မဇ္ဈိမသတင်းဌာန
ပတ္တမြားမြေ မိုးကုတ်မြို့တွင် ယမန်နေ့ နံနက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုရာမှ လူ ၂၂ ဦးသေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။
ကြာသပတေး နံနက် ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး နံနက် ၅ နာရီခန့်တွင် ရေနီချောင်းတလျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများ အရှိန်အဟုန်နှင့် စီးဆင်းခဲ့ပြီးနောက် အဖိုးတန် ပတ္တမြား ထွက်ရှိ၍ နာမည်ကျော် မိုးကုတ်မြို့တွင် ယခုလို ပျက်စီးသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိုးကုတ်မြို့ အရှေ့ပိုင်း အရပ်များဖြစ်သော ရေကြီး မြေပြိုမှုကြောင့် လူ ၂၂ ဦး မိုးကုတ် ဆေးရုံတွင် သေဆုံး ခဲ့ပြီးဖြစ်ကာ လူ ၈ ဦး ပျောက်ဆုံးလျှက် ရှိသည်။
လေးပေဇေ။ တောင်နီ၊ သဲဖြူဝိုင်း၊ အုန်းကိုင်း၊ လယ်ဦး၊ အရပ်များတွင် ရေကြီး မြေပြိုမှု အများဆုံး ဖြစ်ပွါးခဲ့သည်။
မိုးများ ဆက်လက် ရွာသွန်းနေဆဲ ဖြစ်ပြီး အရပ်သားများ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ငွေကောက်ခံကာ အိမ်ပြို သေဆုံးရသော မိသားစုများကို လှူဒါန်းရန် ပြင်ဆင်နေကြသည်။
ချောင်းတလျှောက် နေအိမ် အဆောက်အဦများ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ နေအိမ်များ ကမ်းပါး ပြိုကျမှုကြောင့် ထိခိုက် ပျက်စီးရာ၌ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲ ဝန်းကျင်နှင့် မိုးကုတ် မိုတယ်နေရာများ အထိအခိုက် အများဆုံး ဖြစ်သည်။
ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်သည်။
(ထပ်မံရရှိထားသော အချက်အလက်များဖြင့် ဖြည့်စွက် တင်ပြထားသည်။)
တောင်ပြိုသဖြင့် မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံး
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment