သေဆုံးသွားသူ ကျန်ရစ်သူများအတွက် ဆုတောင်းဖို့ရာ ခွင့်ပြုချက်ရယူပါ

Monday, May 19, 2008 ·

သေဆုံးသွားသူ ကျန်ရစ်သူများအတွက် ဆုတောင်းဖို့ရာ ခွင့်ပြုချက်ရယူပါ
ဂျေမိုး၊ မေလ ၁၈ရက် ၂၀၀၈။

စင်္ကာပူ။ ။နာဂစ်မုန်တိုင်းတိုက်ခိုက်အပြီး (၁၄) ရက်ခန့်တွင် စင်္ကာပူနိုင်ရှိမြန်မာလူမျိုး တစ်ရာခန့်မှ St. Martin's Drive ရှိမြန်မာသံရုံးရှေ့သို့ သေဆုံးသွားသူ တစ်သိန်းကျော်နှင့် ကျန်ရစ်သူမိသားစုများအတွက် ဖရောင်းတိုင် များ ပန်းများဖြင့် ဆုတောင်းမေတ္တာပို့သရန် စနေနေ့ညနေပိုင်းတွင် သွားရောက်ခဲ့သည်။

စင်္ကာပူနိုင်ငံရှိ အရပ်ဝတ် ရဲအရာရှိ အယောက် ၂၀ခန့်မှ ဆုတောင်းလာရောက်သူများကို တားမြစ်ပိတ်ပင်ခဲ့ရာ "လူလေးယောက်ထက် ပိုပြီးစုရုံးခဲ့ရင် တရားဥပဒေအရ အပြစ်ရှိတယ် အဆောက်အဦရဲ့အပြင်ဘက်မှာ စုရုံးမှုမှန်သမျှကို ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုမိန့် ရယူဖို့လိုတယ် ဒါကြောင့် ကျနော်တို့အနေနဲ့ ခင်ဗျားတို့အားလုံး ဒီနေရာကနေ အမြန်ဆုံးထွက်သွားဖို့ အကြံပေးချင်ပါတယ်" ဟု ရဲအရာရှိများမှ ပြောခဲ့သည်။

ဆုတောင်းရန်ရောက်လာခဲ့ကြသူမြန်မာများမှ စိတ်ထိခိုက်ကြပြီး ငိုယိုခဲ့ကြသည် "ကျနော်တို့ ဗုဒ္ဓဘာ သာအယူဝါဒအရ သေဆုံးသွားသူတွေ ဘဝကူးကောင်းရေးအတွက် ဆုတောင်းမေတ္တာပို့သဖို့ သက်သက် လာတာ" ဟု လာရောက်ဆုတောင်းသူ တစ်ယောက်မှ ပြောဆိုခဲ့သည်။ ရဲများမှပြန်ကြဖို့ကိုသာ အမိန့်ပေးနေခဲ့ သော်လည်း ရောက်ရှိလာသူ မြန်မာများမှာ ထွက်ခွာသွားခြင်းမရှိခဲ့ပေ။

"သေဆုံးသွားခဲ့ကြတဲ့ဆွေမျိုးသားချင်းတွေ ကိုယ့်နိုင်ငံသားတွေအတွက် ဝမ်းနည်းဖို့ကို ငါတို့က နင်တို့ဆီကနေ ဝမ်းနည်းဖို့ကို ခွင့်ပြုချက်ယူရဦးမှာလား နင်တို့နိုင်ငံသားတွေ တခြားနိုင်ငံတစ်ခုမှာ ငါတို့လိုပိတ်ပင်ခံရရင် နင်တို့ဘယ်လိုခံစားရမလဲ" ဟု အင်ဂျင်နီယာ အမျိုးသမီး မဟန်သူ မှ မျက်ရည်များဖြင့် ရဲအရာရှိအား ပြောဆိုခဲ့ သည်။

"ကျနော်တို့ ဒီမြန်မာသံရုံးရှေ့ကိုလာတာသေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ် ဆုတောင်းရုံသက် သက် ပဲ..ဘာဖြစ်လို့ဒီနေရာကိုမှ လာရတာလဲဆိုတာကလဲ စင်္ကာပူနိုင်ငံ မြန်မာသံရုံးဟာ မြန်မာပြည်ရဲ့ မြေနေရာလေး တစ်ခုဖြစ်လို့..ပြီးတော့ ကျနော်တို့ဟာ အဲဒီမြေနဲ့သက်ဆိုင်တဲ့ မြန်မာလူမျိုးတွေဖြစ်လို့ပဲ၊ စင်္ကာပူ ကျွန်းပေါ်မှာ မြန်မာသံရုံးမှလွဲပြီးလဲ တခြားဘယ်နေရာမှ မြန်မာ့မြေအဖြစ် သတ်မှတ်လို့ရတဲ့ နေရာမရှိဘူး" ဟု စင်္ကာပူနိုင်ငံတွင် ပညာသင်ကြားလျှက်ရှိပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မျိုးမြင့်မောင်မှ ရဲအရာရှိအား ပြောကြားခဲ့သည်။

တစ်နာရီခန့်အပြင်းအထန် ပြောဆိုကြပြီးနောက် မျိုးမြင့်မောင်သည် စင်္ကာပူရဲများနှင့် ညှိနှိုင်းနားလည်မှုရယူကာ လေးယောက်တစ်တွဲ ငါးမိနစ်ခန့် သံရုံးရှေ့တွင် ဆုတောင်းခွင့်ရရှိခဲ့သည်။ ကျန်ရှိနေသူများမှာမူ ပါလာသောပန်းများ ဖရောင်းတိုင်များကိုင်ဆောင်၍ St. Martin's Drive လမ်းထိပ်တွင် ဆုတောင်းရန် စောင့် ဆိုင်းခဲ့ကြသည်။

"ဒီနေ့စင်္ကာပူရဲလုပ်တာကိုင်တာ နဲနဲသေးသိမ်တယ်လို့ ကျနော်ထင်တာပဲ ကျတော့ရဲ့အဓိက ရည်ရွယ်ချက်က စင်္ကာပူရဲတွေနဲ့ ပြဿနာတက်ဖို့မဟုတ်ဘူး ကျနော်က ဆိုင်ကလုံးမုန်တိုင်းကြောင့် သေဆုံးသွားတဲ့သူတွေကော ကျန်ရစ်ခဲ့တဲ့သူတွေအတွက်ကို ဆုတောင်းမေတ္တာပို့သချင်တယ် အဲဒါကို အခက်အခဲကြားထဲက ဖြစ် အောင်လုပ်နိုင်ခဲ့တဲ့အတွက် ကျနော်ကတော့ ကျေနပ်ပါတယ်" ဟု ဆုတောင်းပွဲလာရောက်ခဲ့သူအင်ဂျင်နီ ယာ ကိုဝဏ္ဏ မှပြောပြသည်။

ရဲ၏ခွင့်ပြုချက်ဖြင့် လေးယောက်တစ်တွဲ သွားရောက်ဆုတောင်း မေတ္တာပို့သခဲ့ကြကာ မြန်မာများမှ ရဲအရာရှိ များကို ကျေးဇူးတင်စကားပြောကြားပြီး ငြိမ်းချမ်းစွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

စင်္ကာပူနိုင်ငံရှိ စထရိတ်တိုင်း သတင်းစာ၏ အဆိုအရ စင်္ကာပူနိုင်ငံတွင် မြန်မာလူဦးရေ တစ်သိန်းခန့် နေထိုင် ကြောင်းသိရသည်။

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */