ရန်ကုန်မြို့ ကုလသမဂ္ဂ ရုံးရှေ့ မှာ ဒုက္ခသည်တွေ အကူညီတောင်းခံ
ဇွန်လ ၁၀ရက် မနက် ၁၀နာရီက မရမ်းကုန်းမြို့ နယ် က အိုင်စီအာစီရုံး ကို မြောက်ဒဂုံ ဒုက္ခသည်စခန်း က ဒုက္ခသည် ၃၀ ကျော်သွားပြီး သူတို့ ရဲ့ လူမှု့ ဒုက္ခတွေကိုတင်ပြခဲ့ကြတယ်လို့ သိရတယ်။ သူတို့ တင်ပြတာ တွေကတော့ ဒုက္ခသည်တွေခိုလှုံရာနေရာတွေကနေဖယ်ရှားခိုင်းတဲ့ကိစ္စ၊ အစာရေစာနဲ့ ဆေးဝါး မလုံလောက်မှု တွေကို ကူညီပေးဖို့ သွားရောက်တောင်းဆိုခဲ့တယ်။ အိုင်စီအာစီရုံးက သူတို့ အကူညီမပေးနိင်ဘူးလို့  ပြောလိုက်တယ်။ သူတို့ ဟာ ဗဟန်းမြို့ နယ်မှာရှိတဲ့ ယူအန်ဒီပီ ရုံးကိုဆက်သွားခဲ့တယ်။ ယူအန်ဒီပီရုံးက ဒုက္ခသည်တွေကိုမြင်တဲ့အခါမှာ အကူညီမပေးပဲတံခါးကိုအတင်းပိတ်လိုက်ပါတယ်။ဒုက္ခသည် တွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း က အမျိုးသမီးငယ်နစ်ဦးက ဦးဆောင်ခေါ်လာတာဖြစ်ပါတယ်။ ဒီနစ်ဦးကနောက်ပေါက် က ၀င်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ ယူအန်ဒီပီက ရဲကိုခေါ်ပါတယ်။ ရဲက စွမ်းအားရှင်နဲ့  ကြံဖွတ်တွေကိုလွတ်ပြီး
ဒုက္ခသည်တွေကို ဖမ်းဆီး သွားပါတယ်။ အနည်းဆုံး လူ ၆ ဦးထက်မနည်း အဖမ်းခံလိုက်ရပါတယ်။ ဒုက္ခသည်တွေ အနေနဲ့  ယူအန်ကို အားကိုးတကြီးလာရောက်အကူညီတောင်းပေးမဲ့ ယူအန်က သူတို့ ကိုဘာမှာ မကူညီနိင်တဲ့
အဖွဲ ကြီးပါလား လို့ ပြောဆိုနေကြပါတယ်။နောက်ဆက်တွဲဖမ်းဆီးမှု တွေရှိနိင်တယ်လို့ မျက်မြင် တဦးက ဆိုပါတယ်။
ဒုက္ခသည်တွေကိုယ်တိုင် ကိုယ်ပြသာနကိုကိုယ်တိုက်ပွဲဝင်ဖြေရှင်းနေတဲ့ နည်းနာကတော့ အတော့်ကို မှန်ကန်တဲ့ နည်းနာဖြစ်ပါတယ်။ ယူအန် တခုထည်းကိုပဲ သွားရောက်တောင်းဆိုတာတင်မကပဲ၊အမေရိကန် ၊ ပြင်သစ်၊ အင်္ဂလန်နဲ့  အနောက်နိင်ငံက သံရုံးတွေကိုလည်း ဒုက္ခသည်တွေ ကိုယ်တိုင်မိမိတို့ ပြသာနာတွေကို တင်ပြ အကူညီတောင်းခံတဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်သင့်ပါကြောင်း အကြံပေးလိုပါတယ်။
မောင်ဝိတ်တော့ ဘောင်အပိတ်ခံရပြီ
အင်ဒိုနီးရှားဆောက်လုပ်ရေးကုမ္မဏီတခုက ငွေတွေကို ခိုးယူပြီး မတရားချမ်းသားလာတဲ့ မောင်ဝိတ်ဟာ မေလ ၂၈ ရက် နေ့ က အဖမ်းခံလိုက်ရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖြန့် ချီမှုတွေကြောင့်လို့ သိရပါတယ်။ ဆိုင်ကလုန်မုန်တိုင်းမဖြစ်ခင် အထိမောင်ဝိတ်ဟာ နအဖ ခေါင်းဆောင်ဆောင်တွေနဲ့ အလွန် ပလဲနံပ သင့်သူဖြစ်ပါတယ်။ မောင်ဝိတ်နဲ့ အတူ အောင်ဇော်ရဲ မြင့်လည်းပါသွားပါတယ်။ အောင်ဇော်ရဲ မြင့် ဆိုတာ ဗိုလ်ချုပ်ရဲမြင့်ရဲ့သားဖြစ်ပါတယ်။ သူ့ကိုလည်း မော်ဒဲလ် သင်ဇာဝင့်ကျော်နဲ့ အတူဖမ်းဆီးပြီး ၀က်ထီးကန် ဆေးဖြတ်စခန်းမှာ ချုပ်နှောင်ထားတယ်။ နအဖနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း တွေအဆိုအရ နာဂျစ်ဆိုင်ကလုန်း ဖြစ်ပွားလာတဲ့အခါမှာ တပ်ချုပ်ကြီးသန်းရွေရဲ့ ကိုင်တွယ်ပုံတွေကို နအဖ ခေါင်းဆောင်ပိုင်းမှာ မကျေမနပ်ဖြစ်ကြပါတယ်။ ဒါကိုသန်းရွေက လက်ဦးမှုရယူပြီး မူးယစ်ဆေးဝါးပုဒ်မတပ်ပြီး အောင်ဇော် ရဲမြင့် နဲ့  မောင်ဝိတ်တို့ ကိုဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ တကယ်လို့ မူးယစ်ဆေးဝါးမှုနဲ့ အရေးယူမယ်ဆိုရင် နအဖ ဗိုလ်ချုပ်သားသမီးတွေအားလုံးကို ဖမ်းဖို့ လိုပါတယ်။ သူတို့ ဟာ ကိုယ်တိုင်လည်း သောက်သုံးကြပါတယ်။ လက်သိပ်ထိုးလည်းရောင်းဝယ်နေကြတယ်။ အမေရိကန်ကအီးလို့ခေါ်တဲ့မူးယစ်ဆေးဝါးတမျိုးကိုလည်း သူတို့ အလွန်နစ်သက်ကြကြောင်းသိရပါတယ်။ဒီမူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး မင်းသမီးနန္ဒာလှိုင် ၊ န၀ရတ်၊ ဒါရိုက်တာမောင်မျိုးမင်း၊ဇတ်ပို့သရုပ်ဆောင်ဖိုးကျော်၊ပိုင်အိုးနီးယားနိုက်ကလပ် မန်နေဂျာကိုဖြိုးနဲ့ မော်ဒဲလ်ဇာဇာမင်းထက်တို့ကိုလည်းခေါ်ယူစစ်ဆေးနေတယ် လို့သိရပါတယ်။
အခြားသတင်းများ
မြန်မာနိုင်ငံမှာ ယူရို၂ဝဝ၈ ကိုထပ်ဆင့်လွှင့်ဖို့လုပ်နေတဲ့ ပထမဦးဆုံး ဖက်စပ် ရုပ်သံလွှင့်လုပ်ငန်းဖြစ်တဲ့ Family Entertainment ဟာ ယူရို ၂ဝဝ၈ အတွက် သူ့ရဲ့ဖောက်သည်တွေထံက ပိုက်ဆံကောက်ထားပြီးပါပြီ ဒါပေမယ့် ယူရိုပွဲကိုတရားဝင် ရိုက်ကူးထုတ်လွှင့်ခွင့်ရရှိထားတဲ့ ဥရောပအားကစားရုပ်သံလွှင့်ကုမ္ပဏ္ပီ္ပတွေက သန်းရွှေရဲ့ သမီးများ ရှယ်ယာပါတဲ့Family Entertainment ကိုEU Sanction အရ ထပ်ဆင့်ထုတ်လွှင့်ခွင့် ရောင်းချဘို့ ငြင်းပယ်ခဲ့ပါတယ်.. ဒါကြောင်္င့် Family Entertainment ဟာ အရှက်တကွဲနဲ့ လက်ခံထားပြီးသားပိုက်ဆံတွေကို မေတ္တာလက်ဆောင်တွေနဲ့တကွပြန်အမ်းနေပါပြီ။ဒီအခါမှာ သန်းရွှေရဲ့နောက်လိုက်နောက်ပါများက.. မျက်နှာလိုအားရနဲ့ နဂိုရ်တည်းက အမျိုးဖြုတ်ခြင်နေတဲ့.. ဂြိုဟ်တုစလောင်းတွေကိုလိုက်ပြီး ပြဿနာရှာနေပါတယ်။
နအဖပညာရေးဝန်ကြီးဌာနရဲ့ အစမ်းသပ်ခံပညာရေးစနစ်အရ ၉တန်းနဲ့၁၀တန်း အတွက် သင်ရိုး ညွန်းတန်း ပြဌန်းစာအုပ်တွေကို ပြောင်းလဲလိုက်ပြန်တဲ့အတွက် ကျောင်သားတွေနဲ့ မိဘတွေ မကျေမနပ် ပြောဆို နေကြပါတယ်။
အခုရန်ကုန်မှာ ကလေးတွေဆော့ကစားရင်း သီဆိုနေကြတာကတော့
ကိုမိုးသီးဇွန် ဘလော့ဂ် မှပြန်လည်မျှဝေပါသည်။
ယနေ့ရရှိသော မြန်မာပြည်သတင်းများ
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment