အမေရိကန်ရေတပ်ပြန်လှည့်ဖို့ စဉ်းစားနေပြီ။ ဘာဆက်လုပ်ကြမလဲ?

Thursday, May 29, 2008 ·

US commander: Navy ships likely to leave Myanmar
By ROBERT BURNS – 4 hours ago

WASHINGTON (AP) — The senior commander of U.S. forces in the Pacific says the Navy probably will withdraw a group of naval vessels from waters off the coast of Myanmar within days unless the government allows the ships to offload their relief supplies for cyclone victims.

ပစ္စိဖိတ်ဒေသရဲ့  ရေတပ်ဗိုလ်ချုပ်ကြီး က နအဖက ၀င်ခွင့်မပြုဘူးဆိုရင် သူရဲ့ သင်္ဘောတွေ ပြန်လှည့့်လာကောင်းလာရတော့မယ်လို့  ဆိုပါတယ်။ ရေတပ်ဗိုလ်ချုပ်ကြီး တင်မိုးသီ ကိတ်တင်း ဟာကာကွယ်ရေး
ဝန်ကြီး ရောဘတ်ဂိတ်နဲ့ ဒီအပတ်ထဲမှာတွေ့ပြီးဒီကိစ္စကိုဆုံးဖြတ်ကြဖို့ရှိနေပါတယ်။ အမေရိကန်ရေတပ်တွေ ပြန်လှည့်သွားရင်တော့ ဒုက္ခသည်များကိုကယ်တင်ရေးနဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စဟာ အလားအလာအလွန်နည်းသွားတော့မှာဖြစ်ပါတယ်။ သဘောင်္ပေါ်မှာလူတသောင်းကျော်ပါလာတယ်။ သူတို့ ဟာ သဘောင်္ပေါ်မှာသုံးပတ်နီးပါးစောင့်ဆိုင်းနေခဲ့ကြတယ်။ မိုင်ပေါင်းတသောင်းကျော်ကသူတို့ ကူညီဖို့ လာခဲ့ပေမဲ့ ကျနော်တို့ က ခြေတလှမ်းထပြီး မလှမ်းနိင်တာတော့ ၀မ်းနည်းစရာကောင်းတယ်။ မုန်းတိုင်းဖြစ်ပြီးပြီးခြင်းမှာ သူတို့ ဝင်ရောက်ကူညီနိင်ဖို့ ကျနော်တို့လှုပ်ရှားမှုကိုကျနော်တို့ လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နိင်တဲ့သူတွေအများစုက ကယ်ဆယ်ရေးလုပ်ငန်းတွေထဲမှာ စုပြုံ သွားတယ်။

အရေးကြီးတဲ့နိင်ငံရေးလှုပ်ရှားမှုကြီးကိုလုပ်ဆောင်ဖို့ မေ့ နေကြတယ်။ ပြင်သစ်စစ်သဘောင်္ကတော့လှည့်ပြန့် သွားပြီ။ အမေရိကန်တွေပဲကျန်တော့တယ်။ သူတို့ လည်း မကြာခင်လှည့် ပြန်တော့မယ်။
၈၈ တုံးကလည်း အမေရိကန်ရေတပ်သဘောင်္ မြန်မာရေပိုင်နက်ထဲကိုဝင်ရောက်လာဘူးပါတယ်။ဒီတုံးကလည်း အခွင့်အလမ်းကိုအသုံးမချနိင်ခဲ့ကြပါဘူး။ ဒါဟာ ဒုတိယအကြိမ် မြန်မာတွေရတဲ့အခွင့်အလမ်းပါ။ ဒီသင်္ဘောပေါ်မှာ စားနပ်ရိက္ခာတွေပါတယ်။

အပြောင်းအလဲဖြစ်နိင်တဲ့အခွင့်အလမ်းတွေပါ ပါလာပါတယ်။ ဒီအခွင့်အလမ်းကြီးကိုမေ့ ပြီး ရှိစုမဲ့စုပိုက်ဆံတွေကောက်၊အကန့် အသတ်တွေဒီလောက်လုပ်နေတဲ့ကြားတဲ့ကအဖမ်းခံပြီး မစို့မပို့ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေတဲ့ ကျနော်တို့ မြန်မာ တွေကိုလည်းအံ့သြမိတယ်။

တကယ်လုပ်ရမဲ့ သေရေးရှင်ရေးလုပ်ငန်းက သဘောင်္တွေ မြန်မာကမ်းခြေကိုရောက်လာအောင် ပြည်တွင်းမှာ လူထုလှုပ်ရှားမှုကြီးကိုလုပ်ကြရမှာ။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီစစ်သဘောင်္တွေပေါ်မှာ အစားသောက် ( Food) တွင်မကဘူး၊ နအဖလက်အောက်ကလွတ်မြောက်ရေး(Freedom )က Hidden Gift အဖြစ်ပါလာလို့ ပါပဲ။ ဒါကြောင့်နအဖက အကြောက်အကန် ငြင်းဆန်နေတာဖြစ်ပါတယ်။

အခြေအနေက တကယ်ကိုစိတ်ပျက်စရာကောင်းလှပါတယ်။ အမေရိကန်တွေ က မိုင်သောင်းနဲ့ ချီပြီး
ဝေးတဲ့နေရာက လာခဲ့ပြီ။ ကျနော်တို့ ခြေတလှမ်းပဲလှမ်းရမှာပါ။ သူတို့လူတသောင်းသဘောင်္ပေါ်မှာ နေစဉ်အကျဉ်းကျနေသလိုဖြစ်နေတယ်။

အမေရိကန်သံရုံးထဲမှာလည်း သံအမူထမ်းတွေရော မုန်းတိုင်းမကျခင်ထဲက ကမ္ဘာလှည့် ခရီးသည်တွေအဖြစ်နဲ့ ရောက်နေတဲ့  သူတွေကို သံရုံးထဲမှာ ခေါ်ထားတာ သုံးပတ်ကျော်သွားပြီလို့ သိရပါတယ်။ သံရုံးထဲမှာပိတ်မိနေတဲ့ရိုးရိုး အရပ်သားအမေရိကန်တွေကို အမေရိကန်သံရုံးက ပြန်မလွှတ်သေးပဲ မရိမ်းတပ်တွေနဲ့ အတူပြန်ရမှာပါလို့ ပြောထားကြောင်းလည်းသိရပါတယ်ခင်ဗျား။

အခွင့်အလမ်းကိုအသုံးချတတ်ပါစေ၊
မြန်မာတွေ အဓိကနဲ့ သာမည ကိုခွဲခြားသိနိင်ပါစေ။

ကိုမိုးသီးဇွန် ဘလော့ဂ် မှ ရယူတင်ပြပါသည်။
ကိုမိုးသီးဇွန် အား အထူးပင် ကျေးဇုးတင်ပါသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */