မိုးမခ တောထဲက သတင်း အပိုင်းအစများ

Saturday, October 24, 2009 ·

အလုပ်သိပ်များတဲ့ ခေါင်းဆောင်ကြီး) ဗိုလ်ချုပ်မောင်အေး ဆင်ဆာ ဖြတ်ခံရသလား

Ko Maung Aye, where is your umbrella?
အလုပ်သိပ်များတဲ့ ခေါင်းဆောင်ကြီး)

အဝေးကြည့်မှန်ပြောင်း | ဒီတပတ် အတွင်း ထွက်လာတဲ့ သတင်းစာ တွေမှာ ဗိုလ်ချုပ် သန်းရွှေ အလုပ်သိပ်များ နေပုံတွေကို တွေ့နေ ရတယ်။ တရုတ်ပြည်၊ ထိုင်းပြည်တို့မှာ လုပ်တဲ့ အစည်းအဝေး သွားတက်ကြ သူတွေကို လေယာဉ်ကွင်း အထိ လိုက်ပို့တယ်၊ ကြိုတယ် ဆိုတဲ့ အလုပ်တွေပါ။

နိုင်ငံ့ ခေါင်းဆောင် နံပါတ်တစ် နေရာကို ၁၇ နှစ်ကြာ ယူထားတဲ့သူ တယောက် အခုလို ကြိုပို့အလုပ်တွေနဲ့ မအားမလပ် ဖြစ်နေ ရှာတယ်။ မြန်မာပြည်သားတွေဟာ ထိုက်ထိုက် တန်တန် ခေါင်းဆောင်ကောင်း တယောက်ကို ရထားကြတယ် ဆိုပါတော့ဗျာ။ တချို့က ဗိုလ်ချုပ် သန်းရွှေကို စွပ်စွပ်စွဲစွဲ ပြောကြတယ်၊ တရုတ် သိုင်းကား ကြည့်တာနဲ့ အချိန်ကုန်တယ် ဘာ ညာ နဲ့။ သို့ကလို အဆိုးမြင် သူများကို ဒီသတင်းစာတွေ ပေးဖတ်သင့် ပေတာပေါ့။

အသက် ၈၀ ပြည့်ခါနီးပေမယ့် ပြည်သူတွေအတွက် နောက်ဆံတွေတင်းပြီး ပင်စင်မယူ၊ အငြိမ်းစား မယူ၊ အနားမယူ၊ အားလပ်ရက်မယူ၊ ခွင့်မယူ၊ အခွင့်အရေးတွေ မယူနိုင်ဘဲ တာဝန်တွေ ထမ်းနေတဲ့ စစ်ဗိုလ်ချုပ်ကြီးကို ဂုဏ်ပြုချီးကျူးသင့်တယ်လို့ မထင်ကြဘူးလား။

မိုးမခအယ်ဒီတာမင်းများကို အကြံပြု တောင်းဆိုပါရစေ။ နှစ်စဉ်ပေးမယ့် ဂုဏ်ထူးဆောင်ဆု တခုကို စီစဉ် ဖန်တီးပါ။ ဒီနှစ် ၂ဝဝ၉ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဆု ဗိုလ်ချုပ်သန်းရွှေကို ပေးပါ။ ဟုတ်ကဲ့ - ဒီနှစ် ပေးမှ ဖြစ်မှာပေါ့ အယ်ဒီတာမင်းများခင်ဗျာ၊ ဂုဏ်ထူးဆောင်ဆုတခုကို လူတယောက် သေဆုံးပြီးမှ ပေးတယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ။

ဗိုလ်ချုပ်မောင်အေး ဆင်ဆာ ဖြတ်ခံရသလား

ကြိုပို့အလုပ်တွေနဲ့ မအားမလပ် ဖြစ်နေတဲ့ နောက်တယောက်ကတော့ ဗိုလ်ချုပ်မောင်အေး ဖြစ်ပါတယ်။ ဒါကြောင့် ဂုဏ်ထူးဆောင်ဆု သူလည်း ပူးတွဲ ရသင့်ပါကြောင်း အဆိုတင်သွင်းပါရစေ။

ဟိုနေ့က သတင်းစာတွေမှာ ဗိုလ်ချုပ်ကြီးတွေ လေယာဉ်ကွင်းထဲ လမ်းလျှောက်နေပုံကို မျက်နှာဖုံး တင်ထားကြတယ်။

လိုက်ပို့ခံရသူတယောက်က ဗိုလ်ချုပ် သီဟသူရတင်အောင်မြင့်ဦး ဖြစ်ပါတယ်။ သူ့ နာမည်မှာ စာလုံး ၈ လုံး ရှိတဲ့အတွက် ရှစ်လုံးလို့ ချစ်စနိုး ခေါ်ကြတယ်။ ဒီနာမည်ကို သူသိချင်မှ သိမယ်။ သိရင်လည်း ချစ်စနိုး အခေါ်ခံရတဲ့အတွက် ပီတိဖြစ်နေမယ်လို့ ယူဆရတယ်။

ရှစ်လုံးပါတဲ့ ဓာတ်ပုံကို ဒီရက်ပိုင်းအတွင်း အီးမေးလ်နဲ့ လက်ဆင့် ကမ်းကြတာ တွေ့ရပါတယ်။ ဗိုလ်ချုပ် မောင်အေး အတွက် မိုးထားပေးတဲ့ ထီးကို တစုံတယောက်ရဲ့ အမိန့်နဲ့ ဆင်ဆာ ဖြတ်လိုက် တယ်လို့ ပို့လာတဲ့ အီးမေးလ်မှာ ရေးထားလေရဲ့။

ဒီအီးမေးလ်ကို လက်သံပြောင်တဲ့ မြန်မာထောက်လှမ်းရေးတွေ မရပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။ တော်ကြာ သတင်းစာတိုက်က ကွန်ပျူတာသမားတွေ စစ်ကြောရေးမှာ ဘာဖြစ်သွားတယ် ညာဖြစ်သွားတယ် ဆိုတဲ့ သတင်းတွေ ကြားနေရဦးမယ်။



source by : မိုးမခ

0 ရဲ့ အမြင်:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */