင်တိုက်ပွဲဝင်ကြပါစို့ ။
ကိုမိုးသီးဇွန် ဘလော့ဂ် မှ ပြန်လည်မျှဝေပါသည်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ တိုက်ပွဲခေါ်သံ
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment