နအဖ ကတော့ Human rights တွေကို တခုပြီးတခု ချိုးဖျက်နေပါသည်။ ဒီ msg ဟာဒီနေ့ နောက်ဆုံး ရတဲ့သတင်း ဖြစ်ပါသည်။မြန်မာပြည်ထဲ မှ internet user များအတွက်အရမ်း အရေးကြီးပါသည်။
ကျွန်တော့်အား သတင်းပေးသူကို safety အရမဖော်ပြထားပါ။ နီးစပ်သူအားလုံးကို forward လုပ်ပေးကြပါ။
ဒီပြဿနာကို ဖြေရှင်းနိုင်ရေးကို ဝိုင်းဝန်းကူညီပေးစေလိုပါသည်။
ကျောက်မြောင်းဘက်က အင်တာနက်ဆိုင်တွေမှာ စစ်ဆင်ရေးလုပ်နေတယ်။ ဆိုင်တဆိုင်မှာဆိုရင် လူတွေ အင်တာနက် သုံးနေတုံး ကား၃စီးလောက်နဲ့ရဲတွေရောက်လာပြီး ဆိုင်ထဲကလူတွေကို အခုလက်ရှိ ဖွင့်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို မပိတ်ဘဲ အကုန်ထခိုင်းတယ်။ သူတို့က အဲဒီဝက်ဘ်ဆိုက်တွေကို စက်တလုံးခြင်း လိုက်မှတ်တယ်။ အဲဒီနောက် လူတယောက်ချင်းကို သုံးနေတဲ့ဆိုက်နဲ့ပတ်သက်ပြီး မေးတယ်။
ဂျီမေးလ်သုံးနေတဲ့လူဆိုရင် ဟိုဘက်ကလူက ဘယ်ကလဲ ဘယ်သူလဲ ဘယ်နိုင်ငံကလဲ ဘာအကြောင်း ပြောနေတာလဲ ဝက်ဘ်ဆိုက်ကြည့်နေတဲ့လူဆိုရင်လဲ ဒီဆိုက်က ဘာအတွက်လဲ ဘာလုပ်ဖို့ ကြည့်တာလဲ အကုန်လျှောက်မေးပါတယ်။ အဲဒီမှာ ကောင်မလေးတယောက်က ကြောက်ပြီး သူသုံးနေတဲ့ဆိုက်တွေကို ပိတ်ပစ်လိုက်တယ်။ အဲတာကိုလည်း ဘာလို့ပိတ်တာလဲဆိုပြီး အကုန် ပြန်ဖွင့် ခိုင်းတယ်။ နောက်တော့ သုံးနေတဲ့လူတွေကို ပြန်လွှတ်လိုက်ပေမယ့် အဲဒီကောင်မလေးကိုတော့ ဆက်စစ်နေသေးတယ် နောက်ဆုံး ဆိုင်ပိုင်ရှင်ကိုလည်း ခေါ် သွားတယ် ... အခုတော့ အဲဒီဆိုင် ပိတ်ထားရတယ်တခြားဆိုင်တွေကိုလည်း အဲဒီလိုဝင်တယ်ကြားပေမယ့် ကျနော်သိတဲ့တဆိုင်ကတော့ သေချာပေါက် ပိတ်ထားရပါတယ်။
ဒါကိုကြည့် ရင် နအဖ က အင်တာနက်သုံးစွဲတဲ့သူတွေ ကိုအန္တရယ်ပေးနေတယ်။ လူတွေကို မျက်စိပိတ်နားပိတ် လုပ်နေတယ်။ အသိညဏ်တွေတုံးအောင်လုပ်နေပါတယ်။ ဒါကြောင့် အင်တာနက် သုံးစွဲတဲ့ သူတွေအနေနဲ့  လုံခြုံရေးကို အထူးဂရုစိုက်ပါ။
အင်တာနက်ဆိုင်မှာသုံးစွဲမယ်ဆိုရင်- ကိုယ်သွားခဲ့တဲ့ Website တွေ အီးမေးလ်တွေ ကို သဲလွန်စမကျန်အောင် ဖျောက်ဖျက်ခဲ့ပါ။ တတ်နိင်ရင်တော့ အင်တာနက်ဆိုင်ကိုသွားရင် လူနစ်ယောက်သွားသင့်ပါတယ်။ တယောက်က လုံခြုံရေးကိုကြည့် ပေးဖို့ တယောက်က ဆက်သွယ်ဖို့ ။ ဒါဆို ရုတ်တရက် အလှစ်အငိုက် ဝင်ဖမ်းတာတွေကို ရှောင်တိမ်းနိင်မယ်။
Rest of your post
Subscribe to:
Post Comments (Atom)
AddThis
ယနေ့ မြန်မာပြက္ခဒိန်

FREE AUNG SAN SUU KYI
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. )၂ ရဲရဲတောက် တို့ပြည်သူတွေ....
➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )၂
➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )၂
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |








0 ရဲ့ အမြင်:
Post a Comment