မြန်မာနိုင်ငံမှာ မူးယစ်ဆေး စိုက်ပျိုးထုတ်လုပ်မှုတိုးလာ

Wednesday, July 2, 2008 ·

သတင်း VOA
ညိုညိုလွင် - အစီအစဉ်ကိုရယူရန် (WM)video clip
ညိုညိုလွင်- ကြည့်ရှုရန် (WM)video clip


မြန်မာနိုင်ငံမှာ ဆယ်စုနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ဟက်တာ တသိန်း လေးသောင်း ကနေ နှစ်သောင်းခုနှစ်ထောင်ကျော် အထိ ကျဆင်းလာတယ်လို့ မြန်မာစစ်အစိုးရရဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောဆို လိုက်တဲ့ တချိန်ထဲမှာပဲ ယူအန်အိုဒီစီ ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေး အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ဧရိယာ ၂၉ ရာခိုင်နှုန်း ပြန်မြင့်တက်လာပြီး ဘိန်းထုတ်လုပ်မှု လည်း ၄၆ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ပြောဆိုလိုက်ပါတယ်၊

ဇွန်(၂၆) ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ UNODC ရဲ့ ၂၀၀၈ ခုနှစ် ကမ္ဘာတ၀ှမ်း မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ အခုလိုပြောဆိုလိုက်တာပါ၊

တဖက်က မူးယစ်ဆေး စိုက်ပျိုးထုတ်လုပ်မှု နဲ့ တဖက်က လက်နက်ကိုင်သောင်းကြမ်းမှု နှစ်ခုဟာ အကျိုးတူ ကူးလူးဆက်ဆံ လုပ်ဆောင်နေတဲ့ အချက်ပါပဲ၊ အာဖဂန်နီစတန်၊ ကိုလံဘီယာနဲ့ မြန်မာနိုင်ငံတွေမှာ အစိုးရက ထိမ်းချုပ်မှု အားနည်းတဲ့ နယ်မြေ ဒေသတွေမှာ တရားမ၀င်လုပ်ဆောင်ချက်တွေဟာ ပြန့်နှံ့နေပါတယ်၊

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်အတွင်း ဘိန်းစိုက်ဧရိယာ ၂၉ ရာခိုင်နှုန်း မြင်တက်လာပြီး ရှမ်းပြည်နယ်တခုထဲမှာကိုပဲ ၂၄ ရာခိုင်နှုန်း တိုးမြှင့်စိုက်ပျိုးလာတယ်လို့ဆိုပါတယ်၊

တချိန်ထဲမှာပဲ တရုတ်အစိုးရကလည်း အိုလမ်ပစ်အခမ်းအနားကျင်းပမဲ့ ဘီဂျင်းမြို့တော်အပါအ၀င် တရုတ်နိုင်ငံတ၀ှမ်း မူးယစ်ဆေး တိုက်ဖျက် ရေး ကို လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်၊

တရုတ်နိုင်ငံတ၀ှမ်း ၂၀၀၇ ခုနှစ်အတွင်း ဘိန်းဖြူတန်ချိန် ၁၇.၅ တန် နဲ့ မက်သာဖက်တမင်း စိတ်ကြွဆေး ၁၉. ၇ တန် ဖမ်းဆီးရမိခဲ့တာမှာ ဘိန်းဖြူတန်ချိန် ၁၃ တန်နဲ့ စိတ်ကြွဆေး ၉ တန်ကျော်ဟာ မြန်မာ၊ ထိုင်းနဲ့ လာအို နယ်စပ်တို့ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေ နဲ့ တရုတ်ပြည်နယ်စပ်ဖြစ်တဲ့ ယူနမ်ပြည်နယ် တခုထဲက ဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေက ဆိုပါတယ်၊

UNODC ရဲ့ အစီရင်ခံစာအရ ကမ္ဘာတ၀ှမ်း အရွယ်ရောက်ပြီးသူ ၂၆ သန်းဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်နေတယ်လို့လဲ ဖေါ်ပြထား ပါတယ်ရှင်၊

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */