ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက မြန်မာအမျိုးသမီး အလုပ်သမားများအား အိမ်ဖေါ်အလုပ် မလုပ်သင့်ကြောင်း ပြောဆို

Friday, March 20, 2009 ·

အိမ်ရှင်မှ အလိုမတူပဲ သားမယား အဖြစ် ပြုကျင့်ရန် ကြံစည် အားထုတ်မှုမှ လွတ်မြောက် လာသူ မြန်မာ အိမ်ဖေါ် အလုပ်သမား အမျိုးသမီး တစ်ဦးက မြန်မာ အလုပ်သမား မိန်းကလေးများ အနေဖြင့် အိမ်ဖေါ် အလုပ်ကို မလုပ် သင့်ကြောင်း ပြောဆို လိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ တစ်နေရာတွင် အိမ်ဖေါ်အလုပ် လုပ်ကိုင် နေစဉ်အတွင်း အိမ်ရှင် အဖိုးကြီးက သားမယား ပြုကျင့်ရန် နည်းမျိုးစုံဖြင့် ကြိုးစား နေသဖြင့် ဘန်ကောက်မြို့အခြေစိုက် “ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်း” ထံသို့ ရောက်ရှိ လာသော ပဲခူးတိုင်းမှ အသက် (၂၀)အရွယ် မိန်ကလေးက ပြောဆို လိုက်ခြင်း ဖြစ်သည်။

“သမီး ဘန်ကောက်ရောက်တာ ၃လရှိပြီ၊ သမီးအလုပ်လုပ်တဲ့ အိမ်ရှင်သူဌေးရဲ့ မယားငယ်က ယောင်္ကျားလျာ လိုလို ဘာလိုလိုနဲ့ သမီးကို တချိန်လုံး အောကားတွေ ဖွင့်ပြတယ်။ သမီးရေချိုးရင် ရေချိုးခန်းထဲကို လိုက်လာပြီး ဟိုကိုင် ဒီကိုင် လုပ်တယ်။ သူ့ကိုလည်း သမီးကို ကိုင်ခိုင်းတယ်။ ပြီးတော့ သမီးရှေ့မှာ သူတို့ လင်မယား လိင် ဆက်ဆံပြတယ်။ တော်တော် ရှက်စရာ ကောင်းပါတယ်။ သမီးကို မယားငယ် လုပ်ဖို့ စည်းရုံးတယ်။ သမီးက သူများ မယားငယ် လုပ်ပြီးမှ ရမယ့် ပိုက်ဆံကို မလိုချင်ဘူး။ အလုပ်ကြိုးစားပြီး ရတဲ့ငွေကိုပဲ သမီးရ ချင်တယ်’’

အဆိုပါသူဌေးမှာ အသက် ၆၀ကျော်အရွယ်ခန့်ရှိပြီး သူ၏မယားငယ်မှာ အသက် ၃၀ ၀န်းကျင်ဖြစ်သည်။ သူဌေး လင်မယားနှင့် အတူတူ အိပ်စက်ရပြီး တစ်နေ့နေ့ တစ်ချိန်ချိန်တွင် မိမိဘ၀ နစ်မွန်းနိုင်သည်ကိုမြင်သဖြင့် ထွက်ပြေး လွတ်မြောက်နိုင်မည့် အခွင့်အခါကို စောင့်နေခဲ့သည်။ သူမနှင့်အတူ အခြား မြန်မာ အိမ်ဖေါ်တစ်ဦးပါ ရှိသဖြင့် နှစ်ယောက်သား ခြံစည်းရိုးကို ကျော်၍ ထွက်ပြေး လာခဲ့သည် ဟုဆိုသည်။

“သမီးကို သူဌေးကကြိုက်တယ်ဆိုပြီး မဲဆောက်က ပို့ပေးတဲ့ပွဲစားကို လှမ်းပြောတယ်။ ဘန်ကောက်မှာ ကရင်မ ပွဲစား (၂) ယောက်က သမီးကို အကြီးအကျယ် လိုက်ရှာနေတယ်။ ဗမာလူမျိုး အချင်းချင်း သူတို့ ငွေရရင်ပြီးရော သမီးကို ပြန်ပို့ဖို့ ရှာနေကြတယ်။ အိမ်ဖေါ်ဆိုပြီး အချိန်ပြည့် ခိုင်းတယ်။ ထမင်းကို ၀အောင်မကျွေးဘူး။ အသီးအရွက် နဲ့ပဲ စားရတယ်။ ထမင်းဂျိုးကို ရေးနှူးပြီး ကျွေးတယ်။ စိတ်ချမ်းသာတဲ့နေ့ ဆိုတာ မရှိဘူး” ဟုပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ စည်းရုံးရေးနှင့် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သက်သက်ဦးက “ကျမတို့ဆီကို ဒီကိစ္စမျိုးတွေနဲ့ မကြာခဏဆိုသလို ရောက်လာကြတယ်။ ကျမတို့ ကိုယ်တိုင်းလည်း အလုပ်သမား ပဲလေ၊ နိုင်သလောက်တော့ ကူညီပေးတာပေါ့။ ကျမတို့က ငွေကြေး တတ်နိုင်တဲ့ အဖွဲ့ မဟုတ်ဘူးလေ။ ကျမတို့ စားသလို ကျွေးတယ်။ ကျမနဲ့ အတူ အိပ်တယ်။ ကျမတို့ သိတာလေးတွေကို ရှင်းပြပေးတယ်။ ဆေးဝါး ကုသဖို့ကျရင်တော့ အခြား အဖွဲ့အစည်း တွေကို အကူအညီ တောင်းရတာ ပေါ့နော်။ ဘန်ကောက်မှာ မြန်မာ အလုပ်သမား တွေကို ထိထိ ရောက်ရောက် ကူညီနိုင်မယ့် အဖွဲ့တွေ လိုအပ်ပါတယ်။ အလှမ်းကျယ်ပြီး အလယ်လပ် နေတာ၊ ဘန်ကောက်မှာ အိမ်ဖေါ်တွေ အပြင်ကို လုံးဝ မထွက်ရတဲ့ အလုပ်ရုံတွေ ရှိပါတယ်။ မြန်မာ အမျိုးသမီးလေးတွေ အခြား အလုပ် ကိုပဲ လုပ်စေချင်ပါတယ်။ ဘ၀လုံခြုံမှု လုံးဝမရှိတဲ့ ဒီအိမ်ဖော် အလုပ်ကို မလုပ်ကြပါနဲ့လို့ ကျမ တိုက်တွန်းချင် ပါတယ်’’ဟု ပြောသည်။

ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အိမ်ရှင်မှဖြစ်စေ တစ်စုံတစ်ယောက်မှဖြစ်စေ မတော်မတရား ပြုကျင့် ခံရသော မြန်မာအလုပ်သမား အမျိုးသမီးများမှာ ဘတ်မရှိလျှင် နယ်စပ်ကိုပြန်ပို့ခံရမည်ဖြစ်သည်။ ထို့အပြင် အမှုရင်ဆိုင် နေစဉ်အတွင်း အမျိုးသမီး ထိန်းသိမ်းရေး စခန်းတွင် တစ်နှစ်နီးပါး ၀င်ငွေ မရရှိပဲနေရသည်။ အန်ဂျီအိုများ၊ အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပူးပေါင်းပြီး အမှုမှန် ပေါ်ပေါက်အောင် ဖေါ်ထုတ် ရမှုများမှာလည်း များစွာ ခက်ခဲကြန့်ကြာ တတ်သည်။


source by : http://ghre.org/mm/index.php?option=com_content&view=article&id=264:2009-03-19-04-01-56&catid=1:la

1 ရဲ့ အမြင်:

zaw said...
May 15, 2011 at 4:21 AM  

ကျတော်ကထိုင်နိုင်ငံဖူကပ်ကပါ.....မြင်သလောက်ပြောရရင် အိမ်တိုင်တော့မဟုပ်ဘူး
ဒါပေမဲကောင်းတဲအိမ်းရှီသလို မကောင်းတဲအိမ်းလဲရှီပါ
တယ်...ဒါပေမဲမြန်မာအချင်ချင်ဝိုင်ကူညီကြရမှာပေါ့
မှာတာရှီရင်ခွင့်လွပ်ပါ...ကျေးဇူးတင်ပါတယ်ဗျာ

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */