မှော်ဘီ လေတပ် စခန်းမှ တရုတ်လုပ် တိုက်လေယာဉ် လေ့ကျင့် ပျံသန်း နေစဉ် ပျက်ကျ
တရုတ်လုပ် တိုက်လေယာဉ် |
Freedom News Group | တရုတ် နိုင်ငံမှ ၀ယ်ယူထားသည့် မြန်မာ့ လေတပ်မှ တိုက်လေယာဉ် တစ်စီးမှာ ဗူဒ္ဓဟူးနေ့ နေ့လည်က မှော်ဘီ လေတပ် စခန်း မှနေ၍ လေ့ကျင့် ပျံသန်းနေစဉ် ဧရာဝတီတိုင်း ကြံခင်းမြို့၏ မြောက်ဘက် အနီးတွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည် ဟု Freedom News Group မှ စုံစမ်း သိရှိရသည်။
လေ့ကျင့်ပျံသန်း နေသော ထိုလေယာဉ်တွင် မြန်မာ့ လေတပ်မှ လေသူရဲ နှစ်ဦး ပါဝင်သည် ဟု သိရသည်။ ပျက်ကျသွားသည့် အဆိုပါ တိုက် လေယာဉ်သည် အမေရိကန် လုပ် F-16 တိုက် လေယာဉ် ပုံစံကို တုပ ထားသည် တရုတ်လုပ် J စီးရီ အမျိုးအစား ဖြစ်သည် ဟု သိရသည်။

ပျက်ကျ သွားသည့် လေယာဉ်တွင် ပေါက်ကွဲ စေတတ်သည့် လက်နက်များ တပ်ဆင်ထားခြင်း မရှိဟု သိရသည်။ မိုးတွင်း ကာလ လွန်မြောက်ပြီး နောက်ပိုင်းတွင် နယ်စပ် ဒေသ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ထိုးစစ်ဆင်နိုင်ရန် အတွက် မြန်မာ့ လေတပ်မှ လေသူရဲများမှာ လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်း၏ အမိန့်အရ အပြင်းအထန် လေ့ကျင့် ရသည် ။
ပျက်ကျ သွားသော လေယာဉ်တွင် ပါရှိသည့် လေသူရဲ နှစ်ဦး၏ အခြေအနေနှင့် လေယာဉ် အမျိုးအစားကို Freedom News Group မှ စုံစမ်းဆဲ ဖြစ်သည်။
စစ်အစိုးရ အဖွဲ့ဝင်များ ရုံးထိုင်ရာ နေပြည်တော် မြို့သစ် တည်ဆောက် ပြီးချိန်မှ စ၍ မှော်ဘီ ၊ မင်္ဂလာဒုံ နှင့် မတ္ထီလာ ရှမ်းတဲ လေတပ် စခန်းများမှ တိုက်လေယာဉ်များသည် ခဲယမ်း လက်နက် အစစ်များ တင်ဆောင်၍ လေ့ကျင့်မောင်း နှင့် ခွင့်မပြုသည့် ပြင် တိုက်လေယာဉ် တစ်စီး ပျံသန်းတိုင်း နေပြည်တော်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနသို့ သတင်းပို့ ရသည် ဟု အမည် မဖော်လိုသည့် လေတပ် အရာရှိ တစ်ဦး
က ပြောသည်။
source by : Freedom News Group

တံစိုး လက်ဆောင် ကြီးစိုးတဲ့ ခေတ်မှာ မခံစားနိုင်တော့လို့ပါ
ကျွန်တော်/မ တို့သည် ကြေးမုံ သတင်းစာ တိုက်တွင် တာဝန် ထမ်းဆောင် နေကြသူများ ဖြစ်ကြပါသည်။
ယခုနှစ်တွင် ကြေးမုံ သတင်းစာတိုက် အပါအ၀င်၊ အခြားသော သတင်းစာ တိုက်များပါ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ သို့ရာတွင် ကြေးမုံသတင်းစာတိုက်တွင် ပြောင်းရွှေ့မိန့် ရရှိထားကြသော ရုံးအုပ်နှင့် တာန်ရှိသူများသည် မန်နေဂျာ၊ အခြားပိုင်ရာ ဆိုင်ရာများနှင့် ပူးပေါင်းကာ ရန်ကုန် အထိုင်အနေဖြင့် ကျန်ရစ်ခဲ့ကြပါသည်။ အခြား သတင်းစာတိုက်များ သည် ရာထူးကြီးငယ် မဟူ အားလုံး ပြောင်းရွှေ့ ကြပါသည်။ကြေးမုံ သတင်းစာတိုက်တွင် အမှန်တကယ် တာဝန်ရှိ(ရာထူးကြီး)သော သူများ မပါဝင်ပဲ လူငယ်၊ အောက်ခြေ ၀န်ထမ်းများသာ ပြောင်းရွှေ့ခဲ့ရပါသည်။ အလျည်းသင့် သူများကိုသာ ရွှေ့/ပြောင်း လုပ်နေပါသည်။ ထို့အပြင် ကြော်ငြာ ဌာန နှင့်တကွ ဖြန့်ချီရေး စသော၊ဌာနတို့မှာလည်း မန်နေဂျာနှင့် အလျည်း သင့်သူများသာ တာဝန်ချထား ခံနေရပါသည်။ ယခု နေပြည်တော်သို့ ရောက်ရှိ ရာတွင်လည်း အဆောင်နှင့် အဆောင်ထမင်/းဟင်းများအား ၀င်ရောက်ကြီးကြပ်မှူ မရှိခြင်းကြောင့်၊ အဆောင် ထမင်း/ဟင်းမှာ စီစဉ် ချက်ပြုတ်မှု ညံ့ဖျင်း လှပါသည်။
သို့ဖြစ်ပါ သောကြောင့် မန်နေဂျာနှင့်တကွ တာဝန်ရှိသူ လူကြီးများ၏ စီမံ ညံ့ဖျင်းမှု ကြောင့် အောက်ခြေ ၀န်ထမ်းများ ထိခိုက် နစ်နာ နေကြရသည်ကို အရေးယူ ဆောင်ရွက်ပေးပါရန် we ခွပ်ဒေါင်းမြေ မှ တဆင့် လေးစားစွာတင်ပြအပ်ပါသည်။
ဝန်ထမ်းများ
Subscribe to:
Posts (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |