ထက်မြက်အောင်ရွှေဆိုင် ဓားပြမှု

Saturday, June 7, 2008 ·

ဆက်ပွား ဟစ်တိုင်သတင်းဌာန

ရန်ကုန်မြို့ လှိုင်ဈေးရှိ ရွှေဆိုင်အား ဓါးပြတိုက် ၂၀၀၈ ဇွန် ၃ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် (၁) ရပ်ကွက်။ လှိုင်ဈေးကြီးရှိ လူစည်ကားနေရာတွင်ရှိသည့် ထက်မြက်အောင် ရွှေဆိုင်အား အမည်မသိသူ တဦးက ဓါးပြတိုက်ခဲ့ကြောင်း မြို့ခံတဦးက ပြောပြသည်။

မေလ ၃၁ ရက် စနေနေ့ ညနေ ၆ နာရီခန့်တွင် အမည်မသိလူတဦးက ဓါးအရှည်တချောင်းဖြင့် ထက်မြက်အောင် ရွှေဆိုင်အတွင်း ၀င်ရောက်ပြီး ရွှေဆိုင်ပိုင်ရှင် ဦးချစ်တင်၏ လည်ပင်းအား ဓါးဖြင့်ထောက်၍ ရွှေ ၂၀ ကျပ်သား ခန့်ရှိ လက်ဝတ်ရတနာများနှင့် ငွေများ လုယူ ဓါးပြတိုက်သွားကြောင်း သိရသည်။

လှိုင်ဈေးကြီးတွင် ရဲအစောင့်များရှိသည့်အပြင် ရွှေဆိုင်တွင်လည်း လုံခြုံရေးဝန်ထမ်းများ ရှိသော်လည်း ဖမ်းဆီး နိုင်ခြင်းမရှိဘဲ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ နောက်ရက်များမှာ ရဲစခန်းမှ မြောက်ပိုင်း ခရိုင် အတွင်းရှိ ဆိုးသွမ်း နာမည်ကျော်သည့် လူမိုက်အချို့ကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေသော်လည်း ယနေ့အချိန်အထိ ဖမ်းဆီး နိုင်ခြင်းမရှိကြောင်း သိရပါတယ်၊ နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း လူများက ကုန်ဈေးနှုန်း အဆမတန် မြင့်မားလာပြီး စားဝတ်နေရေး ခက်ခဲ လာသောကြောင့် ယခုကဲ့သို့ လုယက်မှုများ ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု အဆိုပါ မြို့ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းက ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းတွင် ၅ လောင်းပြိုင် လူသတ်မှုသည်လည်း တိတိကျကျ တရားခံဖော်ထုတ်နိုင်ခြင်းမရှိပေ၊ ပြည်တွင်း ဂျာနယ်များတွင် “စိမ်းလဲ့ကန်သာလမ်း လူသတ်မှု ပါလီမန်ခေတ်က အချမ်းသာဆုံး ငွေကိုလေလိုသုံးသူ မိသားစုဝင်အချို့သေဆုံး” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဂျာနယ်များ ရောင်းမလောက်ဖြစ်ခဲ့ရသည်။ စစ်အစိုးရက တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း စိမ်းလဲ့ကန်သာလူသတ်မှုအကြောင်း ဖော်ပြခဲ့တဲ့ ဗွိုက်စ်ဂျာနယ်နှင့် ဆဲဗင်းဒေးဂျယ်နယ် များကို စာပေစိစစ်ရေးရုံးက ပြင်းထန်စွာသတိပေးကာ ၀န်ခံလက်မှတ်များ ရေးထားခဲ့ရကြောင်း သိရပါတယ်၊

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */