ယနေ့ နောက်ဆုံးရ သံဃာ အဖမ်းအဆီး သတင်းများ

Monday, August 31, 2009 · 0 ရဲ့ အမြင်

ရေနံချောင်းမြို့၊ မြို့မတောင် ရပ်ကွက်၊ စနေနံကျောင်း ကျောင်းထိုင် ဆရာတော် ဦးဝိမလကို ယနေ့ နေ့လည်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိပါသည်။

ရေနံချောင်းမြို့ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမလည်း ကြာသပတေးနေ့က အထိန်းသိမ်းခံခဲ့ရသည်။ ရွှေစေတီ ပါဠိ တက္ကသိုလ် ကျောင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဆွမ်းကပ်လေ့ ရှိသောကျောင်း ဖြစ်သည်။

ပခုက္ကူမြို့ သာသနာ့ ၀ိပုလာ ရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော် ဦးဝိသုဒ္ဓအား သောကြာနေ့ညက ထိန်းသိမ်း ခံလိုက် ရသည် ဟု ကြားသိရသည်။

နအဖစစ်အုပ်စုသည် သံဃာတော်များ၏ တတိယ အကြိမ် သပိတ်အား အကြီးအကျယ်ကြောက်လန့်နေသည့်အတွက် သံဃာတော် များအား အထိတ်တလန့် လိုက်လံဖမ်းဆီးနေသည်။ သံဃာတော် များက လည်း ဒါဟာ နောက်ဆုံးတိုက်ပွဲဟု ကြွေးကြော် ထားသောကြောင့် ရေနစ် သေခါနီးသော သူကဲ့သို့ နောက်ဆုံး အချိန်တွင် အသက်ရှင်ရေးအတွက် ရရာပစ္စည်းဆွဲသလို၊ အာဏာ တည်မြဲရေး အတွက် အနန္တ ဂိုဏ်းဝင် သံဃာတော် များအား အမျိုးမျိုးဒုက္ခပေး ဖမ်းဆီး အရေးယူနေသည်။

ကြောက်ရွံ့မှုနှင့် ပြည့်နေသော မြန်မာပြည်တွင် သံဃာ့ အဖွဲ့အစည်းသည် လက်ရှိ အခြေအနေတွင် နအဖ စစ်အာဏာရှင် အား ခြိမ်းခြောက် နိုင်သည့် တစ်ခုတည်းသော ခိုင်မာ ကျစ်လစ်သည့် အဖွဲ့အစည်း ဖြစ်သည်။

သံဃာတော် များအား ၀ါမကျွတ်မီ အခုလို ဖမ်းဆီးနေသည့် အတွက် အကျဉ်းထောင်များတွင် ၀ါကျွတ် ရရှာတော့မည်။ သံဃာတော် များအား အခုလို ဖမ်းဆီး နေခြင်းသည် မြတ်စွာ ဘုရား၏ ၀ါတွင်း ခရီး မထွက်ရ ဟူသော ၀ိနည်း ဥပဒေ ကိုလည်း နအဖစစ် အာဏာရှင်က ချိုးဖောက်ပြီး သာသနာတော်ကို ရက်ရက်စက်စက် စော်ကား လိုက်ချေပြီ - ဟု ပြည်တွင်းရှိ သံဃာတော် တစ်ပါးမှ ၀မ်းနည်း ကြေကွဲစွာ မိန့်ကြားတော် မူလိုက်သည်။

ဆက်လက်ပြီး သံဃာတော်များနှင့် ပတ်သက်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက် တင်ပြပါမည်။

အပြည့်အစုံ သတင်းဖတ်ရန်

ဖတ်ကြည့်ချင်သေးလား....

ဆီဒိုးနား လိင်တူချစ်သူများ တွေ့ ဆုံပွဲ သမိုင်းဝင် လက်မှတ် မှောင်ခိုဈေးဖြစ်

· 0 ရဲ့ အမြင်

ဆီဒိုးနား ဟိုတယ်တွင် စနေနေ့ ကကျင်းပသည့် လိင်တူ ချစ်သူများ၏ Miss Red Ribbon ရွေးချယ်ပွဲ
ဆီဒိုးနား ဟိုတယ်တွင် စနေနေ့ ကကျင်းပသည့် လိင်တူ ချစ်သူများ၏ Miss Red Ribbon ရွေးချယ်ပွဲ
စပယ်ထွန်း | ယမန်နေ့ ညက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည့် ဖဲကြိုးနီ ပွဲတော် တွင်မြန်မာနိုင်ငံမှ လိင်တူ ချစ်သူများစွာ စုရုံးခဲ့၍ လိင်တူ ချစ်သူများ လှယဉ်ကျေးမယ် ရွေးချယ်ပွဲ Miss Red Ribbon အမည်ဖြင့်ကျင်းပခဲ့သည်ဟုသိရသည်။

ထိုပွဲသို့ တက်ရောက် ခဲ့သည့် ဖက်ရှင် ဒီဇိုင်နာ ကိုညီက ပြောရမယ် ဆိုရင် အခြောက် (အလှဖန်တီးရှင်) တွေ အတော်စုံတယ် ပေါ့ဗျာ မကြီးစန်း (ခင်စန်းဝင်း) ၊ ကိုဂျွန် နဲ့ ကိုအောင် တို့က ဦးစီး ကြတာပဲ နယ်က Gay တွေပါ လာကြတယ်။ လက်မှတ် ဈေးတွေက နဂို နှစ်သောင်း ကနေ ငါးသောင်း ထိ၊ တစ်သိန်း ကျော်ထိတောင် ဖြစ်တာ လေးဖြူ ပွဲတောင် ဒီလောက်ထိ မှောင်ခို ဈေးမဖြစ်ဘူး ဟု Freedom News Group သို့ ပြောသည်။

အလှ ဖန်တီးရှင် များနှင့် အိမ်တွင်းပုန်း အခြောက် လေးရာနီးပါး တက်ကြသောထိုပွဲတော်မှာ ခုခံအား ကျဆင်းမှု ကူးစက် ရောဂါ နှင့် ပတ်သက်၍ လိင်တူဆက်ဆံသူများကြားတွင်သာမက အများ ပြည်သူများ ကြားတွင်ပါ သတိ ရှိလာစေရန် ရည်ရွယ်၍ စီစဉ်ခြင်း ဖြစ်ကြောင်း PSI မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုပွဲတွင် ရံပုံငွေ သိန်း ၅၀ ကျော် ရှာဖွေနိုင်ခဲ့သည် ဟု သတင်းရရှိသည်။ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်သူများ မှာ မိန်းမ အစစ် နှင့် ခွဲမရအောင် တူသည် ဟု ထိုပွဲတော်သို့ သွားရောက် ခဲ့သူ တစ်ဦးကပြောသည်။

source by : Freedom News Group

ဖတ်ကြည့်ချင်သေးလား....

စမ်းချောင်း မြို့နယ်ရှိ ခုနှစ်ထပ်တိုက် ပေါ်မှ လင်မယားနှစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား

· 0 ရဲ့ အမြင်

source by : ELEVEN MEDIA GROUP

ဖတ်ကြည့်ချင်သေးလား....

Chatter (ချက်တာ) နှင့် Blogger (ဘလော့ဂါ)

· 0 ရဲ့ အမြင်

ပထမဦးဆုံး အနေ နဲ့ ဒီခေါင်းစဉ်လေး ထဲက စကားလုံး နှစ်ခု ဖြစ်တဲ့ Chatter (ချက်တာ) နဲ့ Blogger (ဘလော့ဂါ) တို့ရဲ့ အဓိပ္ပါယ်ကို အရင်ဆုံးရှင်းဖို့ လိုမယ်ထင်ပါတယ်။ Chatter ဆိုတာ Internet သုံးတဲ့ အချိန်တွေထဲက

တော်တော် များများကို online ပေါ်မှာရှိတဲ့ mIRC, Gtalk, Skype, vzochat စတဲ့ Chatting Software တွေကို သုံးပြီး မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဘယ်ကမှန်း မသိတဲ့သူတွေနဲ့ စကားစမြည် ဟိုဟိုဒီဒီ ပြောခြင်းနဲ့ ကုန်လွန်စေတဲ့သူတွေကို ဆိုလိုပါတယ်။ Blogger ဆိုတာကတော့ Internet သုံးတဲ့ အချိန်တွေထဲက အများစုကို Blog (Web log) လို့ ခေါ်တဲ့ Online Diary လေးတွေ ရေးသားကြတဲ့နေရာမှာ အသုံးပြုကြတဲ့သူတွေကို ဆိုလိုပါတယ်။ အခု ဒီနေရာမှာ အဓိကပြောချင်တာကတော့ Chatter (ချက်တာ) တစ်ယောက်နဲ့ Blogger (ဘလော့ဂါ) တစ်ယောက်ရဲ့ စိတ်နေ စိတ်ထားတွေ၊ အရည်အသွေးတွေ သူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး ဘယ်လိုဘယ်ပုံ ကွာခြားသွားတယ် ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။

ဒါကို ပြောဖို့ အတွက် ပထမဆုံး အနေနဲ့ Chatter တွေ ကျင်လည် ကျက်စားတဲ့ Chatting Website တွေရဲ့ သဘော သဘာဝနဲ့ Blogger တွေ ကျင်လည်တဲ့ Blog တွေရဲ့ သဘောသဘာဝတို့ကို ကျွန်တော်တို့အနေနဲ့ အရင်ဆုံး သိထားဖို့ လိုပါလိမ့်မယ်။ Chatter တွေရဲ့ ကျင်လည်ရာ ပတ်ဝန်းကျင်လို့ ပြောလို့ရတဲ့ Chatting Website တွေရဲ့ အကြောင်းကို စပြီး လေ့လာ ကြည့်ပါမယ်။ Chatter အများစုရဲ့ အဓိက ကျင်လည်ရာဟာ mIRC ပါလို့ ပြောလို့ ရပါတယ်…။ mIRC ထဲမှာမှ မြန်မာတွေ အသုံး အများဆုံး ကတော့ Ygn chat ဆိုတဲ့ chat room (ချက်ရွမ်း)ပဲ ဖြစ်ပါတယ်။ ကိုယ့်နာမည် အရင်းကို သုံးစရာ မလိုဘဲ နာမည်ပြောင်(nickname) တစ်ခုကို ကိုယ့်ရဲ့ စကားဝှက် (password) တစ်ခုနဲ့ တည်ဆောက်လိုက်မယ်ဆိုရင် mIRC ထဲမှာရှိတဲ့ chat room တွေထဲက chatter တွေများစွာနဲ့ ကြိုက်သလို စကားပြောလို့ ရသွားပါတယ်။ သူကလဲ သူ့ nick နဲ့ဝင်၊ ကိုယ်ကလဲ ကိုယ့် nick နဲ့ဝင် တစ်ယောက်အကြောင်းလဲ တစ်ယောက်မသိ၊ တစ်ယောက်ကိုတစ်ယောက်လဲ မြင်ရနိုင်တာ မဟုတ်တဲ့ အတွက် အဲဒီ အထဲမှာ ကြိုက်တဲ့စကားလုံးကို ကြိုက်သလို ရေးနိုင်ပါတယ်။ ကိုယ်ရေး လိုက်တဲ့ စကား အတွက်လည်း ကိုယ်က တာဝန်ယူစရာ မလိုပါဘူး…။

mIRC အသုံးများတဲ့ Chatter တွေဟာ အပြင် လောကမှာလည်း စကားကို လက်လွတ် စပယ် ပြောတတ် လာပါတယ်။ လိမ်ရမှာ၊ ညာရမှာကို ရှက်တဲ့ ကြောက်တဲ့ စိတ်တွေလည်း ခေါင်းပါး လာပါတယ်…။ အစစ အရာရာကို ပေါ့ပေါ့ တွေးပြီး ကိုယ့်စကား၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှု၊ တာဝန် သိမှုတွေ မရှိသလောက်ကို ဖြစ်လာတတ် ပါတယ်…။ ဒါဟာ chatting ပတ်ဝန်းကျင်ထဲမှာ အနေများတဲ့ အတွက် အဲဒီ အထဲကနေ ကိုယ့်ရဲ့စိတ်ထဲကို ကူးစက် လာတတ်တဲ့ ဘေးထွက် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

Blogger (ဘလော့ဂါ)တွေကတော့ Blog (ဘလော့ဂ်) ရေးကြပါတယ်။ www.blogger.com မှာ gmail account ကို သုံးပြီး Blog (ဘလော့ဂ်) တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ Blog တစ်ခု ဖန်တီးတည်ဆောက်ဖို့ဆိုတာ chat room တွေထဲမှာလို account တစ်ခုလုပ်ပြီး ဝင် chat ရတာလောက် မလွယ်ကူဘူး ဆိုတာ သေချာပါတယ်။ ဘလော့ဂ်ဆိုတာ တွေ့ကရာလူတွေနဲ့ ထွေရာလေးပါး ပြောနိုင်တဲ့ နေရာ တစ်ခု မဟုတ်ပါဘူး…။ ဘလော့ဂါ တစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ ချက်တာ တစ်ယောက်ရဲ့ ပတ်ဝန်းကျင် ထဲကလို ဘယ်ကမှန်း မသိတဲ့ သူတွေ မရှိပါဘူး။ အ,လာပ သ,လာပ အရည်မရ အဖတ်မရ စကားလုံးတွေ မရှိပါဘူး…။

ဘလော့ဂါ တစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာ သူခင်တဲ့ သူငယ်ချင်းတွေ၊ သူရေးထားတဲ့ စာလေးတွေကို ဖတ်ရှုအားပေးကြတဲ့ သူ့ရဲ့စာပေမိတ်ဆွေတွေ၊ သူတင်ထားတဲ့ ဓါတ်ပုံလေးတွေ၊ သူ့ရဲ့ ဘဝ အတွေ့အကြုံ လေးတွေကို မျှဝေခံစားကြမယ့် ခံစားချက်ညီသူတွေ ရှိကြပါတယ်။ ဘလော့ဂါအများစုရဲ့ ဘလော့ဂ်မှာ သူတို့ရဲ့ အထ္တုပ္ပတ္တိ အကျဉ်းကို ဖော်ပြထားကြပါတယ်။ သူ့ရဲ့ နာမည် အရင်း၊ သူ့ရဲ့ ဓါတ်ပုံ စတာတွေကို အမှန်အတိုင်းကို ဖော်ပြ ထားကြတာကို တွေ့ရပါမယ်။ အဲဒီလိုတင်ထားကြတာဟာ သူတို့ ဒီစာမျက်နှာတွေပေါ်မှာ တင်လိုက်တဲ့ စာ၊ ဓါတ်ပုံ၊ ပန်းချီ စတာတွေအတွက် သူတို့ အပြည့်အဝ တာဝန် ယူရဲတယ် ဆိုတဲ့ စိတ်ဓါတ်ကြောင့် ဖြစ်ပါတယ်…။

ဒါကြောင့် ဘလော့ဂ်တွေရဲ့ စာမျက်နှာတွေပေါ်မှာ လိမ်တာ၊ ညာတာတွေ သိပ်မပါပါဘူး။ ရိုင်းစိုင်း ကြမ်းတမ်း တာတွေ သိပ်မပါပါဘူး။ ဘလော့ဂါတွေ အနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့ စာတွေ အတွက် ကိုယ့်မှာ တာဝန် အပြည့်ရှိတယ် ဆိုတဲ့ အသိစိတ်ကြောင့် လက်လွတ်စပယ် မလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ဘယ်နေရာမှာ မဆို အကောင်းအဆိုး ဒွန်တွဲနေတဲ့ သဘောအရ ကိုယ့်ပရိုဖိုင်လဲ မဖော်ပြရဲ၊ ကိုယ်ရေးတဲ့ စာတွေ အတွက်လဲ ဘာဆိုဘာမှ တာဝန် မယူရဲ၊ အလိမ်အညာတွေ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေကိုလဲ သုံးစွဲဖို့ ဝန်မလေး တတ်ကြတဲ့ ဘလော့ဂါ အချို့ရှိပေမယ့် အရေအတွက် အားဖြင့် သိပ်မများ တာကိုတွေ့ရပါတယ်။ နောက်ပြီး ဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တဲ့အခါ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လိုက်ပြီး ပုံစံလေးတွေ ကွဲပြားသွားတာကို တွေ့ရပါတယ်။ ရသစာပေကို စိတ်ဝင်စားတဲ့သူကလည်း သူဖတ်ဖူးခဲ့တာလေးတွေကို မျှဝေသလို သူရေးထားတာ လေးတွေကိုလည်း တင်တတ်ပါတယ်။ သုတလိုင်းဘက်ကို စိတ်ဝင်စားတဲ့ သူကလည်း သတင်း သဘောမျိုးလေး တွေကို အမြဲတမ်း တင်ပေးနေတတ် ပါတယ်။ တချို့ ဓါတ်ပုံ ဝါသနာ ပါသူတွေကလည်း ဓါတ်ပုံလေးတွေ တင်ကြ ပါတယ်။ ဘလော့ဂါ တစ်ယောက် ဖြစ်လာတဲ့သူရဲ့ ရည်ရွယ်ချက်ဟာ ချက်တာ တစ်ယောက်ရဲ့ mIRC ထဲမှာ ကျူမယ်၊ အဆင်ပြေရင် gmail တောင်းပြီး Gtalk ကနေ စကားပြောမယ်… ပြီးရင် Vzochat လေးသုံးပြီး webcam လေးနဲ့ မျက်နှာလေးပါ ကြည့်လိုက်မယ်… အဆင်ပြေရင် အပြင်မှာ ချိန်းတွေ့ ကြမယ်…ဆိုတဲ့ ရည်ရွယ်ချက်ထက် နည်းနည်း လောက်တော့ မြင့်သွားတယ် ဆိုတာ သိပ်ကို သေချာပါတယ်။

နောက်တစ်ခုက အားစိုက်ထုတ်ရမှု အပိုင်းပါ…။ ချက်တာတစ်ယောက်ဖြစ်ဖို့ဆိုတာ သိပ်ကိုလွယ်လွန်းပါတယ်…။ ဘလော့ဂါ တစ်ယောက် ဖြစ်လာဖို့ကတော့ စစခြင်းမှာ လုံလောက်တဲ့ အားတစ်ခုစိုက်ထုတ်ရသလို နောက်ပိုင်း မှာလည်း စဉ်ဆက်မပြတ်တဲ့ အားစိုက်ထုတ်မှု တစ်ခုကို ဆက်လုပ်ပေးနေဖို့ လိုပါတယ်။ လုပ်ချင်စိတ်တစ်ခုနဲ့ အားတစ်ခု စိုက်ထုတ်ရုံပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး…။ ချက်တာတစ်ယောက်ရဲ့ အဆင့်ထက် အများကြီး ပိုမြင့်တဲ့ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ လိုပါသေးတယ်။ အနိမ့်ဆုံး ဥပမာတစ်ခု ပေးရမယ် ဆိုရင်… chat room တွေထဲမှာ မြန်မာ အသံထွက်ကို အင်္ဂလိပ် စာလုံးတွေ သုံးပြီး Burglish လို ရိုက်လို့ ရပေမယ့် ဘလော့ဂ်တွေ ထဲမှာတော့ Burglish နဲ့ ရေးထားတဲ့ ဘလော့ဂ် လုံးဝ မရှိပါဘူး…။ ရှိရင်လည်း ဘယ်သူမှ ဝင်ဖတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဘလော့ဂါ တစ်ယောက်ဟာ သူ့ဘလော့ဂ်ကို အင်္ဂလိပ်လိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ရိုက်ပြီး တင်ကြရပါတယ်။ အင်္ဂလိပ်လိုပဲတင်တင်၊ မြန်မာလိုပဲ တင်တင် လုံလောက်တဲ့ ကျွမ်းကျင်မှု တစ်ခု ကိုတော့ မဖြစ်မနေ ရအောင် ယူကြရတာပါပဲ…။

နောက်တစ်ခုက chatter တစ်ယောက် chat room အပေါ် စွဲလမ်းမှုနဲ့ blogger တစ်ယောက် သူ့ရဲ့ ဘလော့ဂ်ကို စွဲလမ်းမှုမှာ မတူညီတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။ ချက်တာ တစ်ယောက် ချက်ရွမ်းတွေကို စွဲလမ်းသွားတာဟာ ဦးတည်ရာမရှိတဲ့ ပါးစပ်ဖျားက စကားလုံးတွေပေါ်မှာ သာယာတဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ ဘလော့ဂါ တွေရဲ့ ဘလော့ဂ်အပေါ် စွဲလမ်းမှုကတော့ နွေးထွေးတဲ့ ချစ်စဖွယ် သံယောဇဉ်တွေပေါ်မှာ အခြေခံ ပါတယ်။ ဘလော့ဂ် တွေမှာ ဘလော့ဂါနဲ့ လာရောက်ဖတ်ရှုကြသူတွေ အပြန်အလှန် စကားပြောလို့ရတဲ့ နေရာလေး တစ်ခုကို ဖန်တီးထားလို့ ရပါတယ်။ အဲဒါလေးကို Cbox လို့ခေါ်ပြီး မြန်မာ ဘလော့ဂါတွေ ကတော့ ဆီပုံးလို့ ချစ်စနိုး ခေါ်ကြပါတယ်။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ် (post) တိုင်းရဲ့အောက်မှာလည်း စာဖတ်သူတွေ အနေနဲ့ comment (ထင်မြင်ချက်)တွေ ဝင်ရေးပေးခဲ့လို့ ရပါတယ်။ အဲဒီ အချက်လေးတွေကြောင့် ဘလော့ဂါ တစ်ယောက်နဲ့ သူ့ရဲ့ ဘလော့ဂ်ကို လာလည်ကြတဲ့သူတွေရဲ့ အကြားမှာ အပြန်အလှန် ဆက်နွယ်မှုလေး တစ်ခု စီးဆင်း နေတာကို တွေ့ရပါတယ်။

အဲဒါကြောင့် ဘလော့ဂါ တစ်ယောက်ဟာ ဒီနေ့ သူ့ရဲ့ဘလော့ဂ်ကို ဘယ်သူများ လာလည်သွားသလဲ၊ ဘယ်သူ တွေကများ ဘာတွေများ ဝင်ရေးသွားသေးသလဲ စတာတွေကို ဝင်ကြည့်… ကိုယ့်ကို နှုတ်ဆက် သွားသူတွေကိုလည်း ပြန်နှုတ်ဆက်… စတဲ့ အလုပ်တွေအတွက်နဲ့ ကိုယ့်ရဲ့ဘလော့ဂ်ကို စွဲလမ်း သွားတတ် ကြပါတယ်။ ဒါပေမယ့် ချက်တာတွေ ချက်ရွမ်းကိုစွဲလမ်းပြီး တစ်နေကုန်တစ်နေခမ်း အရေမရအဖတ်မရတွေနဲ့ စခန်းသွားနေချိန်မှာ ဘလော့ဂါ တစ်ယောက်က ကိုယ့် ဘလော့ဂ်လေးကို ပြင်ဆင်မွမ်းမံ၊ ရေးချင်တာ လေးတွေ အသစ်ထပ်ရေး၊ ကိုယ့်ဆီ လာလည်ကြတဲ့သူငယ်ချင်းတွေကို ပြန်လည်နှုတ်ဆက်၊ အခြား ကိုယ့် သူငယ်ချင်းတွေရဲ့ ဘလော့ဂ်ကို လိုက်လည်နဲ့ ကိုယ့်အတွက်လဲ အကျိုးမယုတ် သူများ အတွက်လဲ အကျိုးရှိ စေမယ့် အလုပ်တွေကို လုပ်နေတာ သေချာ ယှဉ်ကြည့်တဲ့ အခါ တော်တော်လေးကို ကွာနေတာ တွေ့ရ ပါတယ်။

ချက်တာ (Chatter) တစ်ယောက်နဲ့ ဘလော့ဂါ (Blogger) တစ်ယောက် အဲဒီ့လို အဲဒီ့လို သူကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး စိတ်ပိုင်း ဆိုင်ရာရော၊ ရုပ်ပိုင်း ဆိုင်ရာမှာပါ ကွာခြားချက်တွေ ရှိနေတာ မှန်ပေမယ့် … တကယ်တမ်း အင်တာနက်ကို ထဲထဲဝင်ဝင်သုံးစွဲနေကြတဲ့ လူငယ်တွေများစွာထဲက ၈ဝ ရာခိုင်နှုန်းလောက်ဟာ ချက်တာ(Chatter) တွေပဲဖြစ်နေတာကို ဝမ်းနည်းစွာပဲတွေ့မြင်ရပါတယ်။ အခုဆိုရင် နိုင်ငံတစ်ကာက မြန်မာ ဘလော့ဂါ တွေရဲ့ အရေအတွက်ဟာ ၁၅၀၀ ကျော်လောက် ရှိလာပြီလို့ ခန့်မှန်း ရတဲ့ အတွက် တကယ်တမ်း လူဦးရေနဲ့ ယှဉ်ကြည့်တဲ့ အခါ အင်မတန်မှကို နဲ နေသေးတာကို တွေ့ရပါတယ်။

ကျွန်တော့် စိတ်ထဲမှာ ဖြစ်စေချင် နေတဲ့ ဆန္ဒကတော့ Chatting လောကကြီးထဲကို အင်တိုက် အားတိုက်နဲ့ ပျော်ဝင်နေကြတဲ့ လူငယ်တွေအနေနဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ ဘဝကို ကူးပြောင်း စေချင်တာပဲ ဖြစ်ပါတယ်။ ဘလော့ဂ် ရေးတဲ့ ဘလော့ဂါ (Blogger) တစ်ယောက်ရဲ့ ဘဝကို မရောက်သေးရင်တောင် ဘလော့ဂ်တွေ လိုက်ဖတ်တဲ့ Blog Reader ဘဝက ချက်တာ တစ်ယောက်ရဲ့ ဘဝထက် ပိုမိုပြီး အကျိုး များနိုင်မယ် ထင်ပါတယ်။ မြန်မာ ဘလော့ဂ်တွေကို www.google.com က Goggle Search Engine မှာ မြန်မာလို ရိုက်ထည့်ပြီး ရှာကြည့် လို့ရပါတယ်။ နောက်ပြီး မြန်မာ ဘလော့ဂါ တွေရဲ့ ဘလော့ဂ်တွေကို တတ်နိုင် သလောက် စုစည်းထားတဲ့ ဆိုဒ်လေးတွေ ကို ညွှန်းရမယ် ဆိုရင်တော့ www.mmblogdirectory.blogspot.com, www.myanmarblogsdirectory.blogspot.com, www.myanmarblogdirectory.blogspot.com , www.myanmar-music.com/myanmarmusic/blogs.aspx , စတဲ့ နေရာလေး တွေပဲ ဖြစ်ပါတယ်။ ဘလော့ဂါေ တွဟာ သူတို့ရဲ့ဘလော့ဂ်တွေမှာ အခြားသော ဘလော့ဂါ တွေရဲ့ ဘလော့ဂ်တွေနဲ့ လင့်ခ်ချိတ် ထားတဲ့ အတွက် အဲဒီ့ လင့်ခ်တွေကနေ တဆင့်လဲ သွားရောက် ဖတ်ရှု နိုင်ကြပါတယ်။

လူငယ်တွေ အားလုံး ချက်တာ ဘဝကနေ ဘလော့ဂါ ဘဝကို ကူးပြောင်း နိုင်ကြပါစေဗျာ …။

နေဘုန်းလတ်


source by : လူထုအသံ

ဖတ်ကြည့်ချင်သေးလား....

တရုတ်ကြီးနဲ့က ကြာပြီဆိုတော့ ... အင်း ...

· 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

2010 ရွေးကောက်ပွဲ အလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံး ချက်ခြင်းလွှတ်

Sunday, August 30, 2009 · 0 ရဲ့ အမြင်

မြောက်ဥက္ကလာ အ၀ိုင်းထိပ်မှာ မနက် ၃ နာရီလောက် ဈေးကြိုလာတဲ့ ကားတွေ လိုင်းကား (ဃ) တွေမှာ လိုက်ကပ် ထားတာပါ လူတွေကိုရော စာရွက်တွေ ဝေခဲ့ပါတယ် ။ဝေခဲ့တဲ့ စာရွက်တွေက ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိတဲ့ ပို့စကဒ်၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါ Free Aung san suu kyi ဆိုတဲ့ ပို့စကဒ်နှင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ကြ ဆိုတဲ့ စာသားများ ရေးသားခဲ့ခြင်း နှင့် သံဃာ့ တပ်ပေါင်းစုမှ ထုတ်ပြန်သော ထုတ်ပြန် ကြေငြာချက် များအား ကပ်ခဲ့ခြင်း များကို အကောင်းဆုံး မြေသြဇာ အဖွဲ့ လူငယ်တွေမှ ပြုလုပ်ခဲ့ကြပါတယ်။ အထပ်ပါ ပို့စကဒ် (၂) ခု အား အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု (GAB) မှ ထုတ်ဝေတာ ဖြစ်ပြီး လှုပ်ရှားမှု တိုင်းတွင် GAB နှင့် ထပ်တူ ရှိနေကြောင်း ပြခြင်း များလည်း ဖြစ်ပါတယ်။
လေးစားစွာဖြင့်
ကျော်ကျော်
လူထု တရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ

ဖတ်ကြည့်ချင်သေးလား....

မြန်မာပြည်က စစ်အာဏာရှင် တစ်စုကို ဘယ်လို အဆုံးသတ် မလဲ?

· 0 ရဲ့ အမြင်

မြန်မာပြည်က စစ်အာဏာရှင်တစ်စုကို ဘယ်လိုအဆုံးသတ်မလဲ၊

ကျနော်တို့ ပြည်သူတစ်ရပ်လုံး အသိစိတ်မြှင့်မားလာမှ စစ်အာဏာရှင်တစ်စုကို အဆုံးသတ်လို့ ရမယ်လို့ အချို့သော နိုင်ငံရေး သုံးသပ် သူတွေ ပြောကြပါတယ်၊ အချို့ ကတော့ ဦးဆောင် တိုက်ပွဲ ဖော်နိုင်မယ့် လူပုဂ္ဂိုလ်တွေ များများ ပေါ်ထွက်လာပြီ ဆိုရင် အဆုံးသတ် နိုင်မယ်လို့ ယူဆကြပါတယ်၊ နောက်တစ်ခု ပြောကြတာက မြန်မာ့ တပ်မတော်ထဲက ခေါင်းဆောင် အချို့က ပြောင်းလဲ ချင်လာရင် အဆုံးသတ်လို့ ရမယ်လို့ ဆိုကြပါတယ်၊ ဘယ်လိုပင်ပြောပြော လက်တွေ့ လုပ်ဆောင် နိုင်မယ့် အင်အားစုတွေက အဆုံးသတ်နိုင်မယ့် နည်းလမ်း ပေါင်းစုံကို ရှာဖွေ ဖော်ထုတ်ပြီး အချိန်တို အတွင်း ဆောင်ရွက် ရမယ့် တိုက်ပွဲ ကာလ ဖြစ်နေပြီလို့ တင်ပြချင် ပါတယ်။
အဲဒါကတော့ မိမိတို့ ရှိနေတဲ့ အနေအထား အခြေအနေက စတင်ပြီး ဘာတွေ လက်တွေ့ ကျကျ စွမ်းဆောင် နိုင်မယ် ဆိုတာကို အခြေခံထား စဉ်းစား ဆုံးဖြတ် သံဓိဌာန် ချပြီး ယုံယုံကြည်ကြည် အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ အပြောလွယ် ပေမယ့် အလုပ် ခက်တယ် ဆိုတာ လူတိုင်းကြားပြီး သိပြီးသား ဖြစ်နေလို့ ဆက်လက်ပြီး ဖတ်မနေတော့ဘူး လို့တော့ မဆုံးဖြတ် စေချင်ပါဘူး။ ကျနော် တင်ပြချင်တာ ကတော့ လက်တွေ့ကျကျ နိုင်ငံသူ-နိုင်ငံသား တစ်ဦးဆီ လုပ်နိုင်တဲ့ အပိုင်းကနေ စတင်ဖို့လိုပါတယ်။

 တာဝန်ယူ တတ်တဲ့ အသိစိတ် ဖြစ်ပေါ်လာရေး လုပ်ငန်းစဉ် တစ်ခု ရေးဆွဲ အကောင်အထည် ဖော်ရမယ်၊
 စစ်အာဏာရှင် တစ်စု အမြစ်ပျက် ချေမှုန်းရေးမှာ အဓိကနဲ အခြေခံ အကျဆုံးကတော့ လူထု တိုက်ပွဲ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို တာဝန်ယူ လုပ်ဆောင်နေတဲ့ စွမ်းဆောင် နေတဲ့ အင်အားစုများ ပေါ်ထွန်း ရှင်သန်ရေးကို စူးစိုက် ဇောက်ချ လုပ်ကိုင် ရပါမယ်၊
 ကျောင်းသား-လူငယ်-ရဟန်းသံဃာ-မြို့မိမြို့ဖတိုင်းက စစ်အာဏာရှင် တစ်စုပြုတ်ကျရေး ချေမှုန်းရေး လုပ်ရမယ် ဆိုတာရယ် တာဝန်ယူ ရမယ် ဆိုတာရယ် တစ်နှစ်အတွင်း အပြုတ်တိုက်မယ် ဆိုတာရယ် ယုံယုံကြည်ကြည် လက်ခံလာဖို့ ရှင်းလင်း- ဆွေးနွေး- တင်ပြ- စည်းရုံး- လှုံဆော်- လှုပ်ရှားမယ့် အင်အားစုတွေ တည်ဆောက် ယူသွားရမယ်၊
 လက်ရှိ အခြေအနေမှာ သံဃာထု တစ်ရပ်လုံး မကြာမှီ ကံဆောင်မည့် ကိစ္စအတွက် အစွမ်းကုန် ကြိုးပမ်းနေပြီ၊
 လူငယ်-ကျောင်းသားထု လှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုအတွက် အင်အားစုတွေ ပြင်စဉ်ကြရမယ်၊
 အောက်တိုဘာလ (၃)ရက်နေ့က စလို့ စစ်အာဏာရှင် လူတစ်စု အဆုံးသတ်ရေး အပြီးသတ် အောင်ပွဲကို တက်လှမ်းသွားရမယ်၊
 ပြည်သူ့ အုပ်ချုပ်ရေး ကျေးရွာ- ရပ်ကွက်- မြို့နယ်တိုင်းမှာ ပေါ်ပေါက်လာဖို့၊ ပြီးတော့ ပြည်သူ့ကိုယ်စားပြု ပုဂ္ဂိုလ်တွေနဲ့ ကြားဖြတ် အစိုးရ တစ်ရပ် ထွက်ပေါ်လာဖို့ လုပ်ဆောင် သွားရမယ်၊
 တပ်မတော် ခေါင်းဆောင် အချို့ စစ်အာဏာရှင် တစ်စုကို ဆန့်ကျင်ပြီး လူထုနဲ့ ပေါင်းနိုင်ဖို့ ပြင်ဆင် ထားရမယ်၊
 ပြည်တွင်းရှိ အင်အားစုများ အတွင်း အထက်ပါ အခြေအနေတွေကို သိရှိ လုပ်ဆောင် နေသူတွေ ရှိထား ပြီးပြီ၊
 ပြည်သူလူထု အနေဖြင့် ရှင်းလင်းတိကျစွာသိရှိနေဖို့ ကြိုးပမ်း ဆောင်ရွက် နိုင်မယ့် လူငယ်ထုတွေ အမြန် ဖော်ဆောင်ဖို့ လိုအပ် ပါတယ်၊
 မိမိ ရပ်ကွက် ပတ်ဝန်းကျင်က သတင်း အချက်အလက်တွေ စနစ်တကျ စုဆောင်း ထားဖို့ လိုပါတယ်၊
 လူတိုင်း မျက်စီဖွင့် နားစွင့် နေကြဖို့ တိုက်တွန်းချက်တွေ နှိုးဆော်စာတွေ ထုတ်ဝေ ထားသင့်တယ်၊
 တိုက်ပွဲ စတင်ပြီ ဆိုတာနဲ စွမ်းအားရှင်- ကြံဖွတ်နှင့် လူထု ပူးပေါင်းရေး အခမ်းအနားတွေ ရပ်ကွက်-ကျေးရွာတိုင်းမှာ အမြန်ဆုံး လုပ်ဆောင်လိုက်ပါ - သတင်း လျှင်မြန်စွာ ဖြန့်ထုတ်ပါ၊
 တပ်မတော် မိသားစု ၀င်းအနီးရှိ ရပ်ကွက်သူ- ရပ်ကွက်သားများအနေဖြင့် တပ်မတော်သားများ လူထု လှုပ်ရှားမှု မဖြိုခွဲရေး ယနေ့မှစတင် အသိပေး စည်းရုံးထားဖို့ လိုအပ်ပါတယ်၊
 တပ်မတော်သားများမှ လူထုလှုပ်ရှားမှုကိုဖြိုခွင်းမည်မဟုတ်ကြောင်း ကြိုတင် ကြေငြာချက် ထုတ်ပြန်နိုင်ရန် ရဲဘော် အချင်းချင်းကြား စည်းဝေး ဆွေးနွေး နေပြီ၊
 ပြည်သူ့ တပ်မတော်သားများနှင့် တပ်မတော် စစ်ခေါင်းဆောင်များ လူထုဘက် ရပ်တည်ရန် တိုက်တွန်းချက်များ ဖိတ်ခေါ်ချက်များ အစု- အဖွဲ့ အသင်းလိုက် နယ်မြေလိုက် ထုတ်ပြန်ကြေငြာရန် လိုအပ် ပါသည်။
 ကြံဖွတ်- စွမ်းအားရှင် လုပ်နေတဲ့ လူတွေက စိတ်ပါ လက်ပါလို့ မဟုတ် ထမင်းစားရဖို့သာ ဖြစ်တဲ့ အတွက် သူတို့ ထိခိုက် နိုင်တယ်၊ (နအဖ) ရှုံးနိမ့် နိုင်တယ် ထင်တာနဲ့ ကူးပြောင်းလာမှာ သေချာတယ်၊ အစုလိုက် - အလွှာလိုက် - နယ်မြေ ဒေသ အလိုက် လူငယ်၊ ကျောင်းသား၊ သံဃာထု တည်ဆောက်ရေးများ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေကြပြီ ဖြစ်တယ်။ လူထု တစ်ရပ်လုံး စစ်အာဏာရှင် တစ်စု ချေးမှုန်းရေး တိုက်ပွဲ ဖော်ဆောင်ရေး တာဝန်ယူ ဆောင်ရမည် ဖြစ်ကြောင်း နှိုးဆော်- စေ့ဆော်သည့် လုပ်ငန်းများ ဆက်တိုက် ဆောင်ရွက် နိုင်စေရန် သတ်မှတ် တာဝန် ပေးကြရမည် ဖြစ်သည်။

ခေါင်းဆောင် ရွေးထုတ် တည်ဆောက်ခြင်း နှင့် တိုက်ပွဲ ပြင်စဉ်ရေး ကာလ လုပ်ငန်းစဉ်များ၊ တိုက်ပွဲ ဖော်ဆောင်ရေး၊ တိုက်ပွဲဝင် ကာလ ဖြတ်သန်းမှု အဆင့်ဆင် (ရွေးချယ်ရန် စဉ်းစားထားရမည့် အချက်များ ပါရှိသော စီမံကိန်း-စီမံချက်များ ရေးဆွဲမျှဝေထားရမည်)၊ လူထုတိုက်ပွဲ အဆုံးသတ် အောင်ပွဲ ရရှိရေး ဦးဆောင် သူတိုင်း နားလည် ထားပြီး ဖြစ်ရမည်။

သစ္စာဖြင့်
ကိုညီ

ဖတ်ကြည့်ချင်သေးလား....

လာမဲ့ အခေါက်တော့ လေကြောင်းနဲ့ ၀င်မယ်

· 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ခေတ်ပြိုင် |

ဖတ်ကြည့်ချင်သေးလား....

ရွှေဝါရောင်တော်လှန်ရေး

Saturday, August 29, 2009 · 0 ရဲ့ အမြင်

ပူရောင်လိုင်းတွေ တဖြတ်ဖြတ်တောက်လို့ မီးတောက် မီးလျှံတွေကြားမှာ ကစဥ့်ကလျား ပြေးနေတဲ့ ပုံရိပ်တွေ၊ တဟူးဟူး မှုတ်ထုတ်နေတဲ့ မီးခိုးငွေ့တွေကြားမှာ အပြိုပြို အလဲလဲ အလံတွေ၊ အလံတွေ လမ်းမထက်မှာ အတုံးအရုံးနဲ့ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အိုင်ထွန်းနေတဲ့ သွေးကွက်တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ သပြေခက်တွေ ပေါက်ပြဲနေတဲ့ ဘုရားပုံ ပန်းချီကားချပ်တွေ၊ သံဆူးကြား ညပ်နေတဲ့ သင်္ဃန်းစတွေ အားလုံးကို မြင်နေတယ်။
ကျမ နိုးထပါရစေတော့။ ကိုယ်ပေါ်ကို မွန်းကျပ်စွာ ဖိနှိပ်ထားတဲ့ လက်ကြမ်းကြီးတွေရဲ့ အောက်မှာ အသက်ရှူမရ ကယ်ကြပါဦး၊ သိနေတယ် အရာရာကို လုံးဝကို လှုပ်မရတာတခုပဲ၊ အိပ်မက် မဟုတ်မှန်းလည်း သိနေတယ်။ ဒါဆို ဘီလူး စီးတာလား၊ သိနေရဲ့ မြင်နေရဲ့ လှုပ်လို့ကို မရဖြစ်နေတာပဲ။ မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဘာတွေလဲ၊ ကယ်ကြပါဦး၊ လွင့်ကနဲ ရုတ်တရက် ပြုတ်ကျသွားတယ်။

ဟိုးအမြင့်ကြီးက ပြုတ်ကျသလို အသည်းတအေးအေး ရှိနေသလို တလှပ်လှပ်နဲ့ပေါ့။ ရေစီးကြောင်းကြီး တခုတည်းကို ပြုတ်ကျ သွားသလို ထူးဆန်းတာက ရေလုံးဝ စိုမနေဘူး။ လွတ်ပြီကျွတ်ပြီပေါ့။ ကုန်းရုန်းထချိန်မှာပဲ ရေစီးကြောင်းထဲမှာ မျောပါလာတဲ့ သဏ္ဍာန်တခု၊ ဘာများပါလိမ့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ အညိုအမည်း စွဲနေတဲ့ ခန္ဓာကိုယ်တခု မျောလာနေတယ်။ ဦးပြည်းပြောင်ပြောင်နဲ့ သင်္ဃန်းစက လည်ပင်းမှာ ပတ်ငြိနေတယ်။ အလို … ဘုရားရေ … အရှိုးရာအပြည့်နဲ့ အသက်ကုန်နေတဲ့ သံဃာတော် အလောင်းပါလား … ဘုရား … ဘုရား …။

အား … ရွှံ့ထဲနွံထဲကနေ ကျုံးရုန်းထကာ ရေမြောင်းဘောင်လေးတခုကို မေးတင်ပြီး ငိုရှိုက်မိတယ်။ ရင်ထဲ နာကျင်လွန်းလို့ ရင်ကွဲမတတ်ပဲ။ အသက်ကို မနည်းပင့်ရှူရင်းက အခုမှ ဘေးဘီကို လှည့်ကြည့်မိတယ်။ ဘုရားရေ … အမိုက်တွေ ပြည့်နေတဲ့ ရေမြောင်းနှုတ်ခမ်းစပ်မှာ ဒါက ဘာပါလိမ့်၊ ဦးနှောက်စတွေ … သွေးတွေ စွန်းထင်းပေကျန်နေတဲ့ ဦးနှောက်စတွေ၊ အသံကုန် ခြစ်အော်လိုက်မိတယ်။
အားကုန် လွင့်ထွက်သွားသလို ဖြစ်သွားပြီး အုတ်ခဲပုံတွေကြားမှာ ခွေခွေလေး ပုံလဲသွားပြန်တယ်။ ဘုရား … ဘုရား … ဘာတွေများ ဆက်ဖြစ်ဦးမှာပါလိမ့် (အမေရေ …)။ သွေးညိုညိုစတွေ ဟိုတကွက် ဒီတကွက် အုတ်ခဲပုံလေးတွေနဲ့ သွေးကွက် လေးတွေကို ၀န်းပတ်ထားတယ်။ ဘာလေးတွေပါလိမ်။ ကျောင်းတိုက်ဘေးမှာ ငိုရှိုက်နေတဲ့ အမေအိုတွေ၊ မျက်နှာလေးတွေ မှုန်မှိုင်း နေတဲ့ သီလရှင် ဆရာလေးတွ၊ သူတို့ ဘေးမှာ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတဲ့ ကလေးငယ်လေးတွေ ကုလားထိုင်ပေါ်မှာ ငူငူကြီး အောက်ကို ငေးစိုက်ကြည့်နေတဲ့ ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ဘုန်းတော်ကြီးတပါး၊ ကျောင်းဝန်းတိုက်ထဲမှာ စီတန်း ထိုင်နေတဲ့ ကိုယ်တော်တွေ ပတ်တီး အဖွေးသားတွေနဲ့  ဘာတွေ ဖြစ်ကုန်ကြပါလိမ့် …။ လွင့်ကနဲ လှည့်ပတ်ကြည့်မိတော့ အားလုံး ပြိုကျပျက်စီးနေတဲ့ ဘုရားစင်တွေ ဖရိုဖရဲဖြစ်နေတဲ့ တရားစာအုပ်တွေ … မှန်ကွဲစတွေ … သွေးတွေ … သွေးတွေ … စကားသံတွေ … သဲ့သဲ့ကြားနေရတယ်။ မနည်းလွတ်အောင် ပြေးရတယ် ဒကာကြီး … နေမကောင်း ဖြစ်နေတဲ့ သံဃာတော် တွေလည်း အိပ်နေတုန်းပေါ့။ တိုးညင်းပြီး တုန်ခါနေတဲ့ အသံတွေ …

ရုတ်တရက် အုန်းမောင်းခေါက်သံတွေ ၀ုန်းဒိုင်းကျဲထွက်လာတယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ယောင်္ကျားရင့်မကြီး တယောက်ရဲ့အသံ ရေဒီယို သတ္ထုလိုင်းကနေ တုန်ခါပြီး နားစည်ကို လာထိခတ်နေတယ်။ ဘုန်းဘုန်းတွေက တုံးတွေခေါက်ပြီး ကယ်ပါလို့ အကူအညီ တောင်း နေတာကို ကျနော်တို့မှာ ညမထွက်ရအမိန့်နဲ့ ဘယ်လိုမှ ထွက်ကယ်လို့ မရခဲ့ဘူးဟု ငိုရင်းရှိုက်ရင်း ပြောနေတဲ့ အသံကို နားထောင်ရင်းက ဖုန်းခွက်ကို ကိုင်ရင်း မျက်ရည် ပေါက်ပေါက်ကျနေတဲ့ ကောင်မလေးတယောက် …။ အလို … ကျမကိုယ်တိုင်ပါလား၊ မငိုရဘူးလေ … မငိုရဘူး … သတင်းထောက်ဆိုတာ ခံစားချက် မထည့်ရဘူး၊ တိတ်စမ်း … အသံတွေက ဝေးသွားလိုက် နီးလာလိုက် အသံသွင်းခန်းမမှာ စာရွက်လေးကိုင်ရင်း မျက်ရည် တွေတွေကျနေတဲ့ ကောင်မလေးတယောက် …။

ဒါအိမ်မက်လား … တကယ်လား အကြိမ်ကြိမ် လက်ထိပ်ကို ဆွဲစိတ်နေမိရင်းက နာကျင်လွန်းလာလို့  လက်ဖ၀ါးတွေကို ဖြန့်ကြည့် လိုက်တဲ့ အခါ အလို … ဟောဟို တံတားတဖက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ လူငယ်လေးတွေ၊ မီးအားမြှင့်စက်ကြားထဲမှာ သေနတ် ဒဏ်ရာနဲ့  သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးနံဘေးမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေတဲ့ လူငယ်လေးတယောက် ဖိနပ်သံ တခွပ်ခွပ် ကြားနေရပြီ၊ ကလေးရေ … ပြေးတော့ … ပြေးတော့လေ။

မလွတ်ဘူး … မလွတ်ဘူး … ထိုင်ချလိုက် … ထိုင်ချလိုက် … မပြေးရင် သူတို့လိုက်မပစ်ဘူး၊ ယုံကြည်စွာနဲ့ ကယောင်ကတမ်း ကိုယ်ပါ ရောယောင် ထိုင်ချလိုက်မိတယ်။ အမောတွေရယ် ဘယ်တော့မှ ပြီးပါ့မလဲကွယ်။ အား … သေပြီ … သေပါပြီ … တုတ်ချက် ကြမ်းကြမ်းတွေ ခေါင်းတွေကိုမှ ရွေးပြီး အားနဲ့မာန်နဲ့ ထုရိုက်နေတဲ့ အစိမ်းရောင် အရိပ်တွေ။ အား … ဒရွတ်တိုက် ဆွဲခေါ်နေတဲ့ လက်ကြမ်းကြမ်းတွေ၊ တော်ပါတော့ … တော်ပါတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးတွေ တကိုယ်လုံး တဆတ်ဆတ် တုန်ရီလို့ မျက်လုံး အကြောင်သားလေးတွေနဲ့ အလန့်တကြား အော်ငိုသံတွေ၊ ကမ္ဘာပျက်တဲ့ အလားပဲ၊ ဘုရား ကယ်ပါ၊ သူတို့ ကိုယ်ကို မမြင်လောက်ဘူး၊ အကာကြားကနေ အသာလေး လိမ့်အထွက် ဖြောင်းကနဲ ပင့်ရိုက်လိုက်တဲ့ အသံကြောင့် အလန့်တကြား ကိုယ့်ပါးကိုယ် ပြန်စမ်းမိတော့ တရပ်စပ် ပါးရိုက်ပြီး ဆွဲခေါ်တဲ့နောက် ဒရွတ်တိုက် ပါသွားရှာတဲ့ ကလေးမလေးတွေ၊ ကယ်သူမဲ့ ကူသူမဲ့ ပိုင်ရှင်မဲ့ ဖိနပ်ပုံတွေကြားမှာ ပစ္စည်းတွေကို နှုတ်သီးနဲ့ လိုက်ဟပ်နေတဲ့ အစိမ်းရောင် ခွေးတကောင။် အလို … ခွေရက်သားလေး ပုံလဲနေတဲ့ တုတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ အမည်မသိ လူငယ်လေးတယောက် ဘုရားဘုရား ဘာတွေများ ဖြစ်ကုန်ပါလိမ့် …။
ပြေးမှ … ပြေးမှ …
ပိတ် … ပိတ် … အရှေ့က ပိတ်ဖမ်း … ပိတ်ဖမ်း
ထိုင်ထိုင် … အားလုံး စုထိုင်စမ်း
အောင်မယ် … မင်းက ဘာကောင်လဲ … ဖုန်းဖုန်း … ဖျန်းဖျန်း …
စစ်ဖိနပ်နဲ့ စုံခုံကန်၊ နံပါတ်တုတ်နဲ့ စုံကိုင်ပြီး ရိုက်နေတယ်။ သေပါပြီ … သေပါပြီ … ခေါင်းပေါ် လက်ကိုမြှောက်ပြီး ကာထားတဲ့ အနီရောင်ဝတ် ကောင်လေး။ တော်ပါတော့ … တော်ပါတော့ … ကယောင်ကတမ်း ၀င်ဆွဲတာမမိဘဲ ကိုယ်ပါ လမ်းမပေါ် ပုံရပ်လဲ ကျတယ်။ သွား … ထ … ဟိုကားပေါ်တက် ငုတ်တုတ်လေးတွေ ထိုင်နေရာကနေ အပြေးအလွှား ဒယီးဒယိုင် ပြေးထွက်ကာမှ ကျောနောက်ကနေ နံပါတ်တုတ်နဲ့ ပြေးရိုက်လိုက်သေးတော့ အကောင်ပိန်ပိန်လေးခင်ဗျာ ၀မ်းလျားမှောက် လဲကျရှာတာကို စစ်ဖိနပ်နဲ့ ပစ်ကန်လိုက်သေးတယ်။ ထုနေရိုက်နေရင်းက ဟိုလမ်းတဖက်မှာ လမ်းဖြတ်လျှောက်လာတဲ့ အဖြူရောင် အရိပ်လေးတခု … အယ် … သေပါပြီ နံပါတ်တုတ်နဲ့ မျက်နှာကို ဖြတ်ရိုက်တာ လက်နဲ့ ကာလို့ ခေါင်းကို လေးငါးချက် ဖြောင်း ဖြောင်း ဖြောင်းနဲ့ ဆင့်ဆင့်ရိုက်နေပုံများ အားမရလို့ လမ်းကူးပြီး ၀င်ရိုက်တဲ့ ကောင်က ရှိသေးတယ်။
ငါ … တောက် …
ဘယ်လိုမှ စိတ်မထိန်း နိုင်တော့လို့ ပါးစပ်ထဲမှာ ကွမ်းတံတွေး အရဲသားနဲ စစ်ဝတ်စုံနဲ့ ဘီလူးပြုံးပြုံး နေတဲ့ ကောင်ကို ပါးဖြတ် ရိုက်လိုက်တာမှာ အရှိန်လွန်ပြီး ပြုတ်ကျတာ မြက်ခင်းတွေကြား ရောက်သွားပြန်တယ်။

အားလုံးငြိမ်သက် တိတ်ဆိတ်လို့၊ ပုရစ်အော်သံစူးစူးနဲ့ ငြိမ်သက်နေတဲ့ ညတည …။
ရင်ထဲမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိပ်သိသာနေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်း ဂိုဒေါင်ကြီးတခု၊ လူတွေမှ ရှိရဲ့လား … အသာလေး ချောင်းကြည့်လိုက်တော့
ဖုန်းကနဲ ရိုက်လိုက်တဲ့ အသံကြီးတခုထွက်လာတယ်။ ခေါင်းတွေ မော်မကြည့်နဲ့ သေချင်နေလားတဲ့၊ ၀မ်းခေါင်းသံကြီးနဲ့ အော်သံထွက်လာတဲ့အခါ နောက်ဘေးဘီ ၀ဲယာတွေကနေ အသ့တွေ အသံတွေ ငရဲပွက်သလို အော်လိုက် ဟစ်လိုက်ကြတာ အခုမှ ကမ္ဘာပျက်သလို အခန်းကျဉ်းလေးတွေထဲမှာ တ၀ုန်းဝုန်းနဲ့ ရိုက်နှက်သံတွေနဲ့အတူ ချုပ်နှောင်ထားတဲ့ လူတွေ လူတွေ …။ စစ်ကြောရေးစခန်းတဲ့ …။ အလန့်တကြား ပြေးထွက်လာခဲ့မိတယ်။

စီအန်အန်တို့ ဘီဘီစီတို့ကို ပြောပေးကြပါ။ မသေသေးတဲ့ လူတွေကိုလေ … မီးနဲ့ရှို့နေပါတယ် ရှုက်ကြီးတငင် ငိုကြွေးရင်း ပြောနေတဲ့ အန်တီကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲ လူအရှင်လတ်လတ်တောင် မီးရှို့ သတ်ရလောက်အောင် အပြစ်တွေ ဘယ်လောက်ကြီးနေလဲ။ လမ်းမထက် မေတ္တာသုတ်ရွတ်မိတာ၊ ငတ်လွန်းလို့ ဒုက္ခရောက်လွန်းလို့ ဆန္ဒကို ဖော်ထုတ်မိတာလေးကို အရှင်လတ်လတ် မီးရှို့ သတ်ပစ် သတဲ့။ ဟား … မွန်းကျပ်လွန်းတဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ သက်ပြင်း မှုတ်ထုတ်မိချိန်မှာပဲ လမ်းမပေါ် လွင့်ထွက် သွားပြန်တယ်။

လူသူကင်းမဲ့နေတဲ့ လမ်းမလယ်မှာ ကိုယ်တယောက်တည်း ဘယ်သွားရမှန်းမသိ။ အမ … အမ ကျနော့်ကို ကယ်ပါဦးတဲ့။ ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ကောင်လေးတယောက်။ သွေးတွေနဲ့ စိုရွှဲနေတဲ့ ခေါင်းကို အုပ်မိုးကိုင်ပြီး အရမ်းနာကျင်နေတဲ့ မျက်နှာနဲ့ ကောင်လေးတယောက်။ အမ လိုက်ပို့ပေးမယ် ဘယ်လဲ မောင်လေးဆိုတော့ … တောင်ဥက္ကလာပကို လိုက်ပို့ပေးပါ အမရယ် ကျနော် ကိုကိုဝင်းပါတဲ့။ အိမ်မှာ အမေနဲ့ အဖေ စိတ်ပူနေတယ်။ မနက် အလုပ်လည်း ဆင်းရဦးမယ်တဲ့လေ။ ကိုကိုဝင်း … သူသေပြီးပြီ မဟုတ်လား။ အခု မသေသေးဘူးပဲ။ ဘုရား … ဘုရား … သွေးတွေရွှဲနေတဲ့ သူ့ခေါင်းကို အုပ်ကိုင်ပေးထားရင်းက ကူရာမဲ့ ကယ်ရာမဲ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်၊ ရှိုက်ကြီးတငင် ငိုမိတယ်။ အသံကုန်ခြစ်ပြီးကို အော်ငိုမိတယ်။ ပြင်းထန်လွန်းတဲ့ နာကျင်ပေါက်ကွဲနေတဲ့ စိတ်တွေနဲ့အတူ လောဟာနယ်ထဲ မျောလွင့်သွားမိတယ်။

ညီမလေး … ညီမလေး … အိမ်မက် မက်နေတာလား၊ ငိုနေလိုက်တာ ရှိုက်ကြီးတငင်နဲ့၊ လက်မောင်းအစုံကို သာသာလေး လှုပ်နှိုး လာတဲ့ အတူနေ အမကို အိပ်နေရင်းက တွေတွေကြီး ငေးကြည့်နေရင်း ငါ့အိပ်မက် မပြီးသေးဘူး။ နှုတ်ခမ်းဖျားက ခပ်ဖွဖွ ရေရွတ်မိတယ်။ ငါ့အိပ်မက် မပြီးဆုံးသေးသလို ငါတို့ အခုထိ မပြီးသေးဘူးပဲ။ အိမ်မက်တွေဟာ မေ့ကောင်းတဲ့ အရာတွေတော့ မဟုတ်ခဲ့ပါဘူး၊၊
သေချာတယ်၊ ငါတို့ မပြီးသေးဘူး။ ပေးခဲ့တဲ့ သွေးတွေ ပြိုကွဲခဲ့ရတဲ့ ဘ၀တွေအတွက် ငါတို့အိမ်မက် မပြီးသေးဘူး။ ။
----------------------
ဒီနေ့ မဆုံရတာ ကြာပြီ ဖြစ်တဲ့ မြန်မာပြည်က သူငယ်ချင်း တစ်ယောက်လာလို့ သွားတွေ့ရင်း စကားတွေ အကြာကြီး ပြောဖြစ်တယ်..သူနဲ့ စကား ပြောရင်းက သူပြောပြတဲ့ ကျွန်မတို့ တိုင်းပြည်က အကြောင်း အရာတွေကို နားထောင်ရင်း ဘာကိုမှ ခွန်းတုံ့မပြန် နိုင်အောင်ကို ဆွံအမိတယ်..

အဲ့ သလောက် တောင် လုပ်ခဲ့တယ် ဆိုတာ သိခဲ့ပေမယ့် ထင်ထား တာထက်ကို မယုံနိုင် လောက် အောင် လူမဆန်ခဲ့ တာတွေကို ပြန်ကြား မိတဲ့အခါ အဟောင်းတွေဟာ အသစ်တွေ ပြန်ဖြစ် တယ်..အခုဆို..၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး..စတေးခဲ့တဲ့ သံဃာတော်တွေ အခု နယ်ပြောင်း ထောင်ပြောင်း ထောင်ဒဏ်တွေ စီရင်ချက် ချခံနေရတာတွေ..ရင်နဲ့ မဆန့် အောင်ကို နာကျင် ခံစားရပါတယ်.. ဘယ်လို ပြောရမှန်း တာင် မသိတော့အောင် ဖြစ်ရ ပါတယ်..သေချာ တာတော့ ငါတို့ မမေ့သေးဘူး သိလားလို့ ဆိုတော့ ကျွန်မ သူငယ်ချင်းက မဲ့ပြုံးပြုံးပြီး..ခပ်ဟဟ ရယ်တယ်..

မိသားစုရယ် ကျွန်မ သူငယ်ချင်းတွေရယ်ကို နောက် ကျွန်မ ချစ်တဲ့ ကျွန်မတိုင်းပြည်ကို ပစ်ပြေးခဲ့သလို ဖြစ်တဲ့ အတွက် .နောင်တ တစ်ခုလို အမြဲခံစားရတယ် သတင်းတွေနဲ့ အတူ အနီးကပ်ရှိနေရင်းက အဖြစ်အပျက်တွေစာ ခြောက် အိမ်မက် ဆိုးကြီး တစ်ခုလို ဖြစ်နေတုန်းပဲဆိုတာ သူငယ်ချင်းကို သိစေချင်လို့ အရင်က ရေးခဲ့ဘူးတဲ့ ပို့စ်လေးတစ်ခုကို ပြန်တင်လိုက်ပါတယ်ရှင်..

ဖတ်ကြည့်ချင်သေးလား....

အပစ်ရပ်ကို အပြတ်ရစ်ပြီး ပစ် …

Friday, August 28, 2009 · 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

တတိယ အကြိမ် သံဃာ့သပိတ် ဆင်နွဲရန် အတွက် တာဝန်ခွဲဝေ ဖွဲ့စည်းခြင်း

· 0 ရဲ့ အမြင်


တတိယ အကြိမ် သံဃာ့သပိတ်ဆင်နွဲရန်အတွက် တာဝန်ခွဲဝေဖွဲ့စည်းခြင်း -

ဖတ်ကြည့်ချင်သေးလား....

သံဃာ့တပ်ပေါင်းစုနဲ့ အကောင်းဆုံး မြေသြဇာ တွဲကြပြီ

Thursday, August 27, 2009 · 0 ရဲ့ အမြင်


သံဃာ့တပ်ပေါင်းစုနဲ့ အကောင်းဆုံး မြေသြဇာ တွဲကြပြီ -

ဖတ်ကြည့်ချင်သေးလား....

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ မေတ္တာရပ်ခံချက်

Wednesday, August 26, 2009 · 0 ရဲ့ အမြင်


ဖတ်ကြည့်ချင်သေးလား....

မြန်မာနိုင်ငံ အကျဉ်းသားများနေ့ (သြဂုတ်၂၆ ရက်) နှင့် စပ်လျဉ်း၍ ... (ပေးစာ)

· 0 ရဲ့ အမြင်


ဖတ်ကြည့်ချင်သေးလား....

ပတ္တနိကုဇ္ဖန "PATTANIKKUJJANA"

· 0 ရဲ့ အမြင်

Designed by Aung Moe Win

ဖတ်ကြည့်ချင်သေးလား....

ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ

· 0 ရဲ့ အမြင်

ကျနော်တို့ Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ
သြဂုတ်၂၅ ရက်၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ စံပြ ၊ ဖဆပလ ၊ ကန်တော်ကလေး ၊ ဒဂုံ ၊ မြောက်ဥက္ကလာပ နှင့် ဗဟန်း မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်း လွှတ်ပေးရန် ဆေးမှုတ်၍ တောင်းဆိုသည့် လှုပ်ရှားမှုများ ပြုလုပ် ခဲ့ပါသည်။

ပြည်သူများနှင့် လူငယ်ထု မှလည်း နအဖစစ် အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား မတရား ထောင်ချရန် လုပ်ကြံ ဇာတ်ခင်း၍ ကြိုးစားနေခြင်းကို တတ်နိုင်သည့် နည်းလမ်းများဖြင့် ကန့်ကွက် ရှုတ်ချသွားကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ပါသည်။

=========================================================================================================

On AUG 25th, Generation Wave did a graffiti and spray paint action for the release of Daw Aung San Suu Kyi. Actions happened at key crowded places in Yangon, Burma: PhaSaPaLa, San Pya, Dagon, Bahan & North Oakkalarpa Townships. We also want to encourage people and especially youth of Burma to do all they can to take actions for the release of Daw Aung San Suu Kyi

ဖတ်ကြည့်ချင်သေးလား....

အပေးအယူမျှတယ်ဆိုတာ ဒါမျိုးကွ

Tuesday, August 25, 2009 · 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

ဂျပန် ရောက် ဒီပဲယင်း တရားခံ ဌေးဦး တည်းခိုတဲ့ ဟိုတယ်ရှေ့တွင် ခွပ်ဒေါင်း အလံတော် လွှင့်တင်

· 0 ရဲ့ အမြင်


တိုကျို၊ သြဂုတ်(၂၄)
သန့်မျိုးထွေး


ဂျပန်အစိုးရ၏ တရားဝင်ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိနေသည့် နအဖ လယ်ယာ စိုက်ပျိုးရေး ၀န်ကြီးနှင့် ကြံ့ဖွံ့အသင်း အတွင်းရေးမှူး ဦးဋ္ဌေးဦး ခေတ္တ နေထိုင်တည်းခိုရာ တိုကျိုမြို့၊ ယိုဆုယ အရပ်ရှိ နယူးအိုတာနိ ဟော်တယ် ရှေ့တွင် ဒီမိုကရေစီ တိုက်ပွဲခေါ်သံ ABSDF ခွပ်ဒေါင်းအလံတော်ကို ဂျပန်၊ တရုတ်၊ ထိုင်း၊ မြန်မာအလံတို့နှင့်အတူ လွင့်တင် ခဲ့ကြောင်း သိရသည်။

ဂျပန်ရှိဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ လှုပ်ရှားမှုတခုအနေနှင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းသို့လွင့်တင်ထားမှုကို ဟော်တယ် တာဝန်ရှိသူများ နှင့်လုံခြုံရေးတို့ မသိရှိ လိုက်နိုင်ဘဲ မနက် ၅ နာရီ အချိန်ခန့်မှစ၍ အချိန် အတော်ကြာကြာ လွင့်တင် နိုင်ခဲ့ပြီး မနက် ၁၀ နာရီအထိကြာမြင့်ခဲ့ကြောင်း မျက်မြင်တဦး၏ အဆိုအရသိရသည်။

“နအဖစစ်အစိုးရရဲ့ မတရားတဲ့လုပ်ရပ်တွေ၊ လူအခွင့်အရေး ချိုးဖောက်နေတာတွေ၊ လူထုခေါင်းဆောင်ကို မတရားအမှုဆင်ပြီး ဆက်လက်ဖမ်းဆီးထိမ်းသိမ်းထားတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ လူထုခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်သားတွေ လွတ်မြောက်ဖို့ကို ရည်ရွယ်ခြင်းပါ...။” ကိုယ်တိုင်လွင့်တင်ခဲ့သူတဦးကဆိုသည်။

ဂျပန်နိုင်ငံသို့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလာရောက်ပြီးသည့်နောက်ပိုင်း မြန်မာ နအဖစစ် အစိုးရ၏ အဆင့်မြင့်ဝန်ကြီးတဦး၏ ပထမဦးဆုံးခရီးစဉ်ဖြစ်ကြောင်းသိရပြီး ၄င်းရောက်ရှိနေစဉ်ကာလအတွင်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးရုံးနှင့် ခေတ္တနေထိုင်တည်းခိုရာ နယူး အိုတနိဟော်တယ်တို့တွင် ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများက သွားရောက် ဆန္ဒပြကြကြောင်းသိရသည်။

ဦးဋ္ဌေးဦး၏ခရီးစဉ်သည် လယ်ယာစိုက်ပျိုးရေးနှင့်ပါတ်သတ်မှုရှိသည်ဟုဆိုသော်လည်း အမှန်တကယ်တွင်မှု ဂျပန်အစိုးရနှင့် မြန်မာစစ် အစိုးရတို့အကြား ဆက်ဆံရေးကို မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်သည်ဟုလည်း သိရပြီး ၄င်း၏ ၇ ရက်တာခရီးစဉ်အတွင်း မြန်မာ့အရေးနှင့် ပါတ်သတ်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း ခန့်မှန်ပြောဆိုနေကြသည်။

source by : PhyoWai-MMP

ဖတ်ကြည့်ချင်သေးလား....

မိုင်းကိုင်မြို့နယ် ဟိုခဲ ကျေးရွာကို တပ်မတော်က မီးရှို့ ဖျက်ဆီးခဲ့သည့် အတွက် အိမ် ၁၅၄ လုံး နှင့် လူပေါင်း ၆၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်

Monday, August 24, 2009 · 0 ရဲ့ အမြင်


ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်များကို ထောက်ခံ အားပေးသူများဟု စွပ်စွဲကာ မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာကို မြန်မာ့ တပ်မတော်က ဇူလိုင် ၂၉ ရက်နေ့က မီးရှို့ ဖျက်ဆီးခဲ့သည့် အတွက် အိမ် ၁၅၄ လုံး မီးသင့်ခဲ့ပြီး လူပေါင်း ၆၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်သွားရသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ကိုယ်ပိုင် ပြဌာန်းခွင့် အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသော သူပုန်များကို နှိမ်နင်းရာတွင် မြန်မာ့တပ်မတော်သည် ဖြတ်လေးဖြတ် စနစ်ကို သုံးလျှက်ရှိရာ ဒေသခံ တိုင်းရင်းသား များမှာ အဓိက ခံစားရသူ ဖြစ်ပြီး ပြည်တွင်း ဒုက္ခသည်များ ဖြစ်သူဖြစ်၊ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်သူက တိမ်းရှောင် ဖြစ်လာကြသည်။

ဖတ်ကြည့်ချင်သေးလား....

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖော် ဆောင်ရေးကော်မတီ အား ဖွဲ့စည်း လိုက်ကြောင်း သတင်း ထုတ်ပြန်ချက်

Saturday, August 22, 2009 · 0 ရဲ့ အမြင်

နေ့စွဲ ၂၀၀၉ ခုနှစ်၊သြဂုတ်လ(၂၂) ရက်



အကြောင်းအရာ။      ။ သတင်းထုတ်ချက် ပေးပို့ခြင်း


            သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ၏ ဦးဆောင်မှုဖြင့် မြန်မာပြည်တွင်း တွင် တည်ရှိသော နိုင်ငံရေး အင်အားစု(၁၄) ဖွဲ့ မှ လက်ရှိ တည်ဆဲ စစ်အစိုးရအား ထိပ်တိုက် ရင်ဆိုင်ပြီး မြန်မာ တစ်ပြည်လုံး အတိုင်းအတာဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်ပေါ် လာစေရေး အတွက် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင် ရေးကော်မတီ အား ဖွဲ့စည်း လိုက်ကြောင်း သတင်း ထုတ်ပြန်ချက်အား ပေးပို့ပါသည်။

အရှင် ပါရမီခန္တီ
တွဲဖက်အထွေထွေအတွင်းရေးမှူး
သံဃာအဖွဲ့ချုပ် - မြန်မာနိုင်ငံ
sangha.burma@gmail.com


Sangha -

ဖတ်ကြည့်ချင်သေးလား....

တိုင်းပြည်ဖျက်သူ အဓိက တရားခံများကို ဖေါ်ထုတ် သပိတ်မှောက်ခြင်း

Friday, August 21, 2009 · 0 ရဲ့ အမြင်

လက်ရှိ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မြန်မာ လူငယ်များ အချင်းချင်း လွတ်လပ် ပွင့်လင်းစွာဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ ရလဒ်အဖြစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး အစရှိသည့် အဖက်ဖက်တွင် နိမ့်ကျ ပျက်စီး၍ ပြည်သူလူထု အားလုံး ဒုက္ခများစွာနှင့် ကြုံတွေ့ နေရသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ၄င်းတို့ မိသားစု၏ ကိုယ်ကျိုးစီးပွား အတွက် နိုင်ငံတော်၏ အမြင့်ဆုံး အမိန့် အာဏာကို အလွဲ သုံးစားလုပ်၍ စီမံခန့်ခွဲ ချယ်လှယ် နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် မိသားစု၊ ယင်းတို့နှင့် ပူးပေါင်း၍ မတရား ကိုယ်ကျိုးရှာ နေကြသော စီးပွားရေးသမား များကြောင့် ဖြစ်သည်ကို ကန့်ကွက်သူမရှိ တွေ့ရှိလာရပါသည်။ ထို့ ပြင် မိမိ၏ အာဏာတည်မြဲစေရေး အတွက် တပ်မတော် နှင့် ပြည်သူတို့  အကြား အထင်လွဲမှား စေမှုများ အစဉ်တစိုက် ပြုလုပ် ခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူတို့၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ယူထားသည့် မြန်မာ့ တပ်မတော် အနေဖြင့် အမိန့်အာဏာကို အလွဲ သုံးစား လုပ်ပြီး မတရား ကိုယ်ကျိုးရှာနေကြသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် မိသားစု ၊ ကြံရာပါ စီးပွားရေး လုပ်ငန်းရှင် များအား တပ်မတော်၏ ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာ ကိုငဲ့၍ ထိရောက် ပြတ်သားစွာ အရေးယူ ပေးပါရန် ပြည်သူလူထု ကိုယ်စား ပြည်တွင်း ပြည်ပမှ မြန်မာ လူငယ် များမှ တောင်းဆို အပ်ပါသည်။ ယင်းတို့၏ ကိုယ်ကျိုးရှာ မတရား စီးပွါရေး လုပ်ငန်းများကို ဖေါ်ထုတ်၍ မိမိတို့ သေရေး ရှင်ရေး အတွက်
မရှိမဖြစ် သုံးစွဲရသော ပစ္စည်းများမှ လွဲ၍ လုံးဝ မ၀ယ်ယူ မစားသုံး ခြင်းဖြင့် ပြည်သူ အားလုံးက အဆင့်ဆင့် သပိတ်မှောက် ဆန္ဒပြ ကြမည် ဖြစ်ပါသည်။

စာရိတ္တသပိတ် စစ်အာဏာရှင်များ အကြိုက်လိုက်၍ မိမိကိုယ်ကျိုး တခုထဲကိုသာ ကြည့်သော စာပေသမား အမည်ခံများ ဦးစီး ထုတ်ဝေ လျက်ရှိသည့် အောက်ပါ ဂျာနယ်များ...

သတင်းစာများ နှင့် ဦးဆောင် ခိုင်းစေသူ ဗိုလ်မှုးချုပ် ကျော်ဆန်း ပိုင်ဆိုင်သော ဆိုက်ဘာ အင်တာနက်တို့အား သပိတ်မှောက် လိုက်သည်။

  • ၁။မြေနီကုန်း ဆိုက်ဘာ အင်တာနက် ( ဗိုလ်မှူးချုပ်ကျော်ဆန်း )
  • ၂။ မြန်မာတိုင်း ဂျာနယ် ( ဒေါက်တာ တင်ထွန်းဦး )
  • ၃။ ပြည်မြန်မာ ဂျာနယ် ( ဒေါက်တာ တင်ထွန်းဦး)
  • ၄။ သုတစွယ်စုံ မဂ္ဂဇင်း ( ဒေါက်တာ တင်ထွန်းဦး )
  • ၅။ သတင်းလွှာ ဂျာနယ် ( ဒေါက်တာ တင်ထွန်းဦး )
  • ၆။ မဟာ ဂျာနယ် ( ဦးမြတ်ခိုင် )
  • ၇။ အချစ် ဂျာနယ် ( ဦးမြတ်ခိုင် )
  • ၈။ လျှပ်တပြက် ဂျာနယ် ( ဦးမြတ်ခိုင် )
  • ၉။ကောင်းသတင်း ဂျာနယ် ( ဦးမြတ်ခိုင် )
  • ၁၀။ ကြီးပွားရေး မဂ္ဂဇင်း ( ဦးမြတ်ခိုင် )
  • ၁၁။ ဂီတဂျာနယ် ( ဦးမြတ်ခိုင် )
  • ၁၂။ ပေါ်ပြူလာ ဂျာနယ် ( ဦးဟိန်းလတ် )
  • ၁၃။ မြန်မာ့အလင်း သတင်းစာ
  • ၁၄။ ကြေးမုံ သတင်းစာ
ပြည်သူလူထု အနေဖြင့် မိမိတို့ ၏ အထွေထွေ အကျပ်အတည်းများ အတွက် မိမိတို့  ကိုယ်တိုင်ပါဝင်ကာ ကိုယ်ကျိုးရှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် ကိုယ်ကျိုးတခုထဲကိုသာကြည့်သော စာပေသမားအမည်ခံ ကိုယ်ကျိုးရှာစီးပွားရေး သမားများအား ပြင်းထန်စွာ ဆန့်ကျင် သပိတ်မှောက်ကြပါရန်နှင့် အထက်ပါ စာရင်းများအား ၀ယ်ယူသုံးစွဲမှု လုံးဝ မပြုကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ပါသည်။

မိမိတို့နှင့် နီးစပ်ရာကို သတင်း ဖြန့်ဝေပေး ကြပါရန်လည်း တိုက်တွန်း နှိုးဆော် အပ်ပါသည်။

--
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ
မိုးထက်လျှံ မှ
အဓမ္မကိုအောင်နိုင်မယ်
မိစ္ဆာဘေးက ဝေးကြမယ်။

ဖတ်ကြည့်ချင်သေးလား....

သံဃာ့တပ်ပေါင်းစု အဖွဲံ့ခွဲ ရန်ကုန်တိုင်း တိုးချဲ့ဖွဲ့စည်းခြင်း

· 0 ရဲ့ အမြင်


သံဃာ့တပ်ပေါင်းစု အဖွဲံ့ခွဲ ရန်ကုန်တိုင်း တိုးချဲ့ဖွဲ့စည်းခြင်း -

ဖတ်ကြည့်ချင်သေးလား....

ရက်စက် ယုတ်မာတဲ့ စစ်အာဏာရှင် ပြုတ်ကျရေး အတွက် ပြည်သူ တရပ်လုံး ပါဝင်လာစေနိုင်မည့် အချက်များ

Thursday, August 20, 2009 · 0 ရဲ့ အမြင်

ပစ်မှတ်
ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူတရပ်လုံး ပါဝင်လာစေနိုင်မည့်အချက်များ
  • ၁။ အလုပ်သဘော မပါသည့် စတိတ်မင့်ထုတ်ဝေခြင်းများကို ရှောင်ရှားရမည်။
  • ၂။ ပြည်သူတို့အား လမ်းညွှန်သည့် အလုပ်သဘောပါသော စတိတ်မင့်များကို ထုတ်ဝေရမည်။
  • ၃။ အန္တရာယ်နည်းပါး၍ လွယ်ကူသောအက်ရှင်တွေ ဖြစ်ဖို့ အရေးကြီးသည်။
  • ၄။ အများကလက်ခံနိုင်သော စံတန်ဘိုးများ ဖြစ်ရပါမည်။
  • ၅။ အကြမ်းဖက်သော အက်ရှင်များ လုံးဝ မဖြစ်စေရ။
  • ၆။ ရဲဘော်အချင်းချင်း အပြန်အလှန်လေးစားမှုရှိဖို့ လိုအပ်၏။
  • ရ။ မောက်မာသောရဲဘော်များအား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသင်တန်းများ ပေးသင့်၏။
  • ၈။ အခြားမြို့မှ စတင်သည့်အက်ရှင်အား မိမိ၏မြို့နယ်နှင့် လိုက်လျောညီထွေဖြစ်သော အသွင်သဏ္ဍန်ဖြင့် အမြန်ဆုံးဖေါ်ဆောင်နိုင်ရမည်။
  • ၉။ မီဒီယာသတင်းများကို နားထောင်ရင်း မိမိကလည်း အခြားနယ်မြေမှမိတ်ဆွေများ အားတက်စေမည့်သတင်းများကို ဖန်တီးရမည်။
  • ၁၀။ အခွင့်အရေးကောင်းရလျင်ရခြင်း အရှိန်အဟုန်မြင့်တင်နိုင်ရန် ကြိုတင်စီမံထားခြင်း။

အက်ရှင်
  • ၁။ ထင်သာမြင်သာအက်ရှင်
  • ဥပမာ။ ဆုတောင်းပွဲများနှင့် တူညီဝတ်စုံများဝတ်ဆင်ခြင်း။ မေတ္တာသုတ်ရွတ်ဆိုစေခြင်းစသည်...။
  • ၂။ လျှို့ဝှက် အက်ရှင် (မိမိလုပ်တာကို ဘယ်သူမှ မသိစေဘဲ အများပြည်သူ အားလုံး သိရှိ စေရမည်။)
  • ဥပမာ။ လှုံ့ဆော်စာများ ဖြန့်ဝေခြင်း။ ငွေစက္ကူ ပေါ်ရှိ ခြင်္သေ့ ဦးခေါင်းကို မှင်တံဖြင့် ကြက်ခြေခတ်ခြင်း စသည်တို့ ဖြစ်သည်။
အက်ရှင် တိုင်းတွင် မောင်းနှင်အားတွေ ရှိသည်။ အက်ရှင်ရှိမှ အလုပ် ရမည်။ အလုပ်ရှိမှ လှုပ်ရှားမှု ဖြစ်ထွန်းမည်။ အပြိုင်အဆိုင် လှုပ်ရှားမှုဖြင့် တဦးနှင့် တဦး တမြို့နှင့်တမြို့ ယုံကြည်မှုတွေ ရရှိလာမည် ဖြစ်ပါသည်။ ယုံကြည်မှုဖြင့် ဇွဲလုံ့လ၀ိရီယကို အင်အားကြီးစေ၏။
--
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ
မိုးထက်လျှံ မှ
အဓမ္မကိုအောင်နိုင်မယ်
မိစ္ဆာဘေးက ဝေးကြမယ်။

ဖတ်ကြည့်ချင်သေးလား....

အဖြူရောင် လှုပ်ရှားကြစို့

· 0 ရဲ့ အမြင်

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမဖြစ်မှီ (၁၉ ၊ ၈ ၊၂၀၀၇)နေ့တွင် လောင်စာ ဆီဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ၈၈ မျိုးဆက် ကျောင်းသားများ၊NLD အဖွဲ့ဝင်များနှင့် ပြည်သူတို့ လောင်စာဆီ ဈေးကျဆင်းရေး အတွက် လမ်းလျှောက် ဆန္ဒပြ ခဲ့ကြရာ အာဏာပိုင် များမှ ဆနပြသူများအားမတရား ရိုက်နှက် ဖမ်းဆီးရာမှ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ခဲ့ရာ ရဟန်း သံဃာများ ကို မတရား အကျဉ်း ချ ခံခဲ့ရသည်။

ယနေ့တွင်လည်း စစ်အာဏာရှင် အာဏာရ လူတစ်စုမှ ဒေါ်အောင်ဆန်းစုကြည်အား မတရား အကျဉ်းချ ထားရာမှ လွှတ်ရက် စေ့သော်လည်း အမှုဆင်ပြီး ဖမ်းဆီး အကျဉ်းချကာ စစ်အာဏာ တည်မြဲရေး အတွက် တရားဥပဒေကို မထေမဲ့မြင် ပြုလုပ်ပြီး ပြည်သူ လူထု လက်မခံ သော(၂၀၁၀) ရွေးကောက်ပွဲကို အတင်းအကျပ် ပြုလုပ်နေသည်ကို တွေ့ရသည်။

ယနေ့ ပြည်သူ လူထုကို မတရား ဖိနှိပ်နေသော စစ်အာဏာရှင် အာဏာရ ဘယ်သူသေသေ ငတေမာ ပြီးရောဟု ထင်ရာစိုင်းနေသော လူတစ်စု ဖိနှိပ်မှုကို မလိုလားသာတိုင်း ယနေ့ (၁၉၊၈၊၂၀၀၉) မှ (၂၇၊၉၊၂၀၀၉) ထိ အင်္ကျီ အဖြူရောင်၊ အဖြူရောင် သင်္ကေတများ ပေါ်လွင်အောင် မိမိတို့ ဆန္ဒကို ဖော်ထုတ်ကြ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် ကျောင်းသား လူငယ်များ၊ သံဃာတော် အရှင်မြတ်များ၊ ပြည်သူများအား တိုက်တွန်း အပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

8888 People Power - Vol 3 No 7 - August 2009

Wednesday, August 19, 2009 · 0 ရဲ့ အမြင်


၈၈၈၈ ပြည့်သူ့ သတင်းစဉ် -

ဖတ်ကြည့်ချင်သေးလား....

၂၀၁၀ ကြိုးကွင်းစွပ်ပွဲနှင့် လူထုတိုက်ပွဲ

Tuesday, August 18, 2009 · 0 ရဲ့ အမြင်

နအဖ ဖွတ်လူစုက ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကျွန်ုပ်တို့ ပြည်သူတွေအားလုံး ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ခံရမည့် ပွဲတစ်ခုပါ၊ ဒီနေ့ ကျွန်ုပ်တို့ ပြည်သူတွေ ဆင်းရဲနေကြတယ်၊ စုတ်ပြတ် နုံခြာတဲ့ ဘ၀တွေကို ခါးသီးစွာ ဖြတ်သန်း နေကြရတယ်၊ လူစဉ်မမီ လူအဆင့်အတန်းမရှိ အဓိပ္ပါယ် မပြည့်ဝတဲ့ ဘ၀တွေနဲ့ ဖြစ်သလို ကြုံသလို ရုန်းကန် လှုပ်ရှားနေကြရတယ်၊ အနှစ်(၂၀) အတွင်းမှာ နအဖဟာ တိုင်းပြည်ကို ရစရာမရှိအောင် ချေမှုန်း ဖျက်ဆီး ပစ်ခဲ့တယ်၊ အနှစ်သာရ အနေနဲ့ မြန်မာဆိုတာ ငတုံး ငအ အဆင့်အတန်း မဲ့သူတွေ ဖြစ်တယ် ဆိုတဲ့ အရာကို သာ တံဆိပ် ခပ်နှိပ်ခြင်း ခံခဲ့ရပေသည်။

ပြည်သူ အတွက် အကျိုးကျေးဇူး မများတဲ့ အပြင် ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ မတရား ဖမ်းဆီးနှိပ်စက် ထောင်ချ ညှင်းပမ်း သတ်ဖြတ် နေတဲ့ လူယုတ်မာ ဖွတ် တစ်သိုက်ကို ဖြုတ်ချပစ်ရန် တာဝန်မှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့တာဝန်သာဖြစ်ပေသည်၊ နအဖကို ဖြုတ်ချ ပစ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လူထု အုံကြွ တော်လှန်ရေးပင် ဖြစ်သည်၊ နအဖသည် လူစကားသူစကားကို နားထောင် တတ်သည့် သတ္တ၀ါများ မဟုတ်ပေ၊ နအဖဆီမှာ ဒီမိုကရေစီ တောင်းဆိုနေ၍ အကျိုးမရှိ၊ နအဖ ဖွတ်တစ်သိုက် တိုင်းပြည်မှာ မရှိတော့မှ သာလျှင် စစ်မှန်သည့် အနှစ်သာရပြည့်ဝသည့် ဒီမိုကရေစီကို ရရှိနိုင်မည် ဖြစ်ပေသည်။

ယခုအခါတွင် မြန်မာပြည် ဒီမိုကရေစီရရှိရေးသည် ကျွန်ုပ်တို့၏ မွေးရာပါ တာဝန်တစ်ရပ်ဖြစ်လာပေပြီ၊ ဒီမိုကရေစီ ရရှိရေးသည် လူတိုင်းမှာ တာဝန်ရှိ နေပေသည်၊ ကျွန်ုတို့၏ သားစဉ်မြေးဆက် လူတန်းစေ့ ဘ၀မျိုးနှင့် အဓိပ္ပါယ်ရှိသော လူသားအဖြစ် ရပ်တည် ရှင်သန်ခွင့် ရရေးအတွက် ကျွန်ုပ်တို့ ဒီတာဝန်ကို မဖြစ်မနေ ထမ်းဆောင် ရပေမည်၊ နအဖသည် ကျွန်ုတို့၏ စိတ်ဓာတ်နှင့် ဆန္ဒကို ဘယ်တော့ခါမှ ချုပ်နှောင် ထား၍ မရခဲ့၊ ၄င်းစိတ်ဓာတ် ဖြင့်ပင် မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို ဖြိုလှဲပစ်နိုင်ခဲ့ပေသည်၊ ယခုတစ်ခါ နအဖ စစ်အာဏာရှင် ဖွတ်တစ်သိုက်ကို ဖြိုလှဲဖို့ရန် ခေတ်စနစ်ကြီးက အမှန်တကယ် တောင်းဆို နေပြီဖြစ်သည်။
မဝေးတော့သည့် ကာလတွင် မြန်မာနိုင်ငံတွင် အကြီးမား အပြင်းထန်ဆုံးသော လူထုတိုက်ပွဲ တစ်ရပ် ဆင်နွဲတော့မည် ဖြစ်သည်၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက ဦးဆောင်ပြီး နအဖစစ်အာဏာရှင် တော်လှန်ရေးသပိတ်တိုက်ပွဲကို ဆင်နွဲတော့မည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ထားပြီး ဖြစ်သည်၊ ပြည်သူ တစ်ရပ်လုံး အနေနှင့် မိမိတို့၏ ဖြတ်သန်း ခဲ့ရသည့် မအောင်မမြင် ဖြစ်ခဲ့ ရသည့် အတွေ့အကြုံ တွေကို သင်ခန်းစာ ယူပြီး စနစ်တကျ စည်းကမ်းရှိရှိ လူထုတိုက်ပွဲကို ပြီးဆုံးအောင်ပွဲရသည်အထိ တိုက်ပွဲ ၀င်ကြဖို့ အထူး လိုအပ်ပေသည်၊ မိမိတို့ ရပိုင်ခွင့် အတွက် မိမိတို့သာလျှင် ဦးဆောင် တိုက်ပွဲ ၀င်ကြရမည် ဖြစ်သည်၊ စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်း ပပျောက် သွားရေးသည် ကျွန်ုပ်တို့၏ အဓိက တာဝန်ဖြစ်သည်၊ ခေတ်ဆိုး စနစ်ဆိုးအောက်မှာ ကျွန်ုပ်တို့၏ ဘ၀များစွာ အသက်ပေါင်း များစွာ စစ်အာဏာရှင်ရဲ့ အနှိမ်ခံ အဖိနှိပ်ခံ ဘ၀တွေနဲ့ အဆုံးသတ် ခံမလား မခံဘူးလားဆိုတာ မြန်မာ နိုင်ငံသား မှန်သမျှ အချိန်တိုင်း အချိန်တိုင်း မိမိကိုယ်မိမိ မေးရတော့မည့် အချိန်ကျရောက် နေပြီဖြစ်သည်၊ စစ်အာဏာရှင် ကြိုးကွင်းသည် မကြာမီ အချိန်တွင် ပြည့်သူ့ လည်ပင်းကို စွပ်ဖို့ ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း သတိပေး နိုးဆော် လိုက်ရပေသည်။

တက္ကသိုလ်သောတုဇနဘိက္ခု(ရန်ကုန်)

ဖတ်ကြည့်ချင်သေးလား....

လူထုအုံကြွမှု ပေါ်ပေါက်လာတော့မည်ဟု ခေါင်းရွက်ဗျက်ထိုး ဈေးသည်များပင် ထင်မြင်ယူဆ

Monday, August 17, 2009 · 0 ရဲ့ အမြင်

ယနေ့ နံနက်က ကြေသွန်း ဘုရားကြီး အနီးတွင်တွေ့ရသည့် ဆွမ်းခံထွက်နေသော သံဃာတော်များ (AP Photo)
တင်ကျော်ကျော်စိုး | အဓိက တရားခံ ဖြစ်သူ ယက်တော အားပြန်လည် လွှတ်ပေးလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ဖမ်းဆီးထားမှုကြောင့် ရဟန်း၊သံဃာ တော်များ အပါအ၀င် ပြည်သူလူထု သည် ထိုကိစ္စအတွက် စစ်အစိုးရ အပေါ် လုံးဝ ကျေနပ်ခြင်း မရှိပဲ မကြာခင်မှာပင် ပြည်သူ တစ်ရပ်လုံး ပါဝင်သည့် အုံကြွမှုကြီး တစ်ရပ် မကြာခင် ပေါ်ပေါက် နိုင်ကြောင်း မှော်ဘီ နည်းပညာ တက္ကသိုလ် မှ ဆရာ တစ်ဦးက Freedom News Group သို့ ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့ မှ စတင်ကာ ရန်ကုန် မြို့ ရှိ ဘုန်းကြီးကျောင်းများ နှင့် တက္ကသိုလ်၊ကောလိပ်ကျောင်းများကို လုံခြုံရေး တင်းကျပ် ထားသည်။၂၀၀၇ ခုနှစ် စက်တင်ဘာလ က ဖြစ်ပွားခဲ့သည့် သံဃာ တော်များဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးကဲ့သို့ ပြည်သူများ ပူးပေါင်း ပါဝင်သော သံဃာ့ အရေးအခင်းကြီး တစ်ခု ပေါ်ပေါက်လာ နိုင်ကြောင်းဖြင့်လည်း ရန်ကုန် မြို့ခံများ က ခန့်မှန်း ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား မတရား သဖြင့် ဆက်လက် ချုပ်နှောင် ထားခြင်းကို မြန်မာ တိုင်းရင်းသား လူမျိုးစု အားလုံး အပါဝင် သံဃာတော် များက ပြန်လည် လွှတ်ပေးရန် တောင်းဆိုသော် လည်း စစ်အစိုးရက လျှစ်လျှူရှုခဲ့သည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးကလည်း ဖမ်းဆီးထားသော သံဃာတော် များအား လွှတ်ပေးရန်နှင့် သံဃာတော်များ အပေါ် နှိပ်စက် သတ်ဖြတ်စော်ကားမှုများကို စစ်အစိုးရအာဏာပိုင်များက ပြန်လည် တောင်းပန်ရန်နှင့် မလိုက်နာပါက တတိယ အကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည့် ကြေညာချက်ကြောင့် စစ်အစိုးရက ရွှေဝါရောင် တော်လှန်ရေး ကာလ က ဦးဆောင်ပါ ၀င်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအနီးတွင် လက်နက်ကိုင်ဆောင် ထားသော လုံခြုံရေးများချထားသည်။

၃၈ လမ်းဈေးမှ ဈေးသည် တစ်ဦးက “ဆန်ဈေးနဲနဲ တက်တယ် ဆီဈေးကတော့ ဟိုအပတ်ထဲက ဒီသတင်းကြောင့် ကုန်ဈေးနှုန်းတွေ နဲနဲ တက်သွားတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် မှုတစ်ခု ၂၀၀ရခုနှစ်က ဖြစ်ပွားခဲ့ရာ နိုင်ငံတကာတွင် ရွှေဝါရောင် တော်လှန်ရေးဟု ထင်ရှားခဲ့သည်။ထို တော်လှန်ရေးကို စစ်အစိုးရ လုံခြုံရေးတပ်များက အကြမ်းဖက် ဖြိုခွဲခဲ့ရာ ဂျပန် နိုင်ငံသား သတင်းထောက် တစ်ဦး အပါ အ၀င် လူသုံးဆယ် ကျော်သေဆုံးခဲ့သည်။

source by : Freedom News Group

ဖတ်ကြည့်ချင်သေးလား....

ရဲသတင်း တပ်ဖွဲ့ဝင် လင်မယား နှစ်ဦး၏ ပူးပေါင်း လိမ်လည်မှုကြီး

· 0 ရဲ့ အမြင်

ဖတ်ကြည့်ချင်သေးလား....

“ပြန်ပေဦးတော့ ကျေးဇူးရှင်ရေ ... ဘိုင့်ဘိုင်”

· 0 ရဲ့ အမြင်

ကာတွန်း ဟန်လေး ဧရာဝတီ |

ဖတ်ကြည့်ချင်သေးလား....

အမေစုကို ဘယ်သူတွေကယ်မလဲ

· 0 ရဲ့ အမြင်

မြန်မာပြည်သူ လူထုကြီးရဲ့ အခြေအနေဟာ အဆိုးဝါးဆုံးကို ရောက်ရှိခဲ့ပါပြီ၊ တရား ဥပဒေ စိုးမိုးမှုမရှိ၊ အခြေခံ လူအခွင့်အရေး မရှိနှင့် စစ်ကျွန်သဘောက် ပြားပြားမှောက်ပြီး သားစဉ်မြေးဆက် တစ်သက်လုံး စစ်ကျွန်ခံ ဘ၀သို့ ရောက်ရှိရန် အချိန်ပိုင်းမျှသာ လိုပါတော့သည်၊ စစ်အာဏာရှင် ဖွတ်တစ်သိုက်သည် ဘာကိုမျှ ဂရုမစိုက် ထင်ရာစိုင်း ရိုင်းချင်တိုင်း ရိုင်းနေဆဲ၊ ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ခြင်း မရှိသော နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုဆင် ဖမ်းဆီး ထောင်ချထားပြီး စစ်ကျွန်ပြုရေး စံနစ်ဆီ ရွက်ကုန် ဖွင့်လျှက်ရှိပေပြီ။

ပြစ်မှု ကျူးလွန်သော ဂျွန်ဝီလျံ ယက်ထောကို အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်နှင့် လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီး ပြည်တော် ပြန်ခိုင်း ခဲ့သည်၊ ဒါဟာ ၀မ်းသာစရာမဟုတ်၊ နအဖရဲ့ ကလိမ်ကကျစ် ကျမှုနှင့် မလိမ့်တစ်ပတ် ရိုက်မှု သက်သက်သာ ဖြစ်ပေသည်၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ကျခံစေရန် တမင်သက်သက် ရည်ရွယ်ပြီး ဒီအမှုကို မဖြစ်ဖြစ်အောင် စတင် ဖန်တီးခဲ့သူမှာ နအဖ ဖွတ်တစ်သိုက်မှ လွဲပြီး မည်သူမည်ဝါမျှ မဖြစ်နိုင်၊ မတရားအမှုစီရင်ချက်ချပြီး နာမည်ကောင်း ယူပြ ခဲ့သေးသည်၊ အမေရိကန် လူမျိုးတစ်ယောက် လွတ်မြောက်ရေး အတွက် အမေရိကန် သက်ဆိုင်ရာ အာဏာပိုင်ကလာပြီး ကြိုးပမ်း ဆောင်ရွက်တာ ထူးဆန်းမှု တစ်ခုတော့ မဟုတ်ပါ၊ ထူးဆန်းသည်က နအဖ အာဏာရူး ဖွတ်တစ်သိုက်၊ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုး အချင်းချင်း ဒုက္ခ ရောက်အောင် နည်းမျိုးစုံနှင့် ကလိမ်ကကျစ်လုပ်၊ ကောက်ကျစ် ယုတ်မာ၊ အာဏာကို လက်မလွတ်ချင်ပဲ သေသည်အထိ အာဏာကို ဖက်ပြီး သေချင်နေတဲ့ သူတွေ၊ ဒီလူတွေ တိုင်းပြည် အုပ်ချုပ် နေမှတော့ ဒီတိုင်းပြည်ကြီးဟာ ဖွတ်တိုင်းပြည် ဖြစ်ရုံတင်မက ဖာတိုင်းပြည် ဖြစ်နေရပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးရဲ့ ယုံကြည်အားထားရာ အစစ်ပါ၊ မြန်မာ့ နိုင်ငံရေးရဲ့ အနာဂတ် ပုံဖော် ဆော်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မပါမဖြစ် အဓိက အခန်းကဏ္ဍ ကနေ ပါဝင် ဆောင်ရွက် ရမည့်သူပါ၊ ကလိမ်ကကျစ် ကောက်ကျစ် ယုတ်မာတဲ့ ဉာဏ်နီဉာဏ်နက် ကလြွဲပီး ကျန်တဲ့ အရည်အရည်း ဘာတစ်ခုမှမရှိတဲ့ နအဖ ဖွတ်တစ်သိုက်ဟာ တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင် ဘာတစ်ခုမှ စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး၊ လွန်ခဲ့တဲ့ အနှစ်(၂၀) ကသက်သေပြနေပါပြီ၊ ဘယ်ပြည်သူလူထု ကမှလဲ နအဖကို အယုံအကြည် မရှိပါဘူး၊ ရဟန်းရှင်လူ ပြည်သူပြည်သားတွေကို နည်းအမျိုးမျိုးနဲ့ ညှင်းပမ်းနှိပ်စက်၊ ထောင်ချ သတ်ဖြတ်မှုတွေ နေ့စဉ်ရက်ဆက် လုပ်နေတဲ့ မကောင်းဆိုးဝါးတွေ အဖြစ်သာ ပြည်သူတွေရဲ့ နှလုံးသွေးထဲမှာ စွဲမြဲစွာ ခံယူ မှတ်သားခြင်း ခံနေရသူတွေပါ၊ နအဖ ဖွတ်တစ်သိုက် တိုင်းပြည်မှာ မရှိရင် တိုင်းပြည် ငြိမ်းချမ်း သာယာမယ် ဆိုတာလဲ ပြည်သူလူထုကြီးတစ်ရပ်က လက်ခံထားကြပါတယ်။

မြန်မာ နိုင်ငံကြီးရဲ့ အခြေအနေဟာ ခိုလှုံရာမဲ့ တိုင်းပြည်ကြီး တစ်ခုအဖြစ် ဆိုက်ရောက်နေပါပြီ၊ အကယ်၍များ ၂၀၁၀ နောက်ပိုင်း နအဖ ဖွတ်တစ်သိုက်သာ ဆက်ပြီး အုပ်ချုပ်ပါက တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာ အားလုံး စုံးစုံးမြုပ် ပျောက်ကွယ် တော့မည့် အခြေအနေဆိုးများနှင့် မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ကြရပေမည်။ ကိုယ့်အား ကိုယ်ကိုးခြင်း လက်နက်ကို ကိုင်စွဲပြီး နအဖ စစ်အာဏာရူး ဖွတ်တစ်သိုက်ကို မြန်မာနိုင်ငံသားတိုင်း တော်လှန်ရန်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိတော့၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကယ်တင်မည့် သူမှာလဲ မြန်မာ တစ်နိုင်ငံလုံးရှိ သန်း(၅၀) ကျော်သော ပြည်သူလူထုပင် ဖြစ်ပေသည်၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဘယ်နေ့ ဘယ်ရက်တွင် ခြွင်းချက်မရှိ လွတ်ပေးပါ မလွတ်ပေးလျှင် ပြင်းထန်တဲ့ လူထု လှုပ်ရှားမှုများနှင့် မလွဲမသွေ ရင်ဆိုင် ရမည်ဆိုတဲ့ ပြည်သူအသံ တစ်ညီတစ်ညွတ်တည်း ထွက်ပေါ်လာသည့် နေ့ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်နေ့ အမှန်တကယ် ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း သတိပေး တိုက်တွန်း ရေးသားလိုက် ရပေသည်။

တက္ကသိုလ်သောတုဇနဘိက္ခု(ရန်ကုန်)

ဖတ်ကြည့်ချင်သေးလား....

ပြည်သူလူထုကို စနစ်တကျ ကျွန်ဇာတ်သွင်းနေသူများ

Sunday, August 16, 2009 · 0 ရဲ့ အမြင်

စိုးနေလင်း | ၁၉၆၂ ခုနှစ် ပထစ အစိုးရလက်ထဲကနေ ဗိုလ်နေ၀င်းက အာဏာ သိမ်းယူပြီး တိုင်းပြည် စစ်အာဏာရှင်လက် အောက် ကျရောက်ခဲ့တဲ့ အချိန်ကတည်းက အာဏာသိမ်း စစ်အစိုးရတွေဟာ တိုင်းပြည်ကို သူတို့ အုပ်ချုပ်ချင်တဲ့ ပုံစံ၊ ပြည်သူ လူထုကို သူတို့ ပုံသွင်းချင်တဲ့ ပုံစံ အတိုင်းရအောင် စနစ်တကျ ဆောင်ရွက်ခဲ့ ပါတယ်။ စစ်မဟာဗျူဟာ လေ့လာရေးဌာန ဆိုတာကို ဖွဲ့စည်းခဲ့တာဟာ အလကား မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ်နဲ့ တိုင်းပြည်ကို ဆန့်ကျင် နှောက်ယှက်သူ မရှိ နှစ်ပေါင်းများစွာ အုပ်စိုးသွားနိုင်ရေး အတွက် မဟာဗျူဟာကြီး တခု ချမှတ်ဖို့ တည်ထောင် ခဲ့တာပါ။ လူထုကို ဘယ်လို ပုံစံသွင်းယူ ရမယ် ဆိုတာကို လေ့လာပြီး စနစ်တကျ တဖြည်းဖြည်း ပုံစံသွတ် သွင်းယူဖို့လုပ်ခဲ့တာပါ။ အခု အချိန်အထိ ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အုပ်စု လုပ်နေတာ၊ ချမှတ် ဆောင်ရွက် နေတာတွေဟာ အဲဒီ စစ်မဟာဗျူဟာ လေ့လာရေးဌာနကြီးရဲ့ လေ့လာ သုတေသန ပြုချက် တွေကနေ ရယူချမှတ် ထားတာတွေပဲဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ ပြည်တွင်း သတင်း မီဒီယာတွေ အားလုံးကို ထိန်းချုပ်ထား နိုင်သလို အာဏာ၊ ဘဏ္ဍာငွေ ကြေး၊ ၀န်ထမ်း အင်အား တွေကို ပုံအောအသုံးချနိုင်တဲ့ အားသာချက်ရှိနေတဲ့အတွက် သူတို့စီမံချက်ချမှတ် အ ကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ထိရောက်မှု ရှိပါတယ်။

နယ်ချဲ့ အင်္ဂလိပ် အုပ်ချုပ်ရေးနဲ့ ဂျပန်ဖက်ဆစ် အုပ်ချုပ်ရေး စနစ်တွေကို တွေ့ကြုံ ဖြတ်သန်းဖူးသူတွေလည်း စစ် အာဏာရှင် ဗိုလ်ချုပ်တွေ ထဲမှာ ရှိခဲ့ကြတဲ့အတွက် နယ်ချဲ့အင်္ဂလိပ်ရဲ့သွေးခွဲအုပ်ချုပ်ရေးနဲ့ ဂျပန်ဖက်ဆစ်ရဲ့ အ ကြမ်းဖက် ညှင်းပန်းနှိပ်စက်အုပ်ချုပ်ရေး နည်းနာ နှစ်ခုစလုံးကို အသုံးပြုခဲ့၊ အသုံးပြုနေဆဲဖြစ်တယ်ဆိုတာ တွေ့ ရပါတယ်။ ပြည်သူလူထုက စစ်တပ်ကို သူတို့ရဲ့ကယ်တင်ရှင်၊ ကျေးဇူးရှင် တွေလို ယုံကြည်လာအောင် မြန်မာ နိုင်ငံတ၀ှမ်းလုံးမှာ “တပ်မတော်သာလျှင် အမိ၊ တပ်မတော်သာလျှင် အဖ” ဆိုင်းဘုတ်ကြီးငယ်တွေ စိုက်ထူခဲ့ တာကို လူတိုင်းသတိရကြဦးမှာပါ။ မသိနားမလည်သူ၊ အသိပညာ အသိတရား ချို့ငဲ့ရှာသူတွေ စိတ်ထဲမှာ တ ကယ်ပဲ ဟုတ်နိုးနိုးနဲ့ တစတစ ယုံကြည်လက်ခံလာအောင် စိတ်ဓာတ်ရေးရာအရ ထိုးနှက်တိုက်ခိုက်မှု တခုပါပဲ။

ဒါကို သိနားလည်ထားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ တိုးတက်တဲ့ကျောင်း သားတွေ၊ ပြည်သူတွေက “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင်အဖ” ဆိုပြီး တန်ပြန်ဆန့်ကျင် စည်းရုံးနိုင်ခဲ့ ကြလို့သာ ပြည်သူလူထုကြားမှာ အဲဒီအတွေးအခေါ် စွဲမြဲနေရာယူလို့ မရခဲ့တာဘဲဖြစ်ပါတယ်။ စစ်တပ်ထုံးစံအ တိုင်း “ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဆိုတဲ့စကားကို တွင်တွင်သုံးပြီး ပြည်သူ့ဝန်ထမ်း တွေကို “ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဆိုတဲ့ အမိန့်ပေးစေခိုင်းမှုမျိုးတွေကို နာခံတတ်လာအောင် အစိုးရ ဌာနတိုင်း မှာ ကျင့်သုံးလာခဲ့ပါတယ်။ မဟုတ်မခံစိတ်ရှိသူတွေ၊ အငြင်းပွား ပြန်လှန်ပြောဆို မေးခွန်းထုတ်လေ့ရှိသူတွေကို နည်း အမျိုးမျိုးနဲ့ ဒုက္ခပေး၊ ပညာပြ စိတ်ဆင်းရဲအောင်လုပ်ပြီး (ဦးကျိုးသွားအောင်လုပ်ပြီး) ဘယ်လိုအမိန့်အာ ဏာမျိုးကိုမဆို မေးမြန်း စစ်ဆေးမှု မရှိ နာခံတတ်တဲ့ ၀န်ထမ်းတွေဖြစ်အောင် ပြောင်းလဲဖျက်ဆီးပစ်ခဲ့တာကို လည်း အထင်အရှား တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။

ထိပ်ဆုံးပိုင်း အုပ်ချုပ်ရေးအာဏာပိုင်တွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီး၊ ၀န်ကြီး၊ တိုင်းမှူး၊ ၀န်ကလေးတွေက အစ ကိုယ် ကျိုးစီးပွားအဓိကနဲ့ လာဘ်ပေးလာဘ်ယူတွေ လုပ်နေကြတဲ့အတွက် အလယ်အလတ်အဆင့် အောင်ခြေအဆင့် ၀န်ထမ်းတွေကပါ အတုယူလိုက်လုပ်ကြရင်း အကျင့်ပျက်ဝန်ထမ်းတွေ တစစ များပြားလာတာကြောင့် နောက် ပိုင်းမှာ မြန်မာနိုင်ငံမှာ ဘယ်ကိစ္စကိုမှ လာဘ်မပေးဘဲ အဖြောင့် လုပ်လို့ မရအောင် ဖြစ်လာခဲ့တာ ကာလရှည် ကြာခဲ့ပါပြီ။

တိုင်းပြည်ရဲ့ အခြေခံစီးပွားရေးစနစ်ကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းမရှိသလို အပေါ်ထပ် အဆောက်အအုံဖြစ်တဲ့ နိုင်ငံရေးစနစ်ကိုလည်း နားလည်ကျွမ်းကျင်မှုမရှိတဲ့အတွက် တခြားပညာရေး၊ ကျန်းမာ ရေး၊ ယဉ်ကျေးမှု စတဲ့ကဏ္ဍတွေအားလုံးမှာပါ ချို့ယွင်းအားနည်း ပျက်စီးလာခဲ့တာလည်း ခုချိန်ထိပါပဲ။ တပြိုင် နက်တည်းမှာ အမျိုးမျိုးဖိနှိပ်ခြယ်လှယ်တာ လူ့အခွင့်အရေး ချိုးဖောက်ခံ လာကြရတဲ့ ကျောင်းသားကျောင်းသူ တွေနဲ့ ပြည်သူလူထုကြားမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်လိုစိတ်တွေ ပေါ်ပေါက်လာ၊ နိုင်ငံရေး ဘက်ကို စိတ်ဝင်စား တိမ်းညွှတ်လာမှာ စိုးရိမ်ပြီး လောင်းကစားနဲ့ စရိုက်ပျက် အကျင့်ဆိုးတွေ လုပ်ဆောင်လာ ကြရအောင် လမ်းဖွင့် အခွင့်အရေးပေးလာတဲ့အတွက် တိုင်းပြည်တွင်းမှာ သေးသေးမွှားမွှားကနေ ကြီးကြီးမား မားအထိ လောင်းကစား နည်းပေါင်းစုံ ပေါ်ပေါက်လာခဲ့သလို တခြားအကျင့်ပျက်မှု၊ ယဉ်ကျေးမှုအရ ဖောက်လွဲ ဖောက်ပြန်ဖြစ်မှုတွေပါ ဖွံဖြိုးအားကောင်းလာခဲ့တာကိုလည်း မျက်စိ၊ နားဖွင့်ထားကြသူတွေအားလုံး အသိပဲဖြစ် ပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် သတင်းအားလုံးကို အမှောင်ချထားခဲ့ပြီး သူတို့ရဲ့ ဟန်ပြအတုအယောင် လုပ်ဆောင်ချက်တွေ၊ အလိမ်အညာတွေကိုသာ ပြည်သူလူထုနဲ့ နိုင်ငံတကာကို ပြသနေ တဲ့အတွက် စစ်အစိုးရပြောသမျှ လုပ်သမျှ အားလုံး အလိမ်အညာတွေအဖြစ် သဘောထားပြီး ဘာကိုမှ လက်ခံ ယုံကြည်မှုမရှိတော့တဲ့သူတွေလည်း ပြည်ပမှာသာမက ပြည်တွင်း မှာပါ တစစ များပြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါ ပေမယ့် စစ်အစိုးရကတော့ လက်နက်၊ အာဏာနဲ့ သူတို့ရဲ့ ဖိနှိပ်အုပ်ချုပ်ရေးယန္တရားကို အသုံးချပြီး သူတို့လုပ် ချင်တာအားလုံးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေဆဲပဲဖြစ်ပါတယ်။ ပြည်သူလူထုကို လည်း အကြောက်တရားနဲ့ ထိန်းချုပ်ပြီး သူတို့လိုချင်တဲ့ ပုံစံကိုရအောင် သွတ်သွင်းနေဆဲပဲဖြစ်ပါတယ်။ ကျနော် ရဲ့ဆောင်းပါးတချို့မှာ ရေးသားတင်ပြခဲ့ပြီးဖြစ်သလိုပဲ စစ်အာဏာရှင်တွေဟာ ပြုပြင်လို့မရအောင် ကမ်းကုန် နေသူတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းလောက်က ထင်ပါတယ်။ အင်တာနက်စာမျက်နှာတချို့မှာ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတွေ ရှာဖွေဖတ်ရှုနေရင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံကို မြန်မာနိုင်ငံက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတယောက် သွား ရောက်ခဲ့တုန်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးကို သွားရောက် လည်ပတ် ဆုံးမသြ၀ါဒပေးနေတဲ့ သတင်း ဓာတ်ပုံတချို့ကို မြင်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးက ဆိုဖာကြီးပေါ်မှာ အကျအန ထိုင်ပြီး သံရုံးဝန်ထမ်းကြီးငယ်တွေ က ကြမ်းပြင်ပေါ်မှာ ပုဆစ်ဒူးတုပ် ရှစ်ခိုးကန်တော့နေကြတဲ့ ဓာတ်ပုံတွေကို တွေ့လိုက်ရတဲ့အတွက် ရင်ထဲမှာ ရုတ်တရက် နာကျင်ခံစားလိုက်ရသလို စိတ်မကောင်းလည်း အကြီးအကျယ် ဖြစ်သွားမိခဲ့ပါတယ်။ စစ်အာဏာ ရှင်တွေဟာ မြန်မာပြည်သူလူထုတရပ်လုံးကို လုံးဝခေါင်းမော့မကြည့်ရဲအောင် ကျွန်ဇာတ်သွင်းနေပါပေါ့လား လို့ တွေးလိုက်မိလို့ပါပဲ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေ မြန်မာပြည်အနှံ့အပြား ဘယ်နေရာကို သွားလိုက်သွားလိုက် ကြိုဆိုနှုတ်ဆက် ရသူတွေအားလုံးက လက်အုပ်ကလေးတွေချီပြီး နှုတ်ဆက်စကားပြောဆိုရတာကို တွေ့နေခဲ့ရတာကတော့ ကြာပါပြီ။ သူတို့ တိုင်းပြည်အာဏာကို မတရား သိမ်းယူလိုက်ခါစကတည်းကပါ။ တကယ်တော့ အဲဒီလို လက် အုပ်ချီ ကန်တော့နှုတ်ဆက်တာဟာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ မဟုတ်ပါဘူး။ မြန်မာလူမျိုး တွေရဲ့ယဉ်ကျေးမှုမှာ လူကြီးမိဘ ဆွေမျိုးသားချင်း သက်ကြီးရွယ်အိုတွေကို သီတင်း ၀ါလကျွတ်တဲ့ အချိန်အခါ လိုမျိုးမှာ လှူဖွယ်ဝတ္ထုပစ္စည်းလေးတွေနဲ့ အရိုအသေပြု ကန်တော့ကြတာမျိုးပဲရှိပါတယ်။ ကိုယ်က သွားရောက် တွေ့ဆုံနှုတ်ဆက်ရတာမျိုးပဲဖြစ်ဖြစ်၊ ကိုယ့်ဆီကို လာရောက်လည်ပတ်တာမျိုးပဲဖြစ်ဖြစ် ရဟန်းသံဃာတော်တွေ ကလွဲလို့ လက်အုပ်ချီ ကန်တော့ နှုတ်ဆက်စကားပြောရတာမျိုး မရှိခဲ့ပါဘူး။ မြန်မာ့ယဉ်ကျေးမှုလည်း မဟုတ်ပါ ဘူး။

လူတယောက်နဲ့ တယောက်တွေ့ရင် လက်အုပ်ချီနှုတ်ဆက်တဲ့ ယဉ်ကျေးမှုဟာ ထိုင်းနိုင်ငံ ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုပါ။ ‘ဝေ’ လို့ ထိုင်းလို ခေါ်တဲ့ နှုတ်ဆက်ပုံစံပါ။ နှုတ်ဆက်စကားက ‘ဆ၀ပ်ဒီး’ ဆိုတဲ့စကားပါ။ ဗမာလို တော့ ‘မင်္ဂလာပါ’‘နေကောင်းတယ်နော်’ ဆိုတဲ့ အဓိပ္ပါယ်မျိုးပါပဲ။ ယောင်္ကျားဆိုရင် ‘ခပ်’ မိန်းမဆိုရင် ‘ခါး’ ဆိုတဲ့ ဗမာလို ‘ခင်ဗျ’ ’ရှင့်' ဆိုတဲ့ စကားကို နောက်ကကပ်ပြီး ပြောလေ့ ရှိပါတယ်။ ထိုင်းလူမျိုးတွေ ဘယ်လိုအဆင့်အ တန်းက လူပဲဖြစ်ဖြစ် ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အဲဒီလိုနှုတ်ဆက်လေ့ရှိပါတယ်။ ဘာအဆင့်အတန်း ခွဲခြားမှုမှမရှိပါဘူး။ အပြန်အလှန် နှုတ်ဆက်ကြတာပါ။

ခု ကျနော်တို့တိုင်းပြည်က ဗိုလ်ချုပ်ဆိုတဲ့သူတွေလုပ်နေတဲ့ပုံစံကတော့ သူတို့က အကန်တော့ခံပါ။ အရိုအသေ ပြုခံပါ။ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ သံရုံးဝန်ထမ်းကြီးငယ်က စစ်ဗိုလ်ချုပ်တွေကို ပုဆစ်ဒူးတုပ်ရှစ်ခိုးရပြီး စစ်ဗိုလ်ချုပ်တွေက အကန်တော့ခံ၊ ပြီးတော့မှ ဆုံးမသြ၀ါဒပေးပေါ့လေ။ ဒီအပြုအမူ ဆက်ဆံရေးကို ပေါ့ပေါ့ဆ ဆ စဉ်းစားလို့မဖြစ်ပါဘူး။ ယဉ်ကျေးမှုကန့်လန့်ကာ၊ ဘာသာရေး အဆုံးအမ ဆင်ခြေဆင်လက်တွေကိုလည်း လက်ခံလို့မဖြစ်ပါဘူး။ ဒါဟာ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကို ရည်ရွယ်ချက်ရှိရှိ ချိုးနှိမ်ဖို့ ကြိုးစားတာပဲဖြစ်ပါ တယ်။ စစ်ဗိုလ်ချုပ်တွေကို ရှင်ဘုရင်လိုမြင်လာအောင် ပြည်သူလူထုတွေနဲ့ ၀န်ထမ်းတွေက ကိုယ့်ကိုယ်ကို သူ တို့ပေးစာကမ်းစာကို စားသုံးရှင်သန်နေကြရတဲ့၊ သူတို့ကို အလုပ်အကျွေးပြုရမယ့် ကျေးကျွန်တွေအဖြစ် သိမ် ငယ်စိတ်ဝင်လာအောင် လုပ်တာပဲဖြစ်ပါတယ်။

အစိုးရ၀န်ထမ်းတွအနေနဲ့ ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်ထားရမှာက ကိုယ့်ကို ထမင်း ကျွေးနေတဲ့သူဟာ ထမင်းရှင်ဟာ ပြည်သူလူထုကြီးဖြစ်တယ်။ ကိုယ်အလုပ်အကျွေးပြုရမှာက ပြည်သူလူထုကြီးဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပြီး တပြိုင်နက်တည်းမှာ အစိုးရဆိုတာ ပြည်သူလူထုရဲ့ အစေခံသာဖြစ်တယ်။ အစိုးရတရပ်က ကိုင်စွဲထားတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာကြီးသုံးရပ်စလုံးရဲ့ မူ လအစပိုင်ရှင်ဟာ ပြည်သူလူထုကြီးသာဖြစ်တယ်။ အဲဒီအာဏာတွေကို ပြည်သူ လူထုကြီးက ကြည်ကြည်ဖြူဖြူ တရားဝင်ပေးအပ်ထားတာ မဟုတ်ဘဲ အတင်းအဓမ္မ သိမ်းပိုက်ရယူထားတဲ့ အစိုးရတရပ်ဟာ တရားမ၀င် အစိုး ရသာဖြစ်တယ်။ အာဏာကိုလုယူထားတဲ့ သူခိုးဓားပြသာဖြစ်တယ်ဆိုတာကို အသေအချာ ယုံကြည်လက်ခံ ထားကြဖို့လိုပါတယ်။ သူခိုးဓားပြတွေကို ဒီလောက် အရိုအသေ ပေးနေစရာမလိုပါဘူး။ အရိုအသေ ပေးနေကြ ရပြီဆိုရင်လည်း ဘုရားကားအောက် မျောက်ကားအထက် ဆိုသလိုဖြစ်နေမှာပါပဲ။

ပြည်သူလူထုဟာ တိုင်းပြည်အတွက် အခွန်ပေးဆောင်နေကြရတဲ့ သူတွေဖြစ်တဲ့အတွက် ဘယ်လိုလုပ်ငန်းမျိုး အဆင့်မျိုးဖြစ်ပါစေ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံသားတယောက်ပဲဖြစ်ပါတယ်။ ၀န်ထမ်းတွေအနေနဲ့လည်း ပြည်သူလူ ထုကို အလုပ်အကျွေး ပြုနေသူတွေဖြစ်တဲ့ အတွက် ဘယ်အဆင့်ဝန်ထမ်းပဲဖြစ်ပါစေ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ့ဝန် ထမ်းပဲဖြစ်ပါတယ်။ အဲဒီလိုယုံကြည်ထားကြရမှာဖြစ်ပြီး ကိုယ့် အထက် တာဝန်ရှိပုဂ္ဂိုလ်တွေကို ဆက်ဆံပြောဆို တဲ့အခါ လိုအပ်တဲ့ အရိုအသေပေးမှုကလွဲပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ပျပ်ဝပ် ခယ နေစရာ မလိုပါဘူး။ ရာထူး အဆင့်အရ ဘယ်လောက်ပဲ ကွာခြားပါစေ တကယ်ကတော့ လူသားချင်း ဆက်ဆံ ကြတာသာ ဖြစ်ပါတယ်။ ကျီး ဘုတ်ရိုသေ ဘုတ်ကျီးရိုသေဆိုသလို တယောက်နဲ့တယောက် အပြန်အလှန်လေးစားမှုရှိဖို့သာ အရေးကြီးပါ တယ်။ အထက်ဆင့် အရာရှိပဲ ဆိုပြီး ကိုယ်ကိုယ်တိုင်ကိုသာမက ကိုယ့်မိသားစုဝင်တွေကိုပါ အစေအပါး ကျေး ကျွန်တွေလို သဘောထားခိုင်းစေတာမှန်သမျှ လုပ်ပေး၊ ပြောသမျှခံဖို့ ဘယ်ပြည်သူမှာမှ ဘယ်ပြည်သူ့ဝန်ထမ်း မှာမှ တာဝန်မရှိပါဘူး။

စစ်အာဏာရှင်အစိုးရရဲ့ ကျွန်ပြုဖို့ ပုံစံချသွတ်သွင်းလာတဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီညွတ်တဲ့ ချိုးနှိမ်မှုပုံစံ အရို အသေပြု ခိုင်းစေတာ တွေကို အာခံ ဆန့်ကျင် ပစ်ကြဖို့ လိုအပ် ပါလိမ့်မယ်။

စိုးနေလင်း

ဖတ်ကြည့်ချင်သေးလား....

ယက်တော ယခုအခါ လွတ်မြောက်၍ အမေရိကန်နိုင်ငံသို့  အပြန်ခရီး

· 0 ရဲ့ အမြင်



ယက်တော ယခုအခါ လွတ်မြောက်၍ အမေရိကန်နိုင်ငံသို့  အပြန်ခရီးတွင် ထိုင်းနိုင်ငံ ဘန်ကောက်သို့  ရောက်ရှိနေစဉ်ပုံများ

ဖတ်ကြည့်ချင်သေးလား....

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

Keyboard interfaceကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

ကမ္ဘာမကြေဘူး

➣ ( ကမ္ဘာမကြေဘူး ... ငါတို့ သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ.... တော်လှန်ရေး... ဒီမိုကရေီ တိုက်ပွဲ အတွင်းမှာ ကျဆုံးသော... သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့တိုင်းပြည်.. ) ရဲရဲတောက် တို့ပြည်သူတွေ....

➣ ( ကိုယ်တော်မှိုင်း ... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ့ ... သခင်အောင်ဆန်း .. နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီး အဖရေ့ ... သြော်.... လုပ်ရက်ကြပေ ... ပေတရာပေါ်မှာ ပြည်သူ အလောင်းတွေ ... )

➣ ( ညီအကိုတို့ .. ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး .... မတွေဝေနဲ့ ... ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော ... သြော် ... သူရဲကောင်းတို့လို့ ခိုင်မာပီပြင် တော်လှန်ပစ်မလေ... )

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

သန်းရွှေ ဓါတ်ပုံ ပြခန်းမှ ရယူမျှဝေပါသည်။

အတူတူပေါင်းစည်းကြမယ်

 
/* EOT ----------------------------------------- */