ဒဂုံ တက္ကသိုလ် ကျောင်းသားများ ရဲ့ လှုပ်ရှားမှု

Tuesday, July 29, 2008 ·

ရက်စွဲ။ ။ 28-7-2008အကြောင်းအရာ။ ။

ကျောင်းဝင်းအတွင်း မလိုလားအပ်သော စည်းကမ်းများအား အတင်းအကျပ် လိုက်နာခိုင်း နေခြင်း များအား တားဆီး ပါယ်ဖျက်ပေးပါရန် တင်ပြခြင်း။


အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ကျောင်းဝင်းအတွင်းကျောင်းသားကဒ်မချိတ်ပါက ” နောက်နောင် ကျောင်းသားကဒ်ချိတ်ပါမည်၊ ပါမောက္ခမှခေါ်ယုဆုံး မပြီးဖြစ်ပါ သည် ဟု ကိုယ်တိုင်ရေးသား ခံ ၀န် လက်မှတ်ရေးထိုးခိုင်းခြင်း၊ အကယ်၍့ ကျောင်းသားကဒ် မချိတ်ဆွဲပါက အဆောင်ထဲသို့  ပေးမ၀င်ခြင်း။ ၄င်းအပြင် ကျောင်းအတွင်း အနက်ရောင်ပါသော အ၀တ်အစား မ၀တ်ရဟု စည်းကမ်း ထုတ်ခြင်း အကယ်လို့ ဝတ်ဆင်မိပါက ကျောင်းအတွင်းသို့ ပေးဝင်သော်လည်း အဆောင်အ တွင်း ပေးမ၀င်ပဲ စာသင်ယူခွင့် ကိုပိတ်ပင်တားဖြစ်နေခြင်း။စသည့် စည်းကမ်းချက်များသည် ကျတော်တို့  တက္ကသိုလ် ကျောင်းသားများ အတွက် မလိုလားအပ်သော စည်းကမ်းချက်များဖြစ်သည် ဟု ကျတော်တို့အနေဖြင့် သုံးသပ်မိပါသည်။ သရုပ်ပျက် အ၀တ်အစားများ ၀တ်ဆင်ခြင်းမပြုရဆိုသည့် စည်းကမ်းကို ကျောင်းသားအများစုမှ လက်ခံနိုင်ဘွယ်ရာ ရှိသော်လည်း မြန်မာ့ ရိုးရာ ၀တ်စုံဖြစ်သော ယောလုံချည်၊ ယော ထမီ တို့ ကို အနက်ရောင် ပါသည့် အတွက် ၀တ်ဆင်ခြင်းမပြု ဟုဆိုသော အချက်မှာ လည်း လက်ခံနိုင်စရာ မရှိပါ။ သို့ အပြင် အဆိုပါ စည်းကမ်းချက်များ သည် အေးချမ်းစွာ ပညာ သင် ကြား လိုသော ကျောင်းသားများ အား မကျေမနပ်ဖြစ်စေခြင်းမှ တဖန် ဆရာနှင့် တပည့် များ အကြား မလိုလား အပ်သော တင်းမာမှုများဖြစ်ပေါ်လာနိုင်သည်ဟု ထင်မြင်မိပါသည်။သို့ အတွက် တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် အဆိုပါ စည်းကမ်း ချက်များမှာ မလိုလားအပ်သော စည်းကမ်းများဖြစ်နေပြီးကျောင်းသားများ အတွက် လွတ်လပ်စွာ ၀တ်စား ဆင်ယင်ပိုင်ခွင့်ကို ထိပါးနေခြင်းနှင့် ကျောင်းအတွင်းကျောင်းသားကဒ် မချိတ်ပါက အဆောင်တွင်းဝင်ပြီး ပညာသင်ယူခွင့် ပိတ်ပင်ခံရမည် ဆိုသည့်စည်းကမ်းသည်လည်း တက္ကသိုလ်အဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသားများ အတွက် ကျောင်းဝင်းအတွင်းလွတ်လပ်စွာ ပညာသင်ယူပိုင် ခွင့် နှင့် လွတ်လပ်စွာ သွားလာ ပိုင်ခွင့်ကို ထိခိုက်နေပါသဖြင့် ထိုသို့ အတင်းအကျပ် ပြုလုပ်ပြီး မလိုက်နာမနေရ စည်းကမ်းများ ချမှတ်နေခြင်း ကို လာမည့်ကျောင်းသီတင်းပါတ်အတွင်း အမြန်ဆုံး တားဆီးပါယ်ဖျက်ပေး ပါရန်တောင်းဆိုအပ်ပါသည်။

ဒဂုံတက္ကသိုလ် မှ သို့ ပါမောက္ခချုပ်ဒဂုံတက္ကသို
ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ
့ (http://www.laminkhin.blogspot.com/) မှ ကူးယူဖေါ်ပြပါတယ်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */