ရဲချုပ်ခင်ရီ ရာထူးမှ ဖယ်ရှား ခံရ

Monday, October 5, 2009 ·

ဟိန်းခိုင်ထွန်း | အောက်တိုဘာလ ၃ ရက်နေ့ က နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၏ ၄၅ နှစ်မြောက် နှစ်ပတ်လည် နေ့တွင် နှစ်စဉ် နှစ်တိုင်း တွေ့မြင်နေကြ ဖြစ်သည့် ရဲချုပ်ခင်ရီ မှာ ရာထူးမှ ဖယ်ရှား ခံလိုက်ရသည့် အတွက် တက်ရောက်ခြင်း မရှိနိုင်ကြောင်း သတင်း ရရှိသည်။

ရဲချုပ် ခင်ရီသည် သာမန် ရာထူးမှ ဖယ်ရှား ခံလိုက်ရသည့် ဖြစ်စဉ်မျိုး မဟုတ်ပဲ လွန်ခဲ့သည့် တစ်လကျော်က ပေါ်ပေါက်ခဲ့သည့် ရန်ကုန်တိုင်း ရဲမှုးကြီး ၀င်းနိုင် နှင့် အခြားရဲ အရာရှိ နှစ်ဆယ်ကျော် အား အရေးယူခဲ့သည့် ကိစ္စရပ်များ နှင့် ပတ်သက် နေနိုင်ကြောင်း ရန်ကုန် အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှုးရုံးမှ အမည် မဖော်လိုသည့် ရဲအရာရှိ တစ်ဦး က ပြောသည်။

ရဲချုပ်ခင်ရီ ပျောက်ကွယ် နေသည့် ကိစ္စနှင့် ပတ်သက်၍ Freedom News Group မှ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးကို တယ်လီဖုံးဖြင့် ဆက်သွယ် မေးမြန်းရာတွင် ထိုရုံးမှ ဖြေကြားသူက “ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလောက် သိချင်ရတာလဲ ကျွန်တော် တို့တောင် မသိဘူး ” ဟု ပြန်လည် ဖြေကြား ခဲ့သည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောင်းရွှေ့ လာသူ ရဲချုပ် ခင်ရီသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှနေ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ၂၀၀၄ ခုနှစ် တွင် ပြောင်းရွှေ့ လာခဲ့သူ တစ်ယောက် ဖြစ်သည်။

ရဲချုပ် ခင်ရီ သည် စစ်အစိုးရ အရာရှိများ၏ မိသားစု ၀င်များ နှင့် စစ်အရာရှိများ ပါဝင် ပတ်သက်သည့် မှုခင်း ဖြစ်ရပ် များကို ဥပဒေ ရှေ့မှောက် ရောက်ရှိရေးကို လိုလားသည့် အတွက် စစ်ဘက် ခေါင်းဆောင် အချို့က မနှစ်သက် ဟု သိရသည်။

၄၅ နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့  ၏ နှစ်ပတ်လည် အခမ်းအနားတွင် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် မောင်ဦးက “သူတစ်ပါးကို အရေး ယူနိုင်ရန် ဖမ်းဆီး စစ်ဆေး တရားစွဲတင် ရသောဌာန ဖြစ်၍ မိမိ ကိုယ်တိုင် ပုံရိပ်မှန်မှ တပ်ဖွဲ့ ၊ ဌာနဂုဏ် တက်မှာ ဖြစ်ကြောင်း” ထည့်သွင်း ပြောကြား သွားသည်။

မြန်မာနိုင်ငံ ၏ ရဲတပ်ဖွဲ့ကို ဗြိတိသျှ အုပ်စိုးစဉ် အချိန်က စတင် ဖွဲ့စည်း ခဲ့ပြီး ပြည်သူ့ ရဲတပ်ဖွဲ့ အဖြစ် ၁၉၆၄ ခုနှစ် တွင် ပြောင်းလဲကာ ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာ သိမ်းပြီး ချိန်မှ စ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဟု ပြောင်းလဲ ခေါ်ဝေါ် ခဲ့သည်။

ရဲချုပ် ခင်ရီသည် စစ်အစိုးရ လက်ထက် ၁၉၈၈ ခုနှစ်မှ စ၍ ခြောက် ဦးမြောက် ရဲချုပ် ဖြစ်သည်။ ၂၀၀၄ ခုနှစ် စစ်ထောက် လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ကြီးခင်ညွန့် အား ရာထူးမှ ဖယ်ရှားပြီးချိန် မှ စ၍ ရဲတပ်ဖွဲ့  ၀င် များမှာ အာဏာ နှင့် အခွင့် အလမ်းပိုမိုရရှိ ခဲ့သည်။

source by : FREEDOM NEWS GROUP

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */