မီးမလာ၍ ဆယ်တန်း ပေါ့ ကတ် များအရောင်းသွက်

Sunday, March 8, 2009 ·

ဆယ်တန်း ကျောင်းသားများကပေါ့ ကတ်ဟု လျှို့ ဝှက်ခေါ် ဆိုသည့် စာမေးပွဲခန်းတွင်းခိုးချရာတွင် သုံးသော အိတ်ဆောင် ပေါ့ကတ်များမှာ ရန်ကုန်မြို့ တွင်အရောင်းသွက်နေသည်ဟုသတင်းရရှိသည်။ ရန်ကုန်မြို့ တော်ကြီးမှာ အာဏာရ အသိုင်းအ၀ိုင်းများ နေထိုင်သည့် ဗိုလ်ချုပ်ရွာ အမည်ရှိ ရွှေတောင်ကြား ၂ရပ်ကွက်တွင်ပင် မီးပုံမှန်မလာသဖြင့် ဆယ်တန်းဖြေဆိုမည့် ကျောင်းသား များမှာလည်း စာမေးပွဲအတွက်အခက်တွေ့ နေရသည်ဟုဆိုသည်။

ထိုသို့ အခက်တွေ့ နေသောကျောင်းသားများကို တစ်ဖက်တစ်လမ်းမှကူညီသောအနေဖြင့် စာမေးပွဲခန်းတွင်း ခိုးချရာတွင်သုံးသည့် အိတ်ဆောင်ပေါ့ကတ်များမှာဘာသာရပ်အလိုက် ရောင်းအား ကောင်းနေပြီး အင်္ဂလိပ်နှင့် သိပ္ပံတွဲမှာရောင်းအားအကောင်းဆုံးဖြစ်သည်။

“ပေါ့ ကတ်က အစုံလိုက်ဆို ၅၀၀၀ တစ်ဘာသာချင်းယူရင် ၁၅၀၀ ကျတယ်”လို့ ထိုပေါ့ကတ်ကို သွားရောက် ၀ယ်ယူ ခဲ့သည့် အထက ၂ ဒဂုံကျောင်းသားတစ်ဦးက Freedom News Group သို့ ပြောသည်။

သူကဆက်၍“မီးမှမလာတာဗျာဘယ်လိုလုပ်စာကျက်လို့ ရမလဲ ဓာတ်တိုင်အောက်မှာ သွားကျက်ရင်လည်း ရဲက ဗုံးလာထောင်တယ် အောက်မေ့ပြီးဖမ်းအုံးမယ် အကောင်းဆုံးကတော့ ဒီတနည်းပဲ ရှိတယ် ဆရာမတွေကို တိုင်က နင်တို့ မီးမလာဘူးဆိုပြီး တစ်နှစ်တော့ အချိန်မပုပ်စေနဲ့ ပေါ့ ကတ်သာအားကိုးတော့ စာမေးပွဲခန်းထဲရောက်ရင်ပေါ်တင်ကြီးတော့ မလုပ်နဲ့ ငါတို့ မျက်နှာလွှဲ ပေးထားမယ်ဆိုပြီး အတန်းနောက်ဆုံးနေ့ မှာအဲလိုပြောခဲ့တာဗျု”ဟုပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဟုခေါ်သည့်ဆယ်တန်းစာမေးပွဲအား တနိုင်ငံလုံးတွင်မတ်လ ၁၁ ရက်နေ့ မှ ၂၀ရက်နေ့ ထိ စတင် စစ်ဆေး မေးမြန်းတော့မည် ဖြစ်သည်။

source by : http://longwalktofreedom.wordpress.com/2009/03/07/%E1%80%99%E1%80%AE%E1%80%B8%E1%80%99%E1%80%9C%E1%80%AC%E1%81%8D-%E1%80%86%E1%80%9A%E1%80%B9%E1%80%90%E1%80%94%E1%80%B9%E1%80%B8-%E1%80%B1%E1%80%95%E1%80%AB-%E1%80%B7%E1%80%80%E1%80%90%E1%80%B9/#more-1863

1 ရဲ့ အမြင်:

Unknown said...
March 8, 2009 at 5:14 PM  

တကယ်ကြိုးစားချင်စိတ်ရှိရင် မီး ကိုအကြောင်းပြစရာမလိုပါဘူး...ရှေးတုန်းက လျှပ်စစ်မီးမရှိခင်တုန်းက လူသားတွေ ဘယ်လိုကြိုးစားရုန်းကန်လာခဲ့ကြတာလဲ...ကမ္ဘာကျော် နိုဘယ်ဆုရှင် အများစုတွေ ဘယ်လိုကြိုးစား လေ့လာခဲ့သလဲ...လျှပ်စစ်မီးတွေ မပေါ်ထွန်းခင်က မီးဖိုဘေးမှာ ထိုင်ပြီးတော့ စာကြည့်ခဲ့တာတွေ စာအုပ်နဲ့ ဘောလ်ပင် မရှိလို့ မီးသွေးခဲတွေနဲ့ ရေးချစ်ခဲ့ပြီးတော့ လေ့လာကျက်မှတ်ခဲ့တာတွေ ကိုကြည့်ခြင်းအားဖြင့် မိမိလိုချင်တဲ့ အရာတစ်ခုကို ဘယ်လိုအခက်ခဲတွေရှိနေပါစေ ရအောင် လုပ်နိင်တဲ့စိတ်ဓာတ်တွေကို ပြသနေခြင်းဖြစ်တယ်...မိမိသာ တကယ်ကြိုးစားချင်စိတ်ရှိနေရင် ဘာကိုမှ ဆင်ခြေဆင်လက်တွေ ပြစရာမလိုပါဘူး...ကြိုးစားမှုနဲ့လုံလ၀ရိယပဲလိုတယ်..တောဘက် မှာ မြို့ပြတွေလို ဆင်ခြေမပေးပါဘူး...ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ လျှပ်စစ်မီးကို လျှပ်စစ်မီးမရှိလို့ဆိုပြီးတော့ စာမကျက်ခဲ့တာမရှိပါဘူး...ဒီလိုသာဆင်ခြေတွေပေးနေရင် ကျေးလက်ရွာကနေ ပညာတတ်တွေဆိုတာ ထွက်လာမှာမဟုတ်ပါဘူး...လျှပ်စစ်မီးမရှိလို့ ဖယောင်းတိုင် မီးခွက်လေးနဲ့ စာကြည့်တယ်...လျှပ်စစ်မီးမရှိလို့ သဘာဝကပေးတဲ့ အလင်းရောင်တွေဖြာနေတဲ့ နေ့ခင်းပိုင်းမှာ စာကိုအဓိကထားကြည့်တယ်..ညဘက်မှာ အိပ်ပျော်သွားမှာဆိုးလို့ အုန်းသီးကိုခေါင်းခုအိပ်ပြီးတော့ စာကျက်ခဲ့တဲ့ တောရွာသားတွေပါ..ဂုဏ်ထူးတွေထွက်တော့လည်း ကိုတောရွာသားတွေမပါမပြီးပါ..ဘာဆင်ခြေဆင်လက်မှမပေးခဲ့ပါ...မြို့သားတွေ တောသားတွေကို အတုတောင်ယူသင့်ပါတယ်...နိုင်ငံတိုင်းမှာ လျှပ်စစ်မီးမရှိတဲ့ တောရွာကနေပြီးတော့ ကြိုးစားလို့ နိုင်ငံရဲ့ အမြင့်ဆုံးနေရာတွေမှာ ရောက်ရှိနေတာတွေကိုကြည့်ပါ...မီးမလာလို့ဆိုပြီးတော့ ထိုင်ပြောအပြစ်တင်နေမယ့်အစား အရေးကြီးတဲ့ အချိန်မှာ စာကို ဘယ်လိုကျက်ရမလဲဆိုတာကိုပဲခေါင်းထဲစဥ်းစားသင့်တယ်...
မြို့မှာမိုလို့ မီးဖိုမရှိဘူး ဖယောင်းတိုင်ဝယ်ရင် ပိုက်ဆံကုန်တယ်လို့ပြောမလို့လား...တစ်နေ့မှာ ၂၄ နာရီရှိတဲ့ နေ့တစ်ရက်မှာ အလင်းရောင်ရှိတဲ့ မနက် ၅ နာရီ ၆ နာရီကနေပြီးတော့ ညနေပိုင်း ၅ နာရီ ၆ နာရီထိ ကြည့်မယ်ဆိုရင် စာတွေ ဘယ်လောက်ရနိုင်သလဲဆိုတာခန့်မှန်းလို့ရပါတယ်..ညအချိန်မီးမရှိလို့ ဘာမှမကြည့်ရဘူးဆိုရင်တောင် နေ့ခင်းမှာ ကြည့်ခဲ့တဲ့ စာတွေကို ခေါင်းထဲမှာ အပြည့် စာတွေပြန်ပြီးတော့ စီစဉ်လို့ရပါတယ်..ရပြီးသားစာတွေကို အလွတ်ပြန်ပြီးတော့ ကျက်မှတ်လို့ရပါတယ်...နောက်ဆုံးပြောခြင်တာက မီးမရှိလို့ဆိုပြီးတော့ စာမကျက်ပဲဆင်ခြေပေးနေတာဟာ လူငပျင်းတွေ လူငတုံးတွေ အလုပ်သာဖြစ်ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာကို မစဉ်းစားပဲ လုပ်နေရင်တော့ လျှပ်စစ်မီးရှိလည်း ကျမှာပဲ.ဘာဆင်ခြေမှ မပေးခဲ့တဲ့ တောရွာက ကျောင်းသူကျောင်းသားများကို အတုယူပါလို့ ရွှေမြို့တော်ကြီးက ကိုကိုကျောင်းသား ကျောင်းသူများ ကိုပြောခြင်ပါတယ်...
မိမိအတွက် အရေးကြီးတဲ့အချိန်ကာလမှာ လျှပ်စစ်မီးမရှိလို့ ဖယောင်းတိုင်ဝယ်ရင် ပိုက်ဆံကုန်တယ်လို့ပြောနေတဲ့ ကျောင်းသားများ ကိုပြောခြင်ပါတယ်...မင်းတို့လေးတွေ ကျောင်းမှာ နေ့စဉ်သုံးနေတဲ့ မုန့်ဖိုးထက် ဒီဖယောင်းတိုင်ဖိုးလေးက ပိုမကုန်ပါဘူး..ဒါလေးကိုကြတော့ ပိုက်ဆံကုန်တယ်လို့ပြောမလို့လား..မင်းတို့ သုံးနေတာ ပိုက်ဆံဖြုန်းနေတာ တကယ်သုံးရမယ့်နေရာကြတော့ တွန့်တိုနေကြပါလား...စာမေးပွဲကာလမှာ ဒီဖယောင်းတိုင်လေး ၀ယ်သုံးလိုက်လို့ ဘ၀ပျက်သွားမှာမိုလို့လား..ထမင်းငတ်သွားမှာမိုလို့လား.. ဆင်ခြေတွေ သိပ်မပေးပါနဲ့...တောက ကျောင်းသားတွေကို အတုယူပါ...

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */