နအဖ၏ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ

Monday, October 5, 2009 ·

နအဖ၏ စစ်ဖက် ရေးရာ ခြိမ်းခြောက်ချင်း ခံနေရသော တိုင်းရင်းသား လက်နက်ကိုင် အင်အားစုကို ရည်ရွယ်၍ ဤကဏ္ဍာကို ဖေါ်ပြခြင်း ဖြစ်ပါသည်။ သတင်း အချက်အလက် ပို့ပေးသော ပြည်တွင်းရှိ မိတ်ဆွေ များအား ကျေးဇူးတင် ဂုဏ်ပြု အပ်ပါသည်။
R-550 Magic ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်

Mirage တိုက်လေယာဉ် တွင်တပ်ဆင်ထားသော R-550 Magic ဒုံးကျည်(ဘယ်ဖက်)
၎င်းဒုံးကျည်သည် ပြင်သစ် နိုင်ငံက ထုတ်လုပ်သော တာတိုဝေဟင် မှ ဝေဟင်ပစ် ဒုံးကျည် ဖြစ်ပါသည်။ ၁၉၇၆ မှ စတင် ထုတ်လုပ် ခဲ့ပါသည်။ ၎င်းဒုံးကျည်အား ၁၉၈၆ မှ စတင်ပြီး Magic-2 ဖြင့် နိုင်ငံ တော်တော်များမှ အစားထိုး အသုံးပြု ခဲ့ပါသည်။

အလေးချိန်................... ၈၉ ကီလိုဂရမ်
အလျား ...................... ၂.၇၂ မီတာ (၈.၉ ပေ)
စက်ဝန်း ( Diameter)...... ၁၅၇ မမ ( ၆.၁၈ လက်မ)
ထိပ်ဖူး ........................ .၁၃ ကီလိုဂရမ် Fragmentation Detonation mechanism.. IR
ထိရောက်အကွာဝေး ................ ၀.၃ မှ ၁၅ ကီလိုမီတာ ( ၉၈၄ ပေ မှ ၉.၃၂ မိုင်)
ပစ်ခတ်နိုင်သောအမြင့်ဆုံးနေရာ... ၁၁၀၀၀ မီတာ ( ၃၆၀၈၉ ပေ)
လျင်မြန်နှုန်း .............................. အသံနှုံးထက် ၃ ဆ

နအဖ တွင် ရှိသော ၄င်းဒုံးကျည် အရေအတွက်ကို မသိရသေးပါ။

PL-2A ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်

၎င်း ဒုံးကျည်သည် တရုတ်က ထုတ်လုပ်သော ဝေဟင် မှ ဝေဟင် တာတိုပစ် ဒုံးကျည် ဖြစ်ပါသည်။ ဆိုဗီယက်လုပ် R-13 ကို လိုင်စင်ယူ ပုံတူကူပြီး ၁၉၆၇ တွင် စတင် ထုတ်လုပ်သည်။ PL-2A အဆင့်မြင့် တင်သည့် လုပ်ငန်းကို ၁၉၇၃ တွင် စတင် ဆောင်ရွက် ခဲ့ပြီး စက်မှုပိုင်း အခက်အခဲကြောင့် ၎င်း လုပ်ငန်းကို ၁၉၇၈ တွင် ရပ်ဆိုင်း ခဲ့ရသည်။ ၎င်း ဒုံးကျည်ကို ၁၉၇၀ မှ ၁၉၈၀ ထိ တရုတ် လေတပ်တွင် အသုံးပြုခဲ့ပြီး ၁၉၈၀ နှောင်းပိုင်းမှ စ၍ PL-5 ဖြင့် အစားထိုး အသုံးပြုခဲ့ ပါသည်။ ၎င်း ဒုံးကျည်ကို နအဖ မှ ၁၉၉၀ -၁၉၉၁ အတွင်း ၇၅ စင်း၊ ၁၉၉၃-၉၈ တွင်၂၂၅ စင်း၊ ၁၉၉၈-၁၉၉၉ တွင် အစင်း ၄၀ ၀ယ်ယူခဲ့ပါသည်။

အလျား .............................. ၃.၀၂ မီတာ (၉.၉ ပေ)
စက်ဝန်း ( Diameter)............. ၀.၁၃ မီတာ ( ၅.၁ လက်မ)
အလေးချိန်........................... ၇၆ ကီလို ဂရမ်
ထိပ်ဖူး ........................ .........၁၁.၃ ကီလို ဂရမ် HE Blast / Fragmentation
အများဆုံးထိရောက်အကွာဝေး..... ၅ ကီလို မီတာ ( ၃.၁ မိုင်)
စနစ်.................................... အနီအောက် ရောင်ခြည် လမ်းညွန် စနစ်

PL-5 ဝေဟင် မှ ဝေဟင် တာတိုပစ် ဒုံးကျည်

အလျား ....................... ၃.၁၂ မီတာ (၁၀.၂ ပေ)
စက်ဝန်း ( Diameter)..... ၀.၁၂၇ မီတာ ( ၅ လက်မ)
အလေးချိန်................... ၁၄၈ ကီလိုဂရမ်
ထိပ်ဖူး ....................... 6 Kg Blast fragmentation(IR fuse) or expanding rod (RF fuse)
အများဆုံးထိရောက်အကွာဝေး..... ၁၆ ကီလိုမီတာ ( ၉.၉၄ မိုင်)
စနစ်.................................. အနီအောက် ရောင်ခြည် လမ်းညွန် စနစ်
အမြန်နှုံး ............................ ၂.၂ မက် (အသံထက် ၂.၂ ဆ)

၎င်း ဒုံးကျည်သည် တရုတ်က ထုတ်လုပ်သော ဝေဟင် မှ ဝေဟင် တာတိုပစ် ဒုံးကျည် ဖြစ်ပါသည်။ ၎င်း ဒုံးကျည်ကို နအဖ မှ ၁၉၉၈-၉၉ တွင် အစင်း ၄၀ ၀ယ်ယူခဲ့ပါသည်။

R-73/AA-11 Archer ဝေဟင်မှဝေဟင် တာတိုပစ်ဒုံးကျည်

၎င်း ဒုံးကျည်သည် ဆိုဗီယက် ပြည်ထောင်စုမှ ထုတ်လုပ်သော ဝေဟင်မှ ဝေဟင် တာတိုပစ် ဒုံးကျည် ဖြစ်သည်။ ဆိုဗီယက်ထုတ် တိုက်လေယာဉ်များ ဖြစ်သော Mig-29, Su-27 နှင့် Mig-23 တို့တွင် တပ်ဆင် အသုံးပြုနိုင်သည်။ လှုပ်ရှားမှု မြန်ဆန်သော ပစ်မှတ်များကို ချေမှုန်းနိုင်ရန် ဒုံးကျည် လမ်းကြောင်း နှင့် တွန်းအားကို ထိန်းချုပ်သော အဆင့်မြင့် နည်းပညာ များဖြင့် တည်ဆောက် ထားသည်။ ၎င်း ပြင် လေသူရဲ၏ ခေါင်းဆောင်း ( Helmet) မျက်မှန်မှ ပစ်မှတ်များကို လက်ခံ တိုက်ခိုက် နိုင်သည်။ နေ့ည ရာသီမရွေး အသုံးပြုနိုင်ပြီး မပစ်လွှတ်ခင် ပစ်မှတ်ကို မှတ်သားနိုင်ပြီး (Log on) ပစ်လွှတ်ပြီးပါက လေသူရဲ အနေဖြင့် ဒုံးကျည် ကို လှည့်ကြည့်ရန် မလိုသော အနီအောက် ရောင်ခြည် အာရုံခံ ဒုံးကျည် ဖြစ်သည်။ ၎င်း ဒုံးကျည်ကို ၂၀၀၁- ၂၀၀၂ တွင် အစင်း ၆၀ ၀ယ်ယူခဲ့သည်။
အလျား ....................... ၂.၉ မီတာ (၉.၅ ပေ)
စက်ဝန်း ( Diameter)..... ၀.၁၇ မီတာ ( ၆.၇ လက်မ)
အလေးချိန်................... ၁၀၅ ကီလိုဂရမ
်ထိပ်ဖူး ....................... ၇.၅
ကီလိုဂရမ် အများဆုံး ထိရောက် အကွာဝေး..... ၂၀ ကီလိုမီတာ ( ၁၂.၄၂ မိုင်)
အမြန်နှုန်း ............................ ၂.၅ မက် (အသံထက် ၂.၅ ဆ၊ တစက္ကန့်လျှင် ၈၃၀ မိုင်)

R-27 AA-10 Alamo ဝေဟင်မှဝေဟင် တာလတ်ပစ်ဒုံးကျည်
၎င်း ဒုံးကျည်သည် ဆိုဗီယက်ပြည်ထောင်စုမှထုတ်လုပ်သော ဝေဟင်မှဝေဟင် တာလတ်ပစ်ဒုံးကျည်ဖြစ် သည်။ မြန်စစ်အစိုးရက ၎င်း ဒုံးကျည်ကို Mig-29 တိုက် လေယာဉ် ၀ယ်ပြီး နောက် တနှစ် ၂၀၀၂ တွင် အစင်း ၃၀ နှင့် ၂၀၀၃ တွင် ၁၀ စင်း ၀ယ်ယူ ခဲ့သည်။ ၎င်းဒုံးကျည်ကို အဓိက အားဖြင့် ရေဒါလမ်းရှာစနစ် နှင့် အနီအောက် ရောင်ခြည် လမ်းညွန် စနစ်ဟူ၍ ၂ မျိုး ထုတ်လုပ် ပါသည်။ ထုတ်လုပ်သူ ဆိုဗီယက်၏ ရည်ရွယ်ချက်မှာ ပစ်မှတ် တစ်ခုကို ၎င်းဒုံးကျည် ၂ မျိုးနှင့် တပြိုင်နက် ပစ်ခတ်ခြင်းဖြင့် ချေမှုန်းရေး အားကို မြှင့်တင်သည့် ဗျုဟာဖြစ်ပါသည်။ ၎င်း ဒုံးကျည်၏ လမ်းညွန် စနစ် ၂ မျိုးကိုပြောင်းလဲတပ်ဆင်နိုင်အောင် ဒုံးကျည် များအား ပုံစံရေးဆွဲထားပါသည်။ ၎င်း ဒုံးကျည်သည် အမြန်နှုံး တနာရီလျှင် ၃၅၀၀ ကီလိုမီတာ နှုံးဖြင့် ပျံသန်း နိုင်သော တိုက်လေယာဉ်ကို အမြင့်ပေ ၂၀ မီတာ မှ ၂၇ ကီလိုမီတာ ထိ ပစ်ခတ် ချေမှုန်း နိုင်ပါသည်။

ModelR-27RR-27TR-27RER-27TER-27AER-27EM
စတင် အသုံးပြုသည့်နှစ်၁၉၈၃၁၉၈၄၁၉၈၅၁၉၈၅၁၉၉၀၁၉၉၀
ထိရောက် အကွာဝေး (ကီလိုမီတာ)၅၀-၈၀၄၅-၇၀၆၀-၁၃၀၅၅-၁၂၀၆၀-၁၃၀၁၁၀-၁၇၀
အလေးချိန် (ကီလိုဂရမ်)၂၅၃၂၅၄၃၅၀၃၄၃၃၅၀၃၅၀
ထိပ်ဖူး အလေးချိန်၃၉ ကီလိုဂရမ်
ထိပ်ဖူး အမျိုးစားExpanding rod
အမြန်နှုန်းမက် ၂.၅ မှ ၄.၅ ( ၁ မက်= တနာရီလျှင် ၁၂၂၅ ကီလိုမီတာ)
လမ်းညွန်စနစ် (Gudience)semi-activeradarhominginfraredsemi-activeradarhominginfraredactiveradarhomingsemi-activeradarhoming
အလျား (မီတာ)၄.၀၈၃.၇၉၄.၇၈၄.၅၄.၇၈၄.၇၈
အ၀န်း(Diameter)မီတာဝ.၂၃၀.၂၃၀.၂၆၀.၂၆၀.၂၆၀.၂၆
အသုံးပြုနိုင်သော တိုက်လေယာဉ်Mig-29 (နအဖ တွင် ၉စင်းရှိ)Mig-31, SU-27, SU-30, SU-33, SU-34, SU-37, YAK-141
မှတ်ချက်။ Radarhoming= ရေဒါ လမ်းရှာ စနစ်၊ Infrared= အနီအောက် ရောင်ခြည် လမ်းညွန် စနစ်

source by : karenunited

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */