မလေးရှားမှ အာဆီယံ (၁၀) နိုင်ငံ မှ စစ်ရေး အကူအညီ ပေးရန်ခွင့်ပြုရန်တောင်းဆို

Monday, June 2, 2008 ·

နာဂစ်မုန်တိုင်းဒဏ် ခံစားနေရသော ဒုက္ခသည်များကို အာဆီယံ နိုင်ငံများ ၏ စစ်တပ်များမှ ကူညီ ဆောင်ရွက်ခွင့် ပြုရန် မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်မှ လုံခြုံရေး နှင့် ပတ်သက်သည့် နိုင်ငံတကာ အစည်း အဝေး မှာ တောင်းဆိုလိုက်ပါသည်။

နာဂစ် မုန်တိုင်းအလွန် မြန်မာစစ်အစိုးရမှ ကယ်ဆယ်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ကိုင်ကြောင်း မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်အေးမြင့်၏ စစ်အစိုးရအား ကာကွယ်ပြောဆိုမှုများအပြီးတွင် တောင်း ဆို လိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံဒုတိယဝန်ကြီးချုပ် နာဂျစ် ရာဇတ်မှပြောဆိုရာတွင် "ယခုမုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူ များ စာရင်းဟာ ၂၀၀၄ ခုနှစ် အင်ဒိုနီရှားနိုင်ငံ ဆူနာမီငလျှင်ကြောင့်သေဆုံးသွားသူပေါင်း ၁၆၇၀၀၀ ထက်ပင် ပိုနိုင်တယ်" ဟုဆိုပါသည်။

စစ်အစိုးရ ထုတ်ပြန်သောသတင်းအရ သေဆုံးသူ လူဦးရေ စုစုပေါင်း ၇၈၀၀၀ ပျောက်ဆုံးနေသူ ၅၆၀၀၀ ရှိကာလူ ဦး ရေ ၂.၄ သန်းခန့်ဟာ အစားအသောက်နှင့် သောက်ရေသန့်များအရေးတကြီးလိုအပ်နေပါသည်။

မြန်မာစစ်အစိုးရဟာ လေမုန်တိုင်းဒဏ် ခံစားနေရသူများကို နိုင်ငံတကာမှာ စစ်ရေးအကူအညီ ပံ့ပိုးမှု များဖြင့် တိုက် ရိုက်ကူညီဖို့ကို ငြင်းပယ်ခဲ့သော်လည်း မြန်မာစစ်အစိုးရမှ ခွင့်ပြုမည်ဆိုပါလျှင် အာဆီယံ (၁၀)နိုင်ငံမှ အကူ အညီပေးချင်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာဂျစ်ရာဇတ် မှ အကြံပေးပြောဆိုခဲ့ပါသည်။

အာဆီယံအဖွဲ့ကြီးရဲ့ကိုယ်စား မြန်မာ စစ်ခေါင်းဆောင်များကို အတိုက်အခံလုပ်ပြီး ပြောဆိုရမယ် ဆိုရင် မြန် မာပြည် လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အာဆီယံအဖွဲ့ကြီးမှ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ချင်ပါတယ် ဟုပြောကြားခဲ့သည်။ ၄င်းအစည်းအဝေးခန်းတွင် မြန်မာဒုတိယ ကာကွယ်ရေးဝန်ကြီး ဦးအေး မြင့် အနားတွင် ထိုင် လျှက်ရှိကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒါဟာ အာဆီယံနိုင်ငံများအတွင်း မြန်မာအစိုးရမှ နိုင်ငံတစ်ကာ အကူအညီအထောက်အပံ့များကို ငြင်းဆိုနေခြင်း များကို ဖယ်ရှားပေးဖို့ သိသာထင်ရှားတဲ့ ဖိအားပေးခြင်းဖြစ်သည်။ အာဆီယံနိုင်ငံများအတွင်း နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ ကျင့်သုံးခဲ့ရာမှ ယခုလို မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာ ဂျစ် ရာဇတ် ၏တောင်ချက်မှာ ပုံမှန်မဟုတ်သောတောင်းဆိုချက်တစ်ခုဖြစ်သည်။

နာဂျစ်ရာဇတ် မှ ယခုကဲ့သို့ စစ်ရေးအကူအညီများ ရယူလိုက်ခြင်းအားဖြင့် စစ်အစိုးရအတွက် တစ်စုံတစ်ရာ ခြိမ်း ခြောက်မှု မရှိဘူးဟုလည်း ပြောဆိုခဲ့သည်။ ဒုက္ခရောက်နေသူတွေထံကို စစ်ရေးအထောက် အကူပြုပစ္စည်းများ သုံးစွဲပြီး အကူအညီများပေးရေးမှအပ တခြားဘာရည်ရွယ်ချက်မှ မရှိဘူးဟုလည်း နာဂျစ်ရာဇတ်မှ သတင်း ထောက် များကို အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့သည်။

အစည်းအဝေးတွင် မြန်မာပြည်အခြေအနေဟာ အရမ်းကို စိုးရိမ်စရာဖြစ်ပြီး စစ်အကူအညီပေးမှုနှင့်ပတ်သက်ပြီး စစ်တပ်ဆိုတာ အရည်အသွေးရှိတဲ့အဖွဲ့အစည်းဖြစ်ကြောင်း စစ်ရဟတ်ယာဉ်များ ရေလမ်းကြောင်းသွား မော် တော် ငယ်များဟာ မုန်တိုင်းဒဏ်ခံနေရသူများကို ထိထိရောက်ရောက် ကယ်ဆယ်မှုများပေးနိုင်မှဖြစ်ကြောင်း ဒီလိုသယ်ယူပို့ဆောင်ရေးလုပ်ငန်းများစဉ်များဟာ အသွားအလာခက်ခဲ့သော နေရာများမှာ အမှန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

အကယ်၍သာ မြန်မာ စစ်အစိုးရအနေနှင့် အာဆီယံနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ယခုကဲ့သို့ အကူအညီများ မယူခဲ့ ပါလျှင် ဒုက္ခသည်ပေါင်းများစွာရဲ့အသက်တွေ ဆုံးရှုံးနိုင်ဖွယ်ရာရှိကြောင်း ပြောကြားခဲ့ပါသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */