အရေးပေါ် အစည်းအဝေးခေါ်ယူရန်ကိစ္စ

Tuesday, May 27, 2008 ·

နေ့ စွဲ -မေလ ၂၆၊ ၂၀၀၈
လေးစားအပ်ပါသော
ပြည်တွင်းပြည်ပရှိညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား

ရန်ကုန်မြို့  ဆီဒိုးနားဟော်တယ် မှာကျင်းပပြုလုပ်ပြီးသွားတဲ့ အလျူရှင်များ အစည်းဝေး - Donors Meeting - အပြီးမှာ လေဘေး ဒုက္ခသည်များ အခြေအနေဟာ အလွန်ကိုဆိုးဝါးနေဆဲဖြစ်ပါတယ်။ ပုသိမ်မှာ ရှိတဲ့ ဒုက္ခသည်များဟာ နေရပ်ကိုအတင်းအကြပ်ပြန်ပို့ တာခံနေရပါတယ်။ ဖျာပုံ၊ကျိုက်လတ်နဲ့ အခြားမြို့ နယ်များ မှာရှိတဲ့ လေဘေးဒုက္ခသည်များဟာလည်း မဖြစ်စလောက် အကူညီတခါနစ်ခါ လာပေးတာကလွဲလို့ ဘာတခုမှမရရှိသေးပါဘူး။

နဂျစ်မုန်တိုင်းက ကျနော်တို့ ပြည်သူ သိန်းပေါင်းများစွာရဲ့ အသက်ကို တမဟုတ်ခြင်း ချွေခဲ့ပါတယ်။ မသေလို့ ကျန်ခဲ့တဲ့ ၂သန်းနီးပါး ပြည်သူတွေကတော့ ကုလသမဂ္ဂနဲ့  အာဆီယံနိင်ငံတွေရဲ့ တဖြေးဖြေးခြင်း ညှင်းသတ်တာကို ခံရတော့မှာပါ။ပြည်သူလူထုမှာ အကာအကွယ်မဲ့နေပါပြီ။

ဒုက္ခဘေး ကျရောက်နေတဲ့ပြည်သူလူထုကြီးအတွက် ကျနော်တို့ အစွမ်းကုန်တိုက်ပွဲ ၀င်ရပါတော့မယ်။ ကျနော် တို့ မှာ တခြားနည်းလမ်း မရှိတော့ပါဘူး။

ကျနော်တိုက်တွန်းလိုပါတယ်။ပြည်တွင်းမှာ တပြည်လုံး အတိုင်းတာဆောင်တဲ့ အထွေထွေ သပိတ်ကြီး ဆင်နွဲရပါမယ်။ပြည်ပရောက်ညီအကိုမောင်နှမတွေအနေနဲ့  ကုလသမဂနဲ့ အာဆီယံကိုဆန်ကျင်တဲ့ လှုပ်ရှားမှုကြီး နဲ့ အမေ ရိကန်၊ ပြင်သစ်နဲ့ အင်္ဂလန်နိင်ငံတွေကို လူသားချင်းစာနာတဲ့ စွက်ဖက်မှု - Humanitarian Intervention - ကို တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို တကမ္ဘာလုံးအတိုင်းတာနဲ့ စတင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဘယ်နေ့ မှာလုပ်မလဲ
ဘယ်နေရာတွေမှာလုပ်မလဲ
ဘယ်လိုကြွေးကြော်သံတွေတင်မလဲ ဆိုတာ ကို အမြန်ဆုံးမိမိတို့ သက်ဆိုင်ရာနိင်ငံအလိုက် အရေးပေါ် အစည်းဝေးတွေကို ခေါ်ယူပေးဖို့ တိုက်တွန်းလိုပါတယ်။

မိုးသီးဇွန်
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး
Email: wefightwewin@gmail.com

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */