ရန်ကုန်တိုင်း တိုင်းမှူးအမိန့်ဖြင့် သာသနာ့သိပ္ပံကျောင်းချိတ်ပိတ်ခံရ

Sunday, June 15, 2008 ·

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးရှိ သာသနာ့သိပ္ပံကျောင်းကို သေကြာနေ့နံနက် (၁၁)နာရီခန့်က ရန် ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်း အမိန့်ဖြင့် အဓမ္မ ဖိအားပေး၍ ချိပ်ပိတ်လိုက်သည်။

သာသနာ့သိပ္ပံကျောင်း ချိပ်ပိတ်သည့်ကိစ္စနှင့်စပ်လျဉ်းပြီး "မနေ့က မနက် ၁၁ နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့ ရောက်လာတယ် မ.ယ.က ပါတယ် ရ.ယ.က တွေလဲပါတယ် အရပ်ဝတ်တွေနဲ့ ထောက်လှမ်းရေးတွေကော ကြံဖွံ့ တွေ စွမ်းအားရှင်တွေကော ၂၀ လောက်ရှိတယ်၊ ညနေ (၅)နာရီမှာ ဘုန်းကြီးကျောင်းကို သူတို့မှာ ပါလာတဲ့သော့ နဲ့ခတ်ပြီး ချိပ်ပါပိတ်သွားတယ်"

"ကျောင်းမှာ ဝါဆိုသံဃာ (၃)သုံးပါးနဲ့ အာဃာဏု(၂)ပါးရှိတယ် အခုအားလုံး ကျောင်းကနေဖယ်ပေးလိုက်ရတယ် အာဃာဏုနှစ်ပါးကတော့ နယ်ကနေလာတာ မနေရဘူးဆိုလို့ ပြန်တော့မှာလေ ကားလက်မှတ်ဝယ်ထားပြီးပြီ" ဦးပဉ္ဖင်း မှ မဇ္ဈိမကို ပြောပြသည်။

ခြောက်ထပ်ကြီးရှိ သာသနာ့သိပ္ပံကျောင်းမှ ဝါဆိုသံဃာတော်သုံးပါးမှာမူ ယခုအခါတွင် ခြောက်ထပ်ကြီး ဘုရား ဝန်း အတွင်းရှိ သာသနာ့ရက္ခိတကျောင်းနှင့် ပိဋကပ်ကျောင်းများသို့ သွားရောက်သတင်းသုံးနေရသည်။

ခြောက်ထပ်ကြီးရှိ သသာနာ့သိပ္ပံကျောင်းဆရာတော်ဘုရား၏ ဇာပနပွဲကို ဇွန်လ(၇) ရက်နေ့တွင်ကျင်းပခဲ့ရာ မြန်မာ့အတိုက်အခံအင်းအားစုများမှ တက်ရောက်ခဲ့ကြသည် ၄င်းဆရာတော်ဇာပနပွဲအပြီး လာရောက် ချိပ်ပိတ် သွားကြောင်းကို မဇ္ဈိမမှ စုံစမ်းသိရှိရသည်။

ခြောက်ထပ်ကြီးဘုရားဝန်းအတွင်းရှိ သသနာ့ဂုဏ်ရည်ကျောင်းမှာလဲ ၂၀၀၇ခုနှစ် စက်တင်ဘာလ အလွန်တွင် စစ်အစိုးရမှ ချိပ်ပိတ်ထားခဲ့သေးသည်။ ယခုအခါ နာဂစ်မုန်တိုင်းဒဏ်ဖြင့် သသနာ့ဂုဏ်ရည်ကျောင်းမှာ ပျက်စီး ယိုယွင်းနေပြီး ပြန်လည်ပြုပြင်မည့်သူ မရှိသေးကြောင်း မျက်မြင်သက်သေတစ်ယောက်မှ မဇ္ဈိမသို့ ပြောပြပါ သည်။

အလားတူ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်က မဂ္ဂင် ကျောင်းတိုက်ကို အာဏာပိုင် များက ပိတ်ပြစ်ခဲ့ပြီး ဆရာတော်ကြီးကို ဆရာတော် ဦးနန္ဒိယ ကိုနေရပ်သို့ အတင်း အဓမ္မ ပြန်ခိုင်းခဲ့သေးသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */