မိုင် ၃၀၀၀ ကျော် ခရီးသည် ၏ ပြည်သူသို့ ပန်ကြားချက်..

Monday, June 9, 2008 ·

မိုင် ၃၀၀၀ ကျော်ခရီးရှည် ချီတက်နေသော ၈၈ မျိုးဆက် ကျောင်းသားများမှ ပြည်သူလူထု သို့ ပန်ကြား ချက်

ပြည်တွင်း၊ပြည်ပရှိ ရဟန်းရှင်လူကျောင်းသားပြည်သူများခင်ဗျား…။

(၁)နအဖ စစ်အာဏာရှင်အစိုးရ၏ ဖိနှိပ်ရက်စက်မှုအောက် အမိမြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး အခက်အခဲအကြပ်အတည်း များစွာကို အားလုံး ကြားသိပြီးဖြစ် ပါသည်၊ နအဖ စစ်အုပ်စု၏ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်မှုနှင့် ဖိနှိပ်နေမှုများသည်လည်း ပိုမိုတိုး၍သာ လာနေသည့်အခြေအနေဖြစ်သည်၊ မေ ၉၀ ရွေးကောက်ပွဲရလာဒ်ကိုပြစ်ပယ်၍ စစ်အုပ်စု အကျိုးစီးပွား ကို ကာကွယ်ပေးမည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ကိုအတည်ပြုနိုင်ဖို့ လိမ်လည် လှည့်စားမှု ခြိမ်းခြောက်မှု မျိုးစုံဖြင့် ဟန်ပြလူထုဆန္ဒခံယူပွဲကိုကျင်းပ၍ လူထုက အမှန်တကယ် ထောက်ခံကြောင်း အရှက်မရှိကြေငြာခဲ့သည်။နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီ အသက်ဆုံးရှူံးခဲ့မှုကို စာနာခြင်းကင်းမဲ့စွာ လူမဆန်စွာဖြင့် လေဘေးဒုက္ခသည်များအား အားစိုက်ကူညီ ကယ် တင် ရေး ထက် ၎င်းတို့ အာဏာတည်မြဲရေးအတွက်သာ ဦးစားပေး လုပ်ဆောင်နေမှုကိုလည်း မျက်နှာ ပြောင်တိုက်၍ လုပ်ရဲသည်၊ ဘယ်သူသေသေ ငတေမာ လျှင် ပြီးရော ဆိုသည့် အတွေး အခေါ် နှင့်လုပ်ဟန်ပင်ဖြစ် သည်။တိုင်းရင်းသား လူမျိုးစုများစွာမှာ လည်း စစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် ဆင်းရဲ ဒုက္ခကြီးစွာ ခံစားနေရမြဲဖြစ်သည်၊ ပြည်သူလူထုဘ၀မှာ တနေ့ထက်တနေ့ ကြပ်တည်း မွဲတေသော ရင်ဆိုင်မှုများဖြင့်သာ ကြုံတွေ့ နေရ သည်။

(၂)မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ပြည်သူလူထုဘ၀ သာယာအေးချမ်းရေးအတွက် တိုက်ပွဲ ၀င်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ကို မင်းကိုနိုင် တို့အပါအ၀င် နိုင်ငံရေး လှူပ်ရှားနေသူ များစွာ မှာလည်း စစ်အုပ်စု၏ ဖမ်းဆီးထိမ်းသိမ်းခြင်းကိုခံနေကြရသည် ၊NLD ပါတီဝင်များ မတရား ရက်စက်အနိုင်ကျင့်မှုနည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေကြရသည်ကိုလည်း အားလုံး ကြားသိပြီး ဖြစ်သည်၊ စက်တင်္ဘာလ သံဃာတော်များ ၏သပိတ်မှောက် ကံဆောင်မှုကို အကြမ်းဖက်၍ ဖြိုခွဲခဲ့သည် မှာလည်း တကမ္ဘာလုံးအသိပင်။ စစ်အုပ်စုမှာ ၎င်းတို့ တရားဝင် ဖိနှိပ်ရက်စက် ခွင့်ရအောင် ဆက်လက်၍ ကြိုးစားနေပါဦးမည်၊ အလွယ်အကူ အလျှော့ပေးမည်မဟုတ်ပါ။

(၃) အမိမြန်မာ ပြည်သူလူထု ငြိမ်းချမ်းရေး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် စစ်အုပ်စု အုပ်ချုပ် နေသ ရွေ့ ဟန့်တား နှောင့်ယှက်မှုများဖြင့် ကြုံ တွေ့နေပါလိမ့်မည်၊ အကောင်အထည် ဖေါ်နိုင်မည် မဟုတ်ပါ၊ ထို့ကြောင့် စစ်အုပ်စု ကို ဖြိုဖျက်နိုင်ဖို့ ပြည်သူလူထု အားလုံး ၀ိုင်းဝန်း ဆန့်ကျင် တိုက်ပွဲဝင်မှ ရပါလိမ့်မည်၊ တိုက်ပွဲနည်းနာ ပေါင်းစုံဖြင့်တော်လှန်ကြရပါမည်။

မိမိတို့ ၈၈ စစ်ကြောင်းမှ ပြည်သူလူထုအားပန်ကြားလိုသည်မှာ…

-၂၀၀၈ ခုနှစ်အတွင်း စစ်အုပ်စု ဖြုတ်ချရေးတိုက်ပွဲ အရှိန်ကို တတ်နိုင်သမျှ မြှင့်တင်စေလိုပါသည်၊

-တိုက်ပွဲနည်းနာ ပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်ကြရန်တပ်လှန့်နိုးဆော်ပါသည်။

-ယခုနှစ် ဇူလိုင် (၁၉) ရက်နေ့မှစ၍ ပြည်တွင်း၊ပြည်ပ ရှိမြန်မာပြည်သူများအားလုံး တနိုင်ငံလုံး အတိုင်းအတာ ဆောင်သည့် လူထုဆန္ဒပြပွဲ ကြီးများဖြစ်အောင် ပြင်ဆင်လုပ်ဆောင်ကြပါရန် ပန်ကြားလိုက်ပါသည်၊

စစ်အုပ်စု မုချကျဆုံးစေရမည်..။

၈၈ စစ်ကြောင်း

၈၈ မျိုးဆက်ကျောင်းသားများ

ရဲဘော် အေသင်

ရဲဘော် ဇော်မင်းထွေး

(ဤထုတ်ပြန်ချက်ကို ပြုစုပေးသော ဗမာပြည်လွတ်မြောက်ရေးကို လိုလားသည့် စေတနာရှင် အား အသိမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်)

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */