နအဖ ၏ ကြောက်ကြီး ကိုးလုံး

Monday, June 30, 2008 · 0 ရဲ့ အမြင်






ကိုမျိုးချစ်မြန်မာ မှ မျှဝေပါသည်။

ဖတ်ကြည့်ချင်သေးလား....

Receipt of the donation from Cyclone Nargis Fundraising Dinner & Concert (NY)

· 0 ရဲ့ အမြင်


စေတနာ သဒ္ဒါ တရားထက်သန်စွာ လှူဒါန်းခဲ့သောစေတနာရှင်များအား ဝမ်းမြောက်စွာဖြင့် သာဓုသုံးကြိမ်သုံးခါခေါ်ပါတယ်ခင်ဗျာ...

ဖတ်ကြည့်ချင်သေးလား....

နအဖ ၏ ထိပ်တန်း လျှို့ဝှက်ချက်

· 0 ရဲ့ အမြင်




ဖတ်ကြည့်ချင်သေးလား....

ငါတို့မျိုးဆက်ရဲ့ သူရဲကောင်းမှတ်တမ်း

· 0 ရဲ့ အမြင်


ဖတ်ကြည့်ချင်သေးလား....

သာသနာမောဠိအဖွဲ့ချုပ် အတွင်းရေးမှုး ဆရာတော် ဦးဥတ္တရ ဂျပန်သွားပြီ။

· 0 ရဲ့ အမြင်



ဖတ်ကြည့်ချင်သေးလား....

၂၀၀၈ ခုနှစ်ဇွန်လတွင် နအဖတပ်အတွင်း ပြောင်းလဲတာဝန်ထမ်းဆောင်ရသည့် အရာရှိများစာရင်း

· 0 ရဲ့ အမြင်

Read this document on Scribd: Change Military (2008 June)

ဖတ်ကြည့်ချင်သေးလား....

ကမ္ဘာကျော် လူလိမ်ကြီးများ နှင့်

Saturday, June 28, 2008 · 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် မှ မေတ္တာရပ်ခံချက်

· 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

အောင်ပွဲခံနိုင်ရာသောအချက်ကြီး (၃)ချက်

· 0 ရဲ့ အမြင်

၈၈ သီဟ

ကျွန်တော်တင်ပြလိုတဲ့အောင်ပွဲခံနိုင်ရာသောအချက်ကြီး (၃)ချက်ကိုမတင်ပြခင်မှာအခြေခံတဲ့ အချက်လေးများ ကိုတင်ပြချင်ပါတယ်။ ဦးစွာအနေနဲ့ကတော့၊ ကျွန်တော်ရဲ့တင်ပြမှု့များထဲမှာ လိုအပ်တာလေးများ မှားနေတာ လေးများပါတယ်ဆိုရင်တော့၊ ကြိုတင်ပြီးတောင်းပန်ပါရစေ။

ဒီနေ့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများအရ၊ ကျွန်တော်တို့အားလုံးမှာတူညီသောရည်ရွယ် ချက်များ ရှိနေ ခဲ့ကြသည် ဆိုတာကိုတော့ အားလုံးမငြင်းနိုင်တဲ့အချက်တခုဖြစ်ပါသည်။ ဒါပေမယ့် ဒီတူညီချက်ကို အားပြုပြီး အောင်ပွဲအဖြစ်ရောက်ရှိအောင် မောင်းနှင်ဖို့ရာမှာ၊ ဦးစွာအနေနှင့်အချက် (၂)ချက်ရှိရန် လိုအပ်သည် ဟုထင် ပါသည်။ အဲတာတွေကတော့

(၁) သဘောထား (တဦးချင်းစီအလိုက်)
(၂) လုပ်နည်း (ဘယ်လိုနည်းနှင့်လက်တွဲလုပ်ဆောင်ကြမည်လဲ)၊ဆိုတာတွေပဲဖြစ်ပါတယ်။ ကျွန်တော့်ရဲ့၊ ယ္ခုတင်ပြမှုမှာတော့နံပါတ် (၁) ဖြစ်တဲ့၊ Attitude (သို့) သဘောထားကို တင်ပြထားပါ တယ်။ သဘောထား ဆိုတဲ့အပိုင်းကိုတင်ပြရာမှာတော့ အပိုင်းအလိုက်တင်ပြသွားမည်ဖြစ်ပြီး၊ နံပါတ် (၂) လုပ် နည်းကိုလည်း ဆက်လက် တင်ပြ သွားမှာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ တင်ပြချက်အလုံးစုံကတော့၊ မှန်တကယ်အချိန်ကုန်ခံပြီး မြန်မာ့ဒီမိုကရေစီအရေး ကိုလုပ်ဆောင်ခဲ့ တဲ့နေရာမှာ၊ တွေ့ရှိ လာရတဲ့ အချက်များဖြစ်ပါတယ်။ နံပါတ်(၁)သဘောထား ပိုင်းကို အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ရှင်း ရမယ်ဆိုရင်တော့၊အဓိကသော့ချက်(၃)ချက်ဖြစ်တဲ့

(၁) တိုက်ရဲ
(၂) သေရဲ
(၃) အနိုင်ယူရဲ

ဆိုတဲ့အချက်များသာလျှင်ဖြစ်ပါတယ်။

တိုက်ရဲ

တိုက်ရဲဟုဆိုရာတွင်ရန်သူကိုလက်နက်ကိုင်၍တိုက်ခြင်းကိုသာမဆိုလိုပါ။အခြားသောရဲရဲရင့် နင့် တိုက်ပွဲဝင်ရ မည့်အခြေအနေများစွာရှိပါသည်။၎င်းအခြေအနေများအနက်မိမိကိုယ်ကိုတိုက် ခြင်းနှင့်မိမိနှင့် ဆက်စပ်နေသော ပတ်ဝန်းကျင်ကိုတိုက်ခြင်းတို့သည်အလွန်အရေးပါသောတိုက်ပွဲ ၀င်ခြင်းများဖြစ်သည်။ သို့မှသာလျှင် မိမိ ဆန့် ကျင် တိုက်ခိုက်နေသောရန်သူကို၊ပြတ်ပြတ်သားသား တိုက်ခိုက်သွားနိုင်သော အခြေအနေများ ရရှိလာ နိုင်ပေသည်။

မိမိကိုယ်ကိုတိုက်ခြင်း

ပထမဦးဆုံးတိုက်ပွဲဝင်ခြင်းဖြစ်သောမိမိကိုယ်ကိုတိုက်ခြင်းသည်အလွန်တရာခက်ခဲသောကိစ္စတရပ်ဖြစ်သည်။ အဖြေကတော့မိမိကိုယ်ကိုမှအနိုင်ယူမတိုက်ခိုက်နိုင်လျှင်တော့၊ရန်သူကိုနိုင်အောင်တိုက်ဖို့ရန်မှာအလွန်တရာခက်ခဲလှပေမည်။(Indian)စကားပုံတခုကဆိုထားတာက၊ "If you want to reach a state of bliss, then go beyond your ego and the internal
dialogue. ဒီအပြင်ဗုဒ္ဓရဲ့အဆုံးအမထဲမှာဆိုထားတာက၊ “To conquer oneself is a greater task than conquering others” ပြီးတော့ဗုဒ္ဓရဲ့အဆုံးအမနောက်တခုကလဲဆိုထားတာက၊
“You cannot travel the path until you have become the path itself” - (Buddha)

အဲဒီလိုလူတဦးချင်းစီအလိုက်အတ္တတချို့၊မိမိလုပ်တာမှအမှန်၊မိမိထင်တာမှအကောင်း၊ဆိုသည် များရှိကြသည်ချည်းပင်။ ယခုကျွန်တော့်၏ တင်ပြမှု့သည် အများအကျိုးအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းမှု့တရပ်ဖြစ်၍၊ တဦးခြင်းစီအတ္တလျော့ချရေးမှ(individually)၊အများစုနှင့်အံဝင်ခွင် ကျဖြစ်လာ သည့်အခါဝယ်၊ဖြစ်သင့်သောပတ်ဝန်းကျင်အဖြစ်သို့ကူးပြောင်းသွားရေးပင်ဖြစ်သည်။

ဒါ့ကြောင့်မိမိကိုယ်ကိုဦစွာပြုပြင်ပြောင်းလဲပစ်ခြင်းသည်၊အားလုံး၏အခရာပင်ဖြစ်သည်။

အဓိကအားဖြင့်မိမိ၏အများနှင့်မကိုက်ညီသောအတွေးအခေါ်များ၊မိမိအတွက်သာလျှင်အကျိုးရှိစေမည့်ကိစ္စများကို

အထူးရှောင်ရှားနိုင်ပါက အများစုဆိုသည့်ပတ်ဝန်းကျင်တွင်ဝင်ဆန့်သွားမည်ဖြစ်ပေသည်။

မိမိကိုယ်ကိုတိုက်ခိုက်ရာတွင်အဓိကလိုအပ်ချက်မှာ၊ အခြေအနေ ကိုသမာသမတ်ကျကျ ရှု့မြင် ခြင်း သည်အလွန်အရေးပါသည်။ မိမိ၏တဖက်သတ် ရှု့မြင်ခြင်းကြောင့် အခြေအနေ အမှန်ကို မတွေ့မြင် နိုင်သလို၊ ဘက်ပေါင်းစုံ မှ သုံးသတ်မှု့မပြုလုပ်နိုင်လျှင်လည်း၊ လက်ရှိ အခြေအနေ၏ ဖြစ်ပျက် နေမှု့ကို မတွေ့မြင်နိုင်ပေ။

ထို့အပြင်သဘာဝအရ တည်ရှိလာသော လူတဦးခြင်းစီ၏အတ္တများသည်အလွန်တရာ ဖယ်ရှား ရခက်ခဲသောအလုပ်တခုဖြစ်သည်။ မိမိ၏အတ္တများကို အလွန်အကြူး မဖြစ်စေဘဲ အလယ် အလပ်ကျအောင်ပြုလုပ်နိုင်ပါမူ၊ အခြေအနေများကို သမာသမတ်ကျကျ ရှု့မြင်လာ နိုင်ပေ မည်။ မိမိ၏ အတ္တ သဘောအရ အရာရာတိုင်း မိမိလုပ်တာမှမှန်သည် မိမိထင်တာသာလျှင်အကောင်းဆုံးဟု ယူဆ နေလျှင် တော့၊ မိမိတဦးတည်း၏ကမ္ဘာသာလျှင်ဖြစ်တော့မည်။

မိမိပတ်ဝန်းကျင်ကိုတိုက်ခိုက်ခြင်း

ထို့ကြောင့်မိမိကိုယ်ကိုပတ်ဝန်းကျင်နှင့်ဆီလျှော်အောင်ပြုလုပ်ခြင်းသည် ပထမဦးဆုံးအခြေခံကျသော တိုက်ပွဲဝင်မှု့တရပ်ဖြစ်သည်။ မိမိအနေနှင့်မျှတစွာတွေးခေါ်လုပ်ဆောင်နိုင်ပြီဆိုလျှင် မိမိနှင့် ဆက်စပ်ပတ်သက်နေသော၊ သူငယ်ချင်းရောင်းရင်းများသို့၊ ရှိသင့်သော အတွေး အခေါ်များကိုကူစက်ပြန့်ပွါစေခြင်းသည်ဒုတိယအချက်ဖြစ်သည်။ ဒီနေရာမှာလည်းအခက်အခဲရှိသည်မှာ မိမိ၏ အပေါင်း အသင်း များ၏လွဲမှားနေသောအထင်အမြင်နှင့်၊ ပတ်ဝန်းကျင်နှင့်အံဝင်ဂွင်ကျမဖြစ်မှုတို့အပေါ်၊ ထောက်ပြပြောဆိုရန်မှာ အလွန် ဝန်လေးစရာ ကောင်းသောကိစ္စတရပ်ဖြစ်သည်။ ထောက်ပြ ပြောဆို ရမည့်အစားလစ်လျှုရှု့ထားတတ်ကြသည်မှာ အများစုပင် ဖြစ် သည်။ အကျိုး ဆက်အား ဖြင့်မိမိ၏ ပေါင်းအသင်းများလွဲမှားစွာပြုမူနေခြင်းမှရပ်တန့်အောင်နှင့် ရှိသင့်သောအတွေးအခေါ်များ ပေါ်ထွန်း လာအောင် မလုပ်ဆောင်နိုင်တော့ပေ။ ထို့ကြောင့် မိမိအနေ နှင့် အမှန် တကယ်လွတ်လပ်မှု့အတွက်တိုက်ပွဲဝင်နေ သူဖြစ်လျှင်၊ မိမိကိုယ်ကိုလည် သမာသမတ်ကျကျ၊ ယထာ ဘူတကျကျ ရှု့မြင်နိုင်ဖို့ လိုအပ်သလို မိမိ သူငယ် ချင်း များကိုလည်း၊ သတ္တိရှိရှိတွဲခေါ်သွားနိုင်ရန် လိုအပ်သည်။ ထိုသို့ပြုမူနိုင်ပြီဆိုပါက၊ မိမိနှင့် ဆက်စပ် နေသောပတ်ဝန်းကျင်ကို လိုအပ်သော အတွေး အခေါ်များကူစက်ပြန့်ပွါးစေနိုင်ပေမည်၊ သို့မှသာ လျှင်လွတ် လပ်မှု့အ တွက်တိုက်ပွဲဝင်နေသူတဦးအနေနှင့်၊ မိမိနှင့်ဆက်စပ်နေသောပတ်ဝန်းကျင်ကို ရဲရဲရင့်ရင့် တိုက်ပွဲ ဝင်ခြင်းသည် အချက်အချာ ကျသည်ကို သိမြင်အကောင်အထည် ဖေါ်ခြင်းဖြစ်ပေမည်။

သေရဲ

သေရဲဆိုသည်မှာ တိုက်ပွဲတွင်ရဲရဲဝန့်ဝန့်အသေခံရဲခြင်းကိုသာဆိုလိုခြင်းမဟုတ်။ အများ အကျိုးအတွက် တိုက်ပွဲဝင်သူတဦးအနေဖြင့်၊ အနစ်နာခံစွန့်လွတ်မှု့များလက်တွေ့ကျကျလုပ် ဆောင်ရဲခြင်းသည်လည်းသေရဲခြင်းတွင်ပါဝင်သည်။

သေရဲ၏အဓိပ္ပါယ်ဖွင့်ဆိုမှု့မှာတော့အခြေအနေအလုံးစုံကိုနားလည်ခြင်းနှင့်အတူ၊ အဓိပ္ပါယ်ရှိ သော၊ အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခံမှု့ကိုပြုလုပ်ခြင်းခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီ အရေး၊ လွတ်မြောက်ရေးအတွက်လုပ်ဆောင်ကြရာတွင်၊ အဖွဲ့အစည်း၊ အသင်း အဖွဲ့များနှင့် လုပ်ကိုင်ဆောင်ရွက်ရသည်မှာဓမ္မတာပင်ဖြစ်သည်။ အဖွဲ့အစည်းများရှိလာသည်နှင့်အမျှ၊Hierarchy ဟုခေါ်သည့် အဆင့်ဆင့် အုပ်ချုပ်မှု့ဆိုင်ရာတာဝန်ယူရသူများရှိလာရသည်။ ထိုအခါထိုအဖွဲ့ အစည်း၊ အသင်းအဖွဲ့၏ ထိရောက်စွာ လုပ်ဆောင်နိုင်မှု သည် ၎င်းအဖွဲ့အစည်းကို၊ကိုင်တွယ်မောင်းနှင်နေသည့်၊ အုပ်ချုပ်မှု့ကော်မီတီများအပေါ်တွင်သာမူတည်သည်။ ဒီလိုအုပ်ချုပ်မှုကော် မီတီဝင် များသည် အမြဲတမ်းတည်ရှိမှုအတွက်မဟုတ်ဘူးဆိုတာကိုတော့သတိချပ်ရပေမည်။ ဒီမို ကရေစီ၏သဘောအရ၊ အုပ်ချုပ်မှု့ ကော်မီတီ ဝင်များ အပြောင်းအလဲများရှိရသည်။ တချို့သော ကော်မီတီဟောင်းများ ဆက်လက်အရွေးခံရသည် များရှိနိုင်သလို၊ ကော်မီတီ အဖွဲ့ဝင်သစ်များလည်း ရွေးချယ်ခံ ရခြင်းများဖြစ်နိုင်သည်။ ဒီနေရာမှာဖြစ်လေ့ဖြစ်ထရှိသည်မှာ၊ ကော်မီတီအဖွဲ့ဝင်ဖြစ် လေ့ရှိခဲ့ရာမှ၊ ကော်မီတီဝင်အဖြင့်အရွေးချယ်မခံရတော့သည့်အခါ၊ အများအကျိုးအတွက်လုပ် ဆောင်နေရာမှ၊ ယခင်လို အားကြိုးမာန် တက်လုပ် ဆောင်လိုခြင်း မရှိတော့ဘဲ၊ အားပျော့သွားခြင်း (သို့)လတ်တလော အများအကျိုး အတွက် လုပ် ဆောင်နေရာမှ သွေဖယ်သွားခြင်း များဖြစ်လေ့ရှိသည်။

ဒီလိုဖြစ်ရသည်မှာ၊ ထားသင့်သောသဘောထားကိုမတည်ဆောက်နိုင်သောကြောင့်ဖြစ်သည်။ ဒီလိုအခြေအနေမျိုးတွင်၊ ဖြစ်သင့်သည့် လုပ်ငန်းစဉ်မှာ၊ မိမိအရွေးချယ်မခံရတော့ပေမယ့်၊ မိမိ တည်ရှိ နေသောပတ်ဝန်းကျင်မှ မိမိ ကျရာတာဝန်ကိုကျေပြွန်စွာ ထမ်းဆောင်ခြင်း ပင်ဖြစ်သည်။

ဒါကိုသေရဲသောသတ္တိကို မွေးမြူနိုင်သည်ဟုခေါ်ဆိုရပေမည်။ ဤကဲ့သို့သောဖြစ်စဉ်နှင့် အလားသဏ္ဌန်တူသော အဖွဲ့အစည်းပေါင်း မြောက်များစွာ၌ လည်းသေရဲဆိုသောသတ္တိများမွေမြူနိုင်ကြ ရန်ရည်ရွယ်သည်။

ဒီနေရာတွင်တဦးခြင်းစီအလိုက်ထားရှိသင့်သောသဘောထားများမှာလည်း၊အမှန်တကယ်အနစ် နာခံမှု့နှင့်အတူ၊ ၎င်းအနစ်နာ ခံမှု့ကို လက်တွေ့ကျကျအကောင်အထည်ဖေါ်ခြင်းပင်ဖြစ်သည်။

ဥပမာအားဖြင့်၊ အများအကျိုးအတွက် (သို့) မြန်မာပြည်လွတ်မြောက်ရေးအတွက်လုပ်ဆောင် စရာများရှိလာခဲ့လျှင်၊တက်တက်ကြွကြွနှင့်၊ စိတ်ရောကိုယ်ပါ၊ ပါဝင်ကူညီဆောင်ရွက်ခြင်း၊ မိမိ သဘော ထားနှင့်တိုက်ရိုက်ထပ်တူမှု့မရှိသော်လည်း၊ သူများအကျိုးအတွက်ဖြစ်သည် ဆိုတာကို နှလုံး သွင်း ပြီးပူပေါင်းဆောင်ရွက်ခြင်း၊ တဦးကိုတဦးအပြန်အလှန်လေးစားမှု့ဖြင့်ဆက်ဆံခြင်းတို့ သည်၊ တဦးခြင်းစီအတွက် အထူးတလယ်ရှိသင့်သောသဘောထားများဖြစ်သည်။ အထူးလိုအပ် ချက်တခုမှာ၊ အပြန်အလှန်လေးစားမှု့ကို လက်တွေ့ကျကျ ကျင့်သုံး နိုင်ရန်တည်ဆောက်ခြင်းဖြစ် သည်။ ဤကဲ့သို့ ကျင့်သုံးနိုင်ရန် လိုအပ်ချက်များ မှာတော့၊ တဦးချင်းစီ၏မာန်မာနများကိုတတ်နိုင်သမျှ လျော့ချပစ်ခြင်းအားဖြင့်၊ တယောက်နှင့် တယောက်အပြန်အလှန်အသိအမှတ်ပြုခြင်းကိုမွေး မြူနိုင်လိမ္မည်။ ထို့အပြင်၊ တဦးကိုတဦး နား လည်လာနိုင်ကြမည်။ အထူးသတိပြုရန်အချက်တခု မှာတော့၊ တဦးခြင်းစီအလိုက် ရှိနေ နိုင်သောဂုဏ်ဒြပ်များ ကို ရှေ့တန်းမတင်ရေးပင်ဖြစ်သည်။

သို့မှသာမိမိတို့အားလုံးသည်လူသားများသာဖြစ်ကြသည် (၀ါ) မိမိတို့အားလုံးသည်တလှေတည်း စီးပြီး လွတ်လပ် သော မြန်မာပြည် တည်ဆောက်ရေး ဆိုတဲ့ခရီးကိုသွားနေကြသောမြန်မာများဖြစ်ကြ သည်ဆို တာကိုသိမြင်နိုင်ကြပေမည်။ ထိုအခါတဦးခြင်းစီ၏ပါဝင်မှု့နှင့်ပေါင်းစပ်ထားသော အများစု ဆိုသည့် အင်အားကိုဖန်တီးနိုင်မှာဖြစ်ပြီး၊ ဤဖြစ်စဉ်၏တိုးတက်မှု့မှာတော့ရည်ရွယ်ချက်များကို အလျှင်အမြန် အကောင် အထည် ဖေါ်နိုင်ခြင်း ပင်ဖြစ်တော့မည်။

အနိုင်ယူရဲ

အနိုင်ယူရဲ၏အဓိပ္ပါယ်ဖွင့်ဆိုမှု့မှာတော့၊ မိမိ၏ရန်သူကိုရဲရဲဝန့်ဝန့်အနိုင်ယူရဲခြင်းကိုသာဆိုလိုခြင်း မဟုတ်၊ မိမိတို့တွင်တည်ရှိလာသော ရည်ရွယ်ချက်များကိုတစိုက်မတ်မတ်အကောင်အထည်ဖေါ်ခြင်း (သို့) မိမိတို့၏တိုက်ပွဲဝင်နေမှု့ကို၊ တဒင်္ဂအရှုံးအနိုင်များကြားမှ၊ ဇွဲရှိရှိဖြင့်တိုက်ပွဲဝင်ခြင်းဖြစ်သည်။ အနိုင်ယူရဲဆိုသည့်သတ္တိကိုမွေးမြူနိုင်ရန်အတွက်၊ ဦးစွာရှိရမည်မှာ၊တိကျပြတ်သားသော ရည်ရွယ်ချက် များဖြစ်သည်။တဦးခြင်းစီအလိုက်ရည်မှန်းချက်များကိုအကောင်အထည်ဖေါ်ခြင်း သည်လည်း ဤနေရာတွင် အကြုံးဝင်သလို၊ အများစု၏ဆုံးဖြတ်ချက်များဖြင့်တည်ဆောက်ထား သောဦးတည်ချက်များ သည်ပို၍အရေးပါသည်။ ထိုသို့ရည်ရွယ်ချက်များကိုအကောင်အထည်ဖေါ်ရာတွင်၊ လောကဓံအရ၊ အတက်အကျ၊ အရှုံးအနိုင်များရှိရသည်။ ထိုအခါပုထုစဉ်သဘောအရ၊ အရှုံးနှင့်ရင်ဆိုင်ရသည့်အခါတွင်၊ စိတ်ဓါတ်ကျဆင်းပြီး၊ ရည်ရွယ်ချက်ပျောက်လောက်အောင် လက်မှိုင်ချ သွားတတ်ကြသည်။ ထိုနည်းတူစွာ၊ မိမိအသာစီးရသည်ဟုထင်ရသည့်အခါမျိုးမှာလည်း၊ ရည်ရွယ်ချက် အပေါ် မှာလေး နက်မှု လျော့ပါး သွားတတ်သည်။ ထိုသို့ဖြစ်ရ သည်မှာ၊ ရည်ရွယ်ချက်ကို အဆက်မပြတ် အကောင် အထည် ဖေါ်ရန် လိုအပ်ချက်ကြောင့်ဖြစ်သည်။ တနည်းအား ဖြင့်အနိုင် ယူရဲသော သတ္တိကို မွေးမြူမထားနိုင် သောကြောင့် ဖြစ် သည်။

အကယ်၍၊ တိုက်ရဲ၊ သေရဲ၊ အနိုင်ယူရဲသော သတ္တိများ မိမိတို့အားလုံးတွင်မွေးမြူနိုင်ပါလျှင်၊ နှစ်လိုဖွယ်ရာပတ်ဝန်းကျင်ကို တည် ဆောက်နိုင်မှာဖြစ်ပြီး၊မိမိတို့အားလုံးလိုလားသောပန်းတိုင် သို့တိုတောင်းသောကာလအတွင်း ရောက်ရှိနိုင်မည် မှာမြေကြီးလက် ခတ်မ လွဲပင် ဖြစ်ပေသည်။

http://88thiha.googlepages.com/4Yel3Yel1.html/

P.S - အထက်ပါတင်ပြချက်များသည်၊ အကျဉ်းချုပ်တင်ပြချက်များသာဖြစ်ပါသည်။ အကျယ်တ၀င့်တင်ပြမှု့များ ကို ဆက်လက်ပြုလုပ် သွားပါမည်။ အကယ်၍ဝေဖန်အကြံပြုချက်များရှိခဲ့ပါ က၊ 88thiha@gmail.com သို့ email ပို့နိုင်ကြပါသည်။ အလေးအနက်ထားပြီးဖတ်ရှု့ခြင်းအတွက်ကျေးဇူးတင်ပါသည်၊

ဖတ်ကြည့်ချင်သေးလား....

မြို့တော်ခန်းမအနီး ဆန္ဒပြသူအမျိုးသမီး (၁) ဦးဖမ်းဆီးခံရ

Thursday, June 26, 2008 · 0 ရဲ့ အမြင်

သတင်း ခေတ်ပြိုင်

ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။

ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။

ဖတ်ကြည့်ချင်သေးလား....

နအဖ လက်မှလွတ်မြောက်စေဖို့ ပြည်သူများသို့ ပန်ကြားချက်

Wednesday, June 25, 2008 · 0 ရဲ့ အမြင်

Read this document on Scribd: revolution

ဖတ်ကြည့်ချင်သေးလား....

တပ်တွင်း ရာထူး အပြောင်းအလဲများ

Monday, June 23, 2008 · 0 ရဲ့ အမြင်

တပ်တွင်း ရာထူး အပြောင်းအလဲများ ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။



စဉ်အမည်မူလရာထူး ပြောင်းရွှေ့ ရာထူး
ဒုတိယဗိုလ်ချုပ်ြကီး
ရဲမြင့်
ကစထမှုးအငြိမ်းစား
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်အငြိမ်းစား
ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဝင်း ကစထမှုးအငြိမ်းစား
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း ကစထမှုးအငြိမ်းစား
ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘို ကစထမှုးအငြိမ်းစား
ဗိုလ်ချုပ် မောင်မောင်ဆွေ
-
ဝန်ကြီး ( ဆိုင်ကလုံး ကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင်ရေး ဝန်ကြီးဋ္ဌာန
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိမ်းစစ်ဦးစီးချုပ်(ရေ)ဝန်ကြီး ( စက်မှု (၂) ဝန်ကြီးဋ္ဌာန)
ဗိုလ်ချုပ်
စောလွင်
ဝန်ကြီး ( စက်မှု (၂) ဝန်ကြီးဋ္ဌာန)ဝန်ကြီး ( လှုဝင်မှုကြီးကြပ်ရေး ဝန်ကြီးဋ္ဌာန)
ဗိုလ်ချုပ်
အုန်းမြင့်
တိုင်းမှုး ( မြောက်ပိုင်းတိုင်း)ဒုတိယ ဗိုလ်ချုပ်ကြီး (ကစထ)
၁၀ဗိုလ်ချုပ်
မင်းအောင်လှိုင်
-
ဒုတိယ ဗိုလ်ချုပ်ကြီး (ကစထ)
၁၁ဗိုလ်ချုပ်
ကိုကို
တိုင်းမှုး ( တောင်ပိုင်းတိုင်း)ဒုတိယ ဗိုလ်ချုပ်ကြီး (ကစထ)
၁၂ဗိုလ်မှုးချုပ်
ကျော်ဖြိုး
ကျောင်းအုပ်ကြီး(စစ်ဦးစီး တက္ကသိုလ် -ကလော)ဗိုလ်ချုပ် (တိုင်းမှုး-တြိဂံတိုင်း-ကျိုင်းတုံ)
၁၃ဗိုလ်မှုးချုပ်
ရာပြည့်
တပ်မှုး(အမှတ်(၁) စစ်မမြေပြင်ဆေးတပ်)ဗိုလ်ချုပ် (တိုင်းမှုး-အရှေ့ ပိုင်းတိုင်း- တောင်ကြီး)
၁၄ဗိုလ်မှုးချုပ်
စိုးဝင်း
ကျောင်းအုပ်ကြီး(စစ်ဦးစီး တက္ကသိုလ် -သံတောင်)ဗိုလ်ချုပ် (တိုင်းမှုး-မြောင်ပိုင်းတိုင်း-မြစ်ကြီးနား)
၁၅ဗိုလ်ချုပ်
လှဋ္ဌေးဝင်း
တိုင်းမှုး-ရန်ကုန်တိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး (တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်)
၁၆ဗိုလ်မှုးချုပ်
ထူးထိန်
ကျောင်းအုပ်ကြီး(စစ်သူနာပြု တက္ကသိုလ်) ဗိုလ်ချုပ်(ဒုတိယ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်)
၁၇ဗိုလ်မှုးချုပ်
ဝင်းမြင့်
တပ်မမှုး(တပ်မ (၇၇)) ဗိုလ်ချုပ် (တိုင်းမှုး-ရန်ကုန်တိုင်း)
၁၈ဗိုလ်မှုးချုပ်
လှမင်း
တပ်မမှုး(တပ်မ (၁၁)) ဗိုလ်ချုပ် (တိုင်းမှုး-တောင်ပိုင်းတိုင်း-တောင်ငူ)
၁၉ဗိုလ်မှုးကြီး
ထွန်းသန်း
-
ဗိုလ်မှုးချုပ် (တပ်မမှုး-တပ်မ (၇၇)
၂၀ဗိုလ်မှုးကြီး
သန်းထွဋ်
-
ဗိုလ်မှုးချုပ် (တပ်မမှုး-တပ်မ (၁၁)
၂၀ဗိုလ်မှုးကြီး
တောက်ထွန်း
-
ဗိုလ်မှုးချုပ် (တပ်မမှုး-တပ်မ (၄၄)
၂၁ဗိုလ်မှုးကြီး
လှမြင့်ဆွေ
တပ်မမှုး-တပ်မ (၄၄) ကျောင်းအုပ်ကြီး(စစ်သူနာပြု တက္ကသိုလ်)
၂၂ဗိုလ်မှုးကြီး
စန်းမြင့်
-
ဗိုလ်မှုးချုပ် (တပ်မမှုး-တပ်မ (၆၆)
၂၃ဗိုလ်မှုးချုပ် မောင်မောင်အေး တပ်မမှုး-တပ်မ (၆၆) ကျောင်းအုပ်ကြီး(စစ်ဦးစီး တက္ကသိုလ်)
၂၄ဗိုလ်မှုးချုပ်
စန်းဦး
OCSMA (2) ကျောင်းအုပ်ကြီး(စစ်ဦးစီး တက္ကသိုလ်)
၂၅ဗိုလ်မှုးကြီး
စိုးလွင်
-
ဗိုလ်မှုးချုပ် (ဒုတိုင်းမှုး-ရခိုင်-စစ်တွေ)
၂၆ဗိုလ်မှုးကြီး
အောင်စန်း
-
ဗိုလ်မှုးချုပ် (ဒုတိုင်းမှုး-ချင်း-ကလေးမြို့ )
၂၇ဗိုလ်မှုးကြီး
ကျော်နိုင်ဦး
-
ဗိုလ်မှုးချုပ် (စစ်ဦးစီးအရာရှိချုပ်)

ဖတ်ကြည့်ချင်သေးလား....

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မိန့် ခွန်းများ

Sunday, June 22, 2008 · 0 ရဲ့ အမြင်

၁. ကြောက်နေတဲ့၊ အားငယ်နေတဲ့ စိတ်တွေ ရှိရင် ကျမတို့နှစ်ဆတိုး အလုပ်လုပ်ရမယ်။

၂. ခြိမ်းခြောက်တာ၊ အနှောက်အယှက် ပေးတာတွေကို ကျမတို့ အနေနဲ့လက်မခံနှိင်ဘူး။

၃. ဒီမိုကရေစီ စနစ်သာလျှင် လွတ်လပ်တဲ့ နိုင်ငံနဲ့ ဆီလျှော်တယ်။

၎. ဒီမိုကရေစီ စနစ်သာလျှင် ပြည်သူလူထုရဲ့ လွတ်လပ်မှုကို အာမခံနိုင်တယ်။

၅. ပြည်သူ လွတ်လပ်မှသာလျှင် နိုင်ငံလွတ်လပ်မှာဖြစ်တယ်။

၆. ဒီမိုကရေစီ ရရှိဖို့အတွက် အရေးကြီးတာ ကတော့စိတ်ဓါတ်ပဲ။

ရ. တခါတလေ မှဖြစ်တဲ့ စိတ်ဓါတ်မျိုး မဖြစ်ရဘူး။

၈. စိတ်ဓါတ်အပြည့် အ၀နဲ့ ကိုယ်လို ချင်တဲ့ ကိစ္စတခုကို ဖြစ်အောင်လုပ်၊ အောင်မြင်အောင်လုပ်နိုင်ဖို့
ရဲရဲ ဝံ့ဝံ့နဲ့ လှုပ်ရှားနိုင်မယ် ဆိုလို့ရှိရင် မအောင်မြင်စရာ အကြောင်း မရှိပါဘူး။

၉. အပြောင်းအလဲ မြန်မြန် လိုချင်တယ်ဆိုရင်တော့ ဒီကိစ္စတခုမှာ ကြံကြံခံရပ်တည်နိုင်ရမယ်။

၁၀. မကောင်းတဲ့ဖက်က မရပ်တည်ပဲနဲ့ ကောင်းတဲ့ဖက်က ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရမယ်။

၁၁. ခြိမ်းခြောက်လို့လဲ မကြောက်တက်၊ မက်လုံးတွေအပေါ်မှာလဲ စဉ်းစားဖို့ မလိုပဲ အမှန်တရားဖက်ရပ်တည် နိုင်ရမယ်။

၁၂. ခေါင်းငုံ့ခံတဲ့ စိတ်ဓါတ် တွေကိုတော့မမွေးကြပါနဲ့။

၁၃. ဒီမိုကရေစီရေး အတွက်ခိုင်မာတဲ့စိတ်ဓါတ် ထိန်းသိမ်းထားပါ၊ အဲလိုထိန်းသိမ်းထားလို့ ရှိရင် ဒီမိုကရေစီ
မြန်မြန်ရမယ်။

၁၄. လူတိုင်းလူတိုင်းဟာ ဒီမိုကရေစီရေး အတွက်တခုခု လုပ်နိုင်ပါတယ်၊ တကယ်ပဲ စိတ်ဆန္ဒ ရှိမယ် ဆိုရင်
လုပ်နိုင်ပါတယ်။

၁၅. ဒီမိုကရေစီ လမ်းစဉ်လို့ ခေါ်ရတဲ့ အကြောင်းက ဒီမိုကရေစီ ဆိုတာ ဘယ်တော့မှပြီးနိုင်တဲ့ ကိစ္စတခု
မဟုတ်ပါဘူး၊

၁၆. ဒီမိုကရေစီမရ သေးတဲ့နိုင်ငံဟာ ဆထက်တပိုးကိုကြိုးစားရမယ်။

၁၇. မတရားတာတွေကိုမြင်ရင် တရားတဲ့ဘက်ကရပ်တည်ပေးကြပါ၊ တက်နိုင်သမျှအဘက်ဘက်
ကနေကူညီကြပါလို့ကျမ တိုက်တွန်းချင်တယ်။

၁၈. လူငယ်တွေဟာ နိုင်ငံရေးစိတ်ဓာတ်ကို အခုအချိန်ထဲ ကနေပြီးတော့ အခြေချရမယ်။
အခုအချိန်ကထဲ ကနေပြီးတော့ တည်ဆောက်ရမယ်။

၁၉. လူငယ်တွေဟာ နိုင်ငံရေး စိတ်ဓါတ်ကို အခု အချိန်ကတည်းကနေပြီးတော့ အခြချ တည်ဆောက်ထားမှ ကျမတို့ နိုင်ငံအတွက်၊ နိုင်ငံရဲ့ အနာဂတ် အတွက် အာမခံချက်ရှိမယ်။

၂၀. ဒီမိုကရေစီ လှုပ်ရှားမှုမှာ ပြည်သူလူထုရဲ့ စိတ်ဓါတ် ခိုင်မာမှု၊ ပြည်သူလူထုရဲ့ တရားမျှတတဲ့
ဘက်ကရပ်တည်မှုတွေနဲ့ အမြန်ဆုံး အောင်မြင်သွားမယ်လို့ ကျမတို့ထင်ပါတယ်။

၂၁. နိုင်ငံရေး ဆိုတာလူတိုင်းလူတိုင်း နဲ့ဆိုင်ပါတယ်။

၂၂. နိုင်ငံရေး စိတ်ဓါတ်ဆိုတာ အမြဲထာဝစဉ် ရှင်သန်နေဖို့လိုပါတယ်။

၂၃. စီးပွားရေးဆိုတာလဲ နိုင်ငံရေးပဲ၊ ပညာရေးဆိုတာလဲ နိုင်ငံရေးပဲ၊ ကျန်းမာရေးဆိုတာလဲ နိုင်ငံရေးပဲ
အရောင်းအဝယ်၊ လမ်းသွားလမ်းလာလဲနိုင်ငံရေးပဲ။

၂၄. နိုင်ငံတနိုင်ငံ တကယ်ပဲတိုးတက်ဖို့ဆိုတာ ပြည်သူတွေရဲ့ ဇွဲသတ္တိ၊ ၀ီရိယ လုံ့လ၊ စိတ်ခိုင်မြဲမှုတွေနဲ့ ဆိုင်ပါတယ်၊ အဲဒီလို ပြည်သူတွေရှိတဲ့ နိုင်ငံမှ တိုးတက်နိုင်ပါတယ်။

၂၅. စနစ်ဆိုးရဲ့အောက်မှာ လူငယ်တွေဟာ ရွှင်ရွှင်လန်းလန်း မနေရပဲ သွေးမြေကျပြီး လှုပ်ရှားနေရတယ်၊ အဲဒီလိုအဖြစ်မျိုးကို ရှောင်ချင်တယ်၊ နောင်လဲ ထပ်မဖြစ်စေချင်ဘူး။

၂၆. လူထုကနေ ကြောက်နေမယ်ဆိုရင် ကြောက်သလိုပဲ ပိုပြီးဖိကြမယ်။

၂၇. ဒီမိုကရေစီလိုချင်ရင် သတ္တိရှိတယ်ဆိုတာဟာ မှန်တဲ့ ကိစ္စကို လုပ်ရဲရမယ်ဆိုတဲ့ သတ္တိကို
ဆိုလိုတာဖြစ်ပါတယ်။

၂၈. “အသက်ရှင်ရကျိုး မနပ်ဘဲ နေရမဲ့ အစား၊ သေရတာဘဲ ကောင်းတယ်” ဆိုတဲ့ စိတ်ဓါတ်ထားပြီး အသက်ရှင်ရကျိုးနပ်မယ့် ဒီမိုကရေစီ အကျိုးဖြစ်အောင် အားလုံး ဝိုင်းဝန်းကြိုးစားကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။

၂၉. ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေးအတွက်၊ ကိုယ့်လူမျိုး တိုးတတ်ရေးအတွက်၊ ကိုယ့်တိုင်းပြည် ချမ်းသာရေးအတွက်၊ ဝိုင်းဝန်းကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။

၃၀. တပ်မတော်ဟာ ကြားနေပါ့မယ် နဝတဟာ ကြားနေပါ့မယ်လို့ ပြောခဲ့ပါတယ်။

၃၁. စစ်မှန်တဲ့ ပြည်ထောင်စု ထူထောင်ဖို့ဆိုတာ တိုင်းရင်းသား အားလုံးရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီမှ ဖြစ်တာပါ။

၃၂. တချို့လူတွေဟာ အာဏာဒဏ်ကို မခံနိုင်ကြဘူး။

၃၃. ဒီမူ၊ ဒီလူ တွေပဲ ထာဝရ အုပ်ချုပ်ရမယ်ဆိုရင် တိုင်းပြည်တစ်ခုဟာ ကျဆုံးတာပဲ။

၃၄. အခွင့်အရေး ယူတဲ့ ဘက်က အသာရနေပြီဆိုလို့ရှိရင်တော့ အာဏာကို အလွဲသုံးစား လုပ်ရပြီပဲ။ အာဏာရှင်စနစ် ဖြစ်ရပြီပဲ။ အဲဒီတော့ ဒါကို ကျွန်မတို့ အားလုံး နားလည်ရမယ်။

၃၅. ခပ်တိုတို ပြောရလို့ရှိရင် ကိုယ့်ခေါင်းဆောင်တွေကို ကိုယ်ကောင်းကောင်း ထိန်းထားကြပါ။ နောင်တတ်မဲ့ ဒီမိုကရေစီ အစိုးရကို “အစိုးရ” ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒအရသာ ဖြစ်နိုင်တဲ့ အဖွဲ့အစည်း ဆိုတာ ကောင်းကောင်းနားလည်အောင် ပြည်သူလူထုက ထိန်းထားရမယ်။

၃၆. ကိုယ့်ကံကြမ္မာ ကိုယ်ဖာသာဆုံးဖြတ်ရမယ်။ နိုင်ငံရေး အရ၊ စီးပွားရေး အရ၊ ပညာရေး အရ ကြိုးစားကြပါ။

၃၇. နိုင်ငံရေး စိတ်ဓါတ်ဆိုတာ ခိုင်မာတယ်၊ သန့်စင်တယ်။

၃၈. နိုင်ငံေ၇းအတွက် လုပ်တဲ့ နိုင်ငံရေး စိတ်ဓါတ် ထိပ်တန်းက အမြဲ ရှိနိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။

၃၉. လူငယ်များကလည်း ကိုယ်သွားမယ့်လမ်းကို အခုကတည်းက ကိုယ့်ဖာသာ ခင်းပြီးတော့ ဒီလမ်းကို ထိန်းသိမ်းသွားရမယ်။

၄၀. တချိန်တခါမှာ သားတို့ လူငယ်တွေဟာ ဒီတိုင်းပြည်ကို ဦးဆောင်ဖို့လိုတယ်။ သြဇာ အာဏာဆိုတာ တာဝန်လို့ပဲ နားလည်ကြရမှာ။ အာဏာဆိုတာ အင်မတန်ကြီးမားတဲ့ ဝန်ထုပ် ဝန်ပိုးလို့ နားလည်ရမယ်။

၄၁. ကိုယ့်တာဝန်မကျေပွန်ပဲ အာဏာမက်လို့ရှိရင် အင်မတန် သိက္ခာကျတယ် ဆိုတာ နားလည်ရမယ်။

၄၂. ရခိုင် တိုင်းရင်းသားများဟာ သတ္တိရှိရှိ၊ စည်းကမ်းရှိရှိ စံနမူနာ ထားလောက်ပါတယ်။

၄၃. ချင်းပြည်နယ်မှာ အတော့်ကို ဖိနှိပ်ခံရတယ်။ တော်တော့်ကို ခြိမ်းခြောက်ခံရတယ်။

၄၄. ချင်း တိုင်းရင်းသားတွေဟာ သစ္စာတရား သိပ်ကြီးမားတာပဲ။ စိတ်ဓါတ်တန်ဖိုး ရှိတယ်။

၄၅. ဒီမိုကရေစီ ရအောင်လုပ်ဖို့ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိတယ်။

၄၆. ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ကို ပြည်သူ့တပ်မတော်ကြီး ဖြစ်စေချင်တယ်။
ပြည်သူ့နောက်ကနေပြီး ပြည်သူ့ကို အကာအကွယ်ပေးမယ့် တပ်မတော်
ပြည်သူ့ကို စောင့်ရှောက်ပေးမယ့် တပ်မတော် ဖြစ်စေချင်ပါတယ်။

၄၇. အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှကို
တာဝန်အရ ဖီဆန်ကြပါ။ တာဝန်အရ ဖီဆန်ရမယ်။

၄၈. လူတိုင်းလူတိုင်းမှာ လူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ တာဝန်ရှိတယ်။

၄၉. ဒီမိုကရေစီ လှုပ်ရှားမှုဆိုတာ ပြည်သူလူထုကို အားကိုးပြီးလုပ်ရတဲ့ လှုပ်ရှားမှုပါ။
ဘယ်အဖွဲ့အစည်းရဲ့ ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။
လူတစုရဲ့ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။
လူတယောက်ရဲ့ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။
အများပြည်သူကောင်းကျိုးအတွက် လှုပ်ရှားနေတဲ့ လှုပ်ရှားမှုကြီးဖြစ်ပါတယ်။
ကျမတို့ လူကြီးတွေဟာ လူငယ်တွေကို ဘယ်လို အမွေအနှစ်တွေ ထားပစ်ခဲ့ရမလဲဆိုတာ ဆုံးဖြတ်ရတော့မယ်။

50. My father said that people who claim that they have taken over power for love of their people and love of their country will earn no respect. They would gain some respect if they just said outright that it was for love of power.

51. In fact one could say that peace is life itself because a life without peace is hardly a life worth living.

52. Please use your liberty to promote ours

54. The way of democracy is to create mutual trust and understanding through free and open discussion and debate.

55. "The only real prison is fear, and the only real freedom is freedom from fear."

56. "Sometimes, 24 hours can bring a total revolutionary change."

57. "I think this is the case in the great majority of authoritarian states:
on the surface, because of repression, everything seems frozen, but
when the sun comes out and the ice melts, you find that there
was a lot of life underneath all along."

58. We will prevail because our cause is right, because our cause is just. ...History is on our side. Time is on our side."

59. "What is there to be discouraged about? Gandhi said the victory is in
the struggle itself. The struggle itself is the most important thing. I tell
our followers that when we achieve democracy, we will look back
with nostalgia on the struggle and how pure we were."

60. “Fear is not the natural state of civilized people.”."

61. “The struggle for democracy and human rights in Burma is a struggle for life and dignity. It is a struggle that encompasses our political, social and economic aspirations.”

62. Peace as a goal is an ideal which will not be contested by any government or nation, not even the most belligerent.”

63. “Human beings the world over need freedom and security that they may be able to realize their full potential.”

ဖတ်ကြည့်ချင်သေးလား....

ထိပ်သီးစစ်ခေါင်းဆောင်နှစ်ဦး စစ်တပ်ရာထူးမှ အနားယူပြီ...

· 0 ရဲ့ အမြင်

သတင်း ရိုးမ ၃ ဗထူး


မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့(ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုးခန့်အပ်ခဲ့သည် ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောသည်။

“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေမယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါတပ်မတော်အရာရှိတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ်ရာပြည့်တို့ ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောသည်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်းအရွှေ့ များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာ အရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေသည်ဟု အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။

ဖတ်ကြည့်ချင်သေးလား....

ရွှေဝါရောင် နေကြာတပွင့် (သို့မဟုတ်) ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ

· 0 ရဲ့ အမြင်

ညိုထက်ညို မဇ္ဈိမ

(ဒီမိုကရေစီစနစ် ဖော်ဆောင် ထွန်းကားစေလိုသူ စစ်အစိုးရ အတိုက်အခံ နိုင်ငံရေး အင်အားစုများက လှူတန်းမှုကို ကြည်ဖြူစွာ လက်ခံကာ စစ်အစိုးရ အလိုကျ မလုပ်ဆောင်သည့် ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပံ္ပ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရကို အမှတ်တရ ရေးဖွဲ့ထားသော ဆောင်းပါးဖြစ်ပါသည်၊ ဆရာတော်သည် သက်တော် ၇၂ နှစ် ၊ ၀ါတော် ၅၂ နှစ် တွင် ပျံလွန်တော်မူခဲ့သည်)

"နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့အရေးပဲပေါ့" "ရပ်နဲ့ ရွာနဲ့နေရင် ရပ်ရေးရွာရေးဆိုတာ ရှိတယ်။ မြို့နဲ့ နယ်နဲ့ နေရင် မြို့ရေး နယ်ရေး ဆိုတာရှိတယ်။ တိုင်းနဲ့ ပြည်နဲ့ နိုင်ငံနဲ့ နေရင် တိုင်းရေးပြည်ရေး နိုင်ငံရေး ဆိုတာရှိတယ်။ ခေါင်းရှောင်နေလို့ မရဘူး။ ခေါင်းရှောင်တာဟာ တာဝန်မဲ့တာပဲ။

အခုဟာက နိုင်ငံရေး မလုပ်ရဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘာလဲ ဒကာကြီးရ၊ ဒါ နိုင်ငံတော်ကို သစ္စာဖောက်တာပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဥစ္စာ။ ပြီးတော့ ပါတီနိုင်ငံရေး ဆိုတဲ့ စကားရှိသေးတယ်။ ပါတီဆိုတာ အသင်းအဖွဲ့ပဲဥစ္စာ။ အသင်းအပင်း အဖွဲ့ အစည်းနဲ့မှ နိုင်ငံ့ရေးရာကို လုပ်လို့ကိုင်လို့၊ ဆောင်ရွက်လို့ ရမှာပေါ့။ ဥပဒေနဲ့အညီ ဖြစ်နေရင် ပြီးတာပဲဟာ" ။

ဆရာတော်က စကားကို ခဏဖြတ်၍ ရေနွေးကြမ်း တခွက်ဘုန်းပေးသည်။ သူကတော့ ဆရာတော်၏ စကားတွင်သာ အာရုံနစ်ဝင်နေမိသည်။ နေရာက ရွှေဂုံတိုင်ရှိ သူတို့၏ အိမ်။ သည်နှစ်ထဲတွင် ဆွမ်းမကျွေးရသေး၍ ဆရာတော် အပါအဝင် သံဃာတော် ၅ ပါးအား ဆွမ်းကပ်လှူနေခြင်း ဖြစ်ပါသည်။ တကယ်က ဆရာတော် သီတင်းသုံးရာ သာသနာ့သိပ္ပံ ကျောင်းတိုက်နှင့် သူတို့အိမ်က ဘာမှမဝေး။ ဟိုဘက်လမ်း ဒီဘက်လမ်းမျှသာ ဖြစ်သည်။ သို့သော် သူကတော့ ဆရာတော်နှင့်တကွ သံဃာတော် ၅ ပါးအား ၉ နာရီခွဲ သာသာလောက်ကတည်းက သွားပင့်ခဲ့သည်။ ဒါကလည်း အကြောင်းရှိသည်။

ဆရာတော်က စကားပြော၊ တရားဟောကောင်းသူ ဖြစ်သည်။ သူတို့မိသားစုကလည်း ဆရာတော်နှင့် ကြုံတုန်းဆုံခိုက် တရားနာရုံမက စကားပါပြောလိုသည်။ ဆရာရင်း ဒကာရင်းဖြစ်နေ၍ ပြောရဆိုရ သည်မှာလည်း စီးစီးပိုင်ပိုင် ရှိသည်။ နယ်ရေဖတ်ရေ ရှိသည်။ ဆရာတော့်အတွက်ကတော့ ကိစ္စမရှိလှပါ။ မည်သည့်ပရိသတ် အလယ်တွင်မဆို ဆရာတော်က သူယုံကြည်ရာကိုသာ ပြောဆိုမြဲ။ ယခု ပရိသတ်ကတော့ သိပ်မများလှပါ။ သူတို့ မိသားစု၊ ဆွေမျိုးရင်းချာများနှင့် မိတ်သင်္ဂဟအချို့သာ ဖြစ်ပါသည်။

"ဒကာကြီး အခု ပင်စင်ယူပြီ ဆိုတော့ ဘာလုပ်မယ်စိတ်ကူးလဲ" ဟု ဆရာတော်က သူ့ ဦးလေးတော်ကို မေးလိုက်ခြင်း ဖြစ်သည်။ "တပည့်တော် လောလောဆယ်တော့ ဘာမှ အထွေအထူး မစဉ်းစားရသေးပါဘူး ဘုရား" ဟု ဦးလေးက ပြန်ဖြေသည်။ "ဒါဆိုလည်း နိုင်ငံရေးလုပ်ပေါ့ ဒကာကြီးရ။ အမျိုး ဘာသာ သာသနာအရေး တတ်စွမ်းသမျှပေါ့" ဟု ဆရာတော်က ဆက်ပြောလိုက်သည်။ ထို့နောက်တွင်တော့ ဆရာတော်က နံရံပေါ်မှ တိုင်ကပ်နာရီကို တချက်လှမ်းကြည့်သည်။ "အေး တချက်တောင် ထိုးတော့မှာပဲ၊ ဘုန်းကြီး ပြန်ကြွတော့မယ်" ဆရာတော်၏ တိုးတိုးညင်သာ စကားအဆုံးတွင်တော့ သူတို့အားလုံး ဆရာတော့်ကို ဦးချကြသည်။ ဆရာတော့်နှုတ်မှ ဆုတောင်းပတ္ထနာ မြွက်ဟသံ အဆုံးတွင်တော့ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ကားရှိရာသို့ သူ သယ်သွားသည်။ နေကစူးစူးရှရှ တောက်ပ နေပါသည်။

တကယ်က သူ ဆရာတော့်ကို စတင် သိကျွမ်းရချိန်တွင် သူ ၁၀ နှစ်သားသာသာ အရွယ်သာရှိသေးသည်။ ၁၉၈၇ ခုနှစ်တွင် ရွှေဂုံတိုင်ရှိ သူတို့ပိုင် မြေကွက်လပ်တွင် အိမ်စဆောက်သည်။ သည်မှာပင် ဆရာတော်နှင့် ဆုံစည်းသိကျွမ်းရန် အကြောင်းဖန်လာသည်။ သူ့ဖခင်၏ တပည့်ရင်းဖြစ်သူက ဆရာတော်၏ ဒကာရင်း ဖြစ်နေသည်။ ထိုတပည့်ဖြစ်သူ၏ ဆက်သွယ်ပေးမှုနှင့်ပင် ဆရာတော်နှင့် သူတို့မိသားစု စတင် ရင်းနှီးခဲ့ရသည်။ ဆရာတော်ကပင် သူတို့ ဆောက်မည့်အိမ်အား ပန္နက်ရိုက်ပေးခဲ့သည်။ ဆရာတော်က သာသနာ့သိပ္ပံကျောင်းတိုက် ကျောင်းထိုင်ဖြစ်သည်။ ကျောင်းနှင့် သူတို့ အိမ်ကလည်း နီးသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အိမ်နှင့်ပတ်သက်သည့် ပြုသင့်ပြုအပ်ရာ မင်္ဂလာကိစ္စ အဝဝတို့တွင်လည်း ဆရာတော့်ကိုသာ သူတို့ အားကိုးအားထားပြုခဲ့သည်။

ထိုစဉ်က ဆရာတော်က သက်တော် ၅၀ ဝန်းကျင်။ ထောင်ထောင်မောင်းမောင်း ကြံ့ကြံ့ခိုင်ခိုင် ဆရာတော်၏ ပုံသဏ္ဍာန်က ဥပဓိရုပ် ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ တရားဟောရာတွင်လည်း အသံသြဇာကောင်းကောင်း ဌာန်နှင့် မာန်နှင့် ဟောတတ်ပြောတတ်သည်။ သူတို့ ကတော့ ဆရာတော့်ကို ဗဟန်းဘုန်းဘုန်းဟုသာ ညွှန်းဆိုခေါ်ဝေါ် ကြပါသည်။ ထိုစဉ်ကတော့ ဆရာတော်နှင့်ပတ်သက်၍ သူသိသမျှက သည်လောက်သာဖြစ်သည်။ သူ အသက်ငယ်ရွယ်သေး၍ ဖြစ်ပါလိမ့်မည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းလောက်တွင်တော့ သူတို့ အိမ်ငှားထား၍ ဆရာတော်နှင့် အထိအတွေ့ အနည်းငယ် ကျဲပါးသွားသည်။ လုံးဝ အဆက်ပြတ်သည်တော့လည်း မဟုတ်ပါ။ တနှစ် အနည်းဆုံး နှစ်ခေါက် သုံးခေါက်တော့ ဆရာတော့်ကျောင်းသို့ ရောက်မြဲဖြစ်ပါသည်။ ၁၉၉၅ လောက်တွင်တော့ ဆရာတော်နှင့် သူတို့ ခပ်စိပ်စိပ် တွေ့ဖြစ်ပြန်သည်။ သူတို့အိမ်ရှိရာ လမ်းတွင်ပင် သူ့အဒေါ်က အိမ်ဆောက်သည်။ ထိုအိမ်ကိုလည်း ဆရာတော်ပင် ပန္နက်ရိုက်ပေးခဲ့သည်။ သည်မှာပင် ဆရာတော့် ကျောင်းသို့ ဝင်ခလုတ် ထွက်ခလုတ် ရောက်ဖြစ်ပြန်သည်။ ထိုစဉ်ကတော့ သူအသက် ၂၀ ရှိခဲ့ပြီမို့ ဆရာတော့်အကြောင်း တစွန်းတစ သိရှိလာသည်။ ဆရာတော်က မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ထောက်ခံ အားပေးသူဖြစ်ကြောင်း သိလာရသည်။

အတိုက်အခံ ပြည်သူ့ အင်အားစုတို့ကလည်း ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲထုံးစံ အလှူအတန်းတို့ကို ဆရာတော့်ကျောင်းတွင်ပင် ပြုလုပ်လေ့ ပြုလုပ်ထ ရှိကြသည်။ ဒါကလည်း အကြောင်းရှိသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဘုန်းကြီးကျောင်းတိုင်းတွင်လည်း နှစ်ပတ်လည်နေ့များ၊ အခမ်းအနားများက ကျင်းပ၍ ရသည်မဟုတ်။ ဆရာတော်ကတော့ ဘာကိုမျှ ဂရုမစိုက်ပါ။ လာဘ်သပ်ပကာ ပေါများခြင်း ရှားပါးခြင်းကို စိတ်ဝင်စားသူ မဟုတ်။ သပိတ်ကို ရေကျင်း သောက်လျှင်လည်း ဆွမ်းဖြစ်သည်ဟု ခံယူထားသူ ဖြစ်ပါသည်။

ကျောင်းတိုက်ဝင်းသို့ သူ ဝင်ဝင်ချင်း ဆရာတော့်လက်ထောက် ဦးပဉ္စင်းကို တွေ့သည်။ ဆရာတော် အပေါ်ထပ်တွင် ရှိကြောင်းပြော၍ သစ်သားလှေကားကျဉ်းကျဉ်း ကလေးအတိုင်း သူ တက်လာသည်။ အပေါ်ထပ်ရှိ ဦးပဉ္စင်းတပါးက သူ့ကို နေရာထိုင်ခင်းပေးပြီး ဆရာတော့်ထံ သွားပြောသည်။ သူ ဘုရားဝတ်ချပြီး ကျောင်းခန်းပတ်လည်ကို စေ့စေ့ငုငု ကြည့်မိသည်။ ဆရာတော့်ကျောင်းကလေးက တောကျောင်းဆန်ဆန် ကျောင်းကလေး။ ထည်ထည်ဝါဝါ တောက်တောက်ပပ မရှိ။ ပစ္စည်းပစ္စယလည်း များများစားစားမထား။ အရာရာက ညိုညိုမွဲမွဲအရောင်ကို ဆောင်လျက်။ ဒါကပင် ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးမြမြ ဖြစ်နေသည်ဟု သူခံစားမိပြန်သည်။

ကျောင်းတော်ဝိဟာရ၏ အရိပ်အာဝါသအောက်တွင် သူ နှစ်သိမ့်နေမိချိန်တွင်ပင် ဆရာတော်က သီတင်းသုံးရာ အခန်းတွင်းမှ ထွက်လာသည်။ သူ ဝတ်ဖြည့်ပြီး အိမ်မှယူဆောင်လာသော လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်သည်။ ထို့နောက်တွင်တော့ ဆရာတော်နှင့် သူ စကားစမြည်ပြောကြသည်။ သူက ဆရာတော်နှင့် စကားပြောရသည်ကို နှစ်သက်သည်။ ဆရာတော်၏ အတွေးအမြင် အယူအဆတို့ကလည်း သမားရိုးကျမဆန်။ သစ်သစ်လွင်လွင်၊ လန်းလန်းဆတ်ဆတ်။ ဟောသောတရားကလည်း တက်ခေတ်တရား။ ဆရာတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာထား၍ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးလည်း ပြောတတ်ဆိုတတ်သည်။ ကမ္ဘာ့အကြောင်းကော၊ မြန်မာ့အကြောင်းကိုပါ ခြုံမိငုံမိသည်။ တဖက်သတ် ပြောခြင်းမျိုးလည်း မည်သည့်အခါမျှ မရှိ။ တဖက်လူ၏ အမြင်ကို တလေးတစား နားဆင်သည်။ ထို့ကြောင့်လည်း ဆရာတော့်ဆီ ရောက်လျှင် သူ ခဏနှင့် ပြန်လေ့မရှိ။ ဆရာတော်ကလည်း လူငယ်လူရွယ်တို့နှင့် စကားပြောရဆိုရသည်ကို နှစ်ခြိုက်ဟန်တူသည်။

သာရေးနာရေး မိသားစုအရေး ပြောနေရာမှ "ဒီရက်ပိုင်းတော့ တို့ကျောင်းလည်း အစောင့်အရှောက်တွေများ နေတယ်ဟေ့" ဟု ဆရာတော်က သူ့ကိုပြောသည်။ သူ ရုတ်တရက် နားမလည်။ နောက်မှ ဆရာတော့်ဘေးမှ ဦးပဉ္စင်းက စကားဖြည့်၍ ပြောသည်။ အာဇာနည်နေ့ နီးလာ၍ ဆရာတော့်ကျောင်းကို ထောက်လှမ်းရေးများ စောင့်ကြည့်နေကြသည်ဟု။ သည်တော့မှ သူလည်း ဆရာတော်နှင့်အတူ ရယ်မိမောမိတော့သည်။ ဟုတ်သည်။ ဆရာတော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော အာဇာနည်နေ့၊ နှစ်ပတ်လည်နေ့များဆိုင်ရာ ဘာသာရေး အခမ်းအနားများသို့ တက်ရောက် ချီးမြှင့်လေ့ရှိသည်။ သာမှုနာမှု အလှူအတန်း ကိစ္စအဝဝကိုလည်း လက်ခံ ကျင်းပပေးလေ့ ရှိသူဖြစ်သည်။

သူပြန်ခါနီး ဝတ်ဖြည့်တော့ ဆရာတော်က ပေးမြဲဆုကို ပေးသည်။ "အမျိုး ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ" ဟု။ ဆရာတော်ပေးသော ဆုက သာမန်နှင့်မတူ ကွဲကွဲပြားပြား ရှိလှသည်ဟု သူ ထိုဆုကို ခံယူတိုင်း ခံစားမိခဲ့ပါသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင်တော့ ဆရာတော်ကို မြို့ထဲရှိ သူတို့အိမ်နှင့် ရွှေဂုံတိုင်ရှိ သူ့အဒေါ်ခြံတွင် ဆွမ်းကပ်ဖြစ်သည်။ အရွယ်အတန်ငယ် ရလာသော်လည်း ဆရာတော်က နဂိုအတိုင်း။ ယုံကြည်ရာကို ယုံမြဲယုံလျက်။ သည်ဘက် နှစ်ပိုင်းတွင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အရေးကြီးပုံကို ဆရာတော်က စကားအလျဉ်းသင့်တိုင်း အလေးအနက် ပြောကြားလာသည်ကို သူ သတိထားမိသည်။ တွေ့ရဆုံရသော ဒကာ ဒယိကာမတိုင်းကိုလည်း နိုင်ငံရေးရာ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်လုပ်ကိုင်ကြရန် အစဉ် တိုက်တွန်းလေ့ ရှိသည်။ တိုင်းရေးပြည်ရေး နိုင်ငံရေးအတွက် ဆရာတော်သည် တရက်ကလေးမျှ ရတက်အေးဟန်မရှိဟု သူကတော့ ထင်မြင်မိသည်။

တရက်တွင်တော့ သူတို့ ဟိုဟိုသည်သည် ပြောကြဆိုကြရင်း အသစ်ဖွင့်လှစ်ထားသော ရွှေတိဂုံဘုရား အောက်ဘက်နားရှိ "သူရဲကောင်း စစ်သည်ဗိမာန်" အကြောင်း ရောက်သွားကြသည်။ သည်တွင် ဆရာတော်က "ညီအကိုချင်း သတ်တာ သူရဲကောင်းလားကွ" ဟု ရုတ်တရက် ပြောချလိုက်သည်။ ထို့နောက်မှ ဆက်၍ "ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရန် အရေးကြီးကြောင်း၊ မည်သည့်ဘက်မှ သေကြေပျက်စီးသည်ဖြစ်စေ ညီအကိုချည်းမို့ တိုင်းပြည် အထူးနစ်နာကြောင်း" ပြောသည်။ ဆရာတော့်စကား အဆုံးတွင်တော့ သူတို့အားလုံး သက်ပြင်းဖွဖွ ချမိကြပါသည်။

ဆရာတော်နှင့် သူ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့သည်က ၂၀၀၆ ခုနှစ် အလယ်ပိုင်းလောက်တွင် ဖြစ်သည်။ သည့်နောက်တော့ သူနိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည်။ နောက်တကြိမ် ဆရာတော့်အား ပြန်လည်ဖူးတွေ့ခွင့် ရသည်က မဇ္ဈိမ စာမျက်နှာပေါ်တွင် ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခမ်းအနားကို ဆရာတော်၏ သာသနာ့သိပ္ပံ ကျောင်းတိုက်တွင်ပင် ကျင်းပသည်။ ဆရာတော်က ၈၈ ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော။ သံရုံးတာဝန်ခံများနှင့် စကားပြောနေပုံ၊ တရားချီးမြှင့်နေပုံတို့ကို အတော်စုံစုံလင်လင် သူ မြင်တွေ့ရသည်။

နောက်တလအကြာ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားသည်။ ဘုန်းဘုန်းတို့နှင့် ပြည်သူတို့၏ ဆန္ဒပြပွဲသတင်းများကို သူ ရင်တခုန်ခုန်၊ ဖိုဖိုလှိုက်လှိုက် ကြည့်ရင်းရှုရင်း ဆရာတော့်ကို အထူးတလည် သတိရမိသည်။ ဆရာတော် ဘယ်လိုများနေပါလိမ့်။ သိပ်မကြာ။ စက်တင်ဘာလကုန်တွင်ပင် ဆရာတော့်သတင်းက သူ့ဆီ ရောက်ရှိလာသည်။ ဆရာတော်နှင့်တကွ သာသနာ့သိပ္ပံကျောင်းရှိ သံဃာတော်များအား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သတင်းကို သူ ဖတ်ရှုရသည်။ ဆက်တိုက် ဆိုသလိုပင် နောက်ဆက်တွဲ သတင်းများ ကြားရပြန်သည်။ ဆရာတော့်ကို အင်းစိန် ဂျီတီအိုင်ဝင်းတွင် ချုပ်နှောင်ထားကြောင်း၊ ဆရာတော် ကျန်းမာရေး အလွန် ဆိုးရွား ကျဆင်းနေကြောင်း စသည်။

သူ အိမ်နှင့် ဆက်သွယ်ရန် အမြန် ကြိုးစားသော်လည်း မရ။ ရပြန်တော့လည်း စကား လွတ်လွတ်လပ်လပ် ပြော၍ မရပြန်။ သည်လိုနှင့် ၃-၄ လကြာမှ ဆရာတော့်သတင်းကို သူ ပြန်ကြားရသည်။ သတင်းကောင်းနှင့် သတင်းဆိုး ရောယှက်လျက်။ ဆရာတော် ပြန်လည် လွတ်မြောက်လာပြီ။ သို့သော်….ဆရာတော့်တွင် ကင်ဆာရောဂါ စွဲကပ်နေခဲ့ချေပြီ။

ဆရာတော် ပြန်လည် လွတ်မြောက်လာသော်လည်း ဆရာတော့်ကျောင်းမှ သံဃာတော် ၅ ပါးနှင့် လူ ၆ ဦးကို ပုဒ်မ ၅၀၅ (ခ) ငြိမ်ဝပ် ပိပြားရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်ပြားရန် သွေးထိုး လှုံ့ဆော်သည့်ပုဒ်မနှင့် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲချက်တင်ပြီ ဖြစ်ကြောင်း မတ်လအတွင်းတွင် သူ ဖတ်ရှုရပြန်သည်။ သင်္ကြန် မတိုင်မီ သူ့အိမ်နှင့် စကားပြောခွင့် ကြုံသောအခါတွင်တော့ သူ ဆရာတော့် သတင်းကို မေးမိသည်။ ဆရာတော့် အခြေအနေမှာ ထူးထူးခြားခြား သက်သာလာခြင်း မရှိတော့ကြောင်း သူ့အိမ်က ပြောသည်။ နှစ်ဆန်း တရက်နေ့တွင် ဆရာတော့်ကို ဝတ္ထုငွေ သွားရောက်ကပ်လှူမည် ဖြစ်ကြောင်းလည်း ပြောသည်။ ဆရာတော့်အတွက် သူ့အနေနှင့်ပါ ဝတ္ထုကပ်လှူပေးရန် သူ့အမေကို ပြောသည်။ သည်တကြိမ်သည် နောက်ဆုံးကပ်လှူခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဇွန်လ ဒုတိယပတ်တွင် သူ့အိမ်နှင့် စကားပြောသေးသော်လည်း ဆရာတော့်သတင်းကို ဘာမှမပြော။ ဇွန်လ ၁၆ ရက်နေ့တွင်တော့ သူ မဇ္ဈိမ သတင်းကို ဖတ်ရှုမိချိန်တွင် "သာသနာ့သိပ္ပံကျောင်း ချိတ်ပိတ်ခံရကြောင်း" သတင်းကို ဖတ်ရသည်။ သတင်းတနေရာတွင်က "လစ်လပ်သွားသော ကျောင်းထိုင်ဆရာတော်" ဟူသော စာသား။ "လစ်လပ်သွားသော" ဆိုပါလား …. ဆရာတော် ပျံလွန်သွားပြီလား … လှုပ်ရှားနေသော စိတ်ကိုထိန်းရင်း အခြားသတင်းများကို လိုက်ရှာသည်။ မူလစာမျက်နှာသို့ ပြန်သွားသည်။ ဓာတ်ပုံဆလိုက်ရှိုး နေရာသို့ ကြည့်လိုက်မှ ဆရာတော့် ဓာတ်ပုံအား တွေ့လိုက်ရသည်။ "သာသနာ့သိပ္ပံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ဇွန်လ ၇ ရက် ၂၀၀၈ ခုနှစ်က ကျင်းပစဉ်" တဲ့။ ဆရာတော့်ဓာတ်ပုံအား ဦးဉ္စင်းနှစ်ပါးက ကိုင်ဆောင်လျက်။ ဟုတ်သည်။ ဆရာတော် ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါသည်။

"လူကို လေ့လာပါ၊ ပတ်ဝန်းကျင်ကို လေ့လာပါ" ဟု သူ့ကို ပြောကြားသော ဆရာတော်၏ နောက်ဆုံးသြဝါဒကို သူ ယခု ပြန်လည် ကြားယောင်သည်။ "တယောက်နဲ့ တယောက် အပြစ်မရှာစတမ်း၊ ရန်သတ္တရု မပြုစတမ်း၊ တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းနဲ့ တို့တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းကြရမယ်။ ဒီအချိန်မှာ ဒီ့ထက် အရေးကြီးတာ ဘာမှမရှိတော့ဘူး" ဟု ဆရာတော်၏ ယုံကြည် လေးနက်စွာ ပြောနေသော အသွင်ကို သူ ပြန်လည်မြင်ယောင်သည်။ မေတ္တာနှလုံးနှင့် ရွှင်ရွှင်ပြုံးပြုံး နေတတ်ထိုင်တတ်၊ သူ့တိုင်းသူ့ပြည်အတွက် အမြဲတစေ စိုးရိမ်ပူပန် နေတတ်သော ဆရာတော့်ကို ပြန်ပြောင်းအောက်မေ့သည်။

သည်စာကို ရေးနေချိန်တွင်ပင် သူ့အမေထံမှ စာရောက်လာသည်။ "သားလေး ဗဟန်းဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သား စိတ်မကောင်းမှာ စိုးလို့ အမေ မပြောဘဲ ထားတာပါ။ ဗဟန်းဘုန်းဘုန်းဟာ လူသားတယောက် အနေနဲ့ မွေးဖွားလာပြီး သူ့တာဝန် သူ ကျေပွန်အောင် ဆောင်ရွက်သွားပါတယ်။ တိုင်းပြည်အတွက်၊ အများကောင်းကျိုး အတွက်လည်း တတ်နိုင်သရွေ့ ဆောင်ရွက်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်တဦးပါပဲ။ သူ့ရဲ့ ပျံလွန်တော်မူတဲ့ နာရေးသတင်းကို သတင်းစာထဲမှာ ထည့်ခွင့်မပြုဘူး။ အခုလည်း သူ့ကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ကြားပါတယ် ….." အမေ့စာကို ဖတ်၍ သူငိုင်နေမိသည်။

သူ့ အသည်းနှလုံးကို တစုံတရာက ဆုပ်ကိုင်ဖြစ်ညှစ်ထားသလို သူ ခံစားရသည်။ ဆရာတော် သာသိလျှင် ဘာများမိန့် မြွက်ဦးမလဲ….သူ ဝမ်းပန်းတနည်း စဉ်းစားနေမိသည်။ ဆရာတော်ဖြတ်သန်းခဲ့ရာ ဘဝက ရိုးသားရဲရင့်မှုတို့ဖြင့် ပြည့်လျှမ်းလျက်။ ဖြူဖြူစင်စင် လျှောက်လှမ်းခဲ့ရာ လမ်းဖြစ်သည်။ ချော့သော်လည်း မပျော့ခဲ့၊ ခြောက်သော်လည်း မကြောက်ခဲ့။ နကမ္ပတိ တည်ကြည်သော စိတ်ဖြင့်သာ နေထိုင်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူ အလေးဂရုပြုရာ၊ သူမြတ်နိုးရာ အမျိုးဘာသာ သာသနာအတွက် မြှုပ်နှံဆောင်ရွက်ခဲ့သူဖြစ်သည်။ မည်သို့ဆိုစေ ဆရာတော်၏ မျှော်လင့်ချက်တို့က သည်မျှဖြင့်တော့ နိဂုံးမချုပ်တန်ရာ၊ နိဋ္ဌိမတံ တန်ရာဟု သူ ယုံကြည်နေမိပြန်သည်။ နောက်တကြိမ် …. ဟုတ်သည် ….. အနည်းဆုံး နောက်တကြိမ်တော့ ဆရာတော်သည် သူ့ယုံကြည်ချက်တို့ကို သူ အကောင်အထည်ဖော်ခွင့် ရနိုင်ပါလိမ့်ဦးမည် …. ဆရာတော် ထာဝစဉ် လိုလားခဲ့သော ပြည်သစ်ကိုတည်၍ ကျီသစ်ကို ဆောက်နိုင်ပါလိမ့်မည်။ ထိုသောအခါတွင် …. သူ့ပြည်သူ့ရွာသည် အထွေထွေ အထူးထူးသော ပန်းပေါင်းတရာတို့၏ ရနံ့ဖြင့် မွှေးကြိုင် သင်းပျံ့နေပါလိမ့်မည် ။

ဖတ်ကြည့်ချင်သေးလား....

ပိုမိုခိုင်မာခဲ့သည့် သံဃာနှင့် လူထု စည်းလုံးမှု

Saturday, June 21, 2008 · 0 ရဲ့ အမြင်

နာ ဂစ် မုန် တိုင်း က တိုင်း ပြည် တ ခု လုံး ကို ဆုံး ရှုံး မှု ပ မာ ဏ ကြီးမားစွာပေးခဲ့သည်။ ငွေဖြင့်တန်ဖိုးဖြတ် မရစကောင်းသည့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံး၍ အသက်ရှင် ကျန်ရစ်သူများ၏ စည်းစိမ်၊ အိုးအိမ် ပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း ကိရိယာ များစွာလည်း ရေနှင့် လေနှင့်မျောလွင့် ပျက်စီးခဲ့ကြရသည်။ ဒီလိုဆုံးရှုံးမှုတွေထဲမှ ထွက်ပေါ်လာသည့် ကောင်းမွန် သောရလဒ် တချို့ကိုလည်း အဖြစ်အပျက် တလျှောက်မှာ တွေ့ရသည်ဟု လေ့လာ အကဲခတ်သူ တဦးက ဆိုသည်။


“ကဲ ... တန်းစီကြ ... ကလေးတွေရှေ့လာ” (ဓာတ်ပုံ - အေပီ)
ဖျက်ဆီးနိုင်စွမ်းအား ပြင်းထန်သည့် မုန်တိုင်းကြားမှ ရရှိလိုက်သည့် ကောင်းမွန်သော ရလဒ်မှာ ရဟန်း သံဃာနှင့် လူထုအကြားမှာ ပိုမိုခိုင်မာ သည့် ပေါင်းစည်းမှု ဖြစ်သည်ဟု အဆိုပါ အကဲခတ်သူက ပြောဆိုသည်။

၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးသည့်နောက်မှာ သံဃာနှင့် လူထု အကြား သွေးစည်းမှုတခု ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရ သည်။ သံဃာများအပေါ် နဂိုက သာမန် ကြည်ညိုမှု သာရှိခဲ့ကြ သည့် လူတချို့၏ ထင်မြင်ချက် ပြောင်း လဲသွားကာ လေးလေး နက်နက် ကြည်ညိုလေးစား လာသည်ကို တွေ့ရှိရသည်။ တခြားဘာသာဝင်များ ကပင် ရဟန်းသံဃာများ၏ အနစ်နာခံမှု စွန့်လွှတ်မှုကို အသိအမှတ်ပြု လေးစားခဲ့ကြသည်။

နာ ဂစ် ကယ် ဆယ် ရေး ကာ လ တွင် အ စ္စ လာမ် ဘာ သာ ၀င် အ လှူ ရှင် များကလည်း ဗလီများတွင် ခိုလှုံနေကြသည့် အစ္စလာမ် ဘာသာဝင်များသာမကဘဲ ဘုန်းတော်ကြီးကျောင်းများရှိ ဒုက္ခသည်များကိုလည်း ၀င်ရောက် လှူဒါန်းကြသည်ကို အများ အပြားမြင်တွေ့ကြရသည်။ ကယ်ဆယ်ရေးလုပ်ငန်းတွင် သံဃာတော်များ၏ ဦးဆောင်ဦးရွက်ပြုသည်ကို ထောက်ခံအားပေး ခဲ့ကြသည့် လက္ခဏာဖြစ်သည်ဟု ရှုမြင်ကြသည်။

လ ပွ တ္တာ မြို့ နယ် သို့ မေလအတွင်း ကယ်ဆယ်ရေးအကူအညီ သွားရောက်ခဲ့သည့် အစ္စလာမ် ဘာသာဝင် ရန်ကုန်မြို့သူ တဦးက “ဘုန်းကြီးတွေ လုပ်တာကိုကျမတို့အနေနဲ့ ယုံတယ်၊ မျှမျှတတလည်းရှိတယ်၊ စည်းစနစ်လည်းကျတယ်။ ဒါကြောင့် ကျမတို့အလှူပစ္စည်း တ၀က်ကျော်ကျော်ကို ဘုန်းကြီးကျောင်းတွေ ၀င်ပြီးလှူခဲ့တာပါ ”ဟု ဆိုသည်။

သူတို့အဖွဲ့မှ အစ္စလာမ်ဘာသာဝင် တဦးကလည်း “အရင်တုန်းက လူမျိုးရေး အဓိကရုဏ်းဖြစ်ရင် အထင်လွဲခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်ကမှ ဗလီကို ခဲနဲ့လာပေါက်တဲ့ ဘုန်းကြီးရဲ့ ခါးကြားမှာ ဝေါ်ကီတော်ကီ (ကြိုးမဲ့ဆက်သွယ်ရေးစက်) ချိတ်ထားတာတွေ့ လိုက်တော့မှ ဒီလိုအဖြစ်အပျက်တွေကို သူတို့ဖန်တီးတယ်ဆိုတာ ကောင်းကောင်း သဘောပေါက်သွားတယ်” ဟုဆိုသည်။

ထိုအချက်သည် နအဖ စစ်အစိုးရအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးတခု ဖြစ်သည်။ နိုင်ငံရေး အကြပ်အတည်း ကြုံတိုင်း လူမျိုးရေး အဓိကရုဏ်းဖန်တီးကာ ထွက်ပေါက်ရှာသည့် စစ်အစိုးရ၏လုပ်ရပ်ကို မြန်မာဘုန်းတော်ကြီးများရော အစ္စလာမ် ဘာသာဝင်များပါ သဘောပေါက်သွားခဲ့ကြသည်။

ယခု နာဂစ်ဘေးအန္တရာယ်မှာလုပ်ဆောင်ခဲ့သော သံဃာများ၏ အခန်းကဏ္ဍကိုမူ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ပြီးနောက်မှာ နိုင်ငံရေး လှုပ်ရှားမှု မဟုတ်ဘဲ ကယ်ဆယ်ရေး လုပ်ငန်းကရသည့် နိုင်ငံရေး အကျိုးအမြတ်ဟူ၍ နိုင်ငံရေး လေ့လာ သူများက သုံးသပ်ကြသည်။ ရွှေဝါရောင် တော်လှန်ရေးမှာ နိုင်ငံရေးလှုပ်ရှားမှု တခုဖြစ်သည်။


ကိုရင်လေးတွေလည်း တတပ်တအားပါဝင် (ဓာတ်ပုံ - အေအက်ဖ်ပီ)
အ ကြမ်း မ ဖက် သော ငြိမ်း ချမ်း စွာ မေတ္တာ ပို့ ချီတက်လမ်းလျှောက်သော လှုပ်ရှား မှုမှာ လူထုအရေးကို ရဟန်းသံဃာများ ကရှေ့မှ ထွက်ရပ်ကာ ငြိမ်းချမ်းစွာ ဦးဆောင်ခဲ့ကြသည်။ မြန်မာပြည် လူထု အရေးကြုံလာသောအခါ သံဃာများက ရှေ့ကိုထွက်ပြီး ဆောင်ရွက်ပေးခဲ့သည့် သာဓကဖြစ်ခဲ့သည်။

ယခု မေလဆန်းတွင် ဖြစ်သည့် နာဂစ် မုန်တိုင်း ဘေးအန္တရာယ်မှာလည်း ကျေးရွာအသီးသီးနှင့် မြို့အသီးသီးက ဆရာတော်၊ သံဃာတော်တွေက ကယ်ဆယ်ရေး ကူညီရေး၊ ထူထောင်ရေး တွေမှာ ရှေ့တန်းကထွက်ပြီး ဆောင်ရွက် နေကြတာမြင် တွေ့ရသည်။

လ ပွ တ္တာ ၊ ဘို က လေး ၊ ဖျာ ပုံ ၊ ဒေး ဒ ရဲ နှင့် ကွမ်း ခြံ ကုန်း ဒေ သ များ သို့ ရောက်သည့် အခါ မုန်တိုင်းဘေးကအသက်ရှင် လွတ်မြောက်လာသူတွေက သူတို့အတွေ့အကြုံကို ပြန်လည် ပြောဆိုကြသည်။ ထိုသို့ပြောဆိုရာမှာ မုန်တိုင်းကြောင့် လှိုင်းတွေ ရေတွေ ကြီးလာသည်နှင့် ရွာမှာ ခိုင်ခန့်ကြီးမားသည့် အဆောက်အဦဖြစ်သော ဘုန်းတော်ကြီး ကျောင်းတွေ၊ သိမ်တွေမှာ ခိုလှုံခဲ့ကြပြီး အသက်ချမ်းသာရာ ရခဲ့ကြသည်ဟု ဆိုသည်။ ရေကျပြီးသွားသည့် အခါမှာလည်း အိမ်တွေပြို ပျက်ပြီးရေထဲပါသွား၍ ကျန်ရစ်ခဲ့သည့် ဘုန်းကြီးကျောင်းတွေ မှာသွားရောက်ခိုလှုံကြသည်။

ရွာတရွာလုံး ကျောင်းတွေပါပျက်စီးတဲ့ ရွာတွေကတော့ မြို့ပေါ်ကိုတက်ပြီး တန်ဆောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံကြရသည်။ ဘုန်းတော်ကြီးတွေက စားရေး၊ နေရေးနှင့် ကျန်းမာရေး တို့ကိုတတ်နိုင်သမျှ စီစဉ်လုပ်ဆောင်ပေးကြ သည်။ တာဝန်အရှိဆုံး အဓိက အကျဆုံး နေရာကိုယူထားသော အစိုးရထက်ကို ဘုန်းတော်ကြီးကျောင်း တွေက မြန်ဆန်ထိရောက် စွာနှင့် ကယ်ဆယ်ရေးကို လုပ်ဆောင်ခဲ့သည်ကို တနိုင်ငံလုံးနှင့် တကမ္ဘာလုံး ကမြင်တွေ့ ခဲ့ရ သည်။

ဘိုကလေးမြို့အနီးအနားမှ ဟေမာန် လတာဆိုသည့် ရွာငယ်တရွာက ဒုက္ခသည်ရွာသူရွာသားများ အတွက် မြို့သို့ တက် ကာ အလှူရှင်များကို လာရောက်ဆက်သွယ်ဆောင်ရွက်သည့် သံဃာတပါးကိုလည်း ဘိုကလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်းတွင် တွေ့မြင်ခဲ့ရသည်။ အရေးကြုံလာသည့်အခါ ရွာတွင်ဦးဆောင်ဦးရွက် ပြုမည့်သူသည် ရယက ဆိုသူတို့ မဟုတ် ရွာရှိဘုန်းတော်ကြီးကျောင်းမှ ဆရာတော်နှင့် သံဃာတော်များ သာဖြစ်သည်။

ရွာဘုန်းတော်ကြီးကျောင်းအတွက် မျှမဟုတ်ဘဲ ရွာတရွာလုံး၏ အရေးပေါ်စားရေး၊ နေရေးနှင့် ကျန်းမာရေးတို့အတွက် ဘိုကလေးသို့လာရောက်ပြီး အကူအညီတောင်းခံ ခြင်းဖြစ်သည်ဟု ဦးပဉ္ဇင်းက မိန့်ဆိုသည်။

ယခု အဖြစ်အပျက်ကိုကြည့်ပြီး ပြည်တွင်း ဂျာနယ်လစ်တစ်ဦးက“မြန်မာနိုင်ငံရဲ့ ကျေးလက်တွေမှာ လူထုရဲ့ခေါင်းဆောင်က သံဃာတော်တွေပဲ။ သံဃာတော်တွေက ဘာသာရေး တခုတည်းသာမကဘဲ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနဲ့ အခုတော့ သဘာဝဘေး ဒုက္ခကဏ္ဍတွေမှာပါ ဦးစီးဦးဆောင် လုပ်နေတာ မြင်ရတယ်” ဟု သုံးသပ်သည်။

နိုင်ငံတွင်းတွင်သာမက ပြည်ပသာသနာပြုတွင်ပါ ထင်ရှားပြီး နအဖ အစိုးရကို တရား ဒေသနာများဖြင့် ပွင့်လင်းထိမိစွာ ဝေဖန် ဟောပြောလေ့ရှိသည့် သီတဂူဆရာတော်သည်လည်း နာဂစ်မုန်တိုင်း ဖြစ်ပြီးသည့် နောက် ဘိုကလေးမြို့တွင် အခြေစိုက်ကာ ရွာပေါင်းများစွာ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အင်အားဖြင့် လုပ်ဆောင်လျက် ရှိသည်ကို တွေ့မြင်ရသည်။


ရန်ကုန် ရွှေပေါက်ကံမှာ ဆန်လှူရာမှာ ဘုန်းဘုန်းတို့ ဦးဆောင်
(ဓာတ်ပုံ - အေအက်ဖ်ပီ)
ပြီးခဲ့သည့်မေလ မကုန်မီကပင် စာသင် ကျောင်းများတွင် နေထိုင်သည့် မုန်တိုင်း ဒဏ်ခံရသော ဒုက္ခသည်များကို သက် ဆိုင်ရာ အာဏာပိုင်နှင့်စစ်တပ်က ဖယ်ရှားခဲ့ကြသည်။ ကျောင်းမဖွင့်မီမှာပင် နေခွင့်မပြုဘဲ နှင်ထုတ် ခဲ့ကြသည်။ ထိုမျှမက ဘုန်းတော်ကြီး ကျောင်းများ ကိုပါ ဒုက္ခသည်များဖယ်ရှားရန် အာဏာ ပိုင်တွေက ဖိအားပေးခဲ့ကြသော်လည်း တချို့သော ဆရာတော်များက ဒုက္ခ သည်များ အိမ်ပြန်ခိုင်းရန် မဖြစ်နိုင်သေး ဟု ဆိုကာ ဖိအားပေးမှုကို ငြင်းဆန် ခဲ့ကြ သည်ဟု လပွတ္တာ၊ ကွမ်းခြံကုန်း တို့တွင် ကြားသိရသည်။

သ ဘာ ၀ ဘေး အ န္တ ရာယ် ဆိုက် ရောက် ပြီး နောက် ရွာများပြန်လည်တည်ဆောက်ကြရာမှာ အကူအညီပေးရေး အန်ဂျီအို များနှင့် တသီးပုဂ္ဂလ အလှူရှင်အဖွဲ့များက ဘုန်းတော်ကြီးကျောင်းများကို နောင်သဘာဝဘေး အန္တရာယ် ကြုံတွေ့ရသည့်အခါ ခိုးကိုးရာ အဆောက်အဦအဖြစ် ခိုင်ခန့် အောင် တည်ဆောက်ပေးရန် စဉ်းစားလျက်ရှိကြသည်။ စာသင်ကျောင်းထက် ဘုန်းတော်ကြီးကျောင်းများက လူထုအတွက် အားကိုးအားထား ပြုစရာအဖြစ် မြင်ကြသည်။

အဆိုပါ အချက်သည် ရုပ်ဝတ္တုဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများကို အနာဂတ် ဘေးအန္တရာယ် ကာကွယ်ရေး အတွက် ဆောက်လုပ်ခြင်းဖြစ်သည်။ ရုပ်ဝတ္တုမဟုတ် သောကြောင့် ထိတွေ့ကိုင်တွယ်၍မရသည့် သံဃာတော်များ နှင့်လူထု အကြား မှ စည်းလုံးရေး စိတ်ဓာတ် သည်လည်း နောင်ကြုံလာမည့် နိုင်ငံရေး အန္တရာယ်ကျရောက်သည့် ကာလတွင် ခိုကိုးရာ အဆောက်အဦဖြစ်၍ နာဂစ်မုန်တိုင်း အပြီးတွင် ခိုင်မာသည့် စိတ်ဓာတ်ရေးရာ အဆောက်အဦတခု အဖြစ်တည်ခဲ့ပြီ ဟု နိုင်ငံရေး အကဲခတ်လေ့လာသူများက ဆိုသည်။

ဖတ်ကြည့်ချင်သေးလား....

သာမညဆရာတော် ရုပ်ကလပ် ဘာကြောင့်ခိုး

· 0 ရဲ့ အမြင်

ဧရာဝတီ အေမီ ဂိုးလ်ဒ်

ဧပြီလ ၂ ရက် မှောင်မိုက်သောညတွင် မည်သည့်အကြောင်းကြောင့်မှန်း မသိရ၊ မြန်မာနိုင်ငံ၏ ဘုန်းအကြီးဆုံး အကျော် ဒေးယျ ဆရာတော်တပါးဖြစ်သူ ဆရာတော် ဦးဝိနယ ခေါ် သာမညဆရာတော်၏ ရုပ်အလောင်း ထူးဆန်းစွာ အခိုးယူခံခဲ့ ရသည်။


တာဝန်ကျအစောင့်၏ ပြောပြချက်အရ အမည်မသိ လက်နက် ကိုင် လူတစုသည် အဆောက်အဦးထဲသို့ ကားမောင်းဝင် လာခဲ့ပြီး၊ သူ့ကို အဓမ္မကြိုးနှင့် တုပ်သည်။ ထို့နောက် ကျည်ကာ မှန်တပ်ထားသော ခေါင်းတလား၏သော့ကို ထုတ်ပေးရန် ပြောခဲ့ကြသည်။ ထို့နောက် ၂၀၀၃ ခုနှစ်ကပျံလွန်တော်မူခဲ့ သောသာမညဆရာတော်၏ ရုပ်အလောင်းထားရာ ကျောင်းနေရာ သို့ ခေါ်ဆောင်သွားခဲ့သည်။

သော့ကို ဆရာတော်ကြီးတပါးကသာ ကိုင်သည်ဖြစ်ရာ၊ ဆရာတော်၏ ဆေးစိမ်အလောင်းထားသော စကျင်ကျောက်ပြား ကာရံထားသည့် အတွင်းအခန်းထဲသို့ဝင်သော မှန်တခါးကို ဖွင့်၍မရမှန်း ၀င်ရောက်စီနင်း သူများ သိလာကြသည်။ ရုပ်ကလာပ်ထည့်ထားသော ကျောင်းတော် မှန်တံခါးကို ရိုက်ခွဲလိုက်ပြီးလျှင် ဆရာတော်၏ ရွှေပုတီးနှင့်အတူ ရုပ် အလောင်းကိုလည်း အဓမ္မလုယက် သယ်ဆောင် ထွက်သွား ကြသည်။ ရုပ်အလောင်းကို တိုယိုတာကားပေါ်တင်ပြီးနောက် အဝေးသို့ မောင်းထွက်သွားကြသည်။

လေးရက်ကြာအပြီး၌ ဆရာတော်၏ ရုပ်အလောင်းကို မီးသဂြိုင်္ဟ်ပြီးပြီး ဖြစ်ကြောင်း၊ ပြာကို ဘုန်းကြီးကျောင်း ပုရ၀ုဏ်အနီးရှိ ကော့ကဒါ ကျေးရွာမှာ ထားလိုက်ကြောင်း အမည်မသိလူတဦးက သာမညဘုန်းကြီးကျောင်းရှိ ဆရာတော်ဘုန်းကြီးများထံ တယ်လီဖုန်း ဆက်၍ အကြောင်းကြားလာခဲ့သည်။ ဆရာတော်ကို ရည်စူး၍ တည်ထားသော စေတီငယ်တဆူ အနီး၌ ဆရာတော်၏ တပည့်များက ပြာပုံလေးတပုံကို အရိုးမီးသွေးများ၊ မှန်ခေါင်းတလား၏ လက်ကိုင်တို့နှင့် အတူ တွေ့ခဲ့ကြရသည်။

ရက်အချို့ခန့် အရိုးမီးသွေးများကို ပြသထားသေးသည်။ သို့ရာတွင် နောက်တခါ လုယူခံရမည်ကို စိုးရိမ်သည်ကတကြောင်း၊ ဆရာတော်၏ အရိုးမီးသွေး ဟုတ်-မဟုတ် မသေချာသည်က တကြောင်းတို့ကြောင့် ရဟန်းသံဃာများက အရိုးမီးသွေးများကို သော့ခတ်သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်ကြတော့သည်။ ဖားအံမြို့အာဏာပိုင်များက ဤသို့ ထူးထူးဆန်းဆန်း ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးပါမည်ဟု ကတိပေးခဲ့သော်လည်း ရက် အနည်းအတွင်းမှာပင် ဤကိစ္စအကြောင်း ပြောဆိုသံမကြားရပဲ တိတ်ဆိတ်သွားကြတော့သည်။

ယတြာချေသော လုပ်ကြံမှုလော?

ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသူလည်းဖြစ်၊ စိတ်ဓါတ်ရေးအရ အကြံပေးသူလည်း ဖြစ်သည်။ ဒီမို ကရေစီကိုတန်ဖိုးထားကြောင်း ထုတ်ဖေါ်ပြောပြတတ်သည့်အပြင် စစ်အစိုးရကိုလည်း အတိတ်ကာလက ဝေဖန်ပြစ်တင်လေ့ ရှိသည်။ ဆန္ဒခံယူပွဲမလုပ်မီ သတင်းပတ်အချို့ အလို၌ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်၏ ရုပ်ကလပ်ပျောက်ဆုံးသွားရ ခြင်းသည် အချို့သောသူများအတွက် အတော့်ကို ထူးခြားဆန်းကြယ်ကိစ္စ ဖြစ်နေရသည်။ အချို့ပြည်သူများက ဂြိုဟ်ဆိုးကို မျက်စိလှည့်ပစ်ရန်နှင့် စစ်အစိုးအတွက် ဆန္ဒခံယူပွဲ အနိုင်ရအောင် ကြံကြံဖန်ဖန် ယတြာချေသည့်အနေနှင့် ဆရာတော်၏ ရုပ်အလောင်းကို ခိုးယူသွားခြင်းဟု ယုံကြည်နေကြသည်။ ယတြာချေသည်ဆိုသည်မှာ ကံကြမ္မာဆိုးရာမှ ကောင်းလာရ လေအောင် ရည်ရွယ်လျှက် ဗေဒင်နက္ခတ်ဆရာ၏ အကြံပေးချက်များအရ ရှေ့ရေးအပြောင်းအလဲ ဖြစ်သွားအောင် ဆောင်ရွက်လေ့ရှိသည့် မြန်မာလူမျိုးတို့၏ တမူထူးခြားသည့် အလေ့အထတခုလည်း ဖြစ်သည်။

ဆရာတော် သက်တော်ထင်ရှားရှိစဉ်က စစ်အစိုးရကို ထောက်ခံအားပေးခြင်းမပြုဘဲ နေသည့်အတွက် ဗိုလ်ချုပ်များအဖို့ မျက်နှာပျက်စရာ ဖြစ်ခဲ့သည်။ ဆရာတော်က ယခင် စစ်အစိုးရ တာဝန်ရှိသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ထက် ဒေါ်အောင်ဆန်း စုကြည်ကို ပို၍အရေးထားကြောင်း ပြောသံဆိုသံများ ထွက်ပေါ်နေသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် သာမညတောင်ရှိ ဆရာတော့်ကျောင်းသို့ရောက်တိုင်း မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည်ဟုလည်း သတင်းများက ဆိုသည်။

ဆရာတော်ထံမှ လူသိရှင်ကြားထောက်ခံအားပေးမှုရရှိအောင် ကြိုးပမ်းသည့်အနေနှင့် ဆရာတော်ကို ဘွဲ့များကပ်လှူ ပူဇော်ခဲ့သော်လည်း စစ်အစိုးရအဖို့ မျက်နှာပျက်ရခြင်းသာ အဖတ်တင်စေခဲ့သည်။ နောက်ဆုံး၌ ဆရာတော်နာမကျန်းဖြစ်၍ ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူရစဉ်တွင် ဗိုလ်ချုပ်ခင်ညွန့်က ဆရာတော်၏ ဆေးကုသစားရိတ်ကို ၀မ်းမြောက်ဝမ်းသာ စွာဖြင့် ကျခံခဲ့သည်။ ဘီးတပ်ကုလားထိုင်ဖြင့်ထိုင်နေရသော ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်းသည်လည်း ဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့သည်ဟု သိရသည်။ သို့သော် ဆရာတော် ဆေးရုံမှဆင်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ကြွချီသည် ဟူသောအချက်ကြောင့် ဗိုလ်ချုပ်များအဖို့ မခံချိမခံသာ ဖြစ်ခဲ့ရလေသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ၎င်း၏မိသားစုတို့သည် နိုင်ငံရေး အရှုပ်ထုပ် ပြဿနာများအတွက် နည်းလမ်းရှာသည့် အနေနှင့် အီးတီ နှင့် ဒေါ်ဓမ္မသီကဲ့သို့သော ဗေဒင်ဆရာ/ဆရာမများထံ အားအားရှိတိုင်း ဗေဒင်သွားမေးလေ့ရှိပြီး၊ အစိုးရရင်ဆိုင်နေရသော ပြဿနာများ ဆိုးရာမှ ကောင်းလာအောင် ကြံကြံဖန်ဖန် ယတြာချေလေ့ရှိသည်ဟုလည်း သာမန်ပြည်သူများအကြားတွင် နာမည်ကြီးနေခဲ့သည်။ ၁၉၈၇ ခုနှစ်က နိုင်ငံအတွင်း လည်ပတ်နေသော ငွေစက္ကူတ၀က်လောက်ကို ညတွင်းချင်း တရား မ၀င် ကြေညာပစ်ခဲ့ခြင်း၊ ချက်ချင်းဆိုသလိုပင် တနိုင်ငံလုံးအနှံ့ အရူးအမူး ကြက်ဆူပင် စိုက်ပျိုးစေခဲ့ပြီးနောက် ယခုအခါ အားလုံးနီးပါးလောက်ကို လျစ်လျူရှုပစ်ထားလိုက်ခြင်း၊ ဗေဒင်နက္ခတ် အလိုအရ အစိုးရအဖွဲ့ကို နေပြည်တော်သို့ ပြောင်းရွှေ့ စေခြင်း စသည်တို့သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း စစ်အစိုးရ၏ အလွန်ထူးဆန်းသော အပြုအမူများ အနက်မှ ဗေဒင်ယတြာကို ယုံကြည်၍ ဆောင်ရွက်ခဲ့ကြပုံ သာဓကအချို့သာ ဖြစ်ပါသည်။

အချို့ ပုဂ္ဂိုလ်များ၏ အမြင်အရဆိုလျှင် သာမညဆရာတော်၏ ရုပ်ကလာပ်ကို ခိုးယူခြင်းသည် ဂြိုဟ်ဆိုးကို ပယ်လှန်ပစ်ရန် အတွက် မတော်တရော် ကြောက်မက်ဖွယ် ယတြာချေခြင်း ဖြစ်နိုင်သည်။ စစ်အစိုးရသည် အခြေခံဥပဒေ အတည်ပြုချက် ရနိုင်ရေးအတွက် အလွန်စိတ်သောကရောက်နေသော အချိန်၊ အထူးသဖြင့် ဆန္ဒခံယူပွဲနီးကပ်လာသည့် အချိန်တွင် ဤသို့ ဆောင်ရွက်ရန် ဖြစ်နိုင်ခြေများစွာရှိသည်ဟု ဆိုကြပါသည်။

ထိပ်သီးစစ်ဗိုလ်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်တို့သည် ဆန္ဒခံယူပွဲမတိုင်မီ သတင်းပတ်များက ယတြာချေသည့်လုပ်ရပ် များကို အပူတပြင်း တိုး၍လုပ်ခဲ့ကြသည်ဟု လူအများလေးစားခံရသည့် ဗေဒင်ဆရာများ၊ စစ်အစိုးရကို စောင့်ကြည့်လေ့ လာနေကြသူများက ဆိုကြပါသည်။

"ဟိုတလောက ဖြစ်ရပ်တခုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ဇနီး ဒေါ်ကြိုင်ကြိုင်က မိန်းမတွေ မတက်ရတဲ့ ရွှေတိဂုံဘုရားရဲ့ ပန်းတင်ခုံ အရစ်ပေါ် တက်သွားတာ မြင်လိုက်ရတယ်လို့ ဘုရားလူကြီး မျက်မြင်သက်သေတွေက ပြောပြကြတယ်။ အခြွေ အရံတွေက နောက်ကနေ ရို့ရို့လေးလိုက်ပြီး ရွှေထီးနဲ့ ထီးဖြူတွေကိုမိုးပေးလို့ ဒေါ်ကြိုင်ကြိုင်က 'အောင်ပြီ၊ အောင်ပြီ' ...
လို့ အော်ရင်း ဘုရားကို သုံးကြိမ် လက်ျာရစ် လှည့်တယ်လို့ ဆိုကြတယ်" ဟု ဗေဒင်ဆရာတယောက်က ပြောပြပါသည်။

ဆန္ဒခံယူပွဲနေ့ဖြစ်သော ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့ (၅-၁၀-၂၀၀၈) သည် ယတြာခြေပြီး ရွေးခဲ့သော နေ့ဖြစ်သည်ဟု အဆိုပါ ဗေဒင်ဆရာကပင် ပြောပါသည်။ ဗိုလ်ချုပ်များသည် ခါတိုင်းလုပ်နေကျအတိုင်း ပေါင်းရကိန်း (၉) ဂဏန်းကို မရွေး ဘဲ ယခုတကြိမ် (၁၆) ဂဏန်းကို ရွေးလိုက်သည့်အတွက် စောင့်ကြည့်လေ့လာသူများ အံ့သြသွားခဲ့ကြရပါသေးသည်။

တွေဆုံမေးမြန်းနေစဉ်မှာပင် ၎င်းဗေဒင်ဆရာက "ကိုင်ရို၏ လက္ခဏာဗေဒင်၊ ဂဏန်းဗေဒင်နှင့် နက္ခတ်ဗေဒင်စာအုပ်" (Cheiro's Book of Palmistry, Numerology, Astrology) စာအုပ်ကို ဆွဲထုတ်ရင်း "သူတို့ရွေးလို့ ရနိုင်တဲ့ နေ့တွေထဲမှာ အခု ရွေးချယ်လိုက်တဲ့နေ့ကတော့ အဆိုးဆုံးနေ့ပါဘဲ၊ ၁၆ ဂဏန်းဟာ ဆန်းဆန်းပြားသေတာတို့ မတော်တဆ ထိခိုက်မှု အန္တရာယ် ကြုံရတာတို့ သေကိန်းတို့နဲ့ ဆက်စပ်နေပါတယ်။ အဲဒီနေ့အတွက် စီစဉ်ထားတာတွေ မှန်သမျှကို အသစ်ပြန်စီစဉ် ရမယ်။ ဒီလိုမှ မဟုတ်ရင် ရှုံးမှာဘဲ" ဟု ဆိုပါသည်။

“ဒီနေ့ကို ရွေးချယ်တာနဲ့ပတ်သက်လို့ ပြောစရာအချက် နှစ်ချက်ရှိတယ်။ ဗေဒင်ဆရာက ဆန္ဒခံယူပွဲကို ရှုံးစေချင်တဲ့ ကိုယ့်လူ သူ့ဘက်သား တယောက်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဆိုးနှစ်ခုပေါင်းရင် အကောင်းဖြစ်တယ်ဆိုတဲ့သဘောနဲ့ ဒီဂဏန်းကို တခြားမကောင်းတဲ့ ဂဏန်းနဲ့ ပေါင်းခြင်းအားဖြင့် ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်တွေ အကြောက်သက်သာ သွားအောင် ပရိယာယ်ဆင်လိုက်တာလည်း ဖြစ်နိုင်တယ်။ တကယ်တော့ ယတြာချေတယ်ဆိုတာကလည်း လှည့်စားခြင်း၊ ပရိယာယ်လို့ အဓိပ္ပါယ်ရတာပဲ”ဟု သူက ပြောပါသည်။

ဆရာတော်၏ ရုပ်အလောင်းအပါအ၀င် ယတြာချေသောလုပ်ရပ်များ တကယ်လုပ်-မလုပ်၊ အထောက်အထားများ မတွေ့ရ သော်လည်း၊ ဆရာတော့် ရုပ်ကလာပ်ကို ဆက်လက်ပြသထားခြင်း၊ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှု ရှိခြင်းနှင့် စစ်အစိုးရကို အများပြည်သူတို့က မနှစ်မြို့ခြင်းတို့သည်လည်း ဤရုပ်အလောင်းကို ဖယ်ရှားပစ်ရေးအတွက် လုံလောက်သော အကြောင်းဖြစ်သည်ဟု လေ့လာသူများက ဆိုကြပါသည်။

ကရင်ပြည်နယ်ရှိ ရွံရှာဖွယ် ကိစ္စတခု

ဆရာတော်ကို ရန်ကုန်ရှိ နိုင်ငံရေးသမားများနှင့် ဗိုလ်ချုပ်များက အဝေးမှနေ၍ လာရောက်ဖူးမျှော်နေကြသည့် အပြင်၊ ဆရာတော်၏ သာမညတောင်က ရာစုနှစ်ဝက်ကျော် စစ်ဘေးသင့်ခဲ့ရသည့် နယ်မြေ၏ အိုးအိမ် အခြေမဲ့သူများအတွက် အရေးကြီးသော ခိုလှုံရာစခန်းတခုလည်း ဖြစ်နေခဲ့သည်။ သာမညဆရာတော်က “ငြိမ်းချမ်းရေးဇုံ” အဖြစ် သတ်မှတ်ထား သည့် ဘုန်းကြီးကျောင်းတည်ရှိရာ ကရင်ပြည်နယ် တောင်ပိုင်းဒေသသည် ထူးခြားငြိမ်းချမ်းသည့်နေရာ ဖြစ်နေခဲ့သည်။ ဘုန်းကြီးကျောင်း ပရ၀ုဏ် အတွင်း၌ ခိုလှုံရာ ပေးထားခြင်းခံရသော လူပေါင်း ၄,၀၀၀ ကျော်သည် ဒီမိုကရက်တစ် ဗုဒ္ဓ ဘာသာ ကရင်တပ်မတော် စစ်သားများ စောင့်ကြပ်ကာကွယ်ပေးထေားသော ကရင်ပြည်နယ်မြောက်ပိုင်းရှိ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန၏ ကျောင်းပုရ၀ုဏ်နှင့် သိသိသာသာကြီး ခြားနားနေခဲ့သည်။

သူ့အပေါ်သစ္စာခံပြီး၊ မည်သည့်အချိန်တွင် ကြမ်းကြမ်းရမ်းရမ်း လုပ်လာမည်နည်းဟု လူအများက ကြောက်ရွံ့နေကြရသော ကရင်စစ်သားများ ၀ိုင်းရံပေးထားခြင်းခံရသူ ဦးသုဇနခေါ် မြိုင်ကြီးငူဆရာတော်နှင့် မတူဘဲ၊ သာမညဆရာတော် ဦးဝိနယက မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ သူ၏မေတ္တာတရားကြောင့် ထင်ရှားကျော်ကြားခဲ့သည်။ နေ့စဉ် လူထောင်ပေါင်းများစွာ လာရောက်ဖူးမျှော်ကြကာ ဘုန်းကြီးကျောင်းအတွက် အလှူငွေများ မပြတ် ပေးလှူနေကြသည်။ ဤအလှူငွေများဖြင့် ဆရာ တော်က အိုးအိမ်အခြေမဲ့သူများကို ကျွေးမွေးစောင့်ရှောက်ခြင်း၊ လမ်းများပြင်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများလည်း ဆောင်ရွက်ပေးခဲ့သည်။

အခိုးမခံရမီကတည်းကပင် ရုပ်အလောင်းနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေခဲ့သည်။ ရုပ်အလောင်း အခိုးမခံရမီ နေ့က ဘုန်းကြီးကျောင်းသို့ ရောက်ခဲ့သော ခရီးသွားလမ်းညွန်တယောက်၏ ပြောပြချက်အရ မကြာသေးခင် လအနည်းငယ်ခန့် ကစ၍ ရုပ်အလောင်းသည် ပုပ်ပွစပြုလာခဲ့ပြီး မှန်ခေါင်းတလား နှစ်လုံးထဲမှနေ၍ အပုပ်နံ့များ ထွက်စပြုလာနေခဲ့သည်ဟု ဆိုသည်။

တယောက်ကမူ ဤသို့ပြောပြခဲ့သည်။ “မြိုင်ကြီးငူဆရာတော်က ရုပ်အလောင်းကို မီးရှိုပစ်စေချင်တယ်ဆိုတာကို ဖားအံမှာ လူအတော်များများ သိကြပါတယ်။ သာမညဆရာတော်ရဲ့ တပည့်တွေက အလှူငွေတွေ ဆက်ရနေအောင် အနေအထား မျိုးနဲ့ ဆက်ပြီးပြထားတာကို မြိုင်ကြီးငူဆရာတော်က သဘောမကျဘူး။ ဒါကို ၀ိနည်းနဲ့မညီဘူးလို့ ထင်တယ်။ ရုပ်အလောင်း ပျောက်မသွားခင်က ဒကာရင်းတွေက အာဏာပိုင်တွေနဲ့ အနီးရှိ တောင်ကလေးကျောင်းတိုက် ဆရာတော် ဦးပညာတို့ပါတဲ့ အစည်းအဝေးတခုလုပ်ပြီး ဒီကိစ္စကို ဆွေးနွေးပါတယ်။ ဦးပညာဆိုတာက သာမညဆရာတော်နဲ့ ရင်းနှီးတဲ့ ဒီအနီးအနားက တောင်ကလေးကျောင်း ဆရာတော်ပါဘဲ”။

ထို့ပြင် ဆရာတော်ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ဘုန်းကြီးကျောင်းသို့ လာရောက်ကြသူများသည် ဘုန်းကြီးကျောင်း၏ အတိအကျ ချမှတ်ထားသော စည်းကမ်းများကို ဂရုထားခြင်း သိပ်မရှိကြတော့ဟု ဒေသခံလူများက ပြောပြပါသည်။ ဆရာ တော် သက်တော်ထင်ရှားရှိစဉ်က ဘုန်းကြီးကျောင်းတွင် နေသူများရော၊ ကျောင်းအနီးမှာ နေသူများပါ သက်သတ်လွတ် စားကြသည့်အပြင် လာရောက် ဖူးမျှော်ကြသူများသည်လည်း မလာမီရက်များမှာ ကြိုတင်၍ အသားစားခြင်းကို ရှောင်ကျဉ် ထားကြရသည်။ ရုပ်အလောင်း မပျောက်ဆုံးမီ ကတည်းကပင် ကျောင်းနယ်မြေထဲတွင် အရက်သောက်၊ လောင်းကစား သည့် သတင်းများလည်း ဖားအံမြို့တွင် သိုးသိုးသန့်သန့် ကြားစပြုနေနှင့်ပြီဟု ဆိုသည်။

ထို့အပြင် ဘုန်းကြီးနှစ်ပါးအကြားမှာ ရှိနေသော အလှူခံခြင်းနှင့် ပတ်သက်သည့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခသည်လည်း ထည့်သွင်းစဉ်းစားဖွယ်ကိစ္စတခုဖြစ်သည်ဟု ဒေသခံလေ့လာသူတဦးက ဆိုပါသည်။

မြိုင်ကြီးငူဆရာတော်က ခြိမ့်ခြိမ့်သဲ အလှူခံပွဲကြီးများကို စလုပ်ခဲ့သည်။ ဆရာတော်၏ တပည့်များက ဖားအံမြို့ထဲတွင် လှည့်လည် အလှူခံကြပြီး ဘုန်းကြီးကျောင်းအတွက် အလှူငွေထည့်ကြရန် နေ့ရောညပါ ဟောပြောကောက်ခံခဲ့ကြသည်။

“ဒါပေမယ့် အကြောင်းမထူးပါဘူး။ သာမညတောင်မှာ ဆရာတော်ရဲ့ ရုပ်ကလာပ်ရှိနေတော့ ဆရာတော်ကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေက ဘုန်းကြီးကျောင်းကို လာမြဲလာလျှက်၊ အလှူငွေထည့်မြဲ ထည့်နေလျှက်ပါဘဲ။ လာရောက် ဖူးမျှော် သူတွေကို ဆွဲဆောင်နေတာက ရုပ်ကလာပ်ပါဘဲ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးကျောင်းက ခပ်ရိုးရိုး ဆေးအပြာရောင်နဲ့ အဖြူရောင်သုတ်ထားပြီး အုတ်ကြွပ်မိုးထားရုံပါဘဲ။ ထူးထူးကဲကဲ တည်ထားတဲ့ စေတီလည်း မရှိ။ သပ္ပါယ်စရာ ဘုရား ဆင်းတုတော်လည်း မရှိ။ ငေးကြည့်လောက်စရာ အနုပညာလက်ရာတွေလည်း မရှိပါဘူး။ ဒီတော့ လာရောက်ဖူးမျှော်သူ တွေကို ဆွဲဆောင်နိုင်ပုံ မပေါ်ပါဘူး။ ဦးဝိနယက အလှူငွေမှန်သမျှကို ဆင်းရဲသားတွေအတွက် ကျွေးမွေးဖို့နဲ့ နေရာထိုင် ခင်းပေးဖို့ သုံးပါတယ်”ဟု ဒကာများက ပြောပြသည်။

ရုပ်အလောင်းအခိုးခံရပြီး နှစ်လနီးပါး ကြာသည်အထိ ပဟေဠိဖြစ်နေဆဲပင် ရှိသည်။ သာမညဆရာတော်၏ ရုပ်ကလာပ် လျောင်းစက်ခဲ့ရာ အဆောက်အဦးကား ခြေရာလက်ရာ မပျက် ရှိနေဆဲပင်။ ပန်းရောင်နှင့် အ၀ါရောင် ပလပ်စတစ်ပန်းများ ထိုးစိုက်ထားသော ပန်းအိုးများ၊ ဇာနားကွပ် ထီးဖြူများ၊ သစ်သီးခြင်းများ၊ တွန့်လိမ်ကောက်ကွေးနေသော သတ္တူချောင်း များနှင့် မှန်ကွဲစများသည် အဆောက်အဦးထဲသို့ သူခိုးများဝင်ခဲ့သော ညကအတိုင်းပင် ရှိနေသေးသည်။ ဆရာတော်၏ ရုပ်အလောင်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ မြင်ယောင်ဖွယ်ရာ၊ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ မြင်ကွင်းလည်း ဖြစ် သည်။ နံရံမှာ ခပ်မြင့်မြင့် ချိတ်ဆွဲထားသော နာရီတလုံးက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် တချက်ချက်မြည်နေခဲ့ သည်။

တကယ်တမ်းပို၍ ပဟေဠိဖြစ်စေသည်မှာ ဘုန်းကြီးကျောင်းဝင်း အ၀င်ဝ၊ မြေကြီးပေါ်သို့ အခန်းအနားမပါဘဲ ကျဲချခဲ့သော ပြာများသည် ဆရာတော်၏ ခန္ဓာမှ ပြာဟုတ်-မဟုတ် အသေအချာ မသိနိုင်ခြင်းပင် ဖြစ်သည်။ မျိုးရိုးဗီဇ (DNA) စစ်ဆေးမှု မလုပ်ပါက မည်သည့်အချိန်တွင်မှ သိနိုင်ကြရမည် မဟုတ်ချေ။

ဆရာတော်၏ လက်ထောက်သံဃာများနှင့် တပည့်တပန်းများက သံသယရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောကြသည်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်ကျနေစဉ် သူမ၏အိမ်သို့ ကိုယ်ဖျောက်ကြွချီနိုင်ခဲ့သည်ဟု အချို့ပုဂ္ဂိုလ်တို့က ယုံကြည်နေ ကြသော ဆရာတော်၏ တန်ခိုးနှင့် ပတ်သက်၍ သူတို့ယုံကြည်ထားသည်တို့ကို ထုတ်ပြောပြကြသည်။ ဆရာတော်၏ ရုပ်အလောင်းပျောက်ဆုံးမှုသည် ဆရာတော်၏တန်ခိုးဖြင့် လုပ်လိုက်ခြင်းဖြစ်သည်။ မကြာမီ ဆရာတော် လူ့ဘ၀သို့ ပြန်လည် ရောက်ရှိလာသောအချိန်၌ ရုပ်အလောင်းသည် သူ့နေရာသူ ပြန်ရောက်လာလိမ့်မည်ဟုလည်း ထိုသူများက ဆိုနေကြသည်။

ဆရာတော်၏ တပည့်တပန်းများက မည်သို့ ယုံကြည်နေကြသည်ဖြစ်စေ၊ ပဟေဠိကား ဆက်၍ ရှုပ်ထွေးပွေလီနေဆဲပင်။ ပျံလွန်တော်မူပြီး နောက်မှာပင် ဆရာတော်သည် တန်ခိုးအစွမ်းပြဆဲဖြစ်ပြီး၊ စူးစမ်းလိုသော၊ ယုံသင့်-မယုံသင့် ဝေခွဲရခက် နေသော အဖူးအမျှော် လာရောက်သူများကို ဆွဲဆောင်လျှက် ဘုန်းကြီးကျောင်းအတွက် အလှူငွေများကို ပို၍ပင် ဆောင်ကျဉ်း ပေးနေလျှက်ရှိသည်ဟူသော အယူကလည်း ပို၍သည်းသန်နေလျှက်ပင် ရှိပါတော့သည်။

Amy Gold May ရေးသားသည့် Will Thamanya Sayadaw's Body Ever Rest in Peace? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။

ဖတ်ကြည့်ချင်သေးလား....

အခက်အခဲများ မှ အမေ့ အတွက်

Friday, June 20, 2008 · 0 ရဲ့ အမြင်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ ယနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့  အခမ်းအနားကို အကျဉ်းရုံး လုပ်တာဖြစ်ပေမယ့်လည်းဘဲ ငှက်လွှတ်နေတဲ့အချိန်မှာ ကြံ့ဖွတ်တွေရဲ့  ပထမ ဒိုင်နာကား ရောက်လာပြီး ၀င် ရိုက်တာ ဖြစ်ပါတယ်၊ နောက်ထပ် တစ်စီး ထပ်ရောက်လာပြီး ဘာမှန်းမသိသော အထုပ်ကြီးတထုပ်အား အခမ်း အနားအား အပြင်မှ ရပ်ကြည့်နေကြသော လူအုပ်ကြားထဲ ပစ်ထည့်ပြီး လူတွေကို အလန့် တကြားဖြစ်စေကာ ရုန်းရင်း ဆန်ခတ်ဖြစ်အောင် ဖန်တီးနှောင့်ယှက်ခဲ့ပါတယ်။

၎င်းအချိန်မှာ ကိုထွန်းမြင့်က ဗီဒီယိုကင်မရာကို ပစ်ချပြီးထားခဲ့ပေမယ့် ရိုးရိုး ကင်မရာ ပါသွားတယ် ပါတယ်။ အဲဒီအချိန်မှာ အဘ ဦးအောင်ရွှေ မှ ရောက်ရှိလာပြီး လုံထိန်းရဲအုပ်အား ခေါ်မေးရာ လုံထိန်းရဲအုပ်မှ လက်အုပ် ချီပြီး သူတို့ မသိကြောင်း၊ ဘယ်သူတွေ လာဖမ်းတယ်ဆိုတာမသိကြောင်း ဗြောင်ညာကာ အခမ်းအနားအား ပြန် လုပ်လို့ ရကြောင်း ပြောပါတယ်။ ရဲတွေကလမ်းတွေ ပြန်ဖွင့်ပေးပြီးနောက်၊ အဘဦးအောင်ရွှေက စောစောက ဖမ်းသွားတဲ့သူ (၄) ယောက်ကိုပြန်လွှတ်ပေးဖို.ပြောပေမယ့်  အခုအချိန်ထိ ဘယ်သူမှ ပြန်မလွတ်သေး ကြောင်း သိရှိရပါတယ်။

ရွှေဂုံတိုင်လမ်းကို ပိတ်ထားပါတယ်။ ရဲတွေ လုံထိန်းတွေက ပိတ်ထားပါတယ်။ ဘုရား အင်္ဂါထောင့်လက်ခြမ်းက လမ်းတွေကိုလည်း ပိတ်ဆို့ ထားပါတယ်။ ကြံဖွတ် တွေကိုတင်ထားတဲ့ ဒိုင်နာကားသုံးစီး၊၀ိုင်ယာလက်ကား ၃ စီးနဲ့ စစ်ကားတွေကလည်း ၀ိုင်းရံထားပါတယ်။ အဖွဲ့ ချုပ်ဝင် တွေက ရုံးရှေ့ မှာစုရုံးရောက်ရှိလာပြီ။ ဒေါ် အောင်ဆန်းစုကြည် ကျမ္မာပါစေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးစတဲ့ ကြွေးကြော်သံတွေကို တခဲနက် တိုင်လိုက်ကြပါတယ်။ရုံးရှေ့ မှာရောက်နှင့်နေပြီးဖြစ်တဲ့ ကြံဖွတ်တွေက အဖွဲ့ ချုပ်ဝင်ရဲဘော်တွေကို ဒလကြမ်းရိုက်နှက်ဖမ်းဆီးလိုက်ပါတယ်။

ကြံ့ ဖွံ့  များ က nld အ ဖွဲ့  ၀င် များ အား မြေနီကုန်းတွင်ဝိုင်းဝန်းရိုက်နှက်နေသည်။ယခု၁၁း၃၀နာရီကဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်ဝင်းနားမှ အစောင့်ရဲ နှစ်ဦးမှ လွဲပြီး အခြားမည်သူမှ မရှိပါ။ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းများထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် (ဗိုလ်ချူပ်အောင်ဆန်း၏ဖနီး) ရဲ့  အုတ်ဂူမှာလည်း နှင်းဆီအ၀ါရောင် အပွင့် (၆၄) ပွင့် ကို အမှတ်တရအဖြစ် ထားရှိခဲ့ပါတယ်။ယနေ့ မနက်က ရွှေတိဂုံဘုရားမှာ အန်အယ်ဒီအဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ ကိုမြင့်စိုး မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့  မွေးနေ့  (၆၃) နှစ်ပြည့်ပြီး (၆၄) နှစ်ထဲဝင်တဲ့အထိမ်းအမှတ်အဖြစ် နှင်းဆီ အ၀ါရောင် အပွင့် (၆၄) ပွင့်ကို ကပ်လှူပူဇော်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အဖွဲ့ချုပ်ရုံးတွင် ဆွမ်းကပ်လှူခွင့်မရ

နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံနေရသည့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ (၆၃) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရည်စူး၍ သံဃာတော်များအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် နေ့ဆွမ်းဆက်ကပ်ရန် အစီအစဉ်ကို အာဏာပိုင်များက ခွင့်မပြုသဖြင့် မလုပ်ဖြစ်တော့ကြောင်း အဖွဲ့ချုပ်မှ ပြော သည်။

"သံဃာတော်တွေကို မနက်ပိုင်းမှာ တန်းဆွမ်းလောင်းပြီးပါပြီ။ နေ့ဆွမ်းကပ်ဖို့ အဖွဲ့ချုပ်ရုံးမှာ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကြွရောက်မယ့်သံဃာတွေကို သက်ဆိုင်ရာတွေက လာတားတဲ့အတွက် သံဃာတွေ မကြွနိုင်ပါဘူး” ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် သံဃာတော်များအား ကျောင်းသို့ ဆွမ်းချိုင့်ပို့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အခမ်းအနားကို အဖွဲ့ချုပ်ဝင်များက ရုံးချုပ်တွင် ကျင်းပပြုလုပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း၏ (၆၃) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် အ၀ါရောင် နှင်းဆီပန်း များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးမှတဆင့် ရွှေတိဂုံဘုရားတွင် ကပ်လှူပူဇော်စေခဲ့သည်ဟု အေပီ သတင်းတွင် ဖော်ပြသည်။
နိုင်ငံတကာမှ ကန့်ကွက်နေသည့်ကြားမှ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့်လတွင် နေအိမ်အကျယ်ချုပ်သက်တမ်း နောက်ထပ် (၁) နှစ် တိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေ့စဉ်စားစရာများ ၀ယ်ပေးနေသူဖြစ်သည့် အဖွဲ့ချုပ်အဖွဲ့ဝင်တဦး ဖြစ်သူ ကိုမြင့်စိုး က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရွှေတိဂုံဘုရားတွင် နှင်းဆီဝါ (၆၄) ပွင့် ကပ်လှူခဲ့သည်ဟု အဖွဲ့ချုပ် သတင်း ရပ်ကွက်ကို ကိုးကားဖော်ပြသည်။

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်လည်းဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူတွင်လည်း အ၀ါရောင် ဂန္ဓမာပန်း (၆၄) ပွင့် သွားထား ပေးခဲ့သည် ဟုလည်း သတင်းတွင်ပါရှိသည်။ ဒေါ်ခင်ကြည်၏အုတ်ဂူမှာ ရွှေတိဂုံဘုရား ခြေရင်းတွင် တည်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏မွေးနေ့ကို အင်းလျားကန်ဘေးရှိ နေအိမ်မှာပင် အေးအေး ချမ်းချမ်း နေထိုင်နေသည်ဟုလည်း အိမ်နီးနားချင်းတယောက်ကို ကိုးကား၍ အေပီသတင်းတွင် ဖော်ပြသည်။

“အိမ်ပတ်ဝန်းကျင်မှာ လှုပ်ရှားသွားလာမှု မတွေ့ရဘူး။ ခြံဝမှာလည်း ရဲနှစ်ယောက်ပဲ စောင့်နေတယ်။ တခြံလုံး ငြိမ်ဆိတ်နေတာပဲ။ သူ့ဆီကိုလာပြီး မွေးနေ့ဂုဏ်ပြုတဲ့ ဧည့်သည်လည်း မရှိဘူး။ အလှူအ တန်း ကန်တော့ခံမယ့် သံဃာတော်လည်း မတွေ့ရဘူး” ဟု အမည်မဖော်လိုသူ အိမ်နီးချင်း တယောက်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် (၁၈) နှစ်ကြာကာလအတွင်း (၁၂) နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံ နေရ သူဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ပါတီမှ တပြည်လုံး အတိုင်းအတာအထိ အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုဘဲ စစ်အစိုးရထိန်းချုပ်မှု အပြည့်ရှိနေသည့် “ဒီမိုကရေစီလမ်းပြမြေပုံ” အတိုင်းသာ အကောင်အထည်ဖော် လုပ်ဆောင်နေသည်။

ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက် မြို့၌လည်း မြန်မာနိုင်ငံသား (၆၃) ဦးအား ဒုလ္လဘရဟန်းခံပေးခြင်း၊ သွေးလှူဒါန်းခြင်းနှင့် အခြား ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးခြင်း၊ ဒေါ်စုမွေးနေ့အထိမ်းအမှတ် သက်ဆိုင်ရာဘာသာအလိုက်ဝတ်ပြုဆုတောင်းခြင်းများ၊ ဂုဏ်ပြုဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားများ ဖြစ်မြောက်ရေးအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှုကော်မတီ (ထိုင်း-မြန်မာနယ်စပ်) အဖွဲ့နှင့် မဲဆောက်အခြေစိုက် လူမှုရေးအဖွဲ့အစည်းအသီးသီးတို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ http://yangon.22web.net/ ကတဆင့် တင်ပြပါတယ်။

ဖတ်ကြည့်ချင်သေးလား....

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၏ ထုတ်ပြန်ကြေငြာချက်

· 0 ရဲ့ အမြင်



ဖတ်ကြည့်ချင်သေးလား....

သာသနာ့ဦးသျှောင် ထိုင်းမှ အထူးထုတ်ပြန် ကြေငြာချက်

· 0 ရဲ့ အမြင်


ဖတ်ကြည့်ချင်သေးလား....

Thursday, June 19, 2008 · 0 ရဲ့ အမြင်

ကြားဖြတ်သတင်း


ဒေါ်စုမွေးနေ့ ရန်ကုန်တွင် လုံခြုံရေး ထူထပ်

ဖတ်ကြည့်ချင်သေးလား....

ဘယ်သူတွေ ဘာများ ဘလော့ဂ်နေသလဲ

· 0 ရဲ့ အမြင်

ပြည်တွင်းကဘလော်ဂါတို့ရဲ့အသံ
ကိုမိုး (ပွင့်သစ်)

၁။ Beyond Rangoon Project

This firiendly captain would not let us pass the last 2-3 miles to Letkokkon until he got permission from higher authority, who he was unable to reach. He did offer to appropriate our supplies though, to make sure they were distributed. We politely declined.

(လက်ခုပ်ကုန်းမရောက်ခင် ၂မိုင် ၃မိုင်လောက်အလိုမှာ ဆက်မသွားနိုင်ဘဲ ကိုယ်တို့ တားမြစ်ခံရတယ်။ သဘောကောင်းတဲ့ ဗိုလ်ကြီးက သူ့အထက်လူကြီးဆီ ဆက်သွယ်ပြီး ခွင့်ပြုမိန့် တောင်းခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။ ကိုယ်တို့ လှူဒါန်းမယ့်ပစ္စည်းတွေ ထားခဲ့ဖို့  နဲ့  ဒုက္ခသည်တွေဆီ သေချာပေါက် ရောက်အောင် ပို့ပေးမယ်လို့  သူက ကမ်းလှမ်းပေမဲ့ ကိုယ်တို့ ယဉ်ကျေးစွာပဲ ငြင်းဖြစ်ခဲ့တယ်။)

(photo: http://www.flickr.com/photos/beyondrangoonproject/2519732571/)


More police along the road. In some areas we saw signs that said "Don't feed the villagers. It will make them lazy and corrupt their character."
(photo: http://www.flickr.com/photos/beyondrangoonproject/2548200204/ )

၂။ စိတ်ဓာတ် တော်တော်ကျနေတယ်

http://nyilynnseck.blogspot.com/

ကွန်နက်ရှင် သိပ်မဆိုးလှပေမယ့် အပ်လုဒ်တွေကို ကန့်သတ်ထားတယ်လို့ ထင်ပါတယ်။ ပုံတွေ တင်မရဘူး။ ဘလော့ဂါ အဘန်းခံထားရတယ်။ ပီကာဆာလည်း အဘန်းခံထားရတယ်။ ဖလစ်ကာလည်း အဘန်းခံထားရတယ်။ အဒိုဘီရှဲလည်း အဘန်းခံထားရတယ်။ ဖိုတိုဘက်ကပ်လည်း ကောင်းကောင်း အလုပ်မလုပ်ဘူး။ တော်တော်ကို စိတ်ဓာတ်ကျနေတယ်။ ကိုယ့်အဖွဲ့က လုပ်နေတဲ့ အလုပ်တွေကို ဘယ်လို မှတ်တမ်းတင်ရမလဲ။ ဘယ်လို ပြရမလဲ။

ဒီလိုသာ ဆက်လုပ်နေရင် မြန်မာပြည်မှာ အွန်လိုင်းနဲ့ ဘယ်တော့မှ အလုပ်လုပ်လို့ ရတော့မယ် မထင်ဘူး။ ဒီလိုပဲ အွန်လိုင်း အလုပ်လုပ်တဲ့ ကုမ္ပဏီတွေလည်း စီးပွားပျက်မှာပဲ။ ဒါမျိုး ပိတ်ပင် တားဆီးတာဟာ အနှောက်အယှက် တစ်ခု ဖြစ်ပေမယ့် မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူး ဆိုတာတော့ သက်ဆိုင်တဲ့သူတွေ သိဖို့ကောင်းတယ်။ စိတ်ဓာတ် တော်တော်ကျနေတယ်။ - ညီလင်းဆက်

၃။ လုပ်အားပေးများအလိုရှိသည်

http://phyusin-myitta.blogspot.com

မုန်တိုင်းဒဏ်ခံဒေသများသို့ သွားရောက် ကူညီလုပ်အားပေးလိုသောသူများ အလိုရှိနေပါသည်။

လပွတ္တာပတ်ဝန်းကျင်ကျေးရွာများအထိ သွားရောက်၍အကူအညီပေးနေသော အဖွဲ့များ နှင့် ပူးပေါင်း ဆောင်ရွက်ရန်လူငယ်များနှင့် ဆရာဝန်များ လိုအပ်နေပါသည်။

မည်သည့်အဖွဲ့အစည်းနှင့်မှ ပတ်သတ်မှုမရှိပါပဲ နိုင်ငံရေး ကင်းရှင်းသောအဖွဲ့အစည်းများနှင့်အတူ မွန်မြတ်သော ပရဟိတ လုပ်ငန်းများကို အခါအခွင့်သင့်ခိုက် သွားရောက်လိုသူများအနေဖြင့် ဖြူစင်မေတ္တာလူငယ်ပရဟိတအဖွဲ့ (http://phyusin-myitta.blogspot.com)သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ June 15, 2008




(photos: http://phyusin-myitta.blogspot.com/ )

၎။ မြန်မာနေးတစ်က အသံ

http://july-dream.blogspot.com/2008/06/truth-behind-real-news.html

ယာယီတဲလိုက်ထိုးရတယ်ဆိုတာ ပြောရင်တော့ လွယ်လွယ်လေးဗျ။ တဲတွေ စက်လှေ နဲ့ တင်သွား။ ရောက်တဲ့ရွာမှာ ချထိုး။ နော့။ တကယ်ထိုးတော့ အဲဒီလိုမဟုတ်ပါဘူး။

…………… အဲဒီထိုးသမျှစာရင်းကို စစ်ရေးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံး၊ ကက(ကြည်း)၊ န.တ.ခ၊ ဆိုင်ရာကွပ်ကဲရေးရုံးနဲ့  မ.ယ.က ကို သတင်းပို့ ရပါသေးတယ်။

၅။ ပီကေ့အသံ - http://pikay.myanmarbloggers.org/

နာဂစ်မုန်တိုင်း၏ နှိပ်စက်မှုကြောင့် အကျွန်ုပ်၏ ကိုးနတ်ရှင်ကြီး ပြိုလဲသွားခဲ့ရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားထားသော်ငြားလည်း သက်ဆိုင်ရာမှ မသက်ဆိုင်သလို နေနေပါသဖြင့် တစ်လကျော် ကြာလာသော်လည်း အခြေအနေ မထူးခြားဘဲ ဖြစ်နေရပါသည်။ ထို့ကြောင့် အကျွန်ုပ်၏ သူငယ်ချင်းဘော်ဒါ၊ စာဖတ်ပရိသတ်များအား အားနာသမှုဖြင့် ရှေ့မျက်နှာ နောက်ထားပြီး ပြောလိုသည်မှာ "ခေတ္တနားခွင့်ပြုပါ" လို့ ..... ။

မိုးမခ မှ မျှဝေတင်ပြပါသည်။

ဖတ်ကြည့်ချင်သေးလား....

အမေ့မွေးနေ့အတွက် သီချင်း 'အနှိုင်းမဲ့ မေတ္တာရှင်'

Wednesday, June 18, 2008 · 0 ရဲ့ အမြင်


စာသားတွေဖတ်ရင်းဆိုရအောင်
စီစဉ်သူ မျိုးမြင့်အောင်
တေးရေး ထက်အောင်ရှိုင်း
တေးဆို ထက်အောင်ရှိုင်း၊ စက္က၊ ဒေါ်နွယ်နွယ်အောင်
ထုတ်လုပ်သူ NLD(LA) Malaysia

အနှိုင်းမဲ့ မေတ္တာရှင်

မြင့်မြတ်သော နှလုံးသားပိုင်ရှင်တို့သည် သတ္တ၀ါ အပေါင်းတို့ အပေါ်၌ သနားကြင်နာတတ်သော ပိတီကို ခံစားကြကုန်၏။
(လာ…..လာလာလာလား…… လာလာလာ…..လာ လာလာလာ)၂
( အမေ…. ချွေးနဲ့လေ သားတို့အရေး ပြန်မြင် လို့တွေး
အမေ…. မေားပန်ပစေတော့ ညှိးနွမ်းပစေပေါ့ လှိုင်တံပိုးတွေ ကားဆီးပေး
အမေ….
အမေ့မျက်ရည် (အေးချမ်းတဲ့) မိုးစက်တွေ ပြည်သူတွေ မျှဝေ
အမေ… အမေ့ရုပ်ရည်လည်း အရိုအရေပဲ အော် ဒုက္ခတွေ
အမေ…. သွေးစက်တွေ ခမ်းသွားပါစေ သားတို့ ဘ၀ရှင်သန်ဖို့လေ

အမေ့ရဲ့ဘ၀ဟာ နေ့နဲ့ည ပြောင်းလဲရင် အိုဟောင်းခဲ့ရ မညိုးနွမ်းခဲ့ပါ အမေ့စိတ်က
ဖြူစင်မြင့်မြတ်လွန်းတယ်
အနိုင်းမဲ့မေတ္တာ ပေးစွမ်းသမျှ ခရောင်းတော အတွင်းသာ ဖြတ်ခဲ့ရ ဒုက္ခတရားတွေ ဘ၀ထက်မက လောဘသမားတွေ ထိုးနှက်ကြ စည်းလုံးကြပါသွေးချင်းများ ကူညီရိုင်းပင်းကြပါပြောတဲ့စကား ရင်မှာ အမြဲတမ်းမေ့လို့မရ ဘ၀ရဲ့ခဏတာ ဆုံတွေကြ
ဆုံးရှုံးခဲ့တာ ဒီထက်မက စွန့်လွတ်ခဲ့တာ အမိနဲ့ အဖ ငါတို့တိုင်းပြည်တိုးတက်မှ ကမ္ဘာမှာ ထင်မှာ ဗ်မာတို့အလှ )၂

အမေ…. ချွေးနဲ့လေ သားတို့အရေး ပြန်မြင် လို့တွေး
အမေ…. မေားပန်ပစေတော့ ညှိးနွမ်းပစေပေါ့ လှိုင်တံပိုးတွေ ကားဆီးပေး
အမေ….
အမေ့မျက်ရည် (အေးချမ်းတဲ့) မိုးစက်တွေ ပြည်သူတွေ မျှဝေ
အမေ… အမေ့ရုပ်ရည်လည်း အရိုအရေပဲ အော် ဒုက္ခတွေ
အမေ…. သွေးစက်တွေ ခမ်းသွားပါစေ သားတို့ ဘ၀ရှင်သန်ဖို့လေ

(လာ…..လာလာလာလား…… လာလာလာ…..လာ လာလာလာ)၂

ပေးပို့သူ ကိုမျိုးမြင့်အောင်အား ကျေးဇူးပါ။
http://myomyintaungmm.blogspot.com

ဖတ်ကြည့်ချင်သေးလား....

MRTV မြန်မာ့အသံ မှ ဟာသများ

· 0 ရဲ့ အမြင်

Read this document on Scribd: MRTV

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */